Saturday, May 19, 2018

နှစ်သန်း ၁၀၀ သက်တမ်းရှိ ပယင်းထဲ အမြှီးပါ ပင့်ကူ တွေ့ရှိ


ပင့်ကူနှင့် တူ၍ အမြှီးတခုလည်း ပါဝင်သည့် သတ္တဝါတကောင်၏ ရုပ်ကြွင်းကို မြန်မာနိုင်ငံမှ ထွက်သည့် ပယင်းအတွင်း တွေ့ ရှိခဲ့ရသည်။ နှစ် သန်း ၁၀၀ သက်တမ်းရှိ ပယင်းအတွင်း၌ တွေ့ရသော ပင့်ကူကဲ့သို့ အကောင်တကောင်တွင် ရှည်လျားသော အမြှီးတခုရှိပြီး ၎င်း၏ ဝမ်းဗိုက်ရှိ အမွေးများမှ ပိုးမျှင်များ ထုတ်လုပ်ပေးကြောင်း သုတေသီများက ပြောသည်။

Nature Ecology and Evolution ဂျာနယ်အတွက် ရေးသားခဲ့သော ဆောင်းပါးတပုဒ်တွင် သုတေသီများက အဆိုပါ ပင့်ကူ သည် Attercopus ဟု သိကြသည့် သက်တမ်း နှစ် သန်း ၃၀၀ ရှိ ပင့်ကူမျိုးစိတ်တခုနှင့် ဆင်တူကြောင်း ပြောသည်။ Attercopus သည် ရှည်လျားသော အမြှီးရှိပြီး ၎င်း၏ ဝမ်းဗိုက်ရှိ အမွေးများမှ အမျှင်များ ထုတ်လုပ်သည်။

အဆိုပါ သတ္တဝါကို Chimerarachne yingi ဟု အမည်ပေး၍ တွေ့ရှိမှုကို Nature Ecology and Evolution ဂျာနယ်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ Chimera ဆိုသည်မှာ ဂရိဒဏ္ဍာရီမှ တိရိစ္ဆာန်တို့၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ပေါင်းစပ်ဖွဲ့စည်း ထားသော နတ်ဆိုး၏ အမည်ကို အစွဲပြုထားခြင်း ဖြစ်သည်။

သန်းကြွယ်သူဌေးတွေ ဘယ်နိုင်ငံတွေမှာ အများဆုံး ရှိနေသလဲ


အခုပြောမှာကတော့ မီလျံနာလို့ဆိုတဲ့ သန်းကြွယ်သူဌေးတွေ အများဆုံးရှိရာနိုင်ငံတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဘီလီယံနာလို့ ဆိုနိုင်မယ့် သန်းတထောင်နဲ့အထက် ချမ်းသာသူတွေကတော့ ကမ္ဘာပေါ်မှာ ဦးရေ ၁၆၀၀ လောက်ပဲ ရှိသေးတယ်လို့ နောက်ဆုံး စာရင်းတွေအရသိရပြီး မီလျံနာတွေကတော့ သန်းနဲ့ချီအောင် အရေအတွက် အများအပြား ရှိနေပါပြီ။ အများဆုံးကတော့ ဒေါ်လာ ၁ သန်းကနေ ၅ သန်း အတွင်း ချမ်းသာသူတွေပဲ ဖြစ်ပါတယ်။

အရင်ဆုံး ကမ္ဘာပေါ်က မီလျံနာဦးရေကို နည်းနည်းလောက် ပြောပြချင်ပါတယ်။ ကမ္ဘာပေါ်မှာ မီလျံနာဦးရေ စုစုပေါင်း ၁၅ သန်းကျော်လောက်ထိအောင် ရှိနေပါပြီ။ ဒီထဲကမှ အုပ်စုပြန်ခွဲမယ်ဆိုရင်တော့ ဒေါ်လာ သန်း ၃၀ နဲ့အထက် ချမ်းသာသူက မီလျံနာအားလုံးရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲရှိပြီး ဦးရေ ၁.၆ သိန်းလောက် ရှိပါတယ်။ ဒေါ်လာ ၅ သန်းကနေ သန်း ၃၀ အတွင်း ချမ်းသာသူကတော့ စုစုပေါင်းရဲ့ ၉.၁ ရာခိုင်နှုန်းလောက်ရှိပြီး ဦးရေ ၁.၅ သန်း ဝန်းကျင်လောက်ရှိနေပါတယ်။ ၁ သန်းကနေ ၅ သန်းအတွင်း ချမ်းသာသူ မီလျံနာတွေကတော့ ဦးရေ အများဆုံးဖြစ်ပြီး အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်ထိအောင်ရှိပြီး လူဦးရေ ၁၄.၈၆ သန်း လောက်ထိအောင် များနေပြီလည်း ဖြစ်ပါတယ်။

သင် မသိသေးတဲ့ ကြောင်တကောင်ရဲ့ အစွမ်းများ


လက်ရှိ ကမ္ဘာမှာ အိမ်မွေးတိရိစ္ဆာန်အဖြစ် ခွေးပြီးရင် အများဆုံး မွေးမြူနေတဲ့ ကြောင်တွေအကြောင်း သင် ဘယ်လောက်ထိအောင် သိထားပါသလဲ။
အခု ကျနော်က နောက်ထပ် သင် သိမထားသေးတဲ့ ကြောင်တကောင်ရဲ့အစွမ်း တွေကို နည်းနည်းလောက် ပြောပြချင်ပါ တယ်။

(၁) ကြောင်တွေဟာ ငလျင်လှုပ်ခတ်မှုကို ကြိုတင် သိရှိနိုင်ကြပါတယ်။ သူတို့ရဲ့ ခြေ၊ လက်တွေဟာ အလွန်ပဲ အာရုံခံ ကောင်း ပါတယ်။ တချို့ကြောင်တွေဟာ ငလျင်မလှုပ်ခင် သိသာတဲ့ ပုံစံတွေ ပြတတ်ပါတယ်။ တုန်ခါမှုကို အကောင်းဆုံး အာရုံခံ သိနိုင် တဲ့ သတ္တဝါတမျိုး ဖြစ်ပါတယ်။

(၂) ကြောင်တွေဟာ အစာကို ဝါးစရာ မလိုဘဲ မျိုချနိုင်သလို အဆိုပါ ကိုက်ဝါးမထားတဲ့ အစာကို သူတို့ရဲ့ အစာအိမ်က ကောင်းစွာ ချေဖျက်ပေးနိုင်ပါတယ်။

(၃) ကြောင်တွေဟာ အသံကို လိုသလို ပြောင်းလဲ ထုတ်လွှတ်နိုင်သူတွေပါ။ အစာတောင်းချိန်မှာ အသံ တမျိုး၊ ရန်ဖြစ်ချိန် မှာ တမျိုး၊ ဒီလိုပဲ အနေအထားအပေါ် မူတည်ပြီး အသံမျိုးစုံ အသုံးပြုနိုင်ကြပါတယ်။

ငလျင်တွေ ဘာ့ကြောင့်လှုပ်သလဲ?

