Friday, May 31, 2013
စံပယ်ဒဏ္ဍရီ...(၂)
    *စံပယ်တွေ ပွင့် ပြီ...ခင်
      မြင်လှည့် အောင်ကြည့် စမ်းပါ။
      အကြင်နာ စံပယ်နှစ်
      မြင်မိသူ ဘ၀င်ထိအောင်
       အလှတွင် အယဉ်ဆင့် 
      ဖွေးဖွေးလှုပ်ပွင့် နေတယ်။
    *ပင်ပျိုးသူ ဦးယျာဉ်မှုးမှာ
      လက်လှမ်းကာဟန်ပြင်ပြီးမှ
      အလှတွေ လျှော့ ကာရှော
      ညှိုးမှာကို စိုးထိတ်မိလို့ 
      လက်ရွ့ံကာ တုံ့ နှေး
      ဒီတခါလည်း
      တွေဝေနှောင့် နှေး.....။    ။
မှတ်ချက်။   ။တစ်ချိန်တုံးကရေးခဲ့တဲ့ကဗျာလေးတွေပါ။ဒီဆိုဒ်မှာမတင်ရသေးလို့တင်လိုက်ပါတယ်။
မကောင်းပေမယ့် ခွင့်လွှတ်ဖတ်ပေးကြပါနော်။။။
စံပယ်ဒဏ္ဍာရီ...(၁)
ဖြူလွလွ  စံပယ်ခင်ရယ်
ဆွတ်ယူသူ  သခင်ရှိရင်
ကေသာထက်  သီကုံးဖွဲ့ ကာ
နေမယ်ဟန်  မာန်ဝန့် ပါလို့ 
စံပယ်ရယ်
မင်း...ဝေချိန်တန်တုံး...၊
အညှာခြွေ  လေအဝှေ့ မှာ
ကြွေရန်ချိန်  မတန်သေးခင်
ပင်ယံထက်  အလှဆင့်ကာ
စံပယ်ရယ်
မင်း...မာန်ဝင့် နေဦး...၊
ဆွတ်ယူသူ  သခင်မဲ့ပြီ
နုပျိုချိန်  ကုန်ဆုံးပြီမို့ 
မြေယံထက်  အလှမဲ့ ကာ
စံပယ်ရယ်
မင်း...ကြွေချိန်နောက်ဆုံး...။     ။
သဲလိုက်တဲ့ မိုး
ရွှေမိုးရယ် ထစ်ချုန်းသံနှင့်
ညှိုးချက်ကယ် မကျန်သာတယ်
မစဲပဲ သွန်ကာဖြိုးလို့
သဲလိုက်တဲ့ မိုး.....
ရင်လွမ်းသူ အနေခက်အောင်
ကြည့်လေရာ လွမ်းပူတိုးသမို့
မညှာတာ သူစေရက်တယ်
သဲလိုက်တဲ့ မိုး ။      ။
မှတ်ချက် ။    ။ဒီနေ့ မိုးတွေရွာနေတုံး တစ်ချိန်က အတိတ်ကလေးကို
သတိရမိပါသဖြင့် ဒီကဗျာတိုလေးကို ရေးမိပါတယ်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ........... နေခရမ်း
Wednesday, May 29, 2013
ရေမြင်း၏မျိုချမှုကိုခံခဲ့ရသော်လည်း အသက်ရှင်ခဲ့သော အမေရိကန်အမျိုးသား
အမေရိကန် ပြည်ထောင်စုမှ မြစ်ကြောင်း လမ်းပြသူတ စ်ဦးဖြစ်သူ ပေါလ်တမ်လာသည် ဇင်ဘာဘွေ နိုင်ငံ Victoria ရေတံခွန် အနီးရှိ ဘမ်ဘီဇီမြစ် အတွင်း၌ ရေမြင်း တစ်ကောင်၏ မျိုချမှုကို
ခံခဲ့ရသော် လည်း အံ့သြဖွယ် အသက် ရှင်ခဲ့ကြောင်း သိရသည်။
ပေါလ်သည် လေ့လာရေးအဖွဲ့မှ အမျိုးသား တစ်ဦး ရေထဲသို့ ပြုတ်ကျ သွားသောကြောင့် ၎င်းအား အကူအညီ ပေးရန် ကြိုးပမ်းစဉ် မြစ်အတွင်းရှိ ရေမြင်း၏ ရုတ်တရက် မျိုချမှုကို ခံရခြင်း ဖြစ်ပြီး အဆိုပါ ရေမြင်း၏ မျိုချခြင်းကို ခံရစဉ် ဘဲဥပုပ် ကဲ့သို့သော ကြောက်မက်ဖွယ် ကန့်အနံ့ကို ရရှိခဲ့ကြောင်း၊ မိမိ၏ နားများနှင့် မျက်လုံးများသည် ရုတ်တရက် ကန်းသွား သကဲ့သို့ ခံစား ခဲ့ရ ကြောင်း The Guardian သတင်းစာသို့ ပြောကြားခဲ့သည်။
ကမ္ဘာ့မြို့တော်များ (ဆစ်ဒနီ) သြစတြေးလျ
ဆစ်ဒနီမြို့သည် သြစတြေးလျ နိုင်ငံ နယူးဆောက်ဝေး ပြည်နယ်တွင် တည်ရှိပြီး နိုင်ငံ၏ လူဦးရေ အများ ဆုံး မြို့တော်ဖြစ်သည်။ ၂ဝ၁၁ ခုနှစ် စာရင်းအရ ခန့်မှန်းခြေ လူဦးရေ ၄ ဒသမ ၆ သန်း ရှိ သည်ဟု
သိရသည်။ ဆစ်ဒနီတွင် အခြေစိုက် နေထိုင်သူများကို Sydneysiders ဟုခေါ်သည်။ ဆစ်ဒနီမြို့ကို အာသာ ဖိလစ် ဆိုသူ ရေတပ်ဗိုလ်ချုပ် တစ်ဦးက ၁၇၈၈ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည်ဟု ဆိုသည်။ ဆစ်ဒနီ မြို့တွင် Sydney Harbour ၊ ဆစ်ဒနီကဇာတ်ရုံ (ydney Opera House) ဆိပ်ခံတံတား Harbour Bridge တို့သည် နာမည်ကြီးသည်။
Sunday, May 26, 2013
ဥမင်တူးဖောက်စက်
ဥမင်တူးဖောက်စက် (Tunnel boring machine-TBM) သည် ဥမင်တူးသည့် လုပ်ငန်းစဉ်ကြီး တစ်ခုလုံးတွင် ပါဝင်သောလုပ်ငန်းအဆင့်များအားလုံးကို အဆင့်မြင့် ထိန်းချုပ်စနစ်များ အသုံးပြု၍ ပေါင်းစပ်တပ်ဆင်ထားသော စက်ဖြစ်သည်။
ခြေလက်အင်္ဂါ မပြည့်စုံတော့ သော်လည်း ဒိုင်ဗင်ထိုး စံချိန် တင်ခဲ့သည့် ပြင်သစ်နိုင်ငံမှ အမျိုးသား
ဘရပ်ဆဲလ် ဇန်နဝါရီ ၁၆
ခြေလက်အင်္ဂါ အပြည့်အစုံ မရှိသည့် ပြင်သစ် နိုင်ငံသား ဖိလစ်ခရာဇွန် ဆိုသူ အမျိုးသား တစ်ဦးသည် ဇန်နဝါရီ ၁၅ ရက်က ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ် ဆဲလ်မြို့ရှိ ကမ္ဘာ့ အနက်ဆုံး ရေကူးကန်၏ ပေ ၁ဝဝ အမြင့်ရှိသော ဒိုင်ဗင် ဘုတ်ပေါ်မှ ဒိုင်ဗင် ထိုးပြခဲ့ပြီး ကမ္ဘာ့ ပထမဆုံး
ခြေလက်အင်္ဂါ မပြည့်စုံသည့် ဒိုင်ဗင် သမား အဖြစ် စံချိန် တင်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ ခရာဇွန်သည် ယခင်က သတ္တု တူးေ ဖ်ာရေး လုပ် သားတစ်ဦး ဖြစ်ပြီး အိမ်ေ ခါင်မိုးပေါ်ရှိ တီဗွီ အင်တာနာကို ဖယ်ရှားရန် ကြိုးပမ်းခဲ့ရာမှ ဗို့အား ၂ဝဝဝဝ ကျော် ရှိ သည့် ဓာတ်လိုက်ခံရ မှုကြောင့် ၁၉၉၄ ခုနှစ်တွင် ၎င်း၏ ခြေနှစ်ဖက်၊ လက်နှစ်ဖက်လုံးကို တံတောင်ဆစ်နှင့် ဒူးခေါင်းမှ နေ၍   ဖြတ်တောက်ခဲ့ရကြောင်း သိရသည်။
ရုပ်ချောလို့ နယ်နှင်ဒဏ်အပေးခံရသူ
Omar Borkan Al Gala လို့အမည်ရတဲ့ ယူအေအီးနိုင်ငံ လူငယ်လေးပါ။ ဒူဘိုင်း မြို့ မှာ နေပါတယ်။
သူ့ရဲ့  ရုပ်ရည်ချောမောပြေပြစ်မှုကြောင့် နယ်နှင်ဒဏ်အပေးခံရတယ်ဆိုရင် ယုံမှာလား။ တကယ်လုပ်ပါတယ်။ အာရပ်စော်ဘွားနိုင်ငံ ဖြစ်တဲ့ ယူအေးအီးမှာ ယင်းဥပဒေ ရှိပါတယ်။ ရပ်အရမ်းချောလွန်း တဲ့ ယောင်္ကျားတွေကို တရားဥပဒေအတိုင်း အရေးယူလို့ ရပါတယ်။ ပစ်မှု ကတော့ စွဲဆောင်မှု ရှိလွန်းလို့ ဖြစ်ပါတယ်။
သစ်သားကို အဓိကအသုံးပြုပြီး တီထွင်ထားသည့် ဓာတ်ပြား
ရှေးယခင်က ဓာတ်စက်များကို အသွင်ဆန်းသစ်ပြီး သတ္တုများဖြင့် ထုတ်လုပ်ထားသည့် ဓာတ်ပြားများနေရာတွင် ယခုအခါ သစ်သားကို အဓိကအသုံးပြုပြီး တီထွင်ထားသည့် ဓာတ်ပြားများကို အစားထိုးနိုင်ပြီဖြစ်သည်။ ဆန်ဖရန်စစ္စကိုမှ အသက်၂၄ နှစ်အရွယ်မျှသာရှိသေးသည့် အမန်ဒါဂတ်ဆာအီဆိုသူက သစ်သားပြားများကို လေဆာနည်းပညာဖြင့် လိုသလိုဖြတ်တောက်ပြီး အက်ခရီလစ်ဓာတု ဆေးရည်များ သုတ်လိမ်းကာ သစ်သားဓာတ်ပြားများကို လက်တွေ့ထုတ်လုပ်ပြခဲ့သည်။ ယင်းဓာတ်ပြား၏ သစ်သားလှိုင်းတွန့်လေးများကြားတွင် ဓာတုဆေးရည်များစွာ သုတ်လိမ်းထား၍ အဆိုပါ သစ်သားဓာတ်ပြားများသည် သာမန်ဓာတ်ပြားများထက် နှစ်ဆမျှ ပိုထူသည်။ လေဆာဖြင့်ပုံဖော်ထားသည့် ဓာတ်ပြားမျက်နှာပြင်ရှိ တေးသံများ ထည့်သွင်းထားသော လှိုင်းတွန့်လေးများသည် ဓာတ်စက်မှအပ်ဖြင့် ခြစ်မိလျှင် တေးသံသာများစွာ ထွက်ပေါ်လာမည်ဖြစ်သည်။
ref:ပြည်မြန်မာ
နားအတွင်းမှဘီယာများ ချက်ဒ်ကျောင်းသူ သွန်ပြခဲ့
ချက်ဒ်သမ္မတနိုင်ငံတွင် ကျင်းပသည့်ဘီယာပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် ကျောင်းသူတစ်ဦးက ဘီယာများကို ပါးစပ်အတွင်း လောင်းထည့်ပြီးနောက် နားအတွင်းမှ ဖန်ခွက်အတွင်းသို့ ပြန်လည်သွန်ပြခဲ့သည်။ ထိုသို့သွန်ပြခဲ့မှုနှင် ပတ်သက်၍ လုပ်ကြံလီဆယ်မှုသာဖြစ်ကြောင်း အင်တာနက်စာမျက်နှာတွင် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် ခန္ဓာဗေဒကျွမ်းကျင်ပညာရှင် မစ်ခ်ပစ်ကယ်ဆွန်က ထိုကျောင်းသူ၏ နားအင်္ဂါအစိတ်အပိုင်းနှင့် လည်ချောင်ြးွပန်တို့ ဆက်သွယ်မှုရှိပုံရကြောင်း ပြောကြားသွားခဲ့သည်။
ref:ပြည်မြန်မာ
အင်္ဂလန်တောင်ပိုင်းတွင် လေးနှစ်သားအရွယ်ကလေး မြို့တော်ဝန်တစ်ဦးဖြစ်လာ
အင်္ဂလန်တောင်ပိုင်း ဒိုဆက်ရှိုင်းယားဒေသတွင် ရောဘတ်တစ်ဖ်အမည်ရှိ လေးနှစ်အရွယ် ကလေးတစ်ဦးသည် မြို့တော်ဝန်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ဒိုဆက်မြို့သည် နှစ်စဉ်မြို့တော်ဝန်ရွေးချယ် တင်မြှောက်ရန်အတွက် ဦးထုပ်အတွင်း မဲလိပ်ထည့်ကာ နှိုက်ယူပြီး ရွေးချယ်တင်မြှောက်ခွင့်ရှိသည်။ ယခုနှစ် မြို့တော်ဝန်ရွေးချယ်ပွဲတွင် ရောဘတ်တစ်ဖ်က ရွေးချယ်ခံခဲ့ရသည်။ ရောဘတ်တစ်ဖ်သည်
 မြို့တော်ဝန်ဖြစ်လာပြီးနောက်ပိုင်း မြို့သူမြို့သားများနှင့် ကစားခြင်း၊ ကခုန်ခြင်း၊သီချင်းဆိုခြင်း၊ စကားပြောခြင်း စသည်တို့ကို လုပ်ဆောင်ရခြင်းအား နှစ်ခြိုက်သဘောကျကြောင်း သတင်းထောက်များအား ပြောကြားသွားခဲ့သည်။မကြာမီကျင်းပမည့် ၂၀၁၃ရေခဲပြင်ငါးမျှားပြိုင်ပွဲကို စတင်ကျင်းပတော့မည်ဖြစ်ပြီး ထိုအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့တော်ဝန်ရောဘတ်တစ်ဖ်က ပြောကြားသွားခဲ့သည်။
ref:ပြည်မြန်မာ
ကမ္ဘာကျော်ရော်ဘာဘဲရုပ် ဟောင်ကောင်ဆိပ်ကမ်း၌ ပျက်စီးသွားခဲ့
ကမ္ဘာအနှံ့ခရီးဆန့်ခဲ့သည့် ရော်ဘာဘဲရုပ်ကြီးသည် မေလ၁၄ရက်နေ့တွင် ဟောင်ကောင်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားစဉ် ပျက်စီးဆုံးရှုံးသွားခဲ့သည်။ဟော်လန်ဒီဇိုင်းပညာရှင် ဖလော်ရန်တီဂျန်ဟော့ဖ်မန်း ဖန်တီးပြုလုပ်ခဲ့သည့် ထိုရော်ဘာဘဲရုပ်သည် အမြင်၅၄ပေရှိပြီး ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ စသည့်နိုင်ငံများကို လှည့်လည်သွားလာခဲ့ပြီးနောက် မေလ၂ရက်နေ့တွင် ဟောင်ကောင်ကျွန်းရှိ ဗစ်တိုးရီးယားဆိပ်ကမ်းတွင် ရောက်ရှိလာခဲ့သည်။ ဘဲရုပ်ပျက်စီးမှုနှင့် ပတ်သက်၍ အကြောင်းရင်းတစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်းမရှိဘဲ ဟောင်ကောင်ကျွန်း၏ ရာသီဥတုပူပြင်းမှုကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသွားခဲ့သည်။ ဟော့ဖ်မန်းသည် သူ့ဘဲရုပ်ပျက်စီးခဲ့ရမှုနှင့် ပတ်သက်၍ စိတ်ပျက်အားလျှော့ခြင်းမရှိဘဲ နောက်ထပ် ငှက်ရုပ်တစ်ခု ထပ်မံပြုလုပ်သွားဖွယ်ရှိကြောင်း ဟောင်ကောင်သတင်းဌာနက ပြောကြားသွားခဲ့သည်။
ref:ပြည်မြန်မာ
လက်သည်းနီဆိုးဆေးများကို အသုံးပြု၍ မက္ကဆီကိုအနုပညာရှင် ပန်းချီကားများရေးဆွဲ
မက္ကဆီကိုမြို့မှ အနုပညာရှင် ခရစ္စတန်ရာမို့စ်ဆိုသူသည် လက်သည်းနီဆိုးဆေးများကို အသုံးပြုပြီး မာရီလင်မွန်ရိုး၊ မိုနာလီဇာတို့၏ ပုံတူပန်းချီကားများ အပါအ၀င် အကောင်းဆုံးပန်းချီ လက်ရာများကို ဖန်တီးပြုလုပ်ခဲ့သည်။ အဆိုပါ လက်သည်းနီ ဆိုးဆေးများသည် ပန်းချီကားရေးဆွဲရာတွင် အငွေ့ပြန်လွယ်သဖြင့် ပန်းချီကားများကို ဆေးပါးပါးနှင့် အချိန်ယူရေးဆွဲခဲ့ရကြောင်း သိရသည်။ ပန်းချီကားတစ်ချပ်လျှင် လေးပတ်မှ ငါးပတ်ခန့် ကြာမြင့်ပြီး လက်သည်းနီဆိုးဆေးပုလင်းမှာ ၄၀မှ၅၀ကြားအထိ အသုံးပြုခဲ့ရပြီး ဒေါ်လာ၁၀၀၀ကျော်ခန့် ကုန်ကျခဲ့ကြောင်းသိရသည်။ တစ်ခါတစ်ရံ ပန်းချီကားများကို ရေးဆွဲနေစဉ် ဆေးကုန်သွားသဖြင့် ဇနီးသည်၏ လက်သည်းနီဆိုးဆေးများကို တောင်းယူဆက်လက် ရေးဆွဲရကြောင်း ခရစ္စတန်က ပြောကြားသွားခဲ့သည်။
ref:ပြည်မြန်မာ
မြေအောက် တစ်မိုင်ခွဲခန့်တွင် လွန်ခဲ့သည့်နှစ်သန်းပေါင်း ၁၅၀၀ကျော်က ရေကိုရှာဖွေတွေ့ရှိ
လွန်ခဲ့သည့်နှစ်သန်းပေါင်း ၁၅၀၀မှ ၂၆၀၀ခန့်က တည်ရှိခဲ့သော ရေကိုကနေဒါတွင် ရွှေတွင်းတူးရာမှ ရှာဖွေတွေ့ရှိခဲ့ကြသည်။ အွန်တာရီယိုပြည်နယ်တွင် မြေအောက်သို့ အနက်၁ဒသမ၅မိုင်ခန့် တူးဖော်ကြည့်ရာမှ ရှေးကျသည့်ရေကို ရှာဖွေတွေ့ရှိခဲ့ကြခြင်းပင်ဖြစ်သည်။ အဆိုပါရေတွင် ဟိုက်ဒရိုဂျင်ဓာတ်များစွာ ပါဝင်နေပြီး ရှေးကျသည့် သတ္တုမျိုးစိတ်များစွာ ရေထဲတွင် ပါဝင်နေမှုရှိမရှိကို ဘူမိဓာတုပညာရှင်များက စူးစမ်းရှာဖွေနေကြသည်။ ဂြိုဟ်နီကြီးဟု တင်စားခေါ်ဆိုသည့် မားစ်ဂြိုဟ်တွင်လည်း ရှေးယခင်ကသမုဒ္ဒရာကြီး တည်ရှိခဲ့သောကြောင့် ယခုတွေ့ရှိရသည့် ကမ္ဘာမြေပေါ်မှ သက်တမ်းရင့်ရေကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းဖြင့် ရှေးယခင်သမိုင်းကြောင်း ခြေရာကို အဖြေရှာနိုင်မည်ဖြစ်သည်။
ref:ပြည်မြန်မာ
Friday, May 24, 2013
အာဂလူ
`
Leonid Rogozov
Leonid Rogozov သည် ရုရှားနိုင်ငံသား ဆရာဝန်တစ်ဦး ဖြစ်ပါသည်။ ၁၉၃၄ ခုနှစ်၊ မတ်လ ၁၄ -ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၆၀-၁၉၆၁ ရုရှနိုင်ငံမှ သိပ္ပံပညာရှင်များနှင့်အတူ အတ္တလန္တိတ်တိုက်ရှိ သုတေသနစခန်းသို့ သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည်။
အတ္တလန္တိတ်တိုက်ရှိ ရုရှားသုတေသနစခန်း Novolazare- vskaya Station တွင် တာဝန်ထမ်းဆောင်နေသော ကာလ ၁၉၆၁ မတ်လတွင်၊ အတ္တလန္တိတ်တွင် ဆောင်းရာသီဆီနှင်းများ ထူထပ်စွာကျဆင်းပြီး၊ ရာသီဥတု ဆိုးဝါးသောကြောင့် နိုင်ငံနှင့် အဆက်သွယ်ပြတ်သွားခဲ့သည်။
Tuesday, May 21, 2013
ပေ ၂၀၀၀ အထက်ကကြိုးတန်းပေါ်မှာ ခဏ လောက်လှဲပြီးနားပါရစေ....
ပေပေါင်းထောင်ချီပြီးမြင့် သည့် နေရာထက်တွင် ကြိုးတန်းပေါ်လမ်းလျှောက်ရခြင်းမှာ လူတိုင်း
နီးပါးအတွက်တော့ အသည်းတုန်၊အူတုန်၊ နှလုံးတုန်ရင်ခုန်ကာ ဇောချွေးပြန်စရာဖြစ်မှာက
တော့ အသေအချာပါပဲ...
ဘောင်း ကတော့ ယခုကဲ့ သို့ အသဲတယားယား၊ ရင်တဖိုဖိုအမြင့် ဆုံးသောနေရာတွေမှာကြိုး
အမျိုးသားဥယျာဉ်ကြီးမှာ ပြုလုပ်တဲ့ လျှိုမြှောင်တောင်ထိပ်ပေါ်ကကြိုးတန်းလမ်းလျှောက်ပွဲမှာ
တော့ ထိတ်လန့် အံ့ သြဖွယ်ကြိုးတန်းပေါ်မှာ ခေတ္တမျှလဲလျောင်းအနားယူပြခဲ့ ပါသေးတယ်...
အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ် အမျိုးသားဥယျာဉ်အထက် သွယ်တန်းထားသည့် 
အချိန်မရွေးပြုတ်ကျနိုင်သည့် အတားအဆီးမရှိသည့် ကြိုးတန်းပေါ်တွင်၎င်း၏ခန္ဓာကိုယ်အား ဟန်ချက်ညီအောင်ထိန်းကာ ဘရိုင်ယန်တစ်ယောက် လုံးဝကိုလှဲချပြီး လဲလျောင်းအနားယူခဲ့ ပြီး
ပြန်ထကာ တစ်ဖက်ခြမ်းရှိ တက်ဖ်ပွိုင့် တောင်ထွတ်ဆီသို့ အေးလေးလူလူပင် အောင်မြင်စွာဖြင့် 
လျှောက်လှမ်းပြနိုင်ခဲ့ ပါတယ်....
Head for heights: Highline walker Brian Mosbaugh takes it easy during an apparently relaxing moment on his tightrope at Taft Point, above Yosemite National Park in California
Sunday, May 19, 2013
အင်္ဂါဂြိုဟ်ပေါ်တွင် တံခါး လက်ကိုင်ပုံစံ တောက်ပသော အရာဝတ္ထု တစ်ခုတွေ့ရှိ
အမေရိကန် အာကာသ အေဂျင်စီ နာဆာ(NASA) အဖွဲ့၏ အင်္ဂါဂြိုဟ် သုတေသနယာဉ် Curiosity သည် တံခါး လက်ကိုင်ပုံစံနှင့် ဆင်တူသော သတ္တုပုံစံ တောက်ပသည့် အရာဝတ္ထု တစ်ခုကို ဓာတ်ပုံ ရိုက်ယူ နိုင်ခဲ့ ကြောင်း သိရသည်။ Curiosity ယာဉ်သည် ရှေ့ခေတ်လူမှု အဖွဲ့အစည်း၏ သက်သေ အထောက်အထား တစ်ရပ်ကို
ရယူနိုင်ခဲ့ခြင်း မဟုတ်သော်လည်း ယင်း အရာဝတ္ထု သည် လေတိုက် စားမှုကြောင့် ယခုကဲ့သို့ တံခါးလက်ကိုင် ပုံစံ ဖြစ်ပေါ်လာသော ကျောက်တုံးတစ်တုံးသာ ဖြစ်ကြောင်း သိပ္ပံပညာရှင် များက ပြောကြား ခဲ့သည်။
ဘီယာ ပုလင်းခွံ ၅ဝဝ,ဝဝဝ ကျော်နှင့် ပြုလုပ်ထားသော ကမ္ဘာ့အကြီးဆုံး အဆောက်အအုံ
အမေရိကန် ပြည်ထောင်စု နီဗားဒါး ပြည်နယ် လက်စ်ဗေးဂတ်စ် မြို့တွင် စွန့်ပစ် ပစ္စည်းများဖြင့် စွန့်ဦး တီထွင်သူ စကော့တ်မက်ခ်ကိုးမ် ဆိုသူ ဗိသုကာ ပညာရှင် တစ်ဦးသည် စွန့်ပစ်ဘီယာ ပုလင်းခွံများဖြင့် တည်ဆောက်ထားသည့် Morrow Royal Pavilion အမည်ရှိ
ကမ္ဘာ့ အကြီးဆုံး အဆောက်အအုံတစ်ခုကို ဆောက်လုပ်ခဲ့သည်။ အဆိုပါ အဆောက်အအုံကို ဧရိယာ အကျယ်အဝန်း ၃ဝဝဝဝ စတုရန်းပေ ရှိသော မြေပြင်ပေါ်တွင် တည် ဆောက် ခဲ့ခြင်းဖြစ်သည်။ စကော့တ်သည် အဆိုပါ အဆောက်အအုံ ကို ဆောက်လုပ်ရာတွင် ပထမ အဆင့် အနေဖြင့် ပေါင်၂၉ဝဝဝဝ အလေးချိန် ရှိသည့် စွန့်ပစ် ဘီယာပုလင်း ၅ဝဝ,ဝဝဝ ကျော်ကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ကြိတ်ခြေ ခဲ့ပြီး အဆိုပါ အစလေးများကို ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံမှ ထွက်ရှိလာသော မီးခိုး ပြာမှုန့်များနှင့် ပေါင်းစပ်၍ ကွန်ကရစ် အစားထိုး ပစ္စည်းအဖြစ် အသုံးပြုနိုင်ေ သာ Green Stone အမည်ရှိ Composite ပစ္စည်း တစ်မျိုးကို ထုတ်လုပ်ခဲ့သည်။
ကြယ်သီးပေါင်း ၁ ဒသမ ၂သန်းဖြင့် ဖန်တီး ပုံဖော်ထားသည့် ကမ္ဘာ့အကြီးဆုံး ငြိမ်းချမ်းရေး သင်္ကေတ ချိုးငှက်
အဘူဒါဘီ မတ် ၁၁
အာရပ်စော်ဘွားများ ပြည်ထောင်စု UAE အလံ၏ အရောင်များနှင့် အတူ ကြယ်သီး အရေအတွက်ပေါင်း ၁ ဒသမ၂သန်းဖြင့် ဖန်တီး ပုံဖော်ထားသည့် ကမ္ဘာ့အကြီးဆုံး ငြိမ်းချမ်းရေး သင်္ကေတ ချိုးငှက် ပုံကို  ဒူဘိုင်း မြို့တွင်
ဖန်တီးပြုလုပ် ခဲ့ကြောင်းနှင့် ၎င်းချိုးငှက် ပုံကြီးကို ငြိမ်းချမ်းရေးအား နှစ်သက် မြတ်နိုးသည့် နိုင်ငံ တစ်ခုအဖြစ် UAE ၏ ဂုဏ်သတင်းကို ပိုမိုတောက်ပစေ ရန်ရည်ရွယ် ၍  ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ငြိမ်းချမ်းရေး သင်္ကေတ အဖြူရောင် ချိုးငှက်ပုံကြီးသည် ၁၉x၁၉ မီတာရှိပြီး UAE အလံ၏  အရောင်များကို ထည့်သွင်း ပုံဖော်ထားသည်။ ၎င်းချိုးငှက်ပုံကို  ဘာ့ဂ်ျခါ လီဖာ အဆောက် အအုံ၌ မတ် ၁ဝ ရက်တွင် ကျင်းပသည့်  ငြိမ်းချမ်းရေး ကော်မတီ အဖွဲ့အစည်း အခမ်းအနားတွင် ပြသခဲ့သည်။
ပါကစ္စတန်တွင် မျက်လုံးလေးလုံး ပါရှိပြီး ပါးစပ် မပါရှိသည့် ထူးခြားသော ငါးအသေကောင် တွေ့ရှိ
ကရာချိ ဧပြီ ၎
ပါကစ္စတန် နိုင်ငံ ကရာချိ မြို့တော်ရှိ ကလပ်ဖ်တန် ကမ်းခြေတွင် ဧပြီ ၁ ရက်က မျက်လုံးလေးလုံး ပါရှိပြီး ပါးစပ် မပါရှိသည့် ထူးခြား ဆန်းပြားသော ငါးအသေကောင်အား တွေ့ရှိခဲ့ကြောင်း သိရ သည်။
ထို့နောက် ဒေသခံ ပြည်သူ ၁ဝဝ ခန့်သည် ယင်းကမ်းခြေသို့ လာရောက်၍ အစုံစား သတ္တဝါဟု ယူဆရသော ၎င်း ငါးအား တအံ့တသြ ကြည့်ရှုခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်၌ ဖော်ပြ ခဲ့သည်။ ဒေသခံ များသည် ယင်းငါး အသေ တွေ့ရှိမှုအား ဒေသတွင်းရှိ ရဲတပ်ဖွဲ့သို့ အကြောင်း ကြားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့များသည် ၎င်းဧရိယာ တစ်ဝိုက်သို့ အစောင့်အကြပ် များဖြင့် ပိတ်ဆို့ ခဲ့ကြ သည်။
သွားကို အသုံးပြု၍ ကားကိုဆွဲရန် အသက် ၉၂ နှစ်အရွယ် အမျိုးသားကြီး စီစဉ်လျက်ရှိ
နယူးယောက် မေ ၁၅
အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့မှ အသက် ၉၂ နှစ်အရွယ်ရှိ မိုက်ဂရင်းစတိန်း ဆိုသူ အမျိုးသား ကြီးသည် လာမည့် သီတင်းပတ်တွင် ကိုနေးကျွန်း၌ ၎င်း၏ သွားများကို အသုံးပြု၍ ၂၀၀၆ ခုနှစ် မော်ဒယ်လ် ကြေးညိုရောင် Buick La Crosse ကားတစ်စီးကို ဆွဲပြရန် စီစဉ်လျက် ရှိကြောင်း နယူးယောက် နေ့စဉ်ထုတ် သတင်း စာတွင် ဖော်ပြထားသည်။
သားဖွား ဝေဒနာကို အမျိုးသားများ ကြုံတွေ့ ခံစားနိုင်ပြီ
ဝါရှင်တန် မေ ၁၇
အမျိုးသမီးများ သားဖွားချိန်တွင် တွေ့ကြုံ ခံစားရသော နာကျင်မှု ဝေဒနာကို ကိုယ်တိုင် ခံစားကြည့်လိုသည့် အမေရိကန် ပြည်ထောင်စုမှ အမျိုးသား နှစ်ဦးသည် မိခင်များနေ့တွင် သားဖွားမီးယပ် ပါရဂူ
တစ်ဦးဖြစ်သူ ဒေါက်တာ ဂျူလီမာတာနှင့် ဆက်သွယ်၍ ကွန်ပျူတာ လှုံ့ဆော်မှုကို ခံယူကာ အမျိုးသမီးများ ခံစားရသည့် သားဖွား ဝေဒနာကို ခံစား ခဲ့ကြသည်ဟု အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။ အဆိုပါ အမျိုးသား နှစ်ဦးသည် မီချီဂန်ပြည်နယ် ထရွိုင်မြို့မှ ဖြစ်ပြီး ၎င်းတို့သည် သားဖွားမှု ဝေဒနာကို ကိုယ်တွေ့ ခံစားကြည့် ခဲ့ရာတွင် ပထမဆုံး အနေဖြင့် ၎င်းတို့၏ ဝမ်းဗိုက်ေ ပါ်၌ လျှပ်ခေါင်းများကို တပ်ဆင် ခဲ့ရသည်ဟု သိရသည်။
အလင်းရောင်ရှိရာသို့ အလိုအလျောက်သွားနိုင်ရန် အပင်များကို ဒရုန်းတပ်ဆင်ထား
နေရောင်ခြည်ဖြင့် အစာချက်လုပ်နိုင်ရန် အလင်းရောင်ရှိရာသို့ အပင်များကို ပို့ဆောင်ပေးနိုင်သည့် မောင်းသူမဲ့ ယာဉ်အသေးစား ဒရုန်းများကို နယူးဂျာစီတက္ကသိုလ်မှ အနုပညာရှင်များနှင့် အတတ်ပညာရှင်များက စီစဉ်နေကြသည်။ အပင်များကို ဒရုန်းများပေါ်တွင် စိုက်ပျိုးထားသောကြောင့် အလိုအလျောက် ရွေ့လျားသွားလာနိုင်ခြင်းပင်ဖြစ်သည်။ ထို့ပြင်အဆိုပါစနစ်ကို ကွန်ပျူတာကွန်ရက်များဖြင့်ပါ ချိတ်ဆက်ထားသောကြောင့် အပင်များရေလောင်းရန် လိုအပ်လာချိန်တွင် ဥယျာဉ်မှူးကို အလိုလိုအပ်လာချိန်တွင် ဥယျာဉ်မှူးကို အလိုအလျောက် အကြောင်းကြားနိုင်ရန်လည်း စီစဉ်ထားသည်။ ဒရုန်းတွင်တပ်ဆင်ထားသည့် အာရုံခံကိရိယာများသည် အပင်များ၏ လိုအပ်ချက်ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ပြီး ကွန်ပျူတာများဆီသို့ သတင်းအချက်အလက်များ ပေးပို့နေခြင်းပင်ဖြစ်သည်။ အပင်များနှင့် တွဲဖက်တပ်ဆင်ထားသော စက်ကိရိယာများ အလုပ်အလုပ်နိုင်ရန် နေရောင်ခြည်စွမ်းအင်ကို လုပ်နိုင်ရန် အသုံးပြုထားသည်။ IndaPlantဟု အမည်ပေးထားသော အပင်များကို သိပ္ပံပညာဖြင့် စိုက်ပျိုးသည့် နည်းပညာ စီမံကိန်းအတွက် နှစ်နှစ်ကြာမျှ အချိန်ယူလုပ်ဆောင်ခဲ့ရသည်ဟု ပါမောက္ခ အဲလိဇဘတ်ဒီမာရေးက ရှင်းပြသည်။
