Sunday, May 26, 2013

ကမ္ဘာကျော်ရော်ဘာဘဲရုပ် ဟောင်ကောင်ဆိပ်ကမ်း၌ ပျက်စီးသွားခဲ့


ကမ္ဘာအနှံ့ခရီးဆန့်ခဲ့သည့် ရော်ဘာဘဲရုပ်ကြီးသည် မေလ၁၄ရက်နေ့တွင် ဟောင်ကောင်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားစဉ် ပျက်စီးဆုံးရှုံးသွားခဲ့သည်။ဟော်လန်ဒီဇိုင်းပညာရှင် ဖလော်ရန်တီဂျန်ဟော့ဖ်မန်း ဖန်တီးပြုလုပ်ခဲ့သည့် ထိုရော်ဘာဘဲရုပ်သည် အမြင်၅၄ပေရှိပြီး ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ စသည့်နိုင်ငံများကို လှည့်လည်သွားလာခဲ့ပြီးနောက် မေလ၂ရက်နေ့တွင် ဟောင်ကောင်ကျွန်းရှိ ဗစ်တိုးရီးယားဆိပ်ကမ်းတွင် ရောက်ရှိလာခဲ့သည်။ ဘဲရုပ်ပျက်စီးမှုနှင့် ပတ်သက်၍ အကြောင်းရင်းတစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်းမရှိဘဲ ဟောင်ကောင်ကျွန်း၏ ရာသီဥတုပူပြင်းမှုကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသွားခဲ့သည်။ ဟော့ဖ်မန်းသည် သူ့ဘဲရုပ်ပျက်စီးခဲ့ရမှုနှင့် ပတ်သက်၍ စိတ်ပျက်အားလျှော့ခြင်းမရှိဘဲ နောက်ထပ် ငှက်ရုပ်တစ်ခု ထပ်မံပြုလုပ်သွားဖွယ်ရှိကြောင်း ဟောင်ကောင်သတင်းဌာနက ပြောကြားသွားခဲ့သည်။
ref:ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...