ကမ္ဘာ့မြေကြီးရဲ့ အပေါ်ယံမြေလွှာ (Crust) က ကျောက်လွှာချပ် (Plates) တွေ မူပြောင်းရွေ့လျားခြင်း (Tectonic movements) ကြောင့် မြေငလျင် (Earthquakes) များ ဖြစ်လာရပါတယ်။ ဒီအကြောင်းကို သိရှိနိုင်ဖို့.. ကမ္ဘာ့အတွင်းပိုင်းက အဓိက အလွှာကြီး (၄) လွှာနဲ့ အစပြု ရမှာပါ။ (ကမ္ဘာကြီး လုံးတယ်ဆိုတာ လက်ခံထားဖို့လည်း လိုပါတယ်။)

ကမ္ဘာ့အတွင်းကျဆုံးအပိုင်းမှာ သံ နဲ့ နီကယ် အများဆုံးပါဝင်ဖွဲ့စည်းထားတဲ့ အတွင်းအနှစ်အမာ (Inner Core) နဲ့ အပြင်အနှစ် အရည် (Outer Core) တို့ရှိပြီး.. သူတို့ရဲ့အပေါ်မှာ Mantle လို့ခေါ်တဲ့ ပျော့ဖတ်ဖတ် ချော်ရည်ပူတွေရှိပါတယ်။ အဲ့ဒီ့ အပေါ်ဆုံးမှာမှ အပေါ်ယံမြေလွှာ (Crust) ရှိနေတာပါ။ တနည်းအားဖြင့် ဆိုရလျှင်.. ကျောက်လွှာချပ်တွေ ရှိနေတဲ့ အပေါ်ယံမြေလွှာဟာ အရည် (ချော်ရည်) ပေါ်မှာမျောနေတဲ့ ကျောက်လွှာကြီးတစ်ခုပါပဲ..။

အဲ့ဒီ့ကျောက်လွှာကြီးတွေဟာ အပူချိန်၊ ဖိအား၊ ရွေ့လျားမှု၊ ဆွဲအားသက်ရောက်မှုများကြောင့် မကြာခဏဆိုသလို လှုပ်ရှားပြောင်းလဲတတ်ကြပါတယ်။ တစ်ခုနဲ့ တစ်ခု ထပ်မိသွားတဲ့အခါ တောင်တွေဖြစ်လာပြီး..၊ ကွာသွားလျှင်တော့ ချောက်ကမ္ဘားတွေ ဖြစ်လာကြပါတယ်။ အဲ့ဒီ့လို ကျောက်လွှာတွေ လှုပ်ရှားတာကို ငလျင်လှုပ်တယ်လို့ ခေါ်ပါတယ်။ သဘာဝ ငလျင်အမျိုးအစား (၄) မျိုးရှိပါတယ်။ ကျောက်လွှာများ မူပြောင်းလှုပ်ရှားခြင်း၊ မီးတောင်ပေါက်ခြင်းကြောင့် လှုပ်ခြင်း၊ ပြိုကျခြင်း နဲ့ ပေါက်ထွက်ခြင်း တို့ဖြစ်ပါတယ်။ လူလုပ်လို့ ဖြစ်တဲ့ ငလျင်တွေလည်းရှိပါတယ်။ (ဥပမာ။ အဏုမြူဗုံး ဖောက်ခွဲစမ်းသပ်ခြင်း။)

ကမ္ဘာ့အကြီးဆုံး ဝင်္ကပါကြီး

ယခုဝင်္ကပါကြီးဟာ ခြံစည်းရိုးသစ်ပင်များနဲ့ တည်ဆောက်ထားတဲ့ ဝင်္ကပါဥယျာဉ်ကြီးများတွင် ကမ္ဘာ့အကြီးဆုံးအဖြစ် နောက်ဆုံးစံချိန်တင်ခဲ့ခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်း Anhui ပြည်နယ်မှာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၄၀ ၆၆၆ စတုရန်းမီတာအထိ အကျယ်အဝန်းရှိပါတယ်။ ဝင်္ကပါလျောက်လမ်းအရှည်အားဖြင့် ၇၅၀၀ မီတာရှိပါတယ်။
၂၀၁၇ ခုနှစ်ကလည်း ထိုကဲ့သို့ ကမ္ဘာ့အကြီးဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ တရုတ်နိုင်ငံ Ningbo မှ ၃၃ ၅၆၅ စတုရန်းမီတာကျယ်သည့် ဝင်္ကပါကြီးရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ Ningbo ဝင်္ကပါကြီးကတော့ ၈၃၇၅ မီတာအထိ ရှည်ပါတယ်။
ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ထိုကဲ့သို့ ဂင်းနစ်မှတ်တမ်းတင်နိုင်တဲ့ ဝင်္ကပါဥယျာဉ်ကြီးကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

အရှေ့တိုင်း၊ အနောက်တိုင်းဟန် အဆောက်အဦများရှိရာ တံတားကြီး

မြစ်ကူး ချောင်းကူးတံတားများသည် လူအများ ဖြတ်သန်းသွားလာမှု လွယ်ကူစေရန် ရည်ရွယ်တည်ဆောက်တတ်ကြပေမယ့် ယခုတံတားကြီးကတော့ ပုံစံအမျိုးမျိုး အဆောက်အဦပေါင်းများစွာ တံတားပေါ်မှာ တည်ရှိနေတာ တွေ့မြင်ရမည် ဖြစ်ပါသည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Chongqing ဒေသတွင် တည်ရှိသည့် မီတာ ၄၀၀ (ပေ ၁၃၀၀ ကျော်) ရှည်သော တံတားကြီးပေါ်တွင် တရုတ်ရိုးရာ အဆောက်အဦများနှင့် အနောက်တိုင်းဟန် အဆောက်အဦပေါင်းများစွာကို တည်ဆောက်ပြထားခြင်း ဖြစ်ပါသည်။
ထိုတံတားပေါ်သို့ ဖြတ်သန်းလျောက်လှမ်းရလျှင် ပုံစံမျိုးစုံ၊ ဓလေ့မျိုးစုံ ဒေသတစ်ခုကို ရောက်ရှိနေသလို ခံစားရမည် ဖြစ်ပါသည်။ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ထူးထူးခြားခြား ပေါင်းစပ်တည်ဆောက်ထားမှုပင် ဖြစ်ပါသည်။

