Thursday, November 29, 2018
ကမ္ဘာ့ အပူဆုံး ဒေသများ
ကျွန်ုပ်တို့ ကမ္ဘာကြီးပေါ်တွင် အလွန်အမက်း အေးတဲ့နေရာတွေရှိသလို စံချိန်တင်လောက်အောင် အပူဒဏ်ခံရတဲ့ နေရာတွေလည်း ရှိကြပါတယ်။ ယခင်က နေခရမ်း Page တွင် ကမ္ဘာ့အအေးဆုံး ဒေသများကို တင်ပြပေးပြီး ဖြစ်သလို ယခုလည်း အပူဆုံးဒေသများကို (၁) မှ (၁၀) အထိစုစည်း တင်ပြပေးလိုက်ပါတယ်။ ဘယ်နေရာတွေက အပူဒဏ်ဘယ်လောက်ခံရသလဲဆိုတာ ကြည့်လိုက်ရအောင်နော်…
ကမ္ဘာပေါ်မှ အပူဆုံး နေရာဒေသများပြမြေပုံ
1. Death Valley, California, USA
ကမ္ဘာ အပူဆုံးဒေသဆိုသည်နှင့် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှ မာရဏတောင်ကြားကို ပြေးမြင်မိတတ်ကြပါတယ်။ ထိုဒေသသည် နာမည်နှင့်လိုက်အောင်ပင် အလွန်ပူပြင်းမှုရှိပြီး မှတ်တမ်းများအရ ၁၉၁၃ ခုနှစ် နွေရာသီတွင် အပူချိန် ၅၆.၇ ဒီဂရီအထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့အပူဆုံးစံချိန်မှတ်တမ်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ထိုအပူချိန်သည် လူသားများ အသက်ရှင်ဖို့ မလွယ်လောက်အောင်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင်တော့ နှစ်စဉ်ပျှမ်းမျှအပူချိန် ၄၇ ဒီဂရီထိ ရှိပြီး အမေရိကန်နိုင်ငံရဲ့ အခြောက်သွေ့ဆုံး ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ မာရဏတောင်ကြားဒေသတွင် စိတ်ဝင်စားဖွယ် အကြောင်းအရာများနှင့် နေရာဒေသများကြောင့် နှစ်စဉ်ခရီးသွားများ သွားရောက်လည်ပတ်တတ်ကြပါတယ်။
ကာတွန်းကမ္ဘာထဲမှ ကော်ဖီဆိုင်လေး
ကော်ဖီဆိုင်လေးများကို ချစ်စဖွယ် ပြင်ဆင်ထားတက်တာကို တွေ့မြင်ဖူးကြမှာပါ။ ဒါပေမယ့် အခုဆိုင်လေးကတော့ ကာတွန်းကမ္ဘာထဲကို သင်ကိုယ်တိုင် ရောက်ရှိသွားသလိုမျိုး ခံစားရစေမှာ ဖြစ်ပါတယ်။ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှ ကော်ဖီဆိုင်လေး တစ်ဆိုင်ဟာ တစ်ဆိုင်လုံးရဲ့ ခင်းကျင်းပြင်ဆင်မှုများကို ကာတွန်းကောက်ကြောင်းများအတိုင်း ဆေးခြယ်ထားခဲ့ပါတယ်။ အရောင်အားဖြင့် အဖြူအမဲကို အများဆုံးအခြေခံပြီး စိတ်ကူးကောင်းကောင်းဖြင့် တစ်ဆိုင်လုံးကို ပြင်ဆင်ထားခဲ့ပါတယ်။ နံရံ၊ မျက်နှာကျက်၊ ကြမ်းပြင်များသာမက စားပွဲထိုင်ခုံများ ၊ အသုံးအဆောင် ပစ္စည်းများကိုပါ ကာတွန်းကောက်ကြောင်းများကဲ့သို့ ဒီဇိုင်းဆင်ထားခဲ့ပါတယ်။ ချစ်စဖွယ် ကော်ဖီဆိုင်လေးရဲ့ ပုံလေးများကို ကြည့်လိုက်ရအောင်နော်…..
ကမ္ဘာ့ပေါ်ရှိ ခမ်းနားလှပဆုံးသော စာကြည့်တိုက်ကြီးများ
နိုင်ငံတစ်နိုင်ငံ ၊ လူမျိုးတစ်မျိုး၏ ပညာရည်မြင့်မားမှုကို ဆုံးဖြတ်ကြရာတွင် ပြည့်စုံကောင်းမွန်သော တက္ကသိုလ်ကောလိပ်များ ၊ နိုင်ငံသားများ၏ စာတတ်မြောက်မှု နှင့်အတူ စာဖတ်ကြသော ပမာဏကိုပါ ထည့်သွင်းတွက်ချက်တတ်ကြပါသည်။ စာတတ်သူ ၊ စာဖတ်သူ များသည်နှင့်အညီ ထိုနိုင်ငံတွင်ရှိသော ပြည့်စုံကောင်းမွန်သော စာကြည့်တိုက်အရည်အသွေးကိုပါ မှတ်ကျောက်တင်လေ့ရှိပါသည်။ သို့သော် စာကြည့်တိုက်များ ဘယ်လောက်ပင်ကောင်းကောင်း ၊ စာအုပ်တွေ ဘယ်လောက်စုံစုံ ၊ စာဖတ်ဝါသနာပါသူ စာပေ၀ါသနာရှင်များသည်သာ အဓိကကျပါသည်။
တိုးတတ်ထွန်းကားသော နိုင်ငံများတွင် တူညီမှုများ များစွာရှိကြပါသည်။ ထိုအထဲတွင် ခေတ်မှီလှပပြီး စာဖတ်ခြင်စိတ် ပေါ်လာလောက်အောင် ခမ်းနားလှပ ပြည့်စုံကြသည့် စာကြည့်တိုက်ကြီးများ အများအပြား ရှိတတ်ကြခြင်းမှာလည်း တစ်ခုအပါအ၀င် ဖြစ်ပါသည်။ ထိုကဲ့သို့ ခမ်းနားလှသည့် စာကြည့်တိုက်ကြီးများတွင် လာရောက်လေ့လာဖတ်ရှု့သူများလည်း များပြားစည်ကားလှပါသည်။ယခု နေခရမ်းတင်ပြမည့် အကြောင်းအရာကတော့ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခမ်းနားလှပပြီး ပြည့်စုံကောင်းမွန်သော စာအုပ်များ များစွာရှိသည့် စာကြည့်တိုက်ကြီးတွေ အကြောင်းပါ။ ဘယ်လောက်ခမ်းနားလှပတဲ့ စာကြည့်တိုက်များလည်းဆိုတာ ကြည့်လိုက်ရအောင်နော်…
