Sunday, March 31, 2013

အမှတ်တမဲ့အလွဲများ ( ၂၆ )

ဒီတစ်ခေါက် အမှတ်တမဲ့ အလွဲများက နဲနဲကြာသွားပါတယ်။
သူငယ်ချင်းတို့ ခွင့်လွှတ်ပေးရင်း အားပေးကြပါအုံးနော်...
အဟီး... သမ္မတကြီးကို မခန့်လေးစားလုပ်နေတာ...သေတော့မယ်...
 

Saturday, March 30, 2013

ငလျင်လှုပ်ခတ်မှုသည် ရေကိုရွှေအဖြစ် ပြောင်းလဲစေကြောင်း သုတေသီများ တွေ့ရှိ


ငလျင်လှုပ် နေစဉ်အတွင်း ပြတ်ရွေ့ ကြောင်းများ၌ ရှိသော ရေများသည် အငွေ့ပျံ၍ ရွှေအဖြစ် အနည်ကျ သွားကြောင်း မတ် ၁၇ ရက်တွင် ထုတ်ပြန်သော Nature Geoscience ဂျာနယ်တွင် ဖော်ပြထားသည်။
အဆိုပါ ဖော်ပြချက်သည် ကမ္ဘာ့ ရွှေကြောကြီးများတွင် တွေ့ရသော သလင်းကျောက်နှင့် ရွှေတို့ကြား ဆက်နွှယ်မှု ရှိနေခြင်းကို ဖော်ပြနေကြောင်း သြစတြေးလျ နိုင်ငံ ကွင်းစလန်း တက္ကသိုလ် မှ ဘူမိ ရူပပညာ ရှင် ဖြစ်သူ ဒိုင်ရွန်ဝဲ သာလေးက ပြောကြားသည်။

အီဂျစ်နိုင်ငံ အထက်ပိုင်းတွင် ရှေးဟောင်း နေနာရီ တစ်လုံးအား ရှာဖွေ တွေ့ရှိ


ကိုင်ရို     မတ်   ၁၈
Basel တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် အဖွဲ့တစ်ဖွဲ့က အီဂျစ်နိုင်ငံ အထက်ပိုင်း ဘုရင့် တောင်ကြား၌ လေ့လာ တူးဖော်မှုတစ်ခု ပြုလုပ်နေစဉ် အတွင်း ကမ္ဘာ့ အစောဆုံး နေနာရီ တစ်လုံးကို ရှာဖွေ တွေ့ရှိ ခဲ့သည်။
သုတေသီများ ရှာဖွေ တွေ့ရှိခဲ့သော နေနာရီသည် ကမ္ဘာ့ သက်တမ်းအရင့်ဆုံး အီဂျစ် ရှေးဟောင်း နေနာရီ တစ်လုံး ဖြစ်သည်ဟု သုတေသန ပညာရှင်များက ၎င်းနေရာရှိ အုတ်ဂူတစ်လုံးအား ဝင်ရောက်၍ တူးဖော်စဉ်  အဆိုပါ နာရီအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ချီလီတွင် ပုစွန် ထောင်ပေါင်းများစွာ သေဆုံး သောင်တင် နေခဲ့


ဆန်တီယာဂို မတ် ၂၃
ချီလီနိုင်ငံ ပင်လယ် ကမ်းရိုးတန်း တစ်လျှောက် ပုစွန် ထောင်ပေါင်းများစွာ သေဆုံး သောင်တင် နေသည်ကို တွေ့ရှိခြဲ့ပီး ပုစွန်များ မည်သည့် အတွက်ကြောင့် သေဆုံးခဲ့ရသည် ဆိုသည်နှင့် ပတ်သက်ပြီး တာဝန်ရှိသူများတွင် ရှင်ပြရခက်သည့် အခြေအနေ များ ဖြစ်ပေါ်စေခဲ့သည်။

သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြေရှင်း ပေးနိုင်သည့် ကမ္ဘာ့ အပေါ့ဆုံး ပစ္စည်းတစ်မျိုး တရုတ်နိုင်ငံ ထုတ်လုပ်


ပေကျင်း မတ် ၂၄
သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု အန္တရာယ်ကို ဖြေရှင်းရာ၌ အရေးပါသော အခန်းကဏ္ဍ တစ်ရပ်မှ ပါဝင် နိုင်မည်ဟု ခန့်မှန်းထားသော ကမ္ဘာ့ အပေါ့ဆုံး ပစ္စည်း တစ်မျိုးကို တရုတ်နိုင်ငံ ဟန်ကျို့မြို့ ကျီကျန်း တက္ကသိုလ်မှ ပါမောက္ခ ဂေါင်ချောင်က ထုတ်လုပ်ခဲ့သည်။
အဆိုပါ ပစ္စည်းကို Carbon Aerogel ဟုအမည် ပေးထားပြီး သိပ်သည်းဆ အားဖြင့် တစ်ကုဗ စင်တီမီတာလျှင် သုည ဒသမ ၁၆ မီလီဂရမ် ရှိသည်။ ထို့အပြင် လေထု သိပ်သည်း ဆ၏ ခြောက်ပုံ တစ်ပုံခန့် ရှိကြောင်း ပါမောက္ခ ဂေါင်ချောင်က ပြောကြားထားသည်။

တန်ဝက် အလေးချိန် ရှိသော ပင်လယ်ဖျံ ဘရာဇီးမြို့လယ်ကောင် ကားလမ်းမပေါ် သောင်တင်


ဘရာဇီးနိုင်ငံတောင်ပိုင်း ဆန်တာကာတာရီနာပြည်နယ် ဘယ်လ်နီရိုးကန်ဘိုရူမြို့ လူစည်ကားရာ ကားလမ်းမအလယ်တွင် တန်ဝက်ခန့် အလေးချိန်ရှိသော ပင်လယ်ဖျံတစ်ကောင် ရောက်ရှိ လာခဲ့ကြောင်း  မတ် ၁၉ ရက် ဘရာဇီး ပြည်တွင်းသတင်း တစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။ ကိုးပေကျော် အရှည်ရှိသော ၎င်းပင်လယ်ဖျံ ကားလမ်းမအလယ်သို့ မည်သို့မည်ပုံ ရောက်ရှိလာသည်ကို အတိအကျ သိရှိရခြင်း မရှိသေးဘဲ ရဲများနှင့် မီးသတ်သမားများက မိနစ် ၂၀ကျော်အကြာ ကားလမ်းများကို ပိတ်ဆို့ကာ ကားဖြင့် တင်ဆောင်ပြီး ပင်လယ်အတွင်းသို့ ပြန်လည် လွှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော လန်ပိကျွန်း အမျိုးသားအဏ္ဏ၀ါဥယျာဉ် ( Marine National Park )

ကျွန်တော် ဒီဆိုဒ်မှာ အကြောင်းပိုစ့်တင် စဉ်က ဆလုံတိုင်းရင်းသားများ
လန်ပိ အဏ္ဏ၀ါအမျိုးသားဥယျာဉ် အကြောင်းကို
ဆက်ရေးပေးပါမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့်
မရေးနိုင်ခဲ့ပါဘူး။ အခု ဆုံဆည်းရာမိသားစု ဆိုဒ်လေးမှ  ရဲ့ပိုစ့်ကိုတွေ့ရတော့
တော်တော်လည်း ပြည့်စုံကောင်းမွန်ပါသဖြင့် ပြန်လည်မျှဝေလိုက်ပါတယ်။
မူရင်းရေးသားသူ မှလည်း ခွင့်ပြုပေးပါခင်ဗျာ...
လန်ပိကျွန်း အမျိုးသားအဏ္ဏ၀ါဥယျာဉ် ( Marine National Park )
                           တနင်္သာရီတိုင်း၊  ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့  နယ်၊  အန်ဒမန်ပင်လယ်ပြင်အတွင်းရှိ  ကျွန်းတန်းရှည်(ခ) လန်ပိကျွန်း အမျိုးသား အဏ္ဏ၀ါဥယျာဉ် ( Marine National Park ) သည် ကော့သောင်းမြို့မှ ရေမိုင်(၆၀)၊ ဘုတ်ပြင်းမြို့မှ ရေမိုင် (၄၀)ကွာဝေးပြီး မြောက် လတ္တီတွဒ် ၁၀ဒီဂရီ ၃၂ မိနစ်နှင့် ၁၁ ဒီဂရီ ၀၂မိနစ်ကြား၊ အရှေ့  လောင်ဂျီကျု ခန့်မှန်း ၉၇ဒီဂရီ၅၉မိနစ်နှင့် ၉၈ဒီဂရီ ၂၃မိနစ်ကြားတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဏ္ဏ၀ါဥယျာဉ်ဖြစ်ပါသည်။  စတုရန်းမိုင်(၇၉. ၀၄)မိုင်(50617 ဧက) ကျယ်ဝန်းကာ တောင်မြောက်အရှည်မိုင်(၃၀)၊ အရှေ့အနာက် အကျယ်ဆုံး(၇)မိုင်ခန့်ရှိပါသည်။ ပူ အိုက်စွတ်စိုသောရာသီဥတုရှိပြီး တစ်နှစ်လျှင်ပျမ်းမျှ မိုးရေချိန်လက်မ(၂၀၀)ခန့် ရွာသွန်းပါသည်။

လူသွားကဲ့သို့ သွားများ ပါရှိသော ငါးတစ်ကောင် တွေ့ရှိ


လူ၏ သွားများကဲ့သို့ စီတန်းပေါက်ရောက်နေသော ငါးတစ်ကောင်ကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကမ်းခြေအနီးတွင် တွေ့ရှိခဲ့ရကြောင်း မတ်လ ၂၂ ရက် ဖလော်ရီဒါသတင်း တစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။ အဆိုပါ လူသွားပုံစံရှိသော ငါးကို အိုင်ယာလန် ခရီးသွား စုံတွဲတစ်တွဲက ကမ်းခြေ၌ ငါးမျှားစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။အဆိုပါ ငါးသည် ဖမ်းမိစဉ် လူကို အန္တရာယ် တစ်စုံတစ်ရာပေးခြင်း၊  ကိုက်ခဲခဲ့ခြင်း မရှိကြောင်း အဆိုပါ အိုင်ယာလန် စုံတွဲက ပြောကြားသွားခဲ့သည်။
ref : ပြည်မြန်မာ

Thursday, March 28, 2013

လှံဦးချိုပါသော အာတိဝေလငါးများ


ဦးခေါင်းမှာ လှံလိုမျိုး ဦချိုပါရှိပြီး ၎င်းတို့ကို Narwhal လို့အမည်ပေးထား ပါတယ်။
သဘာဝအလျောက်ကို ချွန်ထက်တဲ့ အချောင်းအတံပါရှိပြီး ရေ... ခဲကျောက် ဆောင်တွေကို ထိုးဖောက်ဖြိုဖျက်ဖို့ အသုံးပြုပါတယ်။ ကမ္ဘာ့ ရှားပါး ဝေလငါး စာရင်းထဲမှာ ပါရှိပါတယ်။ ဘာလို့လဲဆိုတော့ ယင်း ငါးတို့ရဲ့  ထက်သော ဦးချိုတံကို အမေရိကန်ဒေါ်လာသန်းချီပေးပြီး ဝယ်ယူနေ ကြလို့ ဖြစ်ပါတယ်။ အာတိတ်ရေခဲပြင်ကလည်း အရည်ပျော်လာမှု ကြောင့် အကောင်အရေအတွက်နေ နည်းလာပါတယ်။

UFO နှင့် IFO

အမျိုးအမည်မသိ ယာဉ်ပျံအရာဝတ္ထုတစ်ခုသည် ကောင်းကင်တွင် ပျံသန်းနေပြီး ၎င်းအရာအား မြင်သည့် ပုဂ္ဂိုလ်က မည်သည့်အရာဖြစ်သည်ဟု အတိအကျခွဲခြားမရနိုင်ခြင်း ဖြစ်ရသည့် အရာဝတ္ထုမျိုးကို အမျိုးအမည်မသိ ယာဉ်ပျံ(Unidentified Flying Object) ဟုခေါ်ကြသည်။ အင်္ဂလိပ်ဘာသာဖြင့် ယင်းစာလုံးအားအတိုကောက်အနေဖြင့် UFO ဟု ခေါ်ဝေါ်ကြသည်။ တစ်ခါတစ်ရံတွင် အရာဝတ္ထုများကို စူးစမ်းလေ့လာနိုင်သည်။ သို့သော် လူပုဂ္ဂိုလ်တို့ လေ့လာထားပြီးသော်လည်း မည်သည်ဖြစ်သည်ကို မဖော်ပြနိုင်သေးသ၍ ၎င်းကို UFO ဟုခေါ်သည်။ အကယ်၍ လူတို့က ယင်းအရာဝတ္ထုသည့် မည်သည်ဖြစ်သည်ဟု ထုတ်ဖော်နိုင်သည့်နှင့် UFO ဟုခေါ်ဝေါ်မရတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းအား ရှာဖွေ့တွေ့ရှိ လေ့လာသတ်မှတ်ခဲ့ပြီးသောကြောင့်ဖြစ်သည်။

ပန်းကန်ပြားပျံဆိုသည်မှာ ကမ္ဘာမှမဟုတ်ဘဲ အခြားဂြိုဟ်များမှလာသော ယာဉ်ပျံများကိုဆိုလိုသည်။ သုသေသီများ၏လေ့လာချက်အရ လူအများပြောဆိုကြသော ပန်းကန်ပြားပျံများသည်
၁။ မိုးပျံပူဖောင်းများ၊ မီးပုံးပျံနှင့်လေသင်္ဘောများ
၂။ တိမ်များ
၃။ ကောင်းကင်တွင်ပေါ်သောပုံရိပ်များ၊ အလင်းတန်းများ၊ တံလျပ်များ
၎။ လေတပ်မတော်များ၏လျှို့ဝှက်လေယာဉ်များ၊ ဒုံးလက်နက်များ
၅။ အာကာသယာဉ်များ၏ ဆင်းသက်ထိပ်ဖူး(re-entering capsule)များသို့မဟုတ် အခြားအစိတ်အပိုင်းများ
၆။ အာကာသယာဉ်ပစ်လွှတ်သည့် တွန်းအားပေးဒုံးပျံများ၏ မြေပေါ်ပြန်လည်ကျရောက်လာသောအစိတ်အပိုင်းများ ဖြစ်ကြသည်။

အချို့ဓာတ်ပုံများမှာ ပန်းကန်ပြားပျံအတုများ ဖြစ်ကြသည်။ အချို့မှာမူ ယခုထိဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ ဒုတိယ ကမ္ဘာစစ်ကာလက ဂျာမန်တို့သည် လေယာဉ်အသစ်အဆန်းများ တီထွင်ရာတွင် အဝိုင်းပြားပုံ လေယာဉ်များလည်း ပါဝင်သည်။ ထို့‌ကြောင့်အချို့က ပန်းကန်ပြားပျံများသည် ဂျာမန်တို့၏လက်နက်ဆန်းများ ဖြစ်သည်ဟု ဆိုကြသည်။ ဂြိုဟ်သားများသည် ကမ္ဘာပေါ်တွင် အခြေစိုက်စခန်းများထားရှိကြပြီး ယင်းအနီးတစ်ဝိုက်တွင် ပန်းကန်ပြားပျံများကို မကြာခဏ တွေ့ရှိရလေ့ရှိသည်ဟုလည်း ဆိုကြပါသည်။

Monday, March 18, 2013

တိုက်တန်းနစ်အပါအဝင် သင်္ဘောသုံးစင်းနှစ်မြှုပ်မှုတွင်ပါဝင်သော်လည်း အသက်မသေသူ


Violet Jessop အမည်ရ အိုင်ယာလန်သူ အိုင်းရစ်လူမျိုး အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ တကယ်ပဲ တိုက်တန်းနစ်အပြင် အခြားသော နာမည်ကြီး သင်္ဘော ၂ စင်းနှစ်မြှုပ်မှုမှာပါ အသက်မသေပဲ လွတ်လာသူ ဖြစ် ပါတယ်။
၁၈၈၇ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ဖွားပါတယ်။ မိသားစု ဆင်းရဲပြီး ကျောင်းပြီးအောင် မတက်ရပါဘူး။ ဒါကြောင့်ပဲ အင်္ဂလန် အခြေဆိုက် နာမည်ကြီး ရေကြောင်းပို့ဆောင်ရေး ကုမ္မဏီ အိုလံပစ်မှာ သူနာပြုအကူနဲ့ စားပွဲထိုးလုပ်ဖို့လျှောက်ပါတယ်။

အရိပ်ပြလို့အကောင်ထင်


ဟိုး ငယ်ငယ်တုန်းကဆိုရင် မီးရောင်အောက်မှာ ဒီလို လက်ကလေးတွေကို ပုံသဏ္ဍာန် အမျိုးမျိုးပြုလုပ်ပြီး လူကြီးတွေ ကကလေးတွေကို အရုပ်ကလေးတွေပုံစံလုပ်ပြခဲ့ကြတယ် ။ ဒီပျော်ရွှင်စရာ ကစားနည်းလေးကလည်း ပညာသား ပါလှတာမို့ လက်အထားအသို ဘယ်လိုလုပ်လုပ်ရင် ပုံလေးတွေပေါ် သလဲဆို တာ လေ့ လာကြည့်ရအောင် ။

ဧ၀ရက်တောင်ကို တစ်ပတ်အတွင်း နှစ်ကြိမ်တက်နိုင်သူ

 
အသက် ၂၉ နှစ်မျှသာ ရှိသေးသည့် နီပေါနိုင်ငံသူ ချက်ဟူရင်ရှာပါသည် အမြင့်ပေ ၂၉၀၃၅ (၈၈၅၀ မီတာ) မျှ မြင့်မားလှသည့် ဧဝရက်တောင်ထိပ်ကို နှစ်ကြိမ်တိုင် အောင်မြင်စွာ တက်နိင်ခဲ့သောကြောင့် ရှာပါကို ယခုအခါ ဂင်းနစ်စ်မှတ်တမ်းက တစ်ပတ်ခန့် အတွင်းဧ၀ရတ်တောင်ကို နှစ်ကြိမ်တက်သူအဖြစ် အသိအမှတ် ပြုလိုက်ပြီဖြစ်သည်။

Sunday, March 17, 2013

နွာမတစ်ကောင်ကိုဂုဏ်ပြု



ဂျပန်နိုင်ငံ ရှီမိုဒါမြို့ တွင်  တိုဂျိုဘိုကု ကူယို တို (အသက်ခံရသောနွားမ
ဘုရားကျောင်း ) ၁၈၅၆တည်ဆောက်ခဲ့ပါတယ်။
ဂျပန်ပြည်သို့  ပထမဆုံးရောက်လာတဲ့ အမေရိကန် ကောင်စစ်ဝန်ချုပ်
တောင်ဆဲင်ဟဲရစ်စ် အတွက် အသားရဖို့ ပေါ်ခဲ့သတ်ခဲ့ရတဲ့နွားမတစ်ကောင်အတွက်
ရည်ရွယ်တည်ဆောက်ထားခြင်းပါ။

နှစ်ကိုးဆယ်ကြာတည်ဆောက်ခဲ့ရသော ဘုရားကျောင်းပြီးတော့မှ



၁၆၂၅ ခုနှစ်လောက်ကပါ ။ စပိန်နိုင်ငံ မှ ကော်ကျူတိုစ့်
ဘုရားရှိခိုးကျောင်းကြီးကို နှစ်ပေါင်း ၉၀ ကြာအောင် တည်
ဆောက်ခဲ့ရပါတယ် ။ ဒီကျောင်းတော်ကြီး နောက်ဆုံးအပြီး
သတ် ဆောက်လုပ်ပြီးစီးတဲ့ နေ့ မှာတော့ ………

ဒဏ္ဍာရီရုပ်ရှင် ဇာတ်ဝင်ခန်းများကဲ့သို့ ၁၀၈၂ပေခန့်နက်သော ကမ္ဘာအံ့ဖွယ်လှိုဏ်ဂူကြီးကို မက္ကဆီကို၌တွေ့ရှိ


ကမ္ဘာကျော် ဒဏ္ဍာရီရုပ်ရှင် ဇာတ်ကားများဖြစ်သော Lord of the Ringဇာတ်ကားနှင့် အခြားရုပ်ရှင် ဇာတ်ဝင်ခန်းများတွင် ပါဝင်သည့် မြေအောက်လှိုင်ဂူများကဲ့သို့ ၁၀၈၂ပေအနက်ရှိသော ကမ္ဘာအံ့ဖွယ် သဘာဝလိုဏ်ဂူတစ်ခုကို မက္ကဆီကိုနိုင်ငံ အကွီစမွန်ဒေသတွင် တွေ့ရှိရသည်။ ထိုလှိုင်ဂူကို စွန့်စားသွားရောက်လိုသူများ များပြားလျက်ရှိပြီး ယခုနှစ်အစောပိုင်းတွင် ဓာတ်ပုံပညာရှင်တစ်ဦးဖြစ်သူ အာမီဟင်ကယ်လ်ဆိုသူက စွန့်စွန့်စားစားဓာတ်ပုံများ ရိုက်ကူးမှတ်တမ်းတင်ခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ခြောက်လုံးပြူး


၁၃၆ဂရမ် (၄ဒဿမ ၈အောင်စ)မျှ အလေးချိန်ရှိသည့် ကျည်ခြောက်တောင့် ထည့်သွင်းပစ်ခတ်၍ရသော ကမ္ဘာ့အကြီးဆုံး ခြောက်လုံးပြူးဆုံလည် သေနတ်ကြီးကို ပိုလန်နိုင်ငံတွင် ရိုင်ဆက်တိုဘီဆိုသူက စတင်တီထွင်လိုက်ပါပြီ။ အဆိုပါဆုံလည် ခြောက်လုံးပြူးဖြင့်ပစ်လျှင် ၁၆၄ပေ(၅၀မီတာ)အကွာမှ ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်သည်။ ကမ္ဘာ့အကြီးဆုံး ခြောက်လုံးပြူးကြီးကို ရီမင်တန် မော်ဒယ်အမှတ် ၁၈၅၈ပုံစံအတိုင်း ထုတ်လုပ်ထားခြင်း ဖြစ်သည်။

နှစ်၄၀၀ကျော် သက်တမ်းရှိ မျိုးဆက် ၁၅ဆက်အသုံးပြုခဲ့သော ဗြိတိန်သက်တမ်း အရင့်ဆုံးအိပ်ခန်း


အင်္ဂလန်အနောက်တောင်ပိုင်း ဂလော်စတာရှိုင်းယားဒေသရှိ ဘန်ကလေရဲတိုက်အတွင်းရှိ မျိုးရိုးစဉ်ဆက် ရဲတိုက်ပိုင်ရှင်များ အသုံးပြုခဲ့သော အိပ်ခန်းသည် နှစ်၄၀၀ကျော် သက်တမ်းရှိကာ မျိုးဆက်၁၅ဆက် အသုံးပြုခဲ့ပြီး ဗြိတိန်၏သက်တမ်းအရင့်ဆုံး အိပ်ခန်းတစ်ခန်းဖြစ်သည်။ အဆိုပါဘန်ကလေရဲတိုက်ကို ဗြိတိန်သို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များနှင့် ဗြိတိန်နိုင်ငံသားများသည် အထူးစိတ်ဝင်စားလျက်ရှိပြီး နှစ်စဉ်ဧပြီလမှ အောက်တိုဘာလအထိ ခရီးသွားဧည့်သည်များ ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ရန် ရဲတိုက်ကို ဖွင့်လှစ်ပေးလေ့ရှိသည်။ အဆိုပါရဲတိုက်ကို ၁၁ရာစုများက ပိုင်ဆိုင်ခဲ့ပြီး ၁၀၆၆ခုနှစ်ခန့်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

လေယာဉ်တောင်ပံပေါ်တွင် လမ်းလျှောက်စတန့်ပြသည့် အဖွဲ့ကဆစ်ဒနီ ဆိပ်ကမ်းတွင် ဖျော်ဖြေခဲ့


Breitlingအမည်ရှိ ဗြိတိန်အခြေစိုက် လေယာဉ်တောင်ပံပေါ် လမ်းလျှောက်စတန့်ပြသည့် အမျိုးသမီးအဖွဲ့သည် မတ်လ၇ရက်နေ့တွင် သြစတြေးလျနိုင်ငံ ဆစ်ဒနီဆိပ်ကမ်းတွင် စတန့်ပြသခဲ့ရာ ပရိသတ် အမြောက်အမြား လာရောက် ကြည့်ရှုခဲ့ကြသည်။ အဆိုပါအမျိုးသမီး စတန့်အဖွဲ့သည် တစ်နာရီမိုင်၁၅၀နှုန်း မောင်းနှင်လျက်ရှိသည့် လေယာဉ်တောင်ပံပေါ်တွင် လမ်းလျှောက် စတန့်ပြသည့်အဖွဲ့က ဆစ်ဒနီ ဆိပ်ကမ်းတွင် ဖျော်ဖြေခဲ့ကွက်များ ပြသခဲ့ကြသည်။

Thursday, March 14, 2013

ကမ္ဘာ့အသေးဆုံး သမင်


တောင်အမေရိကမှာပဲ ရှိတဲ့ သမင် တစ်မျိုး ဖြစ်ပါတယ်။ Pudu လို့ ခေါ်ပြီး အီကွေဒေါ၊ ချီလီ၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ပီရူး အစရှိတဲ့ နိုင်ငံများရဲ့  တောင်ကုန်းမြင့် ဒေသတွေမှာ နေထိုင်ပါတယ်။ အရွယ်အစားအားဖြင့် အမြင့် ၁၃ လက်မမှ ၁၇ လက်မ၊ အရှည် ၃၃ လက်မ အထိပဲ ရှိပါတယ်။

Monday, March 11, 2013

အုန်းပင်တက် ဂဏာန်း


အုန်းပင်တက်ဂဏာန်းတွေဟာ အိန္ဒိယ သမုဒ္ဒရာ နှင့်ပစိဖိတ် သမုဒ္ဒရာ
ဒေသတွေမှာ နေထိုင်ရှင်သန်ကြပါတယ်။ ဒီဂဏာန်းတွေဟာ  ၃ ပေရှည်
ပြီး ၆ ပေါင်လောက်လေးတက်ပါတယ်။

တရုတ်ပြည်မှ ယိုင်စောင်းနေသော ဘုံကျောင်းမျှော်စင်


ကမ္ဘာမှာ တစ်ဘက်ဘက် ကိုယိုင်နေ ၊ စောင်းနေတဲ့ မျှော်စင်တွေ ၊
အဆောက်အသီးတွေ ရှိပါတယ်။ တစ်ချို့ဗိသုကာ များက တမင်ပင်
စောင်းနေအောင် လုပ်ထားတက်ကြပါတယ်။ ဒါပေမယ့် ဒီ အဆောက်အဦး
ကတော့ စောင်းနေတာ အခုမှမဟုတ် တည်ဆောက်ထားတာကြာပါပြီ။
Huqiu Tower ဟု ယခုအမည်ရ တဲ့ ဒီဘုရားကျောင်းကို တရုတ်နိုင်ငံ ၊
စူချောင်း မြို့မှာ တည်ရှိပါတယ်။ 907 AD မှာစတင်တည်ဆောက်ခဲ့ပြီး
961 AD မှာပြီးစီးခဲ့ပါတယ်။

ဇောက်ထိုးထောင်ကာ အန္တရယ်ကာကွယ်တက်သောငါး



စတစ်ကယ်ဘက်ငါးလေးတွေဟာ နေတဲ့အသိုက်မြစ်အောက်ခြေဆောက်
လေ့ရှိပါတယ်။ သူတို့၏ ထူးခြားချက်ကတော့ ရန်သူလာလျင် ဇောက်ထိုးမိုးမျော် ထောင်ပြခြင်းဖြင့်ခြောက်လွှတ်တက်ကြပါတယ်။

Saturday, March 9, 2013

ဒုက္ခသည်များကို မီးတောက်များကြားမှဖောက်ထွင်းမြင်နိုင်သည့် သုံးဖက်မြင်ကင်မရာ


မီးတောက်များနှင့် မီးခိုးလုံးများကြားမှာ ရောက်ရှိနေသည့် မီးဘေးသင့်ဒုက္ခသည် များကို အလွယ်တကူ ရှာဖွေကယ်တင် နိုင် သည့် သုံးဖက်မြင် ကင်မရာသစ် တစ်လုံးကို အီတလီ သိပ္ပံပညာရှင်များက စတင်တီထွင်လိုက်ပြီဖြစ်သည်။ အဆိုပါကင်မရာတွင် သုံးထားသော နည်းပညာသည် လက်ရှိမီးသတ်သမားများ အသုံးပြု နေသည့် အနီအောက်ရောင်ခြည်သုံး ကင်မရာများထက် ပိုမိုအစွမ်းထက်သော လေဆာရောင်ခြည် ကင်မရာပင်ဖြစ်သည်။ အဆိုပါလေဆာရောင်ခြည် အကူအညီဖြင့် မီးတောက်များနှင့် မီးခိုးလုံးများကြားမှ လူများနှင့်အရာဝတ္ထုများကို အာရုံခံနိုင်သည်။ ထို့ကြောင့် မီးသတ်သမားများအနေဖြင့် မီးတောက်များကြားမှာ အတားအဆီးများကို ရှောင်ရှားသွားနိုင်ပြီး မီးဘေးသင့်ဒုက္ခသည်များတည်နေရာကိုလည်း အလိုအလျောက် သိရှိနိုင်မည်ဖြစ်သောကြောင့် ဒုက္ခသည်များကို အချိန်ကြာမြင့်စွာ လိုက်လံရှာဖွေနေစရာလိုတော့မည် မဟုတ်ပေ။ 

တောင်အာဖရိက သဲကန္တာ ရအတွင်းက ကမ္ဘာ့အကြီးဆုံးငှက်သိုက်ကြီးများ


တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့မှ ဓာတ်ပုံဆရာတစ်ဦးဖြစ်သူ ဒယ်လွန်မတ်ရှ်ဆိုသူသည် တောင်အာဖရိက ကာလာဟာရီ သဲကန္တာရအတွင်းသို့ လှည့်လည်သွားရောက်စဉ် သဲကန္တာရအတွင်းမှ ကမ္ဘာပေါ်တွင်မြင်တွေ့ခဲ့ရသော ကမ္ဘာ့အကြီးဆုံးငှက်သိုက်ကြီးများကို မှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထိုသဲကန္တာရ အတွင်းရှိ ဓာတ်တိုင်များ၊ ဖုန်းကြိုးတာဝါတိုင်များနှင့် သစ်ပင်ကြီးများကိုငုံ၍ တည်ထားသော ကမ္ဘာ့အံ့ဖွယ်ငှက်သိုက် ၁၀၀ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့သည်။ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့မြောက်ပိုင်း ယူပင်းတွန်ဒေသရှိ ငှက်များ၏ အသိုက်ပြုလုပ်နေထိုင်ပုံသည် ထူးဆန်းအံ့သြဖွယ်ကောင်းပြီး တောရိုင်းသတ္တ၀ါများ၏ စုပေါင်းနေထိုင်မှုမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းကြောင်း ဒယ်လွန်မတ်ရှ်က ပြောကြားသွားခဲ့သည်။

Sunday, March 3, 2013

Toilet Paperအဆန်းများ ( ၂ )

ထူးခြားပြီး မြင်တွေ့နေကြမဟုတ်တဲ့ Toilet Paper ထုပ်လေးများကို
တင်ပေးခြင်ပါတယ်။အရင်ကလည်းတင်ပေးဖူးပါတယ်။ထပ်တွေ့တာလေးတွေကိုတင်ပေးလိုက်ပါတယ်။
#1 Math!
အပြင်းပြေ သချာင်္တွက်လိုသူတွေအတွက်ပါ...

သီရိ လင်္ကာ နိုင်ငံတွင် မိုးရွာ သွန်းစဉ် ကောင်းကင်မှ ရွှေရောင် အဆင်းရှိ အရာ ဝတ္ထုများ ပြုတ်ကျ


ကိုလံဘို ဖေဖော်ဝါရီ ၁၇
သီရိ လင်္ကာ နိုင်ငံ ဟက်တွန် တောင်တန်းများ ရှိရာ ဂါမီနီပူရာ ဒေသတွင် မိုးရွာသွန်းစဉ် ကောင်းကင်မှ ရွှေ ရောင် အဆင်းရှိသော အမျိုးအမည်မသိ အရာဝတ္ထုများ ပြုတ်ကျလာ ခဲ့ကြောင်း သိရသည်။
ဒေသ အတွင်းရှိ လူအများသည် ယင်းအရာဝတ္ထု များကို ကောက်ယူ၍ ၎င်းတို့၏ နေအိမ်သို့ ယူဆောင်သွား လျက်ရှိကြောင်း Virakesari သတင်း စာတွင် ဖော်ပြထားသည်။

ပတ်ဝန်းကျင်ကိုလိုက်ပြီး အရောင်ပြောင်းတတ်တဲ့သတ္တ၀ါများ (၂)


ဆင်ဟွာ သတင်းဌာနက တင်ဆက်ထားတဲ့ ထူးခြားဆန်းပြားအစီအစဉ်မှာ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ပတ်ဝန်း ကျင်ကလိုက်ပြီးအရောင်ပြောင်းတတ်တဲ့သတ္တ၀ါတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ် ။ ပတ်ဝန်းကျင် အခြေ အနေ နဲ့လိုက်လျော ညီထွေရှိလွန်းတဲ့ သူတို့ရဲ့ ပုံသဏ္ဍန်ဟာ ဆင်တူလွန်းတာမို့ အမှတ်တမဲ့ဆို ရင် မသိ သာလှ ပါဘူး ။ အန္တရာယ်တွေကနေ ရှောင်လွှားနိုင်အောင် သဘာဝကနေပေးအပ်ထားတဲ့ ထူးခြား သတ္တ၀ါတွေ ရဲ့အစွမ်းသတ္တိဖြစ်ပါတယ် ။

၄၅မိနစ်ထက်မကြာပဲ ရူးစေမည့်အခန်း


အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်မှာ ရှိတဲ့ Orfield ဓာတ်ခွဲခန်းဌာန မှာ ရှိတဲ့ အခန်းတစ်ခန်း ဖြစ်ပါတယ်။ အသံစမ်းသပ်ရန် ပြုလုပ်ထားတဲ့ အခန်းဖြစ်ပြီး ကမ္ဘာ့အသံတိတ်ဆိတ်ဆုံး အခန်း အဖြစ် ၂၀၀၄ ခုနှစ်က စံချိန်ထားပါတယ်။ ဒါ့အပြင် ယင်း အခန်းမှာ လူ တစ်ယောက်ဟာ ၄၅ မိနစ်ထက် ပိုကြာကြာ မနေနိုင်ဘူးလို့လည်း ရှာဖွေ တွေ့ရှိထားပါတယ်။ နေနိုင်မယ်ဆိုရင်တောင် ၄၅ မိနစ်ကျော်ရင် ရူးသွားမှာ ဖြစ်ပါတယ်။

ပုလင်းပေါ်မှာ ကားမောင်း၍ ဂင်းနစ်စံချိန်တင်သူ


ဘီယာပုလင်းများကို ရထားလမ်းလို့ စည်ထားတဲ့ တန်းပေါ်မှာ ကားမောင်း ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့တောင် ထင်ချင်စရာ ရှိပါတယ်။ သို့ပေမယ့် ဒါဟာ ဖြစ်နိုင်တယ်ဆိုတာကို တရုတ်နိုင်ငံက Li Guiwen ပုဂ္ဂိုလ်က လက် တွေ့ပြ မောင်းနှင်ပြသခဲ့ပါတယ်။
ဘီယာ ပုလင်းပေါင်း ၁၇၉၈ ပုလင်းစည်ထားတဲ့ လမ်း အရှည် ၆၀ မီတာ ကျော်ကို ၈ မိနစ်နဲ့ ၁၉ စက္ကန့်အတွင်း အပြီးမောင်းပြ သွားခဲ့ပါတယ်။ လုံးဝ အတိမ်းအစောင်း မရှိပါဘူး။

ကလေးမွေးပြီးနောက် အသက် ၂၂ နှစ်အရွယ်မှ အသက် ၆၀ အရွယ် ဖြစ်သွားသည့် အမျိုးသမီး


တရုတ်နိုင်ငံ Henan ခရိုင်မှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးဟာ ကလေးတစ်ယောက် မွေးဖွားပြီး သည့်နောက် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးကဲ့သို့ မျက်နှာ အရေပြားများ ပျက်စီးခဲ့ရကြောင်း Asiaone သတင်းတစ်ခုတွင် ဖော်ပြခဲ့ပါတယ်။၂၀၀၇ ခုနှစ်အတွင်း ဟူ လို့အမည်ရှိတဲ့ တရုတ် အမျိုးသမီးလေးဟာ အသက် ၂၁ နှစ်အရွယ်မှာ လက် ထပ်ပြီး ၁ နှစ်အကြာမှာတော့ ကလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ အဲဒါပြီးတဲ့နောက် သူမရဲ့ အရြေ ပားတွေ တစ်ဖြည်းဖြည်း ပြောင်းလဲလာပြီး ၆ လအကြာမှာတော့ သူမဟာ အသက် ၆၀ အရွယ် အဘွားကြီး တစ်ဦး ကဲ့သို့ ဖြစ်လာပါတော့တယ်။

အသက် ၁၁၄ နှစ် အရွယ်ရှိ ဂျပန် အဘွားအို ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီး အဖြစ် ဂင်းနစ် မှတ်တမ်းတင်


တိုကျို   မတ်   ၁
အသက် ၁၁၄ နှစ် အရွယ်ရှိ ဂျပန် အမျိုးသမီး ဖြစ်သူ မီဆာ အိုအိုကာဝါကို ဖေဖော်ဝါရီ ၂၇ ရက်က ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီး အဖြစ် ဂင်းနစ်မှတ်တမ်း တင်ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ဆွေမျိုးများ ဝိုင်းရံထားပြီး ဘီးတပ်ထိုင်ခုံတွင် ထိုင်နေသော အိုကာဝါသည် ဂင်းနစ်မှတ်တမ်း တင်ဂုဏ်ပြု လက်မှတ် လက်ခံရရှိသည့် အတွက် အလွန် ဝမ်းမြောက်မိကြောင်း သူမက ပြောကြား သည်။

အန္တာတိက ဒေသတွင် ဥက္ကာခဲ အစိတ်အပိုင်းကြီး တစ်ခုကို တွေ့ရှိ


ဘရပ်ဆဲလ်   မတ်   ၁
ဘယ်လ်ဂျီယံ နိုင်ငံပိုင် အန္တာတိက သုတေသန စခန်းမှ နိုင်ငံတကာ သိပ္ပံပညာရှင်များ အဖွဲ့သည် ၂၅ နှစ်တာ နီးပါးကာလ အတွင်းတွင် ဥက္ကာခဲ အစိတ်အပိုင်းကြီး တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီး ထိုဥက္ကာခဲ အကူအညီဖြင့် နေ စကြဝဠာ စနစ်၏ လျှို့ဝှက်ချက် များကို ဖော်ထုတ်လေ့လာ သွားမည် ဖြစ်ကြောင်း သိရသည်။

နှစ်သန်းပေါင်း ၅ဝဝ သက်တမ်းရှိသည့် အခွံမာ ရေနေ သတ္တဝါ ရုပ်ကြွင်း တရုတ် နိုင်ငံတွင် တူးဖော်ရရှိ


ကူမင်း မတ် ၂
နှစ်သန်းပေါင်း ၅၂ဝ သက်တမ်းရှိ ပင်လယ်နေ သတ္တဝါ တစ်ကောင်၏ ပုံစံမပျက် ကျန်ရှိနေသော ကျောက် ဖြစ် ရုပ်ကြွင်းကို ဗြိတိန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက တရုတ်နိုင်ငံ အနောက်တောင် ပိုင်း ကူမင်းမြို့ ဝန်းကျင်တွင် တူးဖော် ရရှိခဲ့သည်။ အဆိုပါ ရုပ်ကြွင်းသည် မြင်တွေ့ ဖူးသမျှ
အစောပိုင်း ကာလ အခွံမာ သတ္တဝါ ရုပ်ကြွင်းအုပ်စုများ အနက် တစ်ခုဖြစ်သည်ကို သိပ္ပံ ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

Friday, March 1, 2013

ပတ်ဝန်းကျင်နဲ့ အသွင်သဏ္ဍာန်တူအောင်ပြောင်းတတ်တဲ့ သတ္တ၀ါများ

 ဒီတစ်ခါမှာလည်း အလွန်ကိုပဲ အံ့သြလှဖွယ်ရာ ဒီရှိခိုးကောင်နဲ့ ဓါးခုတ်ကောင်တွေဟာ ပတ်ဝန်းကျင်နဲ့ အသွင်သဏ္ဍာန် တူအောင်ပြောင်းလဲနိုင်တဲ့အစွမ်းရှိပါတယ် ။ လောကကြီးမှာ ထူးဆန်းအံ့သြဖွယ်ရာတွေဟာ ရှာဖွေလို့မကုန်နိုင်ပါဘူး ။

ကဲဒီသတ္တ၀ါတွေရဲ့စွမ်းရည်ကို ကျွန်တော်တို့ လေ့လာကြည့်ကြရအောင်လား ။



ထူးဆန်းသောသတ္တ၀ါ လူပျံတော် Mothman

Mothman ဆိုတာဟာ အလွန်ထူးဆန်းတဲ့ ဒဏ္ဍာရီဆန်တဲ့အကောင်တစ်မျိုးဖြစ်ပြီး ၁၉၆၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့ မှ ၁၉၆၇ ဒီဇင်ဘာ ၁၅ ရက်နေ့ အတွင်းမှာ အနောက် ဗာဂျီးနီးယားပြည်နယ်ဧရိယာတစ်ဝှိုက်မှာ မြင်တွေ့ ခဲ့ ရတယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြခဲ့ပါတယ် ။ စာရေးသူ John Keel သူ့ရဲ့ ၁၉၇၅ ခုနှစ်မှာ ထုတ် လုပ်ကျော်ကြားခဲ့တဲ့ The Mothman Prophecies ဆိုတဲ့စာအုပ်မှာ ဒီလူပျံတော်အကောင်တွေဟာ သဘာဝ အလျှောက်ထူးဆန်းတဲ့အခြေအနေမျိုးရှိတဲ့ နေရာဒေသတွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ် ။


ထရိုဂျန်မြင်းရုပ်များအတွင်း တည်းခိုနိုင်သည့် ကမ္ဘာ့အံ့ဖွယ်ဟိုတယ် ဘယ်လ်ဂျီယံ၌ ဖွင့်လှစ်