 ref:ပြည်မြန်မာ
ကား၁၃စီးကို စီထပ်ထားသည့်ပုံစံ ပန်းပုပညာရှင်များဖန်တီး
တရုတ်နိုင်ငံတွင်တိမ်မြုပ် ပျောက်ကွယ်လုနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော ပန်းပုလက်ရာ ပုံစံများအနက် ကား၁၃စီးကိုဒေါင်လိုက် တညီတည်း ထပ်ထားသည့် ပုံစံကိုတရုတ် ပန်းပုပညာရှင်များ ဖန်တီးခဲ့ကြသည်။ ထိုသို့ဖန်တီးမှုကို တရုတ်နိုင်ငံ ၀ူဟန်မြို့ဝူဘီပြည်နယ် ၀ူဟန်မြို့ဖန်တီးမှု အနုပညာဥယျာဉ်တွင် ပြသထားခဲ့သည်။
 ref:ပြည်မြန်မာ
Saturday, May 18, 2013
ကမ္ဘာမြေမှ အပြီးတိုင်စွန့်ခွာပြီး အင်္ဂါဂြိုဟ်ပေါ် အခြေချနေထိုင်ရန် လူပေါင်း၇၈၀၀၀ကျော် လျှောက်ထား
အကျိုးအမြတ်ကို ဦးစားမပေးသည့် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး MarsOneစီမံကိန်းအရ ကမ္ဘာမြေကို အပြီးတိုင်စွန့်ခွာပြီး အင်္ဂါဂြိုဟ်ပေါ်၌ အခြေချနေထိုင်ရန် လျှောက်လွှာခေါ်ယူခဲ့ရာ ထိုသို့နေထိုင်ရန် လျှောက်ထားသူ နှစ်ပတ်အတွင်း ၇၈၀၀၀ကျော်လာပြီ ဖြစ်ကြောင်း ယင်းအဖွဲ့၏ အမှုဆောင်ချုပ် ဘတ်စ်လန်းဒရော့က ထုတ်ပြန်ကြေညာသွားခဲ့သည်။လျှောက်လွှာခေါ်ယူမှုကို သြဂုတ်လ ၃၁ရက်နေ့ နောက်ဆုံးထားပြီး ဆက်လက်ခေါ်ယူသွားမည် ဖြစ်ကြောင်းသိရသည်။
မြေထဲပင်လယ်အောက်တွင် ပျောက်ဆုံးနေသော မြို့တော်ကြီးကို ရှာဖွေတွေ့ရှိ
ဒဏ္ဍာရီထဲတွင် ရှေးခေတ်ဂရိများ၏ ဆိပ်ကမ်းမြို့တော်ဟု လူသိများသည့် ဟီရာကလီယွန်မြို့ဟောင်းကြီးကို ဥရောပရေအောက် ဗိသုကာပညာရှင်များအဖွဲ့မှ စတင်တွေ့ရှိခဲ့ကြသည်။ အီဂျစ်ကမ်းလွန် အဘိုကာပင်လယ်အော် အနီးတွင် ယင်းမြို့ဟောင်းကြီးကို ခြေရာခံခဲ့ကြရာမှ ဒေါက်တာဖရန့်ဂေါ်ဒီယို ဦးဆောင်သောအဖွဲ့သည် ဆယ်စုနှစ်ရှည်ကြာအောင် မြို့ပျက်ဟောင်းကို ရှာဖွေခဲ့ကြသည်။
Saturday, May 11, 2013
သုံးဖက်မြင် ရုပ်ကြွပန်းချီကားများ ဂျပန်ပန်းချီပညာရှင် ရေးဆွဲ
သုံးဖက်မြင်ရုပ်ကြွ 3Dပန်းချီများကို အသက်၂၁နှစ်အရွယ်ရှိ ပန်းချီပညာရှင် နာဂီဟိုက်ယူဂျီက ရေးဆွဲခဲ့သည်။ ၎င်း၏ပန်းချီလက်ရာများကို ခဲတံတစ်မျိုးတည်းဖြင့်သာ ပုံဖော်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ၎င်း၏ လက်ရာများသည် အမြင်အာရုံကို လှည့်စားပြီး ရုပ်ြွကများကဲ့သို့ ထင်မှတ်စေလာနိုင်သည်။
 ref:ပြည်မြန်မာ
ကမ္ဘာ့ဗဟိုချက်မ၏ အပူချိန်သည် ယခင်က တွက်ဆထားသည်ထက် ဒီဂရီတစ်ထောင်ကျော်ပိုပူ
ကမ္ဘာ့ဗဟိုချက်မ၏ အပူချိန်သည်၅၀၀၀ ဒီဂရီဆဲစီးယပ်စ်မျှ ရှိသည်ဟုယခင်က တွက်ဆထားကြသော်လည်း ကမ္ဘာ့ဗဟိုချက်မ၏ အပူချိန်သည် လက်တွေ့တွင် ၆၀၀၀ဒီဂရီဆဲစီးယပ်စ် အထိရှိသည်ဟု ခေတ်သစ် သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြသည်။ ကမ္ဘာ့စွမ်းအားမြင့် X-rayများကို အသုံးပြုပြီး စမ်းသပ်ကြည့်ကြရာမှ ယင်းကဲ့သို့ သုတေသနရလဒ်ကို အတည်ပြုနိုင်ခဲ့သည်ဟု ဥရောပရေဒီယို ဓာတ်သတ္တြွိကဌာနမှ ထုတ်ဖော်ပြောကြား လိုက်ခြင်းပင်ဖြစ်သည်။
ref:ပြည်မြန်မာ
အစဉ်အလာမပျက် ရွှံ့ညွန်လူးပြိုင်ပွဲ ဗြိတိန်၌ကျင်းပ
