
ပုံမှာ မူလအရောင် (၃) မျိုး ရောစပ်ပါဝင်ပါတယ်။ အနီရောင်ဘက် သန်းတာဟာ Black Carbon လို့ခေါ်တဲ့ ကာဗွန်ဒြပ်စင်တွေ ပါဝင်တဲ့ ဖုန်မှုန့်များ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးများ၊ စက်ရုံအလုပ်ရုံ များပြားတဲ့ ဒေသများ ဖြစ်ကြပါတယ်။ နောက်ပြီး.. တောမီး၊ တောင်ယာမီး အစရှိတဲ့ မီးလောင်ကျွမ်းခြင်းများကြောင့်လည်း ကာဗွန်တွေ ထူထပ်တတ်ပါတယ်။ Black Carbon ဟာ လူသားများကို အသက်ရှူလမ်းကြောင်းရောဂါအပါအဝင် အခြားရောဂါများ ဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။

အပြာရောင် ရှိနေတဲ့ နေရာတွေဟာ Sea Salt လို့ခေါ်တဲ့ ပင်လယ်ဆား ပါဝင်မှုများတဲ့ ဖုန်မှုန့်များ ဖြစ်ကြပါတယ်။ ပင်လယ်ဆားဟာ ပင်လယ်ရေ အငွေ့ပျံခြင်းမှ ရရှိပြီး မုန်တိုင်း ဖြစ်ပေါ်ခဲ့တဲ့ ဂျပန်၊ ကိုးရီးယား ကျွန်းစွယ် နဲ့ ဟာဝိုင်အီ ဒေသတွေမှာ ဖမ်းယူရရှိပါတယ်။ ရာသီဥတု ပြောင်းလဲမှု နဲ့ ဆက်စပ်မှုရှိပါတယ်။

ခရမ်းရောင် သန်းတဲ့ ဒေသတွေကတော့.. အခြား အမျိုးမျိုးသော ဖုန်မှုန့်များနဲ့ Aerosols လို့ ခေါ်တဲ့ သဘာဝအလျောက် ဖြစ်တည်နေတဲ့ လေထုထဲမှ ဖုန်မှုန့်များ (ဥပမာ။ မြူခိုး၊ တိမ်ငွေ့ ၊ သစ်တော သစ်ပင်မှ ထွက်သော အငွေ့ နဲ့ နှင်းတောင် (ရေခဲတောင်)များမှ အငွေ့များ) ဖြစ်နိုင်သလို.. အခြားသော လူတို့ကြောင့်ဖြစ်တဲ့ မီးခိုးငွေ့တွေလည်း ဖြစ်နိုင်ပါတယ်။ အနက်ရောင် နဲ့ ခရမ်းရောင်များဟာ Aerosol ပါဝင်မှု အနည်း၊ အများကို ဖော်ပြပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ အနက်ရောင်နှင့် ခရမ်းရောင် အနည်းငယ် သန်းနေပေမယ့်.. အရှေ့ဘက် တရုတ် နဲ့ အနောက်ဘက် အိန္ဒိယ တို့ရဲ့ အနီရောင် ကာဗွန်တွေကို မေ့ထားလို့တော့ မရပါဘူး။ သတိထားဖို့ လိုပါတယ်။ ကာဗွန်တွေဟာ လေထုညစ်ညမ်းမှုကို ဖြစ်စေသလို.. အပူ (အနီအောက်ရောင်ခြည်) ကိုလည်း စုပ်ယူတတ်လို့.. အပူချိန်တိုးပြီး.. ရာသီဥတု ဖောက်ပြန်ခြင်းများ ဖြစ်ပေါ်လာတတ်ပါတယ်။
ဒီ ဖုန်မှုန့်တွေဟာ ကျနော်တို့ လူသားတွေ နေ့စဉ်နှင့်အမျှ လေထုထဲမှာ ရှူရှိုက်နေရတဲ့ လေတွေပဲ ဖြစ်ပါတယ်..။ လေ ဆိုတဲ့ သဘာဝအတိုင်း.. တနေရာ မှ တနေရာသို့ အစဉ်အမြဲ ရွေ့လျား စီးဆင်းလို့ နေကြဦးမှာပါ။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။