ဘောလုံးကွင်း အတွင်းမှ သစ်ပင်ကြီး


ဘောလုံးကွင်းဆိုသည်နှင့် လွတ်လွတ်လပ်လပ် အဆီးအတားမရှိ ကွင်းပြင်ကြီးကိုပဲ မြင်ယောင်မိကြမှာပါ။ ဒါပေမယ့် ယခုဘောလုံးကွင်းကတော့ ကွင်းအလယ်လောက်မှာ မားမားမတ်မတ် ရပ်တည်နေတာ တွေ့ရမှာပါ။

ယခုဘောလုံးကွင်းဟာ တရုတ်နိုင်ငံ Yucai စာသင်ကျောင်း၏ ကျောင်းအားကစားကွင်းပဲ ဖြစ်ပါတယ်။ ဒီကျောင်းက ဘောလုံးကွင်းတစ်ခု တည်ဆောက်ရာမှာ မလွတ်မလပ်ဖြစ်နေတဲ့ ထိုသစ်ပင်ကြီးကို ခုတ်ပစ်ဖို့ လုပ်ခဲ့ကြဖူးပါတယ်။

ဒါပေမယ့် ထိုသစ်ပင်ကြီးဟာ သက်တမ်းနှစ် ၁၀၀ ကျော်ရှိနေပြီး ဒေသခံတွေရဲ့အလေးအမြတ်ထားရာ အပင်ကြီးဖြစ်နေတဲ့အတွက် ကန့်ကွက်မှုများ ကြုံရသလို နောက်ဆုံးဒေသအာဏာပိုင်တွေကလည်း ခုတ်လှဲခွင့် မပြုခဲ့ပါဘူး။ ဘောလုံးကစားရာမှာ အရပ်နဲ့ မလွတ်တဲ့ အောက်ခြေကိုင်းများကိုသာ ရှင်းခွင့်ပြုခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး နားပေါက်ရှိသူ


ယခုခေတ်အပြောဖြစ်တဲ့ ဂေါ်တယ်ပြောပြော၊ အလန်းစားကြီးလို့ပဲဆိုဆို အမေရိကန်နိုင်ငံမှ Kalawelo Kaiwi ရဲ့ ဖက်ရှင်ကတော့ မြင်သူတကာ အသဲယားစရာ ကောင်းလှပါတယ်။ သူဟာ ကမ္ဘာ့အကြီးဆုံး နားအပေါက်ရှိသူအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်း တင်ထားနိုင်ခဲ့သူ တစ်ဦးပါ။
သူဟာ တတ်တူးနှင့် ခန္ဓာကိုယ်ပြင်ဆင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အထူးတလည် ပြင်ဆင်ထားတတ်သူ တစ်ဦးပါ။ သူရဲ့နားပေါက်အကျယ်ကတော့ 10.5 cm (၄.၁၃ လက်မ) အထိရှိပါတယ်။ ဒါဟာ သာမာန်လူတစ်ဦးရဲ့ လက်တစ်ချောင်းလုံး သူ့နားပေါက်ထဲကို ဝင်နိုင်လောက်အောင် ကျယ်ပါတယ်။
၂၀၁၄ ခုနှစ်တွင် ဂင်းနစ်ကမ္ဘာ့မှတ်တမ်း တင်ထားနိုင်ခဲ့ပါတယ်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

အိန္ဒိယမှာ မုတ်သုန်ကာလ မရောက်မီမှာလည်း မိုးကြိုးပစ်မှုတွေ ရှိလာခဲ့ပါတယ်။ အိန္ဒိယတောင်ပိုင်း အင်ဒရာပရာဒက်ရှ်ပြည်နယ်မှာ ၁၃ နာရီအတွင်း မိုးကြိုပစ်မှု ၃၆,၇၄၉ ကြိမ် စံချိန်တင်ဖြစ်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အင်္ဂါနေ့ (ဧပြီ ၂၄ ရက်) မှာ မိုးကြိုးပစ်မှုအကြိမ်ရေဟာ ပုံမှန်မဟုတ်ဘဲ အလွန်များပြားခဲ့ကြောင်းနဲ့ ထူးခြားတဲ့ ရာသီဥတုဖြစ်စဉ် သက်ရောက်မှုဖြစ်တယ်လို့ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ဆိုပါတယ်။

ဧပြီ ၂၄ ရက်ကတည်းက မိုးကြိုးပစ်မှုတွေကြောင့် အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် လူကိုးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယမှာ မုတ်သုန်ကာလအတွင်း မိုးကြိုးပစ်မှုအများအပြား ကြုံရလေ့ရှိပါတယ်။
အိန္ဒိယမှာ ပုံမှန်အားဖြင့် မုတ်သုန်ရာသီဟာ ဇွန်လမှ စက်တင်ဘာလအထိ ဖြစ်ပေမဲ့ ယခုနောက်ပိုင်းမှာ မုတ်သုန်ကာလ မရောက်မီမှာလည်း မိုးကြိုးပစ်မှုတွေ ရှိလာခဲ့ကြောင်း ပြည်နယ်အရေးပေါ်ဌာနမှ တာဝန်ရှိသူ Kishan Sanku က ပြောပါတယ်။

သခင်ဆေးကုသမှုခံယူတဲ့ ဆေးရုံရှေ့မှာ ၄ လကြာ စောင့်မျှော်နေတဲ့ခွေး


ဘရာဇီးနိုင်ငံက Santa Casa de Novo Horizonte ဆေးရုံရှေ့မှာခွေးတစ်ကောင်က သခင်ကို လေးလကြာ စောင့်မျှော်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အသက် ၅၉ နှစ်အရွယ်ရှိတဲ့ အိမ်ရာမဲ့ အမျိုးသားတစ်ဦး လမ်းပေါ်ရန်ပွဲမှာ ဓားထိုးခံခဲ့ရပါတယ်။ လူနာတင်ကားနဲ့ သူ့ကို ဆေးရုံခေါ်လာချိန်မှာ သူ မွေးထားတဲ့ခွေးက လူနာတင်ကား နောက်ကနေ ထပ်ချပ်မကွာ လိုက်ခဲ့ပါတယ်။ သခင်ဖြစ်သူက ဓားဒဏ်ရာတွေနဲ့ ကွယ်လွန်သွားခဲ့ပေမယ့် ခွေးငယ်ကတော့ နောက်ထပ်နှစ်လကြာတဲ့အထိ ဆေးရုံရှေ့မှာ သခင်ကို စောင့်မျှော်ခဲ့ပါတယ်။
ဆေးရုံဝန်ထမ်းတွေက ခွေးကို အစာကျွေး၊ ရေတိုက် စောင့်ရှောက်ခဲ့ပြီး ဆေးရုံကနေ ၃ ကီလိုမီတာဝေးတဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကို ပို့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီခွေးဟာ ဂေဟာကနေ ထွက်ပြေးလာပြီးဆေးရုံရှေ့ ပြန်ရောက်လာခဲ့လို့ ဆေးရုံဝန်ထမ်းတွေ အံ့အားသင့်ခဲ့ကြပါတယ်။
Credit:www.yoyarlay.com

အိုက်စလန်နိုင်ငံမှ လှပသောရေခဲဂူကြီး

အိုက်စလန်နိုင်ငံဟာ ကမ္ဘာ့အအေးဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင်ပါ။ ဒီနိုင်ငံမှ အပြာရောင်တောက်တောက် ရေခဲနံရံများ ၊ အမိုးများနဲ့ လှပနေတဲ့ သဘာဝရေခဲလှိုဏ်ဂူတစ်ခုကို ဓာတ်ပုံပညာရှင် Matej Kriz မှရိုက်ကူးထားပုံများ ဖြစ်ပါတယ်။ တခြားကမ္ဘာတစ်ခုကို ရောက်ရှိနေသလိုလို ၊ မှော်ကမ္ဘာကြီးတစ်ခုထဲ ရောက်ရှိနေသလိုလို ခံစားရစေမယ့် နေရာတစ်နေရာ ဖြစ်ပါတယ်။

ကမ္ဘာ့ အကြီးဆုံး နှင်းဝင်္ကပါကြီး

ပိုလန်နိုင်ငံ ၊ Snowlandia Zakopane နှင်းပြင်နေရာတွင် ဝင်္ကပါကြီးတစ်ခုလုံးကို ထိုနှင်းပြင်ပေါ်မှာပင် တည်ဆောက်ထားခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး နှင်းဝင်္ကပါကြီးဟု သတ်မှတ်ထားကြပြီး ဧရိယာအားဖြင့် ၂၅၀၀ စတုရန်းမီတာအထိ ကျယ်ပြန့်ကြီးမားပါတယ်။ လာရောက်လည်ပတ်သုများကို အတွေ့အမြင်တစ်မျိုး ထူးခြားစေမယ့် နေရာတစ်နေရာပါ။

သမုဒ္ဒရာရေများ ဖြစ်ပေါ်လာပုံ

ပင်လယ်၊ သမုဒ္ဒရာ ရေများဟာ လွန်ခဲ့သော နှစ်ပေါင်း ၃.၈ ဘီလီယံ လောက်က စ ပြီး ဖြစ်ပေါ်လာတယ်လို့ သိပ္ပံပညာရှင်များ ခန့်မှန်းသုံးသပ်ကြပါတယ်။

ကမ္ဘာကြီးဟာ.. စ ဖြစ်တည်စမှာ သိပ်ကို ပူပြင်းတဲ့ ကျောက်လုံးကြီး တစ်ခုပါပဲ။ နေ နဲ့ နီးကပ်တဲ့ အတွင်းဂြိုဟ်တစ်လုံးဖြစ်တဲ့အတွက်.. နေ အနီးနားမှာ လွင့်နေတဲ့ ကျောက်စိုင်ကျောက်သားများရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံခဲ့ရပါတယ်။ နောက်ပြီး.. သိုင်ယာဆိုတဲ့ ဂြိုဟ်သိမ်တစ်လုံးက ဝင်တိုက်ပြီး.. လ ဖြစ်ပေါ်ကာ ကမ္ဘာကလည်း တိမ်းစောင်းသွားပါတယ်။ (လ အကြောင်းဆောင်းပါးမှာ ရေးထားပါတယ်။)

ကမ္ဘာတိမ်းစောင်းသွားပြီး.. ဥက္ကာခဲတွေ ကျရောက်မှု အနည်းငယ် သက်သာသွားချိန်မှာတော့ အပူချိန်ဟာ တဖြည်းဖြည်းချင်း လျော့ကျ လာပါတော့တယ်။ အဲ့ဒီ့အပူချိန်ဟာ ရေဆူမှတ် (၁၀၀ ဒီဂရီ စင်တီဂရိတ် (သို့) ၂၁၂ ဒီဂရီ ဖာရင်ဟိုက်) အောက်သို့ ရောက်လာတဲ့အခါမှာတော့... “degassing” လို့ခေါ်တဲ့ ဓါတ်ငွေ့များ ပေါင်းစပ် အရည်ပျော်ပြီး မိုးအဖြစ် ရွာချပါတော့တယ်။

ပရီးမီးယားလိဂ်တွင် ခေါင်းတိုက်ဂိုး အများဆုံးသွင်းသူ


စတုတ်စီးတီးအသင်းမှ အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာခရော့ခ်ျသည် ပရီးမီးယားလိဂ်တွင် ခေါင်းတိုက်ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမားအဖြစ် ၂၀၁၈ ဂင်းနစ်မှတ်တမ်းစာအုပ်၌ ထည့်သွင်းဖော်ပြခံခဲ့ရကြောင်း သိရှိရသည်။
ပီတာခရော့ခ်ျ(၃၆ နှစ်)သည် ပြီးခဲ့သည့်မေလက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် (၅၁)ဂိုးမြောက် ခေါင်းတိုက်ဂိုး သွင်းယူခဲ့ပြီးနောက် ကမ္ဘာ့စံချိန်တစ်ရပ်အဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။

ယခင်က ပရီးမီးယားလိဂ်တွင် ခေါင်းတိုက်ဂိုးအများဆုံးသွင်းယူထားနိုင်သူမှာ နယူးကာဆယ်နှင့် အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားဖြစ်ပြီး (၄၆)ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
အရပ်(၆)ပေ၊ (၇)လက်မ မြင့်သည့် ပီတာခရော့ခ်ျသည် ယခုရာသီတွင်လည်း ခေါင်းတိုက်ဂိုး(၂)ဂိုး သွင်းယူထားသည့်အတွက် စုစုပေါင်းပရီးမီးယားလိဂ်ခေါင်းတိုက်ဂိုး (၅၃)ဂိုးအထိ ရှိသွားပြီဖြစ်ကြောင်းလည်း သိရှိရသည်။

ဂျပန်နိုင်ငံမှ ပုံစံဆန်းပြား Toilet လေးများ

ဂျပန်နိုင်ငံဟာ ခေတ်မှီတိုးတက်ပြီး တီထွင်ဆန်းသစ်တတ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို ထူးထူးခြားခြား တီထွင်မှုများကိုလည်း ပြုလုပ်တတ်တာ အားလုံးအသိပါ။ ယခုလည်း အများပြည်သူသုံး Toilet(သန့်စင်ခန်း) လေးများကို ပုံစံဒီဇိုင်း ဆန်းဆန်းလေးများနဲ့ ဖန်တီးထားပုံလေးများကို တင်ပြပေးလိုက်ပါတယ်။ ဒီပုံများကို ဂျပန်ဓာတ်ပုံပညာရှင် H.Nakamura မှစုစည်း ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ သန့်ရှင်းသပ်ရပ်ပြီး တွေ့မြင်နေကျပုံစံမျိုး မဟုတ်တဲ့ ဒီဇိုင်းဆန်းဆန်း Toilet လေးများကို ကြည့်လိုက်ရအောင်နော်...

