Thursday, November 30, 2017

အိုင်းစတိုင်းရေးသားခဲ့သည့် ပျော်ရွှင်ခြင်း အဆိုအမိန့် အားဒေါ်လာ ၁.၇ သန်းဖြင့်ရောင်းချ


ကမ္ဘာကျော် သိပ္ပံ ပညာရှင်ကြီး အိုင်းစတိုင်း ရဲ့  ၁၉ ၂၂ ခုနှစ်အတွင်းက ရေးသားခဲ့တဲ့ ပျော်ရွှင်ခြင်း အဆိုအမိန့်  စာကြောင်း သုံးကြောင်းပါ စာရွက် တရွက်ကို အမေရိကန် ဒေါ်လာ ၁.၇ သန်းနဲ့ ရောင်းခဲ့ကြောင်းသိရပါတယ်။

ဂျာမန်ဘာသာနဲ့ ရေးထားတဲ့ အိုင်းစတိုင်းလက်ရေးမူဟာ ဂျပန်နိုင်ငံ တိုကျို မြို့ က Imperial ဟော်တယ်ကြီးမှာ ၁၉ ၂၂ ခုနှစ်ကရေးသားခဲ့တာလို့ သိရပါတယ်။
ဂျာမန်ဘာသာနဲ့ ရေးသွားတဲ့ သူ့ ရဲ့ အဆိုအမိန့် ကို နိုင်ငံပေါင်းများစွာ ကအဓိပါယ် အမျိုးမျိုးဖွင့်ဆို ဘာသာပြန်ခဲ့ကြပါတယ်။

ပေါ်တူဂီတွင် ဒိုင်နိုဆောခေတ်ကဟု ယူဆရသည့် ငါးမန်းဖမ်းမိ


ပေါ်တူဂီနိုင်ငံ တောင်ဘက်အစွန်းက အယ်လ်ဂါ့ဗ်ကမ်းရိုးတန်းမှာ ဒိုင်နိုဆောခေတ်က ငါးမန်းလို့ ယူဆရတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၈၀ လောက်ကတည်းက ရှိခဲ့တဲ့ ငါးမန်းမျိုးစိတ်ထဲက ငါးမန်းတကောင်ကို ပေါ်တူဂီ သိပ္ပံပညာရှင်တွေက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မလိုအပ်တဲ့ စီးပွားဖြစ်ငါးဖမ်းမှုတွေကို လျှော့ချဖို့ ဦးတည်တဲ့ ဥရောပသမဂ္ဂရဲ့ စီမံကိန်းအတွက် လုပ်ဆောင်ရင်း မြင်ရခဲလှတဲ့ ဖရေးလ်ဒ်ငါးမန်း (ပန်းအနားများနဲ့ငါးမန်း) ကို ဆွဲပိုက်နဲ့ မထင်မှတ်ဘဲ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

ဒီလိုငါးမန်းတွေရဲ့ ရုပ်ကြွင်းသက်တမ်းကို ပြန်ကြည့်ရင် ဒီငါးမန်းအမျိုးအစားက လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၈၀ ဝန်းကျင်ကတည်းက ရှိခဲ့လို့ နိုင်ငံရဲ့ ပင်လယ်ပြင်နဲ့ လေထုအင်စတီကျု သိပ္ပံပညာရှင်တွေက ဖမ်းမိတဲ့ ငါးမန်းမျိုးကို သက်ရှိရုပ်ကြွင်းလို့ အမည်ပေးထားကြောင်း အေလီယမ်မက်ဒီတာရေးနီးရန်းနယူးစ် သတင်းဌာနရဲ့ သတင်းအရ သိရပါတယ်။

ငါးမန်းကို ပေါ်တီမာယို အပန်းဖြေစခန်းရဲ့အဝေး ပေပေါင်း ၂၃၀၀ ရေအနက်ကနေ ဖမ်းမိခဲ့တာဖြစ်ပြီး ငါးမန်းက အထီးဖြစ်တယ်၊ ၅ ပေ အရှည်ရှိတယ်လို့ ဆိုပါတယ်။

မိလ္လာသန့်ရှင်းရေးသမားရဲ့ သမီး အိန္ဒိယရဲ့ အသက်အငယ်ဆုံး ပါရဂူဘွဲ့ကျောင်းသူ


အိန္ဒိယနိုင်ငံမှ လေးစားချီးကျူးစရာကောင်းတဲ့ ဆယ်ကျော်သက် ကျောင်းသူလေး ဖြစ်ပါတယ်။ သူမရဲ့ အမည်က ဆက်ရှ်မာ ဗာမာလို့ ခေါ်ပါတယ်။ သူမဟာ အသက် ၁၅ နှစ်အရွယ်မျှဖြင့် အဏုဇီဝပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ကျောင်းသူအဖြစ် အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ် လက်ခ်နောမြို့ရှိ Babasaheb Bhimrao Ambedkar University (BBAU) မှာ ပညာသင်ကြားနေပါတယ်။

ဆက်ရှ်မာဟာ အိန္ဒိယရဲ့ အသက်အငယ်ဆုံး ပါရဂူဘွဲ့ကျောင်းသူအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သူမရဲ့ အတန်းဖော်တွေဟာ သူမထက် ၈ နှစ်မှ ၉ နှစ်အထိ အသက်ကြီးသူတွေ ဖြစ်ကြပါတယ်။

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၂၄)

Javier Perez ဆိုတဲ့ပညာရှင်မှ ဖန်တီးထားမှုများပါ။ သူက နေ့စဉ်တွေ့မြင်နေကျ ပစ္စည်းလေးများနဲ့ ကာတွန်းပုံလေးများ ပေါင်းစပ်ကာ တီထွင်ရေးဆွဲထားမှုက ချီးကျူးစရာပါ။

တင်းနစ်ကစားသမားများ၏ ရယ်ရွှင်ဖွယ် လျက်တပြတ် မျက်နှာပုံစံများ

တင်းနစ်ကစားနည်းဟာ အားမာန်ပါပါဖြင့် လှုပ်ရှားကစားကြရတာ တွေ့မြင်ဖူးကြမှာပါ။ ထိုအထဲမှ ကမ္ဘာကျော် တင်းနစ်ကစားသမားများရဲ့ ပြိုင်ပွဲအတွင်း ယှဉ်ပြိုင်နေစဉ် တဒင်္ဂအတွင်း ဖြစ်ပေါ်ခဲ့သော မျက်နှာပုံစံများကို အမိအရရိုက်ကူးထားကြပုံများ ဖြစ်ပါတယ်။ သူတို့ရဲ့ မျက်နှာပုံစံများကို ကြည့်ပြီး ဘယ်လောက်ထိ အားစိုက်ကစားကြရတယ်ဆိုတာ ပေါ်လွင်စေမှာ အမှန်ပါ။

မက္ကဆီကိုနိုင်ငံမှ ထိတ်လန့်ဖွယ် အရုပ်ကျွန်းလေး

ကမ္ဘာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့ဖွယ် အကောင်းဆုံး နေရာများတွင် မက္ကဆီကိုနိုင်ငံမှ အရုပ်ကျွန်းလေးသည်လည်း ပါဝင်နေပါသည်။ ထိုကျွန်းပေါ်သို့ ရောက်ရှိလျှင် တွေ့မြင်ရမည့် အရုပ်ဟောင်းလေးများ များစွာကြောင့် ကမ္ဘာကျော် နေရာတစ်နေရာ အဖြစ် တည်ရှိနေသလို လည်ပတ်သူများအနေဖြင့် ရင်ထိတ်ဖွယ် ခံစားချက်များကို ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။

ထိုကျွန်းကလေး၏ နေရာအနှံ့တွင် ရာပေါင်းများစွာသော ကျိုးပျက်နေသည့် ကလေးကစားစရာ အရုပ်လေးများ တည်ရှိနေပါသည်။ ခြေပြတ်လက်ပြတ် အရုပ်များ ၊ ခေါင်းမပါ ကိုယ်အင်္ဂါ မစုံသော အရုပ်ဟောင်းလေးများကို နေရာအနှံ့ တွေ့မြင်ကြရပါသဖြင့် ထိတ်လန့်ဖို့ကောင်းနေရခြင်းလည်း ဖြစ်ပါသည်။

ထို အရုပ်ကျွန်းလေးသည် မက္ကဆီကိုနိုင်ငံ မြို့တော် အနီးတွင်တည်ရှိပြီး Xochimilco တူးမြောင်းအတွင်းရှိ ကျွန်းငယ်လေး တစ်ခုဖြစ်ပါသည်။ ထိုကဲ့သို့ ထိတ်လန့်ဖွယ် အရုပ်များနှင့် ပြည့်နှက်နေရသည့် နောက်ခံ အကြောင်းလည်း ရှိခဲ့ပါသည်။

Wednesday, November 29, 2017

အမှတ်တမဲ့ အလွဲများ ( ၉၂ )

ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။ 
ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ...
 
မြေကြီးထဲလဲ ဖောက်ဝင်သွားပါအုံးမယ်...

သြော်... မမ ရယ်...

သာယာလှပသည့် ပြင်သစ်နိုင်ငံမှ ရှေးခေတ်တူးမြောင်းကြီး

Atlantic သမုဒ္ဒရာ နှင့် Mediterranean ပင်လယ်တို့ကို ပေါင်းကူးဆက်သွယ်ထားပြီး ပြင်သစ်နိုင်ငံ တောင်ပိုင်းစွန်းပိုင်းတွင် တည်ရှိသည့် Canal du Midi တူးမြောင်းရှည်ကြီးကို ကမ္ဘာ့အလှပဆုံး တူးမြောင်းများတွင် တစ်ခုအပါအ၀င်အဖြစ် သတ်မှတ်ထားကြပါသည်။ ထိုတူးမြောင်းကြီးသည် ၁၇ ရာစုခေတ်၏ အကြီးမားဆုံး တည်ဆောက်မှုများတွင် တစ်ခုအပါအ၀င် ဖြစ်သလို ရှေးခေတ် မြို့ပြ အင်ဂျင်နီယာ အတတ်ပညာ၏ အံ့ချီးလောက်သည့် တည်ဆောက်မှုတစ်ခုအဖြစ်လည်း သတ်မှတ်ခဲ့ကြပါသည်။

Canal du Midi တူးမြောင်းကြီးသည် ရှေးခေတ်အခါက Atlantic သမုဒ္ဒရာ နှင့် Mediterranean ပင်လယ်တို့ကို ဆက်သွယ်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့သည့် တူးမြောင်းဖြစ်ပါသည်။ Atlantic သမုဒ္ဒရာ နှင့် Mediterranean ပင်လယ်တို့ကို ဆက်သွယ်ရာတွင် တူးမြောင်း အပိုင်း နှစ်ပိုင်း ပါဝင်ပြီး Canal du Midi နှင့် Canal de Garonne ဟူ၍ ဖြစ်ပါသည်။ သာယာလှပသည့် Canal du Midi တူးမြောင်းကြီးကို ၁၆၆၇ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။

မတူညီသော သမုဒ္ဒရာ နှင့် ပင်လယ်ကို ဆက်သွယ်ရမည့် တူးမြောင်းကြီး ဖောက်လုပ်ဖို့အတွက် ခက်ခဲသော နည်းပညာများကို Pierre-Paul Riquet ဆိုသူ ပညာရှင်မှ ဖြေရှင်းတူးဖော်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ၁၆၆၇ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့သော တူးမြောင်းကြီးသည် ၁၆၈၁ ခု ၊ မေလ ၊ ၁၅ ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။

Friday, November 24, 2017

ဘော်စတွန် မာရသွန်ပြေးပွဲတွင် ပန်းဝင်အောင် ပြေးနိုင်ခဲ့သည့် ပထမဆုံး အမျိုးသမီး


၁၉၆၇ ခုနှစ်တွင် ဘော်စတွန်မာရသွန်းပြေးပွဲ၌ Kathrine Switzer သည် ပန်းတိုင်ရောက်သည်အထိ ပြေးနိုင်ခဲ့သော ပထမဆုံး အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါသည်။ ဒီလို ပန်းဝင်အောင်ပြေးနိုင်ခဲ့တာလည်း လွယ်လွယ်ကူကူ မဟုတ်ခဲ့ဘဲ အတိုက်အခိုက် ခံခဲ့ရပါသည်။ ထိုစဉ်က မာရသွန်ပြေးပွဲသည် အမျိုးသမီးများနှင့် မအပ်စပ်ဟု ယူဆသူများ ရှိကြပြီး Kathrine Switzer ကိုလည်း ပြေးလမ်းမ မှ ဆက်မပြေးနိုင်တော့ရန် ကိုယ်ထိလက်ရောက် ဆွဲချတားမြစ်ဖို့ ကြိုးစားခဲ့ကြပါသည်။

ထိုကဲ့သို့ ကိုယ်ထိလက်ရောက် တားမြစ်ဖို့ ကြိုးစားခဲ့သူမှာ ဘောစတွန်မာရသွန်ပြေးပွဲ စီစဉ်သူအာဏာပိုင်တစ်ဦးမှ ဖြစ်ပါသည်။ ဒါပေမယ့် Kathrine Switzer အနီးမှ လိုက်ပါအတူ ပြေးလာသူ ၊ အမျိုးသားသူငယ်ချင်း တစ်ဦးမှ ထိုအာဏာပိုင်လူကြီးကို တွန်းထိုးလှဲချကာ Kathrine ဆက်ပြေးနိုင်ရန် ကူညီခဲ့ရပါသည်။ ထို့ကြောင့်ပင် Kathrine Switzer သည် မာရသွန်ပြိုင်ပွဲ၌ ပန်းတိုင်ရောက်သည်အထိ ပြေးနိုင်ခဲ့သော ပထမဆုံး အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါသည်။

ဆွစ်ဇာလန်ရေမြောင်းများထဲမှ နှစ်စဉ် ဒေါ်လာသုံးသန်းဖိုးခန့်မျှ ရွှေစရွှေနများ စုဆောင်းရရှိနေ


ဆွစ်ဇာလန်နိုင်ငံရှိ ရေမြောင်းများ ထဲမှ နှစ်စဉ်စုဆောင်းရရှိနေသည့် ရွှေစ ရွှေနများနှင့် တန်ဖိုးကြီးသတ္တုအစအနများ မှာ ဒေါ်လာ သုံးသန်းမျှရှိကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဓာတုပညာရှင်အီယာဝဂ်က ပြောကြားခဲ့သည်။ ရွှေငွေအပါ အဝင် ဂဒိုလီနီယမ်နှင့် နိုင်ယိုဘီယမ်တို့ကဲ့ သို့ တန်ဖိုးကြီးသတ္တုများလည်း စုဆောင်း ရရှိခဲ့ကြောင်းသိရသည်။ စွန့်ပစ်ရေမြောင်း များမှရေနှင့်နုန်းဖတ်များကို အပင်အာ ဟာရအဖြစ်အသုံးချရန် ဆယ်ယူရှင်းလင်း ရာတွင် ရွှေငွေနှင့် တန်ဖိုးကြီးသတ္တုစများ ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အီယာ ဝဂ်က ပြောကြားခဲ့သည်။ ယင်းသတ္တုများ မှာ နည်းပညာနှင့် ဆေးဝါးကဏ္ဍများတွင် ကျယ်ပြန့်စွာ အသုံးပြုကြောင်းသိရသည်။ ဆွစ်ဇာလန်နိုင်ငံအနှံ့အပြားတွင် ယင်းကဲ့ သို့သတ္တုအစအနများ ရေမြောင်းများတွင် ရှိနေခဲ့ပြီး လက်ပတ်နာရီထုတ်လုပ်ရေး စက်မှုဇုန်နေရာတည်ရှိသည့် ဂျူရာမြို့ တွင် အများဆုံးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း အီရာဝဂ်က ဆိုသည်။ ယခင်နှစ်က ရေ ဆိုးသန့်စင်ရေးစက်ရုံများတွင် စုