
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ ကမ်းခြေ တစ်ခုတွင် လာရောက် သောင်တင်နေသည့် ထူးဆန်းသော မျက်လုံးအိမ်ကြီး တစ်ခုကြောင့် ပဟေဠိဆန်ဆန် မေးခွန်းများ ဖြစ်ပေါ်လာခဲ့သည်။ ကြီးမား ကျယ်ဝန်းသော အဆိုပါ မျက်လုံးကြီးသည် ယုံတမ်းစကား တစ်ခုအဖြစ် မကောင်းသတင်း ကျော်ကြားသော Montouk Monster သတ္တဝါဆိုးကြီး တစ်ကောင်၏ ခန္ဓာကိုယ် အပိုင်းအစ အကြွင်းအကျန်အဖြစ် ယုံကြည်သူများလည်း ရှိနေသည်။
ထိုမျက်လုံးကြီးသည် ပွမ်ပါနို ကမ်းခြေတွင် လာရောက် ရေမျောကမ်းတင် တည်ရှိနေပြီး တွေ့ရှိသူ တစ်ဦးက ဖလော်ရီဒါ ငါးနှင့် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ကော်မရှင်ထံ လွှဲပေးခဲ့သည်။ Softball အရွယ်မျှ ရှိနေသော ယင်းမျက်လုံးကြီး၏ ပိုင်ရှင် သတ္တဝါ အမျိုးအစားကို မျိုးရိုးဗီဇ နည်းပညာများဖြင့် ဖော်ထုတ်မည် ဖြစ်ပြီး လတ်တလောတွင်မူ လွှသွားငါးမန်း၊ တူနာနှင့် ရေနက်ပိုင်းတွင် နေထိုင်တတ်သည့် ကြီးမားသော ငါးကြီး တစ်ကောင်ထံမှ ဖြစ်နိုင်ကြောင်း ယေဘုယျ ကောက်ချက်ချထားသည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။