ကမ္ဘာမြေအောက်မှ Ruby ရေတံခွန်
ရေတံခွန်ဆိုလျှင် တောတောင်ရေမြေထဲ၌ တောင်ပေါ်မှ တစ်ရှိန်ထိုး ကျဆင်းလာတတ်သည်ဟု ထင်မြင်ကြသော်လည်း ယခု Ruby ရေတံခွန်ကတော့ မြေအောက်အနက် ၁၁၂၀ ပေတွင် တည်ရှိနေခြင်း ဖြစ်ပါသည်။ သဘာဝထုံးကျောက်လှိုဏ်ဂူအတွင်း မြင့်မားစွာ တစ်ရှိန်ထိုး ကျဆင်းနေသည့် ရေတံခွန်တစ်ခုပင် ဖြစ်ပါသည်။
Ruby ရေတံခွန်သည် အမေရိကန်နိုင်ငံ၊ Tennessee ပြည်နယ်ရှိ Lookout တောင်ကြီး၏ အတွင်းပိုင်း လှိုဏ်ဂူထဲတွင် ရှိနေပါသည်။ အထက်မှ အောက် အမြင့်အားဖြင့် ၁၄၅ ပေထိ ရှိပါသည်။ အမေရိကန်နိုင်ငံ၏ အမြင့်ဆုံး နှင့် မြေအောက် အနက်ဆုံးတွင် တည်ရှိသော မြေအောက်ရေတံခွန် ဖြစ်ပါသည်။
Ruby ရေတံခွန်မှ မြင့်မားစွာ ကျဆင်းလာသော ရေများသည် အောက်ဘက်ရှိ ရေကန်ငယ်အတွင်း ကျဆင်းကြပါသည်။ ထိုမှတစ်ဆင့် တောင်ခြေရှိ Tennessee မြစ်အတွင်းသို့ စီးဝင်သွားကြပါသည်။ Ruby ရေတံခွန်တည်ရှိရာ လှိုဏ်ဂူသည် လွန်ခဲ့သော နှစ်သန်းများစွာကတည်းက ထုံးကျောက်လွှာများကို ရေတိုက်စားမှုကြောင့် ဖြစ်တည်လာခြင်းဖြစ်ပြီး ရေတံခွန်ကြီး၏ သက်တမ်းသည် နှစ်သန်း ၃၀ ခန့် ရှိပြီးဟု ယုံကြည်ထားကြပါသည်။
Wednesday, November 28, 2018
မြက်ခင်းပေါ်မှ လက်ရာမြောက်ပန်းချီပုံကြီးများ
ပြင်သစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ Saype ရဲ့ မြက်ခင်းပြင်ကြီးများပေါ်တွင် ရေးဆွဲထားတဲ့ ပုံကြီးများ ဖြစ်ပါတယ်။ သူဟာ နှစ်စဉ်နှစ်တိုင်း ထိုကဲ့သို့ ပုံကြီးမျိုးများကို ဖန်တီးရေးဆွဲခြင်းဖြင့် နာမည်ကျော်ကြားသူ ဖြစ်လာခဲ့ပါတယ်။ သူရဲ့ပုံကြီးများကို အနီးကပ်ကြည့်လျှင် ပုံပေါ်ရန်မလွယ်ပေမဲ့ အပေါ်စီးမှ ခြုံကြည့်လျှင် အလွန်လက်ရာမြောက်လှသော ဖန်တီးမှုကို တွေ့မြင်ရမည် ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် စက်တင်ဘာလအတွင်း ဆွစ်ဇာလန်နိုင်ငံ ၊ ဂျနီဘာမြို့အနီး နှစ်ဧကနီးပါး ကျယ်ဝန်းတဲ့ မြက်ခင်းပေါ် ရေးဆွဲထားသည့် မိန်းကလေးပုံနဲ့အတူ ယခင်နှစ်များက ရေးဆွဲထားတဲ့ ပုံများကိုပါ တင်ပြပေးလိုက်ပါတယ်။
ဆန်းဆန်းပြားပြား Toilet အညွှန်းများ (၅)
ယခုတင်ပေးမှာကတော့ Toilet ကျား/မ ခွဲအညွှန်းပုံလေးများပါ။
တွေ့ နေကြမဟုတ်တဲ့ ပုံစံကွဲလေးတွေကိုတွေ့ မြင်ရမှာပါ။
တစ်ချို့ ပုံလေးတွေက ပြုံးချင်စရာလေးတွေပါ...
Tuesday, November 27, 2018
ကမ္ဘာတစ်လွှား အများပြည်သူသုံး ထိုင်ခုံအလန်းများ (၃)
ကမ္ဘာနိုင်ငံအသီးသီးတွင် တွေ့မြင်ရသော အများပြည်သူ လွတ်လပ်စွာ အပန်းဖြေအနားယူနိုင်စေရန် စီစဉ်ပေးထားတဲ့ ထိုင်ခုံဒီဇိုင်းဆန်းဆန်းလေးများ ဖြစ်ပါသည်။ ကြည့်လိုက်ကြပါအုံးဗျာ…
Monday, November 26, 2018
အနုစိတ် လက်ရာမြောက်လှသော ခဲသားပန်းပုရုပ်ကလေးများ (၈)
သေးငယ်တဲ့ ခဲတံခဲသားများပေါ်မှာ အနုစိတ်လက်ရာမြောက် ပန်းပုရုပ်ကလေးများအကြောင်း ယခင်က တင်ပေးဖူးပါတယ်။ ယခုလည်း တူရကီအနုပညာရှင် Nihat Ozcan ရဲ့ အနုစိတ် လက်ရာမြောက် ပန်းပုလေးများကို စုစည်း တင်ပေးလိုက်ပါတယ်။ သူရဲ့ ပန်းပုရုပ်လေးများကို အပြင်မှာ ကောင်းကောင်းကြည့်လိုရင် မှန်ဘီလူးတစ်လက်တော့ လိုပါတယ်။
Wednesday, November 21, 2018
အမှတ်တမဲ့ အလွဲများ ( ၁၀၀ )
ဒီတစ်ပတ်တော့ အပိုင်း (၁၀၀) မြောက် ဖြစ်ပါတယ်။ သူငယ်ချင်းတို့အတွက် အလွဲလေးတွေ ရာပြည့်မှသည် ဆက်လက်ပြီးလည်း လွဲပေးနေပါအုံးမယ်ဗျာ။ ကြည့်ရှု့ပြီး ပြုံးပျော်ရွှင်လန်းနိုင်ကြပါစေဗျာ...
နေရာချရတာ မလွယ်ပါဘူးဟယ်...
ကိုယ်က လက်ဦးမှုယူထားရမယ်လေ...
Saturday, November 17, 2018
ဂိုဒေါင်ထဲကတွေ့တဲ အိတ်အဟောင်း ရွှေအိတ်ကြီး ဖြစ်နေ
ဗြိတိန် ဝေလနယ်က အမျိုးသမီးတစ်ဦးဟာ ဂိုဒေါင်ထဲ ၇ နှစ်ကြာ ပစ်ထားတဲ့ အိတ်ဟောင်းကြီးတစ်လုံးဟာ ရွှေသားအိတ်ကြီး ဖြစ်နေတာကို အံ့အားသင့်ဖွယ်ရာ သိရှိလိုက်ရပါသတဲ့။ ရွှေနန်းကြိုးတွေကို ရက်ထားပြီး အိတ်လုပ်ထားတဲ့ ရတနာအနုပညာ လက်ရာတစ်ခုဖြစ်နေပြီး ပေါင်ငွေ ၃၈၀၀ (မြန်မာငွေ ၇၉သိန်း) လောက် တန်နေပါတယ်။ ဝေလနယ် ဒန်ဘစ်ဒေသခံ လင်ဒါပရစ်ချက်က အဆိုပါရွှေအိတ်ကို တွေ့ခဲ့တာဖြစ်ပါသတဲ့။ သူမရဲ့ မွေးချင်းတော်စပ်သူ မာဂရက်ရဲ့ ဂိုဒေါင်မှာ တွေ့ရတာဖြစ်ပြီး ဖုန်တွေ အလိမ်းလိမ်းနဲ့ ဖြစ်နေပါသတဲ့။ အသက် ၆၁ နှစ်အရွယ် လင်ဒါဟာ မျက်လုံးလည်း သိပ်မကောင်းဘဲ အိတ်ကို ဒေသခံ မျက်လုံးစမ်းသပ်စစ်ဆေးသူထံ သွားတုန်း ယူသွားပြီး ပြသခဲ့ပါတယ်။ ၁၉၅၀ ကာလများက လူချမ်းသာအမျိုးသမီး ဒိုရာဂျုန်းစ်ပိုင်တဲ့ ၁၅ ကာရက် ရွှေအိတ်ဆိုတာကို သိလိုက်ရပါသတဲ့။ ဒိုရာဂျုန်းစ်ရဲ့ ခင်ပွန်းသည်ကို ပြုစုဖူးတဲ့ မာဂရတ်ကို ခင်ပွန်းဖြစ်သူက လက်ဆောင်ပေးခဲ့တာလို့ သိရပါသတဲ့။
Credit: The Voice Myanmar Journal
ဂင်းနစ်စံချိန်တင်နိုင်ခဲ့သည့် ဘောလုံးကလပ်အသင်း အများဆုံးကစားဖူးသူ
ဥရုဂွေးနိုင်ငံသား ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်သူ Sebastian Abreu သည် ကလပ်အသင်းပေါင်း (၂၆) သင်းပြောင်းလဲကစားကာ ကမ္ဘာပေါ်တွင် ပရော်ဖက်ရှင်နယ် ဘောလုံးကလပ် အများဆုံး ကစားဖူးသူအဖြစ် ဂင်းနစ်ကမ္ဘာ့ မှတ်တမ်း တင်နိုင်ခဲ့ပါသည်။
သူသည် ၁၉၉၅ ခု ဥရုဂွေးကလပ်အသင်း Defensor မှစတင်ကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင်ကစားခဲ့သော ချီလီကလပ်အသင်း Audax Club Sportivo Italiano အထိ နိုင်ငံပေါင်း ၁၁ နိုင်ငံရှိ ကလပ်အသင်းပေါင်း ၂၆ သင်းတွင် ပြောင်းလဲ ကစားခဲ့ခြင်း ဖြစ်ပါသည်။
သူကစားခဲ့သော ဘောလုံးကလပ်အသင်းများမှာ
Defensor (Uruguay),
1995–1996San Lorenzo (Argentina),
1996-1998 and 2000-2001 (loan)Deportivo La Coruna (Spain),
1998-2004Gremio (Brazil),
1998 (loan)Estudiantes Tecos (Mexico), 1999-2000 (loan) and 2004 (loan)Club Nacional (Uruguay),
2001 (loan),
2004-2005, 2013-2015Cruz Azul (Mexico),
2002-2003 (loan)America (Mexico),
2003 (loan)Dorados de Sinaloa (Mexico),
ခင်ပွန်းကို ထီပေါက်တယ်လို့ ကျီစယ်ပြီး မကြာခင်မှာပဲ ထီဆုကြီးပေါက်ခဲ့သူ
ဗြိတိန်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းကို ပေါင် ၂၅၀၀၀၀ ဆု ထီပေါက်တယ်လို့ ကျီစယ်ခဲ့ပြီး သီတင်းပတ် ၃ ပတ်အကြာမှာပဲ ပေါင်တစ်သန်းဆု ထီပေါက်ခဲ့ပါတယ်။ ပီတာဘရော့မြို့အနီးက ဝစ်တယ်ဆေးမြို့မှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် လက်သမားဆရာ ပီယာ့(တ်)နဲ့ အသက် ၂၈ နှစ်အရွယ်ရှိတဲ့ ရှားလော့တို့ဟာ တစ်ယောက်ကို တစ်ယောက်ကျီစယ်နေကြမို့လို့ သူ့မိန်းမက ထီပေါက်တဲ့အကြောင်း ပြောချိန်မှာ ပီယာ့(တ်)က မယုံခဲ့ပါဘူး။ ထီအရောင်းဌာနက ထီပေါက်တဲ့အကြောင်း ပို့ထားတဲ့မက်ဆေ့ကို Screenshot ရိုက်ပြမှာပဲ အမှန်တကယ်ထီပေါက်မှန်း သိသွားခဲ့တာပါ။
ရှားလော့ဟာ သူတို့လင်မယားနှစ်ယောက်ရဲ့ အွန်လိုင်းထီအကောင့်ထဲမှာ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ ၁.၅ ပေါင်နဲ့ ထီထိုးခဲ့ရာမှာ
ပေါင်တစ်သန်းဆု ပေါက်ခဲ့တာဖြစ်ပါတယ်။ သားသမီး ၃ ယောက်ရှိတဲ့ သူတို့လင်မယားဟာ ထီပေါက်တဲ့ပိုက်ဆံနဲ့ မိသားစုအားလုံး ကျယ်ကျယ်ဝန်းဝန်း နေလို့ရမယ့် အိမ်သစ်တစ်လုံး ဝယ်ယူသွားမယ်လို့ ပြောပါတယ်။
Credit:yoyarlay facebook page
ကနေဒါခွဲစိတ်ကုဆရာဝန်က ၈ နှစ်သားရဲ့ ဝက်ဝံရုပ်ကို ခွဲစိတ်ပေး
- ကနေဒါနိုင်ငံသား ခွဲစိတ်ဆရာဝန်တစ်ဦးဟာ သူ့လူနာရဲ့ စုတ်ပြဲနေတဲ့တက်ဒီဝက်ဝံရုပ်ကို  မေ့ဆေး မပါဘဲ ခွဲစိတ်ကုသမှုတစ်ခုလုပ်ဆောင်ခဲ့အပြီး အင်တာနက်မှာ လူပြောများနေတဲ့သတင်းတစ်ခု ဖြစ်လာပါတယ်။
ဒေါက်တာ ဒန်နီရယ် မက်နီလီဟာ နိုဗာစကော့ရှာပြည်နယ်၊ ဟဲလီဖက်က IWK ကျန်းမာရေးစင်တာမှာ ဦးနှောက်ခွဲစိတ်ကု ဆရာဝန်တစ်ဦးဖြစ်ပြီး ရဲတင်းတဲ့ခွဲစိတ်မှုကို တနင်္ဂနွေနေ့က တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။
သည် ကြည်နူးအားရဖွယ် ပို့စ်ကို ပြန်လည်ရေးသားသူ ၁၁၀၀၀ ကျော်နဲ့ လိုက်ခ်ပေးသူ ၂၆၀၀၀ ကျော်ရရှိထားပြီးဖြစ်ပါတယ်။
အသက်ရှစ်နှစ်အရွယ် ဂျက်ဆန်မက်ကီက ခွဲစိတ်ခန်းအတွင်းကို သူ ယူဆောင်လာခဲ့တဲ့ သူ့အချစ်ဆုံး အရုပ်ကလေးကို ခွဲစိတ်ပေးနိုင်မလားလို့ ဒေါက်တာ မက်နီလီကို မေးမြန်းခဲ့ပါတယ်။
ဂျက်ဆန်မှာ ဦးနှောက်အတွင်း ရေအများအပြားရှိနေတဲ့ အခြေအနေတစ်ခုဖြစ်တဲ့ hydrocephalus ရောဂါနဲ့ ဆိုးရွားတဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားနေရပါတယ်။
ကွန်ဒုံးကို ဘက်စုံ အသုံးချတဲ့ ကျူးဘားနိုင်ငံ
ကျူးဘားနိုင်ငံ၊ ဟားဗားနားမြို့က ကလေးသူငယ်တွေဟာ ကွန်ဒုံးနဲ့ လေးခွလုပ်ပြီး ဆော့တတ်ကြတယ်ဆိုရင် ယုံမလား။
မွေးနေ့ပါတီတွေနဲ့ ပွဲအခမ်းအနားတွေမှာလည်း ဘောလုံးအစား ကွန်ဒုံးကို သုံးကြပါတယ်။ ကွန်ဒုံးဟာ အမျိုးသမီးတွေအတွက်ဆိုရင် ခေါင်းစည်းကြိုး၊ ယာဉ်မောင်းတွေအတွက်ဆိုရင် (ချောဆီပါတဲ့) ကွန်ဒုံးတွေက ဒက်ရှ်ဘုတ် သုတ်စရာပေါ့။ ဒါတင်မကသေးပါဘူး။ ကွန်ဒုံးထဲမှာ ရမ်တွေဖြည့်ပြီး နိုက်ကလပ်ထဲ ခိုးသယ်ကြသူတွေလည်း ရှိပါတယ်။
ငါးဖမ်းသမားတွေက လေဖြည့်ထားတဲ့ ကွန်ဒုံးတွေကို ငါးဖမ်းပိုက်ကွန်ဘောလုံးတွေအဖြစ်လည်း အသုံးပြုကြပါတယ်။ ကျူးဘားရဲ့ ကွန်ဒုံးအသုံးချပုံဟာ ဒီမှာတင် မပြီးသေးပါဘူး။ ဝိုင်ထုတ်လုပ်သူတွေကလည်း ဝိုင်ဖန်အိုးကြီးတွေရဲ့နှုတ်ခမ်းဝမှာ ကွန်ဒုံးစွပ်ပြီး ဝိုင်ဖောက်ကြပါသေးတယ်။ ကျူးဘားမှာ ဝက်သစ်ချစည်တွေအစား ဖန်အိုးတွေနဲ့ ဝိုင်ဖောက်တာပါ။
ဖန်အိုးထိပ်မှာ စွပ်ထားတဲ့ ကွန်ဒုံးက ဖောင်းနေသေးတယ်ဆိုရင် ဒါဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်နေတုန်း၊ ဝိုင်ဖောက်လို့ မပြီးသေးဘူးလို့ ဆိုလိုတာဖြစ်ပြီး၊ ကွန်ဒုံးပျော့ကျသွားပြီရင်တော့ ဝိုက်ဖောက်လို့ ပြီးပြီဆိုတဲ့ သင်္ကေတပါ။
ကမ္ဘာ့အစောဆုံး ပန်းချီရုပ်ကြွင်း တောင်အာဖရိကတွင် တွေ့ရှိ
ကမ္ဘာ့သမိုင်းမှာ သက်တမ်းအကြာရှည်ဆုံးနဲ့ အစောဆုံး ပန်းချီရုပ်ကြွင်းကို သုတေသနပညာရှင်တွေ တွေ့ရှိခဲ့ကြပြီပဲ ဖြစ်ပါတယ်။
အဲဒီရုပ်ကြွင်းဟာ နှစ်ပေါင်း ၇၃၀၀၀ သက်တမ်းရှိပြီး Hashtagနဲ့ ခပ်ဆင်ဆင်တူတယ်လို့ သိရှိရပြီး ကိန်းဂဏန်း သင်္ကေတတခုလိုလည်း တွေ့မြင်နိုင်တာဖြစ်ပါတယ်။ သဲနဲ့ သဘာဝအင်္ဂတေတွေပေါင်းစပ်ဖွဲ့စည်းထားတဲ့ မြေဆီမြေနှစ် ကို အသုံးပြုရေးဆွဲခဲ့တာလို့လည်း သုတေသနစစ်တမ်းတွေကဖော်ပြထားပါတယ်။
အာဖရိကမှာ အနုပညာနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကိုတွေ့ရှိသလို ဥရောပနဲ့ အရှေ့တောင်အာရှနေရာအချို့မှာလည်း အလားတူတွေ့ရှိမှုတွေ ရှိခဲ့တာပဲဖြစ်ပါတယ်။ ယခုလိုရှာဖွေတွေ့ရှိမှုကြောင့် သုတေသနပညာရှင်တွေဟာ လူသားရဲ့ မူလအစကို လေ့လာနိုင်မှာဖြစ်တယ်လို့ ယုံကြည်ထားကြတာဖြစ်ပြီး ဒီရုပ်ကြွင်းကို တောင်အာဖရိကရဲ့ ဂူတခုဖြစ်တဲ့ Blombos မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အင်္ဂလိပ် ဂဏန်း “8” ပုံစံ "အန်နီလန်းမား" (နေသွားလမ်းကြောင်း)
အန်နီလန်းမား(Analemma) ဆိုတာကတော့ တစ်နှစ်ပါတ်လုံး နေ ပြောင်းလဲတည်ရှိနေတဲ့ အရပ် (တနည်း) အချိန်ကန့်သတ်ချက် တစ်ခုအတွင်းမှာ နေ့စဉ် (လစဉ်) ရိုက်ကူးထားတေဲ့ နေရဲ့ တည်နေရာပြောင်းလဲမှုကို ဆိုလိုပါတယ်။ အင်္ဂလိပ် အက္ခရာ "8" ပုံစံ ရှိပါတယ်။ (ကျနော်တို့လို မြောက် ကမ္ဘာခြမ်း နေသူတွေအတွက်ပါ။)
ဒါဟာ ဘာ့ကြောင့်ဖြစ်ရသလဲ (တနည်း) ဘာကို ရည်ညွှန်းသလဲ ဆိုလျှင်.. ကမ္ဘာဟာ ၂၃.၅ ဒီဂရီတိမ်းစောင်းနေခြင်း နဲ့ နေကို စက်ဝိုင်းပုံမဟုတ်ပဲ.. ဘဲဥပုံစံ လမ်းကြောင်းအတိုင်း လှည့်ပါတ်နေတယ်လို့ ဆိုလိုပါတယ်။
"8" ဂဏန်းလမ်းကြောင်းရဲ့ အမြင့်ဆုံးနေရာကိုတော့.. နွေဥတုဖြစ်တဲ့ ဇွန်လ မှာ ရောက်ရှိပြီး.. အောက်ဆုံးအမှတ်ကိုတော့ ဆောင်းရာသီ ဒီဇင်ဘာလမှာ ရောက်ရှိပါတယ်။ အလယ်ဆုံမှတ်ကတော့ အီကွေတာမျဉ်းပေါ် နေရောင်ခြည်တည့်မတ်စွာ ကျရောက်တဲ့ (တနည်း) ရာသီကူးပြောင်းကာလဖြစ်တဲ့ မတ်လ နဲ့ စက်တင်ဘာလမှာ ကျရောက်ပါတယ်။
ကမ်းလွန် ရေနံတူးစင်ကြီးများ တည်ဆောက်ထားကြပုံများ
ပင်လယ်သမုဒ္ဒရာများအထဲတွင် ကမ်းလွန်ရေနံတူးစင်များ တည်ဆောက်ထားကြပုံများပါ။ အပေါ်ကကြည့်လျှင် ထုထည်သေးပေမယ့် လေဒဏ်၊ ရေဒဏ် စသည့် သဘာဝဘေးအန္တရာယ်များကို ခံနိုင်စေရန် အေက်ခြေထုထည် ခိုင့်ခံ့ကြီးမားစွာ တည်ဆောက်ထားရခြင်း ဖြစ်ပါသည်။
တိုက်နံရံပေါ်မှ ညစာစားပွဲကြီး
တိုက်နံရံများကို လှပကြည့်ပျော်မှု ရှိစေရန် အမျိုးမျိုး ပုံဖော်မှုရှိတတ်ကြပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာ ရှိတဲ့ ယခုတိုက်နံရံပေါ် ပုံဖော်ထားမှုမျိုးကတော့ တွေ့ရခဲမှာ အမှန်ပါ။
တိုက်နံရံ ပေါ်တွင် ညစာစားပွဲ စားပွဲဝိုင်းကြီးကဲ့သို့ ဖန်တီးပြထားခြင်း ဖြစ်ပြီး ဆေးဖြင့် ပုံရေးဆွဲထားခြင်းမျိုးလည်း မဟုတ်ပါ။ တကယ်အစစ် စားပွဲဝိုင်းကဲ့သို့ နံရံပေါ်မှာ ဒေါင်လိုက်ရှိနေတာပါ။
စားသောက်စရာ အစုံအလင်နှင့် စားပွဲ၊ ကုလားထိုင်များပါ ပါဝင်နေပြီး ကြီးမားခန့်ထည်မှုနှင့်အတူ လက်ရာမြောက်အောင် ဖန်တီးထားမှုပင် ဖြစ်ပါတယ်။
ကဲ... ဒီစားပွဲဝိုင်းမှာ ထိုင်စားနိုင်ဖို့ဆိုတာ လူကောင်အကြီးကြီး ဖြစ်ဖို့လိုသလို ဒေါင်လိုက်ကန့်လန့် စားတတ်ဖို့လည်း လိုတာပေါ့နော် ☺☺☺
ကမ္ဘာပေါ်မှ ဖုန်မှုန့်လုံးကြီးတွေ..