Wednesday, May 9, 2018

နေအဖွဲ့အစည်း အစွန်ဆုံး အရာကို ရှာဖွေတွေ့ရှိ


         လူသားတို့ နေထိုင်ရာ နေအဖွဲ့အစည်း၏ အစွန်ဆုံးက အရာဝတ္ထုကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်ကြောင်း သုတေသီများက ဆိုလိုက်သည်။
          ဂျပန်နိုင်ငံမှ ဆူဘာရု တယ်လီစကုပ်ဖြင့် လေ့လာတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရေခဲဖုံးနေသော ထိုအရာဝတ္ထုသည် နေမှ (၁၅ ဒသမ ၅) ဘီလီယံ ကီလိုမီတာ အဝေးတွင် တည်ရှိသည်။ နေနှင့်ပလူတို အကွာအဝေးထက် သုံးဆ ပိုဝေးသည်။ ထိုအရာဝတ္ထုကို ဠ၇၇၄၁၀၄ ဟု နာမည် ပေးထားသည်။ အရွယ်အစားအားဖြင့် အချင်း (၅၀၀) ကီလိုမီတာမှ (၁၀၀၀) ကီလိုမီတာ ကြားရှိမည်ဟု ခန့်မှန်းထားသည်။
          နေအဖွဲ့အစည်း အတွင်း ဠ၇၇၄ ၁၀၄  လှည့်ပတ်နေသည့် လမ်းကြောင်းကို သိနိုင်အောင် အနည်းငယ် အချိန်ယူ လေ့လာဖို့ လိုနေသေးကြောင်း သိရသည်။ အမေရိကန် နိုင်ငံရှိ ကာနက်ဂျီ သိပ္ပံမှ စကော့ရှား ပါ့ဒ်နှင့် ဟာဝိုင်အီရှိ ဂီမီနီ အာကာသ လေ့လာရေး စခန်းမှ ချဒ်ထရူဂျီလိုတို့ ဦးဆောင်သော အာကာသ လေ့လာရေး အဖွဲ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မှတ်မိချင်လား၊ အော်ဖတ်ပါ


          အကြောင်းအရာ တစ်ခုခုကို စွဲစွဲမြဲမြဲ မှတ်မိလိုပါက တစ်ယောက်တည်း အော်ဖတ်ခြင်း၊ ဘေးလူ တစ်ယောက်ယောက်ကို လှမ်းပြောပြခြင်းမျိုး လုပ်ပါဟု လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
          တစ်ယောက်တည်း စကားပြောသူမျိုးသည် ဘေးလူများအဖို့ မြင်ရတာ ရယ်စရာ ကောင်းနေသော်လည်း ထိုသူမျိုးသည် အကြောင်းအရာများ မှတ်မိနိုင်စွမ်းတွင်မူ နှုတ်ဆိတ် နေသူများထက် ပိုအားသာကြောင်း စစ်တမ်းက ဆိုသည်။ အော်ဖတ်ခြင်းသည် စာမေးပွဲဖြေမည့် ကျောင်းသူ/ကျောင်းသားများမှ အစ တစ်ခုခုကို မှတ်သားထားလိုသော ပုံမှန်လူများအထိပါ ကောင်းကျိုး ပေးနိုင်သည်ဟု လေ့လာမှု စစ်တမ်းက ဆိုသည်။
          ကနေဒါနိုင်ငံ မွန်ထရီအဲ တက္ကသိုလ် သုတေသန အဖွဲ့က တက္ကသိုလ် ကျောင်းသား (၄၄) ယောက်ကို ကွန်ပျူတာ ဖန်သားပြင်ပေါ်က စာလုံးများ ဖတ်ခိုင်းပြီး စမ်းသပ်ထားခြင်း ဖြစ်သည်။ စာလုံးများကို ပုံစံလေးမျိုးဖြင့် ဖတ်ခိုင်းသည်။ စိတ်ထဲက ဖတ်ခြင်း၊ နှုတ်ခမ်းတရွရွ လှုပ်ဖတ်ခြင်း၊ တစ်ကိုယ်တော် အသံထွက်ဖတ်ခြင်း၊ အခြားသူများကိုပါ လှမ်းဖတ်ပြခြင်းဟူ၍ ဖြစ်သည်။

လေနဲ့ (၉၉ ဒသမ ၉၉) ရာခိုင်နှုန်း ဖွဲ့စည်းထားသော အမာဆုံးသတ္တု ဘိုးရင်းပြသ


            ကမ္ဘာ့ အပေါ့ဆုံး ဖြစ်သလို၊ အခိုင်မာဆုံးလည်း ဖြစ်သော သတ္တုသစ်တစ်မျိုးကို ဘိုးရင်းလေယာဉ် ကုမ္ပဏီက ထုတ်ဖော် ပြသလိုက်သည်။ ထိုသတ္တု၏ တည်ဆောက်ပုံသည် (၉၉ ဒသမ ၉၉) ရာခိုင်နှုန်း လေချည်းဖြစ်သည်။
           မိုက်ခရိုလက်တစ် သတ္တုဟု နာမည်ပေးထားသည်။ ထိုသတ္တုသည် လေတမျှ ပေါ့ပါးသည့်တိုင် ခိုင်မာမှုသည်လည်း အားကောင်းလှသဖြင့် ကြက်ဥ တစ်လုံးကို ထိုသတ္တုလွှာနဲ့ ပတ်သတ်ပြီး (၂၅) ထပ် တိုက်ပေါ်က ပစ်ချလိုက်လျှင်ပင် ထိုကြက်ဥ မကွဲကြောင်း သိရသည်။
           ထိုသတ္တုကို ဘိုးရင်းနှင့် တွဲဖက် လုပ်ကိုင်နေသော HRL နည်းပညာ သုတေသန လုပ်ငန်းက ဖန်တီးထားခြင်း ဖြစ်သည်။ အနာဂတ် လေယာဉ်များ၏ ကြမ်းခင်းများ၊ ထိုင်ခုံ ကိုယ်ထည်များ၊ လေယာဉ်နံရံများတွင် မိုက်ခရိုလက်တစ် သတ္တုကို အသုံးပြုခြင်းဖြင့် လေယာဉ်၏ အလေးချိန်ကို သိသိသာသာ လျှော့ချပစ်လိုက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

