Saturday, March 30, 2013

တန်ဝက် အလေးချိန် ရှိသော ပင်လယ်ဖျံ ဘရာဇီးမြို့လယ်ကောင် ကားလမ်းမပေါ် သောင်တင်


ဘရာဇီးနိုင်ငံတောင်ပိုင်း ဆန်တာကာတာရီနာပြည်နယ် ဘယ်လ်နီရိုးကန်ဘိုရူမြို့ လူစည်ကားရာ ကားလမ်းမအလယ်တွင် တန်ဝက်ခန့် အလေးချိန်ရှိသော ပင်လယ်ဖျံတစ်ကောင် ရောက်ရှိ လာခဲ့ကြောင်း  မတ် ၁၉ ရက် ဘရာဇီး ပြည်တွင်းသတင်း တစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။ ကိုးပေကျော် အရှည်ရှိသော ၎င်းပင်လယ်ဖျံ ကားလမ်းမအလယ်သို့ မည်သို့မည်ပုံ ရောက်ရှိလာသည်ကို အတိအကျ သိရှိရခြင်း မရှိသေးဘဲ ရဲများနှင့် မီးသတ်သမားများက မိနစ် ၂၀ကျော်အကြာ ကားလမ်းများကို ပိတ်ဆို့ကာ ကားဖြင့် တင်ဆောင်ပြီး ပင်လယ်အတွင်းသို့ ပြန်လည် လွှတ်ပေးခဲ့သည်။
ပင်လယ်ကမ်းခြေနှင့် နီးကပ်သော ဘယ်လ်နီရိုကန်ဘိုရူမြို့ပေါ်သို့ ၎င်းပင်လယ်ဖျံသည် ညအချိန်တွင် တက်ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု ရဲများက ခန့်မှန်းခဲ့ကြသည်။ ပင်လယ်ဖျံ ကားလမ်းမ အလယ်၌ ပိတ်ဆို့နေပုံကို မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးပြီး အင်တာနက်သို့ လွှင့်တင်ခဲ့ရာ ရက်အနည်းငယ်အတွင်း လူကြိုက်များလာခဲ့ကြောင်း သိရသည်။
ref : ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...