ပထမဆုံး ပုံအကြောင်း အနည်းငယ် ရှင်းပြပေးချင်ပါတယ်။ ဖော်ပြထားတဲ့ပုံဟာ ကမ္ဘာကို တိမ်တိုက် တွေ ဖယ်ရှားပြီး မြင်ရတဲ့ပုံ ဖြစ်ပါတယ်။ ကမ္ဘာပေါ် (အာကာသ) က ပျံဝဲနေတဲ့ MODIS (Moderate Resolution Imaging Spectroradiometer) ဂြိုဟ်တုများမှ ပေးပို့တဲ့ သတင်းအချက်အလက်များနဲ့ မြေပြင်စခန်းများမှ အချက်အလက်များကို စုပေါင်းပြီး နာဆာ (NASA) မှ ၂၀၁၈ သြဂုတ်လ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ပုံဖြစ်ပါတယ်။
ပုံမှာ မူလအရောင် (၃) မျိုး ရောစပ်ပါဝင်ပါတယ်။ အနီရောင်ဘက် သန်းတာဟာ Black Carbon လို့ခေါ်တဲ့ ကာဗွန်ဒြပ်စင်တွေ ပါဝင်တဲ့ ဖုန်မှုန့်များ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးများ၊ စက်ရုံအလုပ်ရုံ များပြားတဲ့ ဒေသများ ဖြစ်ကြပါတယ်။ နောက်ပြီး.. တောမီး၊ တောင်ယာမီး အစရှိတဲ့ မီးလောင်ကျွမ်းခြင်းများကြောင့်လည်း ကာဗွန်တွေ ထူထပ်တတ်ပါတယ်။ Black Carbon ဟာ လူသားများကို အသက်ရှူလမ်းကြောင်းရောဂါအပါအဝင် အခြားရောဂါများ ဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။
အပြာရောင် ရှိနေတဲ့ နေရာတွေဟာ Sea Salt လို့ခေါ်တဲ့ ပင်လယ်ဆား ပါဝင်မှုများတဲ့ ဖုန်မှုန့်များ ဖြစ်ကြပါတယ်။ ပင်လယ်ဆားဟာ ပင်လယ်ရေ အငွေ့ပျံခြင်းမှ ရရှိပြီး မုန်တိုင်း ဖြစ်ပေါ်ခဲ့တဲ့ ဂျပန်၊ ကိုးရီးယား ကျွန်းစွယ် နဲ့ ဟာဝိုင်အီ ဒေသတွေမှာ ဖမ်းယူရရှိပါတယ်။ ရာသီဥတု ပြောင်းလဲမှု နဲ့ ဆက်စပ်မှုရှိပါတယ်။
အသက်ပေါင်းများစွာ ကယ်တင်ပေးနေတဲ့ အပြာ ရောင်သွေးပိုင်ရှင်များ
တနှစ်ကို ဒေါ်လာ သန်းပေါင်း ၅၀ ကျော်ဝင်ငွေရနေတဲ့မြင်းခွာ ဂဏန်းHorseshoe Crab ရဲ့  သွေးထုတ်လုပ်ရေးလုပ်ငန်းပဲဖြစ်ပါတယ် ။ သူ့ ကိုယ်က ထွက်လာတဲ့ အပြာရောင်သွေးရည် ကို တဂါလံကို ဒေါ်လာ ခြောက်သောင်း (၆၀၀၀၀) ဈေးရှိပါတယ်၊။
မြင်းခွာ ဂဏန်း တွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၅၀ ကတဲက အသက်ရှင်နေထိုင်ပြီး ယခုတိုင်မျိုးမတုံးသွားသေးတဲ့ ဒီ မင်းခွာ ဂဏန်းကောင်တွေရဲ့  သွေးအပြာကို ဓါတ်ခွဲစမ်းသတ်တဲ့အခါမှာ copper  ကြေးနီ နဲ့  ပိုမွားတွေကို လိုက်တိုက်ပေးတဲ့  ဆဲလ်တွေအမြောက်အများပါဝင်တာ ဟာ ဘက်တီးရီးယား ပိုးတွေကို လိုက်သတ်ပေးနိုင်တဲ့စွမ်းအင်တွေအများဆုံးရှိနေတာတွေ့ ရပါတယ်။
ကမ္ဘာ့ထူးဆန်းသော ဓလေ့များ
ယူကရိန်း
နိုင်ငံအများစုတွင် ပင့်ကူကိုတွေ့လျှင် ကြောက်ပြီး အော်ပြေးတတ်ကြသည်။ ယူကရိန်းနိုင်ငံတွင်တော့ ထိုသို့မဟုတ်။ သူတို့က ခရစ္စမတ်ကာလတွင် ပင့်ကူကို တွေ့မည်ဆိုလျှင် ပိုပြီးပျော်ရွှင်ကြည်နူးကြသည်။ တစ်နည်းဆိုရလျှင် ထိုအချိန်တွင် ပင့်ကူကို တွေ့ပါက ကံကောင်းသည်ဟု ယူဆကြသည်။ ပင့်ကူက ကံကောင်းခြင်းကို ယူဆောင်လာတတ်သည်ဟူ၍ ယူဆကြသောကြောင့်ဖြစ်သည်။
ယူကရိန်းနိုင်ငံတွင် ဟိုးရှေးခေတ်ကတည်းက ပင့်ကူနှင့် ပတ်သက်သည့် ပုံပြင်တစ်ပုဒ်ရှိခဲ့ဖူးသည်။ ပင့်ကူတွေက ခရစ္စမတ်ကို ကယ်တင်ခဲ့သည်။ ဆင်းရဲသည့် မုဆိုးမကြီးတစ်ဦးတွင် ကလေးများရှိသည်။ သူတို့သည် ခရစ္စမတ်ကာလတွင် ထင်းရှူးပင်ဖြင့် ပွဲကို မဆင်နွှဲနိုင်သောကြောင့် ခရစ္စမတ်သစ်ပင်အစား ပင့်ကူအိမ်များကို အသုံးပြုခဲ့ကြရသည်။
ထို့ကြောင့် ယနေ့အထိ ယူကရိန်းတွင် ခရစ္စမတ်ပွဲကို ထင်းရှူးပင်များအပြင် ပင့်ကူအိမ်အတုများကိုပါ ဆင်ယင်ပြီး ပွဲကိုကျင်းပလေ့ရှိသည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းခြင်းဖြင့် နောက်နှစ်တွင်လည်း ကံကောင်းလာမည်ဟု ယူဆကြသောကြောင့် ပင့်ကူအိမ်ကို အလေးအမြတ်ပြုကြခြင်းဖြစ်သည်။
Monday, November 12, 2018
Range Rover ကားသူခိုးကို ကိုယ်လုံးတီးဖြင့် ဖမ်းခဲ့ရသည့် အမျိုးသား
အင်္ဂလန်နိုင်ငံ တိုက်ဆိုက်(ဒ်) ကောင်တီ လွန်ဘန်တန်ခရိုင်တွင် နေထိုင်သော စတီဖင် ကော်လန်အမည်ရှိ အမျိုးသားတစ်ဦးသည် ညအချိန်မတော် ၄င်း၏  Range Rover ကားကို ခိုးရန် ကြိုးစားခဲ့သည့်ကားသူခိုးကို ကိုယ်လုံးတီးဖြင့် ဖမ်းဆီးခဲ့ရသည်။
