တွေ့မြင်နေကြ ပုံစံမျိုးမဟူတ်သည့် ခရစ်စမတ်သစ်ပင်ပုံ ဒီဇိုင်းဆင်ထားကြပုံများကို ကြည့်လိုက်ရအောင်နော် ...
နေခရမ်း....
|
Sunday, January 21, 2018
အိမ်မြန်မြန် ရောက်ချင်လို့ လမ်းညွှန်ဆိုင်းဘုတ်တွေကို ပြင်ဆင်ခဲ့သူ

တရုတ်နိုင်ငံ အရှေ့ပိုင်းက အမျိုးသားတစ်ဦးဟာ အလုပ်ကပြန်ရင်
သူစီးတဲ့ဘတ်စ်ကား လမ်းကြောင်းရှင်းပြီး အိမ်မြန်မြန် ပြန်ရောက်စေဖို့အတွက် လမ်းညွှန်ဆိုင်းဘုတ်တွေကို ကိုယ့်သဘောနဲ့ကိုယ် ဆေးသုတ်ပြင်ဆင်ခဲ့ပါတယ်။ အမည်မဖော်ပြတဲ့ ဒီအမျိုးသားက ကျင်းဆုပြည်နယ် လျှံယွင်ကန်မြို့မှာရှိတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေကို ဆေးသုတ်ပြီး ပြန်ပြင်ရေးဆွဲနေတာ စောင့်ကြည့်ကင်မရာမှတ်တမ်းမှာ တွေ့ရှိခဲ့ပါတယ်။''တည့်တည့်သွားတဲ့လမ်းက ကားတွေအမြဲတမ်း
ပြည့်နေပြီး ဘယ်ကွေ့တဲ့လမ်းက ကားရှင်းနေတတ်ပါတယ်။
ဒါကြောင့် ကျွန်တော့်လမ်းကြောင်း အဆင်ပြေဖို့ လမ်းညွှန်ဆိုင်းဘုတ် ပြင်လိုက်တာပါ''လို့ သူက ဆိုပါတယ်။ ဒီအတွက် အဲဒီအမျိုးသားဟာ တရုတ်ယွမ်ငွေ ၁၀၀၀ ဒဏ်ငွေပေးဆောင်ခဲ့ရပါတယ်။
မိန်းမနဲ့စကားများပြီး လေဆိပ်မှာ ၁၀ နှစ်နီးပါး နေခဲ့သူ

တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ မိန်းမနဲ့ စကားများလို့ အိမ်ပေါ်က ဆင်းလာခဲ့ပြီးတဲ့နောက်ပိုင်း လေဆိပ်မှာ ၁၀ နှစ်နီးပါး နေထိုင်ခဲ့ပါတယ်။ ဝေကျင်းကွေ့လို့ အမည်ရတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားဟာ ၂၀၀၈ ခုနှစ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီးနောက်
အိမ်မှာ အရက်သောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စကားများခဲ့ပါတယ်။
ဒီနောက်မှာတော့ ဝေကျင်းကွေ့ဟာ အိမ်ပေါ်ကဆင်းသွားပြီး
ဘေဂျင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နေထိုင်ခဲ့ပါတယ်။
သူဟာ အိမ်ကယူလာတဲ့ လျှပ်စစ်ပေါင်းအိုးကို တွန်းလှည်းပေါ်
တင်ပြီး ရွှေ့လျားမီးဖိုချောင်ပုံစံနဲ့ ချက်ပြုတ်စားသောက်ခဲ့ပါတယ်။ သူဟာ အစိုးရရဲ့ ထောက်ပံ့ငွေကြောင့် စားဝတ်နေရေးအတွက်
စိတ်ပူစရာမလိုတဲ့ အခြေအနေဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်က
ဖော်ပြပါတယ်။ လေဆိပ်မှာ အချိန်အကြာဆုံးနေခဲ့လို့ နာမည် ကျော်ကြားခဲ့သူကတော့ အီရန်နိုင်ငံသား နက်ဆာရီဖြစ်ပြီး ပြင်သစ်က ပြည်ဝင်ခွင့်မပေး၊ ဗြိတိန်က ပြည်ဝင်ခွင့်မပေးတဲ့ အခြေအနေ ကြောင့် ပါရီမြို့ လေဆိပ်မှာ ၁၄ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ မင်းသားကြီး တွမ်ဟင့် ရိုက်ကူးထားတဲ့ The Terminal ဇာတ်ကားက ဒီဖြစ်ရပ်ကို အခြေခံထားတာပါ။
Credit :Yoyarlay
ကမ္ဘာ့အနက်ဆုံး ထုံးကျောက်ရေပြာကန်ကြီး (Blue Lake)
ရုရှနိုင်ငံ ၊ Caucasus တောင်တန်းများအနီးရှိ ရေပြာကန်ကြီးကို ထုံးကျောက်ရေကန်ကြီးများတွင် အနက်ဆုံးရေကန်ကြီးအဖြစ် သတ်မှတ်ထားကြပါသည်။ ထိုရေပြာကန်ကြီးသည် အလွန်ကြည်လင်သန့်ရှင်းပြီး စိမ်းပြာရောင်ရှိနေပြီး Karsk ရေကန်ဟု အမည်ရပါသည်။

