
ပေကျင်း မတ် ၂၄
သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု အန္တရာယ်ကို
ဖြေရှင်းရာ၌ အရေးပါသော အခန်းကဏ္ဍ တစ်ရပ်မှ ပါဝင် နိုင်မည်ဟု ခန့်မှန်းထားသော
ကမ္ဘာ့ အပေါ့ဆုံး ပစ္စည်း တစ်မျိုးကို တရုတ်နိုင်ငံ ဟန်ကျို့မြို့ ကျီကျန်း
တက္ကသိုလ်မှ ပါမောက္ခ ဂေါင်ချောင်က ထုတ်လုပ်ခဲ့သည်။
အဆိုပါ ပစ္စည်းကို Carbon Aerogel ဟုအမည်
ပေးထားပြီး သိပ်သည်းဆ အားဖြင့် တစ်ကုဗ စင်တီမီတာလျှင် သုည ဒသမ ၁၆ မီလီဂရမ်
ရှိသည်။ ထို့အပြင် လေထု သိပ်သည်း ဆ၏ ခြောက်ပုံ တစ်ပုံခန့် ရှိကြောင်း
ပါမောက္ခ ဂေါင်ချောင်က ပြောကြားထားသည်။
ထိုပစ္စည်း သစ်တွင် ထူးခြားသော အရည်
အသွေးများ ရှိပြီး ထုတ်လုပ်ရာတွင် လွယ်ကူ သက်သာစေသည့် အပြင် ရေနံ စုပ်ယူမှု
အားကောင်းကြောင်း၊ ၎င်းပစ္စည်းကို ဓာတ်ငွေ့ အစား ထိုးခြင်းဖြင့် အရည်တစ်မျိုး
ပေါင်းစပ် ဖွဲ့စည်းထားသော ဂျယ်လ်မှ ရရှိခဲ့ခြင်း ဖြစ်ပြီး သိပ်သည်းဆ
အနည်းငယ် ရှိသော အစိုင်အခဲ ပုံစံဖွဲ့စည်း ပုံဖော်ထားကြောင်း ၎င်းက ဆက်လက်
ပြောကြားထားသည်။
Carbon Aerogel ကို ရေနံ ယိုဖိတ်မှု
ထိန်းချုပ်ခြင်း၊ ရေထုနှင့် လေထု သန့်စင်ခြင်း ကဲ့သို့ သဘာဝ ပတ်ဝန်းကျင်
ညစ်ညမ်းမှုကို ထိန်းချုပ်ရာတွင် ၎င်းပစ္စည်းသည် အရေးပါသော အခန်း ကဏ္ဍ တစ်ရပ်အဖြစ်
လုပ်ဆောင် နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဂါအိုက ပြောကြား ထားသည်။
Carbon Aerogel ကို သဘာဝ ပတ်ဝန်းကျင်
ထိန်းချုပ်ရာ၌ အသုံးပြု နိုင်သည့်အပြင် အသံ စုပ်ယူခြင်း ဓာတ်ကူပစ္စည်း
အဖြစ်နှင့် စွမ်းအင် သိုလှောင်သည့် ဝတ္ထုပစ္စည်း တစ်ခု အဖြစ် အသုံးပြုရန်
ခန့်မှန်းထားသည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။