ရှေးခေတ်သမိုင်းတွင် အီလီးယက် ကဗျာကြောင့် ထင်ရှားခဲ့သည့် ထရိုဂျန်မြင်းရုပ်ပုံစံ     ဟိုတယ်အိပ်ခန်းများအတွင်း ရေသူမအရုပ်များနှင့်အတူ သဘာဝရှုခင်း ရသများကို ထိတွေ့ခံစားနိုင်မည့် ကမ္ဘာ့အံ့ဖွယ် ဟိုတယ်တစ်ခုကို ဘယ်လ်ဂျီယံနိုင်ငံ ဒါဘွိုင်းမြို့တွင် ဖွင့်လှစ်ထားခဲ့ကြောင်း သတင်းများအရသိရသည်။

ကင်ဆာကလေးငယ်များ သီကုံးလိုက်သည့် ကမ္ဘာ့အရှည်ဆုံး လည်ဆွဲပုတီး


ကျန်းမာရေးကောင်းမွန်သည့် ကလေးငယ် ၈၂ဦးနှင့် ကင်ဆာရောဂါ ဝေဒနာခံစားနေရသည့် ကလေးငယ် ၃၆၈ဦးတို့က ယူကေရှိ စီဒါကော့ဟိုတယ်တွင် အလျား ၅ဒဿမ ၃၆၈မိုင်(၈၈၆၄မီတာ) ခန့်ရှည်လျားသည့် ပုတီးကြီးကို သီကုံးခဲ့ကြသည်။ ယင်းသို့ ကင်ဆာရောဂါ ဝေဒနာခံစားနေရသည့် ကလေးငယ်များကို ကမ္ဘာ့အရှည်ဆုံး လည်ဆွဲပုတီးကြီး လုပ်ခိုင်းရသည့် ရည်ရွယ်ချက်မှာ ကင်ဆာရောဂါဝေဒနာရှင် ကလေးများသည်လည်း ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်နိုင်ကြောင်း သိစေလို၍ဖြစ်သည်ဟု အဆိုပါပွဲကိုစီစဉ်သူ ကိုလင်းနက်စ်က ရှင်းပြသည်။ ကိုလင်းသည် ကလေးများအတွက် ရန်ပုံငွေရှာဖွေပေးနေသည့် ပရဟိတလုပ်ငန်းများကိုလည်း ဦးဆောင်နေသူတစ်ဦးဖြစ်သည်။

လိပ် ရော့ခ်ကာ ခေါ် မာရီမြစ်လိပ်


ဆံပင်မွေးတစ်ထောင်ထောင်နဲ့ ရေညှိတက်နေတဲ့ ခေါင်းနဲ့ လိပ်ခွံကြောင့် သူ့ကို လိပ်ရော့ခ်ကာ (Rocker Turtle) လို့ နာမည်ပြောင် ပေးထားပါတယ်။ အမည်ရင်းကတော့ Mary River turtle ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ၊ Queensland အရှေ့ တောင်က Mary မြစ်မှာပဲ ရှိတာမို့ သူ့ကို မာရီမြစ်လိပ်လို့ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

ကင်ဆာဝေဒနာသည်၏ ဝှေးစေ့ကို ခွဲစိတ်ဆရာဝန်များက ဘယ်ညာမှားဖြတ်


အင်္ဂလန်နိုင်ငံတောင်ပိုင်း ဆာလစ်ဘူရီမြို့ ဆေးရုံတစ်ရုံမှ ဝှေးစေ့ကင်ဆာ ဝေဒနာသည်တစ်ဦးကို ခွဲစိတ်ကုသရာတွင် ခွဲစိတ်ဆရာဝန်များက ဝှေးစေ့ဘယ်နှင့်ညာ မှားဖြတ်ခဲ့မိကြသည်။ခွဲစိတ်ဆရာဝန်များသည် ထိုသို့မှားယွင်းမှုများကို ခွဲစိတ်ကုသမှုများပြုလုပ်ပြီး မိနစ်၄၀အကြာမှ သတိပြုမိခဲ့ကြောင်း သိရှိရသည်။ အသက်၄၈နှစ်အရွယ်ရှိ အမည်မဖော်လိုသည့် ကုမ္ပဏီဒါရိုက်တာ တစ်ဦးဖြစ်သူသည် ထိုသို့ဝှေးစေ့မှားယွင်း အဖြတ်ခံခဲ့ရခြင်းကြောင့် ၎င်း၏ဘ၀တစ်သက်တာ၌ သားသမီးရရှိတော့မည် မဟုတ်ကြောင်း သတင်းထောက်များအား ၀မ်းနည်းဖွယ် ပြောကြားသွားခဲ့သည်။ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ဆာလစ်ဘူရီမြို့ အခြေစိုက် NHSဖောင်ဒေးရှင်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယုန်ထွားကြီးကို ကြောက်ပြီး ဖောက်ထွင်းဝိဇ္ဇာ ထွက်ပြေး


ဗြိတိန်နိုင်ငံဒဲလ်ဗင်ခရိုင်ပလိုင်းမောက်စ်မြို့ကင်ဘာလေမေဆိုသူ၏ နေအိမ်ကိုညဘက်တွင် 
 ဖောက်ထွင်းဝိဇ္ဇာတစ်ဦး ၀င်ရောက်လာစဉ် နေအိမ်တွင်မွေးမြူထားသော ယုန်ထွားကြီးကို ကြောက်ရွံ့ပြီး ပြန်လည်ထွက်ပြေးသွားခဲ့သည်။ဗုဒ္ဓဟူးနေ့ညပိုင်းတွင် နေအိမ်မိသားစုဝင်များ အိပ်မောကျနေစဉ် အလျားနှစ်ပေရှိပြီး အလေးချိန် ၄ဒသမ ၅ကီလိုရှိသော ယုန်ထွားကြီးက ၎င်းအနီးသို့ဖောက်ထွင်း ၀ိဇ္ဇာချဉ်းကပ်လာရာ အသံနက်ကြီးဖြင့် ငါးကြိမ်ခန့် အော်ခဲ့သောကြောင့် အကြောက်လွန်ပြီး ၎င်းဖောက်ထွင်းဝိဇ္ဇာ ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် နေအိမ်မိသားစုဝင်များ နိုးထလာပြီး အိမ်တွင်းသို့ လူစိမ်းတစ်ဦး ၀င်ရောက်ခဲ့သည့် အနေအထားများ တွေ့ရှိရသဖြင့် ရဲစခန်းသို့အကြောင်းကြားခဲ့ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...