အသက် ၂၉ နှစ်အရွယ် မစ္စတာကော်လန်နှင့် သူ၏ချစ်သူ နီကိုလာဘော(လ်)(ဒ်)ဝင် (၃၃ နှစ်) တို့သည် ပြီးခဲ့သော အပတ် အင်္ဂါနေ့က နေအိမ်၌ တီဗွီကြည့်နေကြစဉ် အိမ်ရှေ့တွင် ရပ်ထားသော Range Rover  ကားမှ အချက်ပေးသံ မြည်လာခဲ့သည်။ ကားအချက်ပေးသံကြားလျှင် ကြားချင်း ကော်လန် သည် အိပ်ယာမှ ခုန်ထပြီး အကျီဝတ်ရန်ပင် တစ်စက္ကန့်မျှ အချိန်ကုန်မခံတော့ဘဲ ကိုယ်လုံးတီးဖြင့် အိမ်အပြင်သို့ ပြေးထွက်သွားခဲ့သည်။ စီစီတီဗွီမှတ်တမ်းတွင် ကော်လန်သည် ထွက်ပြေးရန် ကြိုးစားသော ကားသူခိုးကို ဆွဲကိုင်ပြီး မြေကြီးပေါ်သို့ လှဲချကာ ချုပ်နှောင်ခဲ့သည်ကို တွေ့ရသည်။
အိပ်ပျော်နေသော နဂါး (သို့မဟုတ်) အေးခဲနေသော ကာဗွန်များ
ကမ္ဘာကြီး ပူနွေးလာခြင်းကြောင့် ဝင်ရိုးစွန်းဒေသမှ ရေခဲများ အရည်ပျော်ခြင်းဟာ ပင်လယ်၊ သမုဒ္ဒရာရေ မြင့်တက်လာနိုင်တယ် ဆိုပေမယ့်.. အဲ့ဒီ့ထက် ပိုပြီး အရေးကြီးတဲ့ အချက်တစ်ခု ရှိနေပါသေးတယ်..။ အဲ့ဒါကတော့... ရေခဲပြင်အောက်မှာ အေးခဲပြီး ပိတ်မိနေတဲ့ ကာဗွန်များပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Permafrost carbon လို့ ခေါ်ပါတယ်။
ရေခဲခေတ် တစ်ခေတ်ကို ဖြတ်သန်းနေတဲ့ ကျနော်တို့ ကမ္ဘာမှာ တောင် နဲ့ မြောက် ဝင်ရိုးစွန်းဒေသတွေမှာ ရေခဲပြင်တွေရှိပါတယ်။ ယခုအခါမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များ အဆမတန် ထုတ်လွှတ်မှုကြောင့် မြောက်ဝင်ရိုးစွန်းဒေသ (ဆိုက်ဘေးရီးယား၊ အလက်စကား) များမှာရှိတဲ့ ရေခဲများ အရည်ပျော်ခဲ့လျှင်.. ပိတ်မိနေတဲ့ ကာဗွန်ဟောင်းများ ပြန်လည် ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ထို့အပြင်.. အဲ့ဒီ့ထဲမှာ ရှိတဲ့ ဘက်တီးရီးယားများ ပြန်လည် ရှင်သန်လာပြီး အော်ဂဲနစ် စွန့်ပစ်ပစ္စည်းများဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် နဲ့ မီသိန်း ကဲ့သို့သော အားကောင်းတဲ့ ဖန်လုံအိမ် ဓါတ်ငွေ့များ စွန့်ထုတ်ကြဦးမှာဖြစ်ပါတယ်။
ရေခဲခေတ်ဦးက မြင်းပေါက်ခလေး အလောင်း ငရဲချိုင့်ဝန်းမှာတွေ့ ရှိ
12August 2018
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀၀ အချိန် ကျောက်ခေတ်ဦးက  သုံးလ သားမြင်းပေါက်ခလေးတကောင်ရဲ့  မူရင်းအတိုင်းရှိနေတဲ့ မံမီ ရုပ်ကြွင်း ကို တွေ့ ရှိခဲ့တဲ့ အကြောင်း ဆာဗီယန်း တိုင်း သတင်းမှာဖေါ်ပြထားပါတယ်။
တသက်လုံး အအေးလွန်ကဲနေတဲ့ ဆိုက်ဗေးရီးယား က နှစ်သက်တမ်း ၄၀၀၀၀ ရှိ  ငရဲချိုင့်ဝန်းကြီးမှာ တွေ့ ခဲ့တာလို့ လည်း သိရပါတယ်။
အညိုရောင်အမွှေးရှည်ရှိ မြင်းပေါက် အလောင်းကို စစ်ဆေးနေတဲ့ ပညာရှင်တွေကတော့ မြင်းပေါက်ကလောမှာ ဘာဒဏ်ရာမှ မတွေ့ ရပဲ အတွင်းပိုင်း ကလီစာတွေဟာလည်း မူရင်းအတိုင်းရှိနေတယ်လို့  အတည်ပြုခဲ့ပါတယ်။
အေးတဲ့ရာသီ  ကျောက်မီးသွေးတွင်းမှာ နစ်ပြီး သေသွားခဲ့ပုံရပါတယ်။
အာရှနိုင်ငံတွေမှာ တဦးနဲ့တဦး ဘယ်လို နှုတ်ဆက်လေ့ရှိကြလဲ
ကမ္ဘာ့အနောက်ခြမ်းမှာ နေထိုင်ကြတဲ့လူတွေဟာ အာရှနိုင်ငံတွေကို လေးစားကြပါတယ်။ ဒါဟာ အာရှနိုင်ငံတွေမှာ ရှိတဲ့ ချစ်စရာရိုးရာ ဓလေ့တွေကြောင့် ဖြစ်ပါတယ်။ အာရှနိုင်ငံတွေမှာ နိုင်ငံသား အချင်းချင်း ဖြစ်စေ၊ နိုင်ငံခြားသားများကို ဖြစ်စေ တွေ့တဲ့အခါမှာ နှုတ်ဆက်ကြတဲ့ နည်းလမ်းတွေ နိုင်ငံတိုင်းမှာ ရှိကြပါတယ်။အာရှနိုင်ငံတွေထဲက မြန်မာနိုင်ငံအပါအဝင် အနီးစပ်ဆုံး အာရှနိုင်ငံ ၅ ခုက နှုတ်ဆက်နည်းတွေကို ဖော်ပြ ပေးချင်ပါတယ်။
(၁) မြန်မာ
မြန်မာနိုင်ငံသားအများစုဟာ နွေးထွေးဖော်ရွေစွာ ပြုံုးပြနှုတ်ဆက်တတ်တဲ့ အလေ့အကျင့် ရှိပါတယ်။ ဒါအပြင့် တဦးနဲ့ တဦး “မင်္ဂလာပါ”ဆိုပြီး နှုတ်ဆက်တတ်ကြပါတယ်။ ဒါပေမယ့် ယခုခေတ် နောက်ပိုင်းမှာတော့ “မင်္ဂလာပါ” လို့ နှုတ်ဆက်ကြတဲ့ အလေ့အထက အနည်းငယ်တော့ ရှားပါး သွားပါပြီ။ ပုံမှန် နှုတ်ဆက်ကြတော့တာ မဟုတ်ဘဲ ပွဲအခမ်းအနားမျိုး၊ ဟိုတယ်၊ လေဆိပ်လို ခရီးသည်ကို ဝန်ဆောင်မှု ပေးတဲ့ နေရာမျိုးတွေမှာသာ တွေ့ရတတ်တာ များပါတယ်။
နောက်တခု ထူးခြားတာက မြန်မာနိုင်ငံသားတွေဟာ အစားအသောက် စားသောက်နေရင်း မိတ်ဆွေ၊ ဧည့်သည်တွေကို ဖိတ်ခေါ်တတ်တာပါပဲ။ “လာပါဦးလား၊ စာပါဦး” စသဖြင့် ဖော်ရွေပျူငှာစွာ ဖိတ်ခေါ်တတ်တဲ့ မြန်မာတွေရဲ့ ရင်းနှီးမှုဟာ နိုင်ငံခြားသားတွေအတွက် အံ့အားသင့်စရာပါ။ စာရေးသူတို့ မြန်မာနိုင်ငံသားတွေကို ကူညီရိုင်းပင်းတတ်ကြပြီး ဖော်ရွေပျူငှာကြတယ်လို့ ကမ္ဘာမှာ အသိများပါတယ်။
