
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ ကမ်းခြေ တစ်ခုတွင် လာရောက် သောင်တင်နေသည့် ထူးဆန်းသော မျက်လုံးအိမ်ကြီး တစ်ခုကြောင့် ပဟေဠိဆန်ဆန် မေးခွန်းများ ဖြစ်ပေါ်လာခဲ့သည်။ ကြီးမား ကျယ်ဝန်းသော အဆိုပါ မျက်လုံးကြီးသည် ယုံတမ်းစကား တစ်ခုအဖြစ် မကောင်းသတင်း ကျော်ကြားသော Montouk Monster သတ္တဝါဆိုးကြီး တစ်ကောင်၏ ခန္ဓာကိုယ် အပိုင်းအစ အကြွင်းအကျန်အဖြစ် ယုံကြည်သူများလည်း ရှိနေသည်။