Wednesday, May 9, 2018

မျောက်ဝံများ အသိဟောင်း အကျွမ်းဟောင်းကို မှတ်မိလေ့ရှိ


          ဘိုနိုဘို မျောက်ဝံများသည် နှစ်ပေါင်းများစွာ မတွေ့ဖြစ်သည့် အသိဟောင်း အကျွမ်းဟောင်း များကို မှတ်မိလေ့ရှိပြီး ပြန်တွေ့ရာ တွင်လည်း စိတ်လှုပ်ရှားလေ့ရှိ ကြကြောင်း လေ့လာမှု တစ်ခု အရ သိရှိရသည်။
          စိန့်အင်ဒရူးစ် တက္ကသိုလ်နှင့် စိန့်တင်နေး တက္ကသိုလ်တို့မှ ပညာရှင်များက လေ့လာခဲ့ခြင်း ဖြစ်သည်။ သုတေသန ပညာရှင်များသည် ဥရောပ တစ်ဝန်းရှိ ဘိုနိုဘို မျောက်ဝံများ၏ အော်သံများကို အသံဖမ်းထားနှင့် ၄င်းတို့နှင့် ယခင်က သိကျွမ်းခဲ့သည့် အခြား မျောက်ဝံများကို ဖွင့်ပြခဲ့ရာမှ မျောက်ဝံ များသည် မိတ်ဆွေဟောင်း ကို မမေ့တတ်ကြောင်း သိရှိခဲ့ခြင်း ဖြစ်သည်။

          အော်သံသည် အသိအကျွမ်း၏ အသံနှင့် တူပါက မျောက်ဝံများသည် ၄င်းအသံ ပိုင်ရှင်ကို ရှာဖွေလေ့ ရှိတတ် သော်လည်း မကြားဖူးသည့် အသံကို ကြားရသည့် အခါတွင်မူ တုံ့ပြန်လေ့ မရှိကြောင်း တွေ့ရှိခဲ့သည်။ ယင်းကြောင့် မျောက်ဝံများသည် ငါးနှစ်ခန့် ခွဲခွာနေရသည့် အုပ်စုဟောင်းမှ အဖွဲ့ဝင် တစ်ကောင်ကောင်၏ အသံကို ကြားရ ပြီးနောက်တွင် သိကျွမ်းခဲ့သူကို မှတ်မိလေ့ရှိကြောင်း ပညာရှင်များက ကောက်ချက်ချခဲ့သည်။
          ဘိုနိုဘို မျောက်ဝံအုပ်စု များသည် ပုံမှန်အားဖြင့် အုပ်စုခွဲများ ခွဲထုတ်လေ့ ရှိပြီး တစ်ကောင်နှင့် တစ်ကောင် အသံကျယ်လောင်စွာ အော်ဟစ်ပြီး ဆက်သွယ်လေ့ ရှိကြောင်း စိန့်အင်ဒရူးစ် တက္ကသိုလ်ရှိ စိတ်ပညာနှင့် အာရုံကြော သိပ္ပံဌာနမှ ဆူမိကီးနန်က ပြောဆိုခဲ့သည်။ ဘိုနိုဘိုများသည် လူသားများ ကဲ့သို့ပင် ရှုပ်ထွေးသော လူမှုကွန်ရက်များကို တည်ဆောက်လေ့ ရှိပြီး ကွန်ရက်တွင်းရှိ မည်သူက မည်မျှ အရေးပါသည် ကို သိရှိတတ်ကြကြောင်း ပညာရှင်များက  ပြောသည်။         
Source:DM
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...