ထိုရေပြာကန်ကြီးသည် အရှည် (၇၇၀ ပေ) ရှိပြီး အကျယ်အားဖြင့် (မီတာ ၄၀၀) အထိရှိပါသည်။ ရေကန်ကြီး၏ အနက်သည် (ပေ ၈၀၀) ရှိပြီး ထုံးကျောက် ရေပြာကန်ကြီးများတွင် ကမ္ဘာ့အနက်ဆုံးအဖြစ် သတ်မှတ်ထားကြပါသည်။ ထိုရေကန်ကြီး၏ အောက်တွင် ထုံးကျောက်များဖြင့် ဖွဲ့စည်းထားသော ရေအောက်လှိုဏ်ဂူလည်း တည်ရှိနေပြီး ကမ္ဘာ့အနက်ဆုံး ရေအောက်လှိုဏ်ဂူကြီး အဖြစ် သတ်မှတ်ထားကြပါသည်။

ထိုရေပြာကန်ကြီးအောက်မှ ပုံရိပ်များကို National Geographic မှ ဓာတ်ပုံဆရာ Victor Lyagushkin မှ စွန့်စားရိုက်ကူးပေးမှုများကြောင့် ရေအောက်သဘာဝအလှများကို အံ့သြဖွယ် တွေ့မြင်ခွင့် ရခဲ့ကြပါသည်။ Victor Lyagushkin သည် ရေအောက်ဓာတ်မီးယူဆောင် ရိုက်ကူးပြခဲ့သဖြင့် ရေအောက်လှိုဏ်ဂူကွန်ယက် ဖွဲ့စည်းပုံများ နှင့်အတူ အစိမ်းရောင် ရေညှိပင်ကြီးများ ၊ ကျောက်ဆောင်ကြီးများကို တွေ့မြင်ခဲ့ကြရပါသည်။
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ (၁)
ခန္ဓာကိုယ်မှ အလိုအလျောက် မီးထတောက်လောင်ကျွမ်းခြင်းဆိုတာ
ပြင်ပမှပယောဂမပါဘဲ ခန္ဓာကိုယ်တွင်း မှပြင်းထန်လှသော မီးတောက် မီးလျှံများ
အလိုလိုထွက်လာပြီး သေဆုံးသွားစေသည်အထိ လောင်မြှိုက်ခြင်းကို ဆိုလိုတာပါ။
သည်လိုသဘာဝလွန်အဖြစ်မျိုးကို
သိပ္ပံပညာရှင်များက သေသေခြာခြာ လေ့လာထားပြီး Spontaneous Human Combustion (SHC) ဟု
အမည်ပေးထားပါတယ်။ အများအားဖြင့် ရာဇဝတ်ပြစ်မှုများလားဟု ထင်စရာရှိသဖြင့်
သက်ဆိုင်ရာအာဏာပိုင်များနှင့် မှုခင်းဆရာဝန်များ နှင့်အတူ သိပ္ပံပညာရှင်များပါ ပေါင်းစပ်လေ့လာကာ
အလိုအလျောက် မီးလောင်ကျွမ်းမှု အဖြစ်အပျက်များဟု မှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်။
ဒီလိုလောင်ကျွမ်းမှုများကို
ခေတ်အဆက်ဆက် မှတ်တမ်းတင်ထားခဲ့ကြပါတယ်။ ပညာရှင် အသီးသီး၏ သုတေသနပြုချက်
စာအုပ်စာတမ်းများလည်း များစွာ ထုတ်ဝေခဲ့ပါတယ်။ အစောဆုံးမှတ်တမ်းအဖြစ် ၁၆၀၀ ပြည့်နှစ်မှသည်
ယနေ့ အထိဆိုလျှင်မှတ်တမ်း ၂၀၀ ကျော်လောက်ရှိပါပြီ။ နီးနီးစပ်စပ်အဖြစ်များနှင့်
ထူးထူးခြားခြားဖြစ်ခဲ့သည်များကို ဆက်လက်ပြီးတင်ပြပေးပါမည်။
Subscribe to:
Posts (Atom)