Wednesday, May 9, 2018

လူမှု မီဒီယာ များတွင် ချစ်သူခင်သူများ လိုလျှင် ခြေလက်များဆန့်တန်း ထားသည့် ပုံများကို တင်ပါ


          အောင်သွယ် ၀က်ဘ်ဆိုက် အသုံးပြုသူ များသည် လက်တွဲဖော် ရရှိလာရန် နည်းလမ်းမျိုးစုံ သုံးလေ့ ရှိတတ် ကြသည်။
          ဒိတ်လုပ်ပေးသည့် ၀က်ဘ်ဆိုက်များတွင် ပရိုဖိုင်းပုံ တင်မည် ဆိုပါက ခြေလက်များကို ဆန့်တန့်ထားဖို့ လိုအပ်ကြောင်း လေ့လာမှု တစ်ခုက အကြံပြု လိုက်ပြီ ဖြစ်သည်။ လက်ခြေများကို ဆန့်တန်းထားသူ များသည် လက်ပိုက်ထား သူများ၊ ကိုယ်ကို ကျုံ့ထားသူ များထက် ပိုမို ဆွဲဆောင်မှု ရှိကြောင်း လေ့လာမှုတွင် ဖော်ပြ ထားသည်။
          လျှင်မြန်စွာ ဆုံးဖြတ်ချက်ချ တတ်သည့် ယနေ့ခေတ် ဒိတ်လုပ်မှု များတွင် ခန္ဓာကိုယ်ကို ကျုံ့မထားဘဲ ဆန့်ထုတ်နိုင်ခြင်းက ချစ်သူရှာရာတွင် ပိုမိုအောင်မြင်မှု ရနိုင်ကြောင်း လေ့လာမှုကို  ဦးဆောင်ပြုလုပ် ခဲ့သည့်  ဘာကီလီရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဒေါက်တာ တန်ညာဗာချာကူလ်ဆမ်ဆုခ်က ဆိုသည်။

          ပညာရှင်များသည် Tinder ကဲ့သို့ ဒိတ်လုပ်နိုင်သည့် အပလီကေးရှင်း တစ်ခုကို အသုံးပြု ခဲ့သည်။ ပညာရှင်များသည် အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦးတို့အား ကွဲပြားသော ပရိုဖိုင်း နှစ်ခုကို ဖန်တီးစေ ခဲ့သည်။ တစ်ခုတွင် ခြေလက်များကို ဆန့်ထားသော ပုံများကို ဖော်ပြစေပြီး အခြား တစ်ခုတွင်မူ လက်ပိုက် ထားပြီး ခြေထောက်များကို ချိတ်ထားသည့် ပုံများကို ဖော်ပြစေခဲ့သည်။
          ခြေလက်များကို ဆန့်ထုတ် ထားသည့်  ပုံများကို ဖော်ပြထားသည့် ပရိုဖိုင်းများကို လူကြိုက်များ ကြကြောင်း တွေ့ရှိခဲ့သည်။ ခြေလက်များကို ဆန့်ထုတ်ထားခြင်းသည် ပွင့်လင်းမှုရှိပြီး လွှမ်းမိုးနိုင်စွမ်း ရှိကြောင်း ယူဆမှုကြောင့် ဖြစ်နိုင်သည်ဟု သုတေသန ပညာရှင်များက ပြောဆိုခဲ့သည်။
Source:DM
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...