ဗြိတိန်နိုင်ငံ အာဆက်ဒေသ မဲလ်ဒန်မြို့တွင် မေလ၄ရက်နေ့၌ အစဉ်အလာမပျက် ရွှံ့ညွန်လူးပြိုင်ပွဲကို ကျင်းပခဲ့ရာ နိုင်ငံတစ်ဝန်းမှ ပြိုင်ပွဲဝင်၃၀၀ ကျော်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ထောင်ပေါင်းများစွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲကျင်းပရာ ဘလက်ဝါးတား မြစ်ကမ်းတစ်လျှောက်တွင် ရယ်ရွှင်ဖွယ် အ၀တ်အစားများကို ပုံစံအမျိုးမျိုးဝတ်ဆင်ကာ ရွှံ့ညွန်လူးပြိုင်ပွဲကို တပျော်တပါး ၀င်ရောက်ဆင်နွှဲခဲ့ကြသည်။ ပြိုင်ပွဲဝင်များအနေနှင့် ပြိုင်ပွဲတွင် အနိုင်ရရှိခြင်းထက် အချင်းချင်းစည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ရရှိရေးကိုသာ ပိုမိုအလေးထားကြောင်း ပြိုင်ပွဲကျင်းပရေး ဒုတိယဥက္ကဋ္ဌ ဆာရက်ဟာဗေးက ပြောကြားသွားခဲ့သည်။
ref:ပြည်မြန်မာ
ကမ္ဘာ့အမြင့်ဆုံး ချားရဟတ် ဆွီဒင်၌ဖွင့်လှစ်
ကမ္ဘာ့အမြင့်ဆုံး ချားရဟတ်စင်ကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြိွု့ GronaLundဥယျာဉ်တွင် မေ၄ရက်၌ စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ချားရဟတ်သည် ပေ၄၀၀ကျော် မြင့်မားပြီး ချားလက်တံသည် ရှစ်ပေကျော် ရှည်လျားကာ တစ်နာရီလျှင် မိုင်၄၀နှုန်းအထိ လည်ပတ်နိုင်ကြောင်း သိရသည်။ ထိုချားရဟတ်ဖွင့်ပွဲ အခမ်းအနားသို့ ဆွီဒင်နိုင်ငံ၏ ပထမဦးဆုံး အာကာသယာဉ်မှူး ခရစ်စတာဖက်စ်လက်ဆန် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ချားရဟတ် GronaLundဥယျာဉ် နှစ်၁၃၀မြောက် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ချားရဟတ်စင်ပေါ်မှ စတော့ဟုမ်းမြို့ အနီးပတ်ဝန်းကျင် ရှုခင်းများကိုလည်း ခံစားကြည့်ရှုနိုင်မည်ဖြစ်ကြောင်း GronaLund ဥယျာဉ်အုပ်ချုပ်ရေးမှူး ပီတာအော့စဘတ်က ပြောကြားသွားခဲ့သည်။
ref:ပြည်မြန်မာ
၁၁နှစ်အတွင်း အင်းဆက်ပိုးကောင်များကို ကျောင်းဆရာတစ်ဦး နှစ်ခြိုက်စွာစားသုံးခဲ့
အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း ရိုဒီကျွန်းစုမှ ဒေးဗစ်ဘရာဆာအမည်ရှိ ကျောင်းဆရာတစ်ဦးသည် ၁၁နှစ်ကျော် ကာလအတွင်း အင်းဆက်ပိုးကောင် အများအပြားကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးခဲ့ကြောင်း အမေရိကန်အရှေ့မြောက်ပိုင်း သတင်းတစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။ အသက်၄၇နှစ်ရှိ ဒေးဗစ်သည် လွန်ခဲ့သည့် ၁၁နှစ်ခန့်မှ စတင်၍ ဂျပိုး ပိုးဟပ် ဘောက်ဖတ်စသည့် အင်းဆက်ပိုးကောင်များကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးခဲ့သည့်။
ToyStoryရုပ်ရှင်မှ အာကာသစစ်သားအရုပ်ကို ပူပေါင်းများဖြင့် ပုံဖော်ပြုလုပ်
ဗြိတိန်အခြေစိုက် ကစားစရာအရုပ် ထုတ်လုပ်ဖြန့်ချိသော ကုမ္ပဏီမှဂျက်ဖ်ဝရိုက် ဆိုသူသည် ရုပ်ရှင်ဇာတ်ကားမှ အာကာသစစ်သားရုပ်ကို ပူပေါင်းများဖြင့် ပုံဖော်ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင် ထောင်နှင့်ချီသော ရောင်စုံပူပေါင်းများကို အသုံးပြုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂျက်ဖ်ဝရိုက်ကိုယ်တိုင် အဆိုပါရုပ်အတွင်းသို့ ၀င်ရောက်ကာ လှုပ်ရှားသွားလာပြခဲ့သည်။ ထိုပူပေါင်းစစ်သားရုပ်ပုံကို အင်တာနက်သို့ လွှင့်တင်ခဲ့ရာ နာရီအနည်းငယ်အတွင်း ကြည့်ရှုသူ တစ်သိန်းခုနစ်သောင်း ကျော်လာခဲ့ကြောင်းသိရသည်။
ref:ပြည်မြန်မာ
Related Posts Plugin for WordPress, Blogger...