လျှပ်စီးလက်ခြင်း နဲ့ပတ်သက်ပြီး ဆန်းကြယ်သောအချက် ၆ ချက်
ထူးထူးဆန်းဆန်း လျှပ်ပြက်ခြင်းမှတဆင့် သစ်ပင်တွေအလဲလဲပြိုတဲ့ အခြေအနေမျိုး ထိဖြစ်တတ်ပါတယ်။ လျှပ်စီးလက်ခြင်း နဲ့ပတ်သက်ပြီး သင့်ကိုအံ့အားသင့်သွားစေမယ့် အချက်တွေကဘာလဲ ကြည့်ကြရအောင်။
၁။ လျှပ်စီးမလက်ဘဲ မိုးမခြိမ်းနိုင်ပါဘူး။
မိုးချုန်းသံဆိုတာ  လျှပ်ပြက်ခြင်းကြောင့် ဖြစ်လာတာပါ။ အားပြည့်ပြီး အပူလွန်ကဲနေတဲ့ ကောင်းကင်ပေါ်က အဖြူရောင် လျှပ်စီးတန်းကြီးကနေ စူးရှကျယ်လောင်တဲ့အသံရှည် ပြွန်တစ်ခုဖန်တီးပေးပါတယ်။ ပြွန်ထဲမှာ ရှိတဲ့လေက ပွလိုက်ကျုံ့လိုက်ဖြစ်လာပြီး တုန်ခါမှုကိုဖန်တီးပေးတာကြောင့် မိုးခြိမ်းသံအဖြစ်ကြားရတာပါ။၂။ မိုးကြိုးပစ်ခံရသူတွေမှာ ထူးခြားတဲ့ အနီကြောင်းပေါ်လာပြီး သေဆုံးသွားတတ်ကြပါတယ်။
မိုးကြိုးပစ်ခံရသူတွေရဲ့ ခန္ဓာကိုယ်မှာဗို့အားမြင့် လျှပ်စီးကအရေပြားတစ်လျှောက် စိမ့်ဝင်စီးဆင်းသွားတာကြောင့် အကိုင်းအခက်တွေပုံစံအနီရောင်စီးကြောင်းကြီး ပေါ်လာပြီး  အသက်သေဆုံးနိုင်ပါတယ်။
မားစ်ဂြိုလ်ရဲ့ တောင်ဝင်ရိုးစွန်းမှာ ၁၂.၅ မိုင်ကျယ်တဲ့ ရေကန် တွေ့ရှိ
ဥရောပ အာကာသအေဂျင်စီက သိပ္ပံပညာရှင်တွေဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ မားစ်ဂြိုလ်နဲ့ ပတ်သတ်ပြီး အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။အစီရင်ခံစာမှာ ပါဝင်တာကတော့ မားစ်ဂြိုလ်ရဲ့ တောင်ဝင်ရိုးစွန်းနားမှာ ၁၂.၅မိုင် ကျယ်တဲ့ ရေကန်ကို တွေ့ရှိခဲ့ပြီး အောက်ဘက်မှာ ရေခဲအလွှာဖြစ်နေတယ်လို့ ဆိုထားပါတယ်။
၂၀၀၈ ခုနှစ်တုန်းကလည်း နာဆာဟာ အင်္ဂါဂြိုလ်ရဲ့ အပေါ်ယံမြေဆီလွှာတွေကို ဖယ်ရှားလိုက်စဉ်မှာ ရေခဲအလွှာကို တွေ့ရှိခဲ့ဖူးသလို ၂၀၁၁ ခုနှစ်မှာလည်း နာဆာရဲ့ မားစ်ဂြိုလ်ပတ်လမ်းကို လေ့လာသူတွေဟာ ဂြိုလ်ရဲ့တုံ့ပြန်မှုတွေဖြစ်ချိန်မှာ ရေခဲအလွှာတွေ ရှိနေတဲ့ ကုန်းမြင့်တွေကို တွေ့ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။
မားစ်ဂြိုလ်ရဲ့ မြေဆီလွှာမှာ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်ကလိုရိုက်၊ ကယ်လ်ဆီယမ် တွေ ပါဝင်နေတာပါ။ ကမ္ဘာမြေပေါ်မှာတော့ ပင်လယ်ရေ အပူချိန်ဟာ ၂၈ ဒီဂရီဖာရင်ဟိုက် (အနှုတ် ၂ ဒီဂရီ ဆဲလ်စီးယပ်စ်) ရှိပြီး အင်္ဂါဂြိုလ်ပေါ်မှာတော့ အနှုတ် ၁၀၃ ဒီဂရီ ဖာရင်ဟိုက် (အနှုတ် ၇၅ ဒီဂရီ ဆဲလ်စီးယပ်) ရှိနေပါတယ်။
Ref: "Scientists Discovered a Liquid Lake on Mars. Could That Mean Life?"
Credit:yoyarlay facebook page
ဘိုးဘွားဂေဟာကနေ ခိုးထွက်ပြီး Heavy Metal ဂီတဖျော်ဖြေပွဲ သွားကြည့်တဲ့ အဘိုးအိုနှစ်ဦး
ဂျာမနီနိုင်ငံက အဘိုးအိုနှစ်ဦးဟာ ဘိုးဘွားဂေဟာကနေ ခိုးထွက်ပြီး Heavy Metal တေးဂီတဖျော်ဖြေပွဲ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ (ဒီသတင်း ဖတ်ရတော့ Rock Will Never Die လို့ ခေါင်းစဉ်တပ်ထားတဲ့ Michael Schenker Group ရဲ့ အယ်လ်ဘမ်ကိုတောင် သတိရမိပါသေးတယ် - - စကားချပ်)
ဂျာမနီနိုင်ငံမြောက်ပိုင်း ရှလက်ဖီဟိုစတိုင်းပြည်နယ် ဒစ်မာရှင်ခရိုင်က ဘိုးဘွားဂေဟာမှာ အဘိုးအိုနှစ်ဦး ပျောက်ဆုံးသွားလို့ ဘိုးဘွားဂေဟာ ဝန်ထမ်းက စိတ်ပူပြီး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပါတယ်။ သြဂုတ်လ ၄ ရက်နေ့ နံနက် ၃ နာရီ အချိန်မှာ ဂျာမနီကင်းလှည့်တပ်ဖွဲ့က အဘိုးအိုနှစ်ဦးကို တွေ့ရှိခဲ့ပါတယ်။
ဘဏ်အမှားကြောင့် သန်းကြွယ်သူဌေး ခေတ္တဖြစ်ခဲ့သော အမျိုးသမီး
အမေရိကန်နိုင်ငံ ဘော်စတွန်မြို့တွင် နေထိုင်သော အသက် ၂၆ နှစ်အရွယ် Ellen Fleming အမည်ရှိ အမျိုးသမီးသည် ဘဏ်၏ လွှဲမှားမှုကြောင့် နာရီအနည်းငယ်ကြာ သန်ကြွယ်သူဌေးမဖြစ်ခဲ့သည်။
လွန်ခဲ့သောအပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက Fletming သည် သူမ၏ ဘဏ်အကောင့်ထဲသို့ အမေရိကန်ဒေါ်လာ (၁.၁) သန်း လွှဲပြောင်းကြောင်း အတည်ပြု ပြောကြားသည့် ဖုန်းခေါ်ဆိုမှုကို TD Ameritrade ဘဏ္ဍာရေး အတိုင်ပင်ခံထံမှ လက်ခံရရှိခဲ့သည်။