၁၉၇၀ နောက်ပိုင်း ကမ္ဘာ့ရေနေသတ္တ၀ါမျိုးစိတ် ထက်ဝက်လျော့


          ၁၉၇၀ နောက်ပိုင်း ကမ္ဘာတစ်ဝန်း ရေနေသတ္တ၀ါမျိုးစိတ် (၄၉) ရာခိုင်နှုန်း လျော့ကျသွားကြောင်း အစီရင်ခံစာ တစ်ရပ်က ဆိုလိုက်သည်။
          လူသားများက အစာအဖြစ် မှီခိုနေသည့်  တူနာငါးကဲ့သို့ မျိုးစိတ်များသည် အခြေအနေ ပိုဆိုးပြီး(၇၄) ရာခိုင်နှုန်းလောက်ထိ ကျဆင်းသွားကြောင်း အစီရင်ခံစာက ဆိုသည်။ လူသားများ ငါးအလွန်အကျွံ ဖမ်းဆီးခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်းတို့သည် ရေနေသတ္တ၀ါမျိုးစိတ်များ လျော့နည်း သွားရသည့် အဓိက အချက် နှစ်ချက်ဟု အစီရင်ခံစာက ထောက်ပြသည်။
          အစီရင်ခံစာကို ကမ္ဘာ့တောရိုင်း သက်ရှိများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (WWF) နှင့် လန်ဒန် ဇီဝဗေဒ အသင်းကြီးတို့က ပူးတွဲ ထုတ်ပြန်ခြင်း ဖြစ်သည်။
          ''လူတွေ ငါးအလွန်အကျွံ ဖမ်းဆီးနေတာဟာ ငါးမျိုးစိတ်တွေ ကုန်ခမ်းသထက် ကုန်ခမ်းသွားအောင် လုပ်နေရာ ရောက်ပါတယ်'' ဟု WWF အကြီးအကဲ မာကိုလမ်းဘာ့တီနီက ပြောသည်။ ရေနေမျိုးစိတ် အများစုကြီး အတွက် မှီခိုရာဖြစ်သော ပင်လယ်ရေညှိများ၊ ဒီရေတောများ ပျက်စီးခြင်းသည်လည်း ရေနေသတ္တ၀ါ ပမာဏကျဆင်းခြင်း အကြောင်းရင်း တစ်ချက် ဖြစ်သည်။

မျက်နှာပေါ် ဆေးမင်ကြောင် ရေးထိုးထားသူများ


ဆေးမင်ကြောင် ရေးထိုးသူများတွင် ထူးဆန်းသော စိတ်တစ်ခု ရှိသည်။ ယင်းမှာ ဆေးမင်ကြောင် ရုပ်များကို တစ်ခုပြီး တစ်ခုထိုးလိုခြင်း ဖြစ်သည်။ အင်္ဂလန် အသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းသည် လက်ရှိ အချိန်တွင် ဆေးမင်ကြောင်ပေါင်း (၅၀) အထိရှိနေပြီ ဖြစ်သည်။ သို့သော် ဆေးမင်ကြောင်ထိုးသူ များသည် မျက်နှာပေါ် တွင်လည်း ရေးထိုးမှုများ ပြုလုပ်လာကြပြီ ဖြစ်သည်။ ထို့ကြောင့် မျက်နှာပေါ်တွင် ထူးထူး ခြားခြား ဆေးမင်ကြောင် ရေးထိုးခဲ့သူများ အကြောင်းကို ဖော်ပြပေးလိုက် ပါသည်။
၁။ ဗလာဒီမာ ဖရန့်
          ချက်နိုင်ငံသား ဗလာဒီမာဖရန့်သည် ထူးခြားသည့် အပြုအမူများ ပြုလုပ်တတ်သူ ဖြစ်သည်။ ၂၀၁၃ တွင် ကျင်းပသည့် ချက်သမ္မတ ရွေးကောက်ပွဲ ကိုလည်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ ဖူးသည်။ ဥပဒေဖြင့် ဘွဲ့ရထားသူ ဖြစ်ပြီး၊ ပန်းချီရေးဆွဲခြင်း၊ စတိတ် ဒီဇိုင်း ပြုလုပ်ခြင်း၊ အော်ပရာဇာတ်များ ရေးသားခြင်း စသည် များကို ပြုလုပ်လေ့ ရှိသည်။ အသက်(၅၆) နှစ်ရှိပြီ ဖြစ်သော်လည်း ဆေးမင်ကြောင် ထိုးခြင်းကို အလွန် ၀ါသနာ ပါသည်။ ဆံပင်ကို အပြာရောင် ပုံစံထားလေ့ ရှိပြီး၊ မျက်နှာတွင် ဆေးမင်ကြောင် ရေးထိုးခဲ့ခြင်းကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ဆေးမင်ကြောင်များကို ပန်းဥယျာဉ်သဖွယ် သဘောထားလေ့ရှိသူ ဖြစ်သည်။

ပင်စင်ငွေလေးနဲ့ လမ်းချိုင့်ခွက် လိုက်ဖို့ သူ


          အိန်္ဒိယနိုင်ငံတောင်ပိုင်း ဟိုင်ဒရာဘတ်မြို့မှာ ပင်စင်ငွေလေးနဲ့ လမ်းချိုင့်ခွက်တွေ လိုက်ဖို့ပေးနေသည့် ဂန်ဂါဒါရာတာလစ် ကတ်နမ် ဆိုသော အစိုးရ ၀န်ထမ်းဟောင်းကြီး ရှိသည်။ ဘီဘီစီ သတင်းဌာနမှ ဂီတာပန်ဒေး က လမ်းချိုင့်ခွက်ဖို့ သူကြီးနှင့် သွားရောက် တွေ့ဆုံမေးမြန်း ထားသည်။ ဟိုင်ဒရာဘတ် မြို့ခံ များက မစ္စတာ ကတ်နမ်ကို “လမ်းဆရာဝန်ကြီး ဟု ချစ်စနိုးခေါ်ကြသည်။
          မနက် (၈) နာရီသာ ရှိသေးသည်။ နေက ချစ်ချစ်တောက်ပူ နေပြီ။ မစ္စတာ ကတ်နမ်သည် ကားလမ်းမ ပေါ်တွင် ၎င်းတို့ အလုပ် လုပ်မည့် နေရာတစ်ဝိုက် လမ်းတား အလံလေးများ စိုက်ထား လိုက်သည်။ မစ္စတာ ကတ်နမ်ကို (၁၆) နှစ်အရွယ် ကျောင်းသားလေး တစ်စုက ၀ိုင်းကူကြသည်။ ထိုနေ့က သူတို့ လူစု လမ်းချိုင့်ခွက် သုံးခုဖို့လို့ ပြီးသွားသည်။

မျောက်လွှဲကျော်များလည်း တန်းစီတတ်ကြောင်း လေ့လာတွေ့ ရှိ


          ဈေးဝယ်စင်တာများတွင် ကော်ဖီဝယ်ရန် သို့မဟုတ် ငွေရှင်းရန် လူအများစုသည် တန်းစီပြီး စောင့်ဆိုင်း တတ်ကြသည်။ သို့သော် လူသားများသာ တန်းစီတတ်ခြင်း မဟုတ်ကြောင်း လေ့လာမှု တစ်ခု အရ သိရှိခဲ့ရပြီ ဖြစ်သည်။
          နမီးဘီးယား နိုင်ငံ အမျိုးသား ဥယျာဉ်ရှိ မျောက်လွှဲကျော် များသည် အစားအစာကို ယူရာတွင် တန်းစီ တတ်ကြကြောင်း လေ့လာတွေ့ရှိ ခဲ့သည်။ မျောက်လွှဲကျော် များသည် တစ်ကောင်နှင့် တစ်ကောင် ခင်တွယ် တတ်ပြီး ကစားရင်း၊ သန်းရှာရင်းဖြင့် ပိုမိုခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်တတ် ကြကြောင်း ပညာရှင် များက ဆိုသည်။
          ကိမ်းဘရစ်ဂ်ျ တက္ကသိုလ်မှ ဇီဝ ဗေဒပညာရှင် တချို့သည် နမီးဘီးယား ဆောက်ဘီ သဘာဝ ဥယျာဉ်ရှိ မျောက်လွှဲကျော် အုပ်စု နှစ်စုအား ၂၀၁၄ ခုနှစ် မေမှ ဇွန်အထိ လေ့လာမှု ပြုလုပ် ခဲ့သည်။ မျောက်လွှဲကျော် အုပ်စု ထဲတွင် အဆင့်နိမ့်ပြီး ငယ်ရွယ်ကာ ရှက်တတ်သော မျောက်များသည် အစားအစာကို ဦးစွာ စားခွင့်မရှိဘဲ အခြား မျောက်ကြီးများ စားပြီးမှသာ စားရတတ်ကြောင်း၊ ယင်းကဲ့သို့ အစားအစာကို ယူရာ တွင်လည်း အဆင့် အလိုက် တန်းစီပြီးမှ ယူလေ့ ရှိကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လူမှု မီဒီယာ များတွင် ချစ်သူခင်သူများ လိုလျှင် ခြေလက်များဆန့်တန်း ထားသည့် ပုံများကို တင်ပါ


          အောင်သွယ် ၀က်ဘ်ဆိုက် အသုံးပြုသူ များသည် လက်တွဲဖော် ရရှိလာရန် နည်းလမ်းမျိုးစုံ သုံးလေ့ ရှိတတ် ကြသည်။
          ဒိတ်လုပ်ပေးသည့် ၀က်ဘ်ဆိုက်များတွင် ပရိုဖိုင်းပုံ တင်မည် ဆိုပါက ခြေလက်များကို ဆန့်တန့်ထားဖို့ လိုအပ်ကြောင်း လေ့လာမှု တစ်ခုက အကြံပြု လိုက်ပြီ ဖြစ်သည်။ လက်ခြေများကို ဆန့်တန်းထားသူ များသည် လက်ပိုက်ထား သူများ၊ ကိုယ်ကို ကျုံ့ထားသူ များထက် ပိုမို ဆွဲဆောင်မှု ရှိကြောင်း လေ့လာမှုတွင် ဖော်ပြ ထားသည်။
          လျှင်မြန်စွာ ဆုံးဖြတ်ချက်ချ တတ်သည့် ယနေ့ခေတ် ဒိတ်လုပ်မှု များတွင် ခန္ဓာကိုယ်ကို ကျုံ့မထားဘဲ ဆန့်ထုတ်နိုင်ခြင်းက ချစ်သူရှာရာတွင် ပိုမိုအောင်မြင်မှု ရနိုင်ကြောင်း လေ့လာမှုကို  ဦးဆောင်ပြုလုပ် ခဲ့သည့်  ဘာကီလီရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဒေါက်တာ တန်ညာဗာချာကူလ်ဆမ်ဆုခ်က ဆိုသည်။

မျောက်ဝံများ အသိဟောင်း အကျွမ်းဟောင်းကို မှတ်မိလေ့ရှိ


          ဘိုနိုဘို မျောက်ဝံများသည် နှစ်ပေါင်းများစွာ မတွေ့ဖြစ်သည့် အသိဟောင်း အကျွမ်းဟောင်း များကို မှတ်မိလေ့ရှိပြီး ပြန်တွေ့ရာ တွင်လည်း စိတ်လှုပ်ရှားလေ့ရှိ ကြကြောင်း လေ့လာမှု တစ်ခု အရ သိရှိရသည်။
          စိန့်အင်ဒရူးစ် တက္ကသိုလ်နှင့် စိန့်တင်နေး တက္ကသိုလ်တို့မှ ပညာရှင်များက လေ့လာခဲ့ခြင်း ဖြစ်သည်။ သုတေသန ပညာရှင်များသည် ဥရောပ တစ်ဝန်းရှိ ဘိုနိုဘို မျောက်ဝံများ၏ အော်သံများကို အသံဖမ်းထားနှင့် ၄င်းတို့နှင့် ယခင်က သိကျွမ်းခဲ့သည့် အခြား မျောက်ဝံများကို ဖွင့်ပြခဲ့ရာမှ မျောက်ဝံ များသည် မိတ်ဆွေဟောင်း ကို မမေ့တတ်ကြောင်း သိရှိခဲ့ခြင်း ဖြစ်သည်။

Monday, May 7, 2018

မှတ်ဖွယ်စုံရာ သုတပဒေသာ (၂၇)


အိမ်ခြံဝင်းအတွင်းမှ ရေကူးကန်အလန်းလေးများ

မိမိအိမ်ခြံဝင်းအတွင် နေရာသိပ်မပေးရဘဲ ခေတ်မှီလှပတဲ့ ရေကူးကန်ပုံလေးများ စုစည်းတင်ပေးလိုက်ပါတယ်။

ကျောက်ခဲလေးများဖြင့် ဖန်တီးထားသော ပုံလေးများ (၇)

တွေ့မြင်နေကျ ပုံစံမျိုးနှင့်မတူပဲ သဘာဝ ကျောက်ခဲလေးများကို နေရာတကျ စုစည်း၍ ရုပ်ပုံလေးများဖြစ်လာအောင် ဖန်တီးပုံဖော် ထားမှုများပါ။ စိတ်ကူးဆန်းသစ်သလို သဘာဝအတိုင်းရှိနေသည့်
ကျောက်ခဲပုံစံမျိုးစုံကို အစီအစဉ်တကျ ပုံဖော်ထားသိုနိုင်မှုဟာ လေးစားစရာပါ။

သဘာဝ သစ်ရွက် ပန်းပွင့်ပန်းခက်များဖြင့် ဖန်တီးထားသော ပုံများ (၁၁)

သဘာဝ ပန်းပွင့်ပန်းခက်များ ၊ သစ်ရွက်ကလေးများကို နေရာတကျ စီစဉ်ကာပုံလေးများအဖြစ် ဖန်တီးပုံဖော်ထားခြင်းပါ။

ဆောက်လုပ်ရေး လောကမှ အလွဲများ (၁၁)

ကြံကြံဖန်ဖန်ဆောက်လုပ်ထားကြပုံလေးတွေကို ထပ်မံတင်ပေးလိုက်ပါတယ်။ ပြုံးပျော်ရွှင်လန်း နိုင်ကြပါစေ.....

ခုန်ကူးရမှာပေါ့

တော်တော်စည်းကမ်းမဲ့တဲ့ အပင်တွေ

အမှတ်တမဲ့ အလွဲများ ( ၉၈ )

ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။ ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ..

အိပ်ချင်မူးတူးနဲ့ ကောက်စွပ်လာတယ်နဲ့ တူပါတယ်

ကြိုက်တတ်လိုက်တာ သားသားရယ်...

ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများမှ အံ့မခန်းမိတ်ကပ်ပညာ (၃)

ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားများမှ သရုပ်ဆောင်၏ အထူးပြုလုပ်ချက် မိတ်ကပ်ပညာဖြင့် ဖန်တီးထားပုံများပါ။ ထူးချွန်သည့် မိတ်ကပ်ပညာနှင့်အတူ ကောင်းမွန်သေသပ်သည့် နည်းပညာပြုလုပ်ချက်များပါ ပေါင်းစပ်လိုက်တဲ့အခါ ဇာတ်ကားကောင်းများ ပေါ်ထွက်လာစေပါတယ်။ တစ်ချို့ပုံများဆိုလျှင် ဖန်တီးမှုကောင်းလွန်းသဖြင့် မူရင်းမျက်နှာနှင့် ကွဲပြားသွားတာ တွေ့ရမှာပါ။

ပင်လယ်အောက်တွင် စီးဆင်းနေသည့် မြစ်ကြီးတစ်စင်း

မြစ်ဆိုလျှင် ကုန်းမြေပေါ်တွင်သာ တွေ့မြင်တတ်ကြပေမယ့် ယခုမြစ်ကြီးကတော့ ပင်လယ်နက်မြစ်ကြမ်းပြင်၌ တသီးတခြား စီးဆင်းနေသည့် မြစ်ကြီးတစ်စင်း ဖြစ်ပါသည်။ ပင်လယ်သမုဒ္ဒရာများအောက်တွင် ရေအေးစီးကြောင်း၊ ရေနွေးစီးကြောင်းများ စီးဆင်းနေတတ်သော်လည်း ယခုမြစ်ကြီးကတော့ ထိုကဲ့သို့ ရေစီးကြောင်းသဘောမျိုး မဟုတ်ဘဲ မြစ်တစ်ခုရဲ့ အင်္ဂါရပ်များ အပြည့်အစုံပါဝင်နေတာ ဖြစ်ပါသည်။ ထို့ကြောင့်ပင် ပင်လယ်အောက်တွင် စီးဆင်းနေသည့် ထူးထူးခြားခြား မြစ်ကြီးအဖြစ် သတ်မှတ်ခဲ့ကြပါသည်။

ထိုမြစ်ကြီးကတော့ Black Sea(ပင်လယ်နက်) ကြမ်းပြင်ကို ၂၀၁၀ခု၊ သြဂုတ်လ၊ ၁ ရက်နေ့တွင် လိဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ လေ့လာရင်း တွေ့ရှိအတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။ ပင်လယ်နက်ရေပြင်၏အောက်တွင် အရောင်မတူသည့် နောက်ထပ်မြစ်တစ်စင်း စီးဆင်းနေခြင်းမျိုး ဖြစ်ပေါ်နေတာပါ။

ပင်လယ်ကအပေါ် ၊ မြစ်ကအောက် စသည်ဖြင့် ရေများမရောထွေးသွားဘဲ သီးခြားဖြစ်တည်နေတာပါ။ သိပ်သည်းဆနှင့် သဘောသဘာဝမတူညီသော ရေနှစ်မျိုးသည် မရောထွေးဘဲ သီးခြားစီဖြစ်တည်နေခြင်းပဲ ဖြစ်ပါသည်။ သို့သော် ထိုသို့ဖြစ်တည်နေသည့် မြစ်သည် အလွန်ကြီးမားနေတာကို တွေပမြင်ကြရပါသည်။

ကမ္ဘာ ၊ လ နှင့် ဂြိုလ်ကြီးများ၏ ပြောင်းလဲလာသော ဓာတ်ပုံများ

ကမ္ဘာ ၊ လ နှင့် ဂြိုလ်ကြီးအသီးသီးကို ရှေးယခင်နှစ်များစွာထဲက ရိုက်ကူးထားသည့် ပုံများနှင့် ယခုခေတ် ရိုက်ကူးထားသည့် ပုံများကို နှိုင်းယှဉ်တင်ပြထားခြင်း ဖြစ်ပါသည်။ အချို့ပုံများသည် အလွန်သိသာစွာ ပြောင်းလဲနေသည်ကို တွေ့ရမှာပါ။ ဒါကလည်း တိုးတက်လာသော နည်းပညာနှင့်အညီ စွမ်းအားမြင့်လာသော တယ်လီစကုပ်မှန်ဘီလူးကြီးများနှင့် အရည်အသွေးမြင့် ကင်မယာများကြောင့် ပုံထွက်များ ပိုပြီးတိကျရှင်းလင်းလာကြခြင်း ဖြစ်ပါသည်။ သို့သော် မူလအစရိုက်ကူးထားသော ပုံများရဲ့ကျေးဇူးကိုတော့ မမေ့သင့်ပါ။ ထိုပုံများကြောင့်ပင် အာကာသအကြောင်းကို လေ့လာသင်ယူနိုင်ခဲ့ကြပြီး အဆင့်အတန်းလည်း တဖြည်းဖြည်း မြင့်လာကြခြင်း ဖြစ်ပါသည်။ ပုံများကို နှိုင်းယှဉ်ကြည့်ပြီး မည်မျှလောက် ပြောင်းလဲသိမြင်လာကြကြောင်း လေ့လာကြည့်လိုက်ရအောင်ဗျာ…

Related Posts Plugin for WordPress, Blogger...