သူမသည် ဘဏ်အက်ပလီကေးရှင်းကို ဖွင့်ကြည့်လိုက်သောအခါ သူမ၏ အကောင့်ထဲတွင် လက်ကျန်ငွေ အမေရိကန်ဒေါ်လာ ၅ဝ အပြင် အမေရိကန် ဒေါ်လာ (၁.၁) သန်း ရောက်နေသည်ကို အံ့သြစွာ တွေ့ရှိခဲ့သည်။
ဂင်းနစ်စံချိန်ဝင်သွားသည့်လက်တွေ့ကမ္ဘာမှ Iron Man
Marvel Comics မှရိုက်ကူးထုတ်လုပ် သည့် Iron Man ရုပ်ရှင်များတွင် သရုပ်ဆောင် ရောဘတ်ဒေါင်းနေး ဂျူနီယာ ၏စွယ်စုံသုံး သံမဏိဝတ်စုံဖြင့် သရုပ်ဆောင်မှုများကို မကြာခဏတွေ့မြင်ရပြီးဖြစ်သည်။ ယင်းအရာသည် စိတ်ကူးယဉ်ဇာတ်ကောင်သာဖြစ်ပြီး ပြင်ပကမ္ဘာတွင် တုပနိုင်သူရှားသည်။
သို့သော် အဆိုပါအရာကိုတုပနိုင်သူ ထွက်ပေါ်လာပြီး ထိုသို့တုပနိုင်သူ ရစ်ချတ် ဘရောင်းနင်းကို လက်တွေ့ကမ္ဘာမှ Iron Man ဟု ခေါ်ဝေါ်နေ ကြပြီဖြစ်သည်။ ပြိုင်ဘက်ကင်းသော မိုးပျံဝတ်စုံတီထွင်သူနှင့် စမ်းသပ်စီးနင်းပြသူ ရစ်ချတ်ဘရောင်းနင်းသည် ယခုအခါ ဂင်းနစ် ကမ္ဘာ့မှတ်တမ်းတွင် စာရင်းဝင်သွားပြီဖြစ်သည်။
နယူးဇီလန်မြို့တစ်မြို့မှာ ကြောင်ဝင်ခွင့် ပိတ်မတဲ့
နယူးဇီလန်နိုင်ငံ မြို့တစ်မြို့မှာ ကြောင်ကင်းစင်ရေး ဒေသန္တရ အစီအစဉ်တစ်ခု ပြုလုပ်နေတာမို့ ကြောင်ချစ်သူတွေတော့ စိတ်တိုနေကြလောက်ပါပြီ။ ကြောင်များက ဒေသခံတိရစ္ဆာန်မျိုးစိတ်တွေကို တိုက်ခိုက်ခြင်းက ကာကွယ်ဖို့အတွက် ယခုလိုမျိုးအစီအစဉ် လုပ်ရတာလို့ ပြောကြပါတယ်။ ကြောင်ကင်းစင်မြို့ သတင်းနဲ့ပတ်သက်ပြီး နယူးဇီလန်တစ်လွှား အငြင်းအခုံတွေ ဖြစ်နေကြပါတယ်။ “ကျွန်တော်တို့ဟာ ကြောင်မုန်းသူတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရပ်ရွာကို သားရိုင်း တိရစ္ဆာန်အရင်းအမြစ် ကြွယ်ဝတဲ့နေရာ ဖြစ်စေချင်တာပါ”လို့ အဲဒီမြို့ဒေသ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဂျွန်ကောလင်းစ်က ပြောကြားပါတယ်။ အဆိုပါ ပိတ်ပင်ချက်နဲ့ပတ်သက်ပြီး ကန့်ကွက်သွားမယ်လို့ မြို့ခံကြောင်ပိုင်ရှင်တွေက ပြောနေကြပါတယ်။ ကြွက်ပြဿနာရှိနေတာကြောင့် ကြောင်မရှိရင် သူ့အိမ်ဝန်းကျင် ကျန်းမာရေးပြဿနာ ကြုံရလိမ့်မယ်လို့ ဒေသခံတစ်ဦးက ပြောကြားပါတယ်။
Credit:the voice myanmar
Thursday, November 8, 2018
သာယာလှသည့် တောမြိုင်အလယ်မှ နွားလပို့တောင် ဆံတော်ရှင်စေတီ
တောတောင်များအလယ်၌ တည်နေပုံ ထူးခြားလှတဲ့ နွားလပို့တောင် ဆံတော်ရှင်စေတီအကြောင်း တင်ပြပေးခြင်ပါတယ်။ မြင့်မားလှတဲ့ တောင်ပေါ်တွင် ကျောက်တုံးများ အထပ်ထပ်ဆင့်ပြီး တည်ရှိနေပုံက ဖူးမြင်ရသူအပေါင်း အံ့မခန်း ဖြစ်ကြရပါတယ်။ ထို့ပြင် နွားလပို့တောင်ပေါ်မှ ကြည့်လိုက်လျှင် သာယာအေးချမ်းလှတဲ့ သဘာဝတောတောင်ရေမြေအလှကလည်း သွားရောက်ဖူးသူတိုင်း အမြဲအမှတ်တရ ရှိနေစေပါတယ်။ နွားလပို့တောင်ပေါ်မှ ဆံတော်ရှင်စေတီသည် ကျိုက်ထီးရိုးစေတီတော်ကို တည်ထားခဲ့သော ရှင်တိဿရသေ့မှ ကျိုက်ထီးရိုးစေတီတော်ထက် ( ၅ ) နှစ်စောပြီး ဗုဓ္ဒဆံတော်မြတ်အစစ်တဆူကို အလယ်ကျောက်တုံး၌ဋ္ဌာပနာကာ ကျောက်တုံးသုံးလုံးဆင့်၍ တည်ထားခဲ့ခြင်း ဖြစ်ပါတယ်။ ဘွဲ့တော်မှာ ဗိန္ခိသေလာ ( ကျောက်များဆက်စပ်နေသောဘုရား ) ဖြစ်ပါတယ်။
နွားလပို့တောင်သည် မွန်ပြည်နယ် ၊ ပေါင်မြို့နယ်အတွင်း သဘာဝတောတောင်များ အလယ်၌ တည်ရှိနေပြီး ရန်ကုန်ဘက်မှသွားလျှင် ပေါင်မြို့အလွန် မော်လမြိုင်မြို့သို့ အသွားကားလမ်းပေါ်ရှိ
ကျုံကကျေးရွာမှ သွားရပါမည်။ တောင်ပေါ်သို့ တက်ရန် ယဉ်ရပ်နားစခန်းနှင့် တောင်တက်ကားများလည်း ရှိပါတယ်။ ယဉ်ရပ်နားစခန်းမှ နွားလပို့တောင်အထိ ၄ မိုင်ခန့် ဝေးပါတယ်။
တောင်တက်ကားများနှင့် တက်သွားလျှင် လမ်းခရီး၌ တောတောင်စိမ်းစမ်းများကိုဖြတ်ကာ တစ်တောင်တက် တစ်တောင်ဆင်း သွားရပါတယ်။ တောင်တက်ကားလမ်း အကွေ့အကောက်အတက်အဆင်းများကြား သာယာလှပတဲ့ ရှု့ခင်းများကို လုကာခံစားရပါတယ်။ နွားလပို့တောင်ပေါ်ရှိ ယဉ်ရပ်နားစခန်းမှ ဆံတော်ရှင်စေတီတော်ရင်ပြင်တော်ဆီ တက်ရောက်ရပါတယ်။ ရင်ပြင်တော်သို့ ရောက်သည်နှင် တည်ပုံဆန်းကြယ်လှတဲ့ နွားလပို့တောင် စေတီတော်ရဲ့ ထက်ဝက်ခန့်ကို ဖူးမြင်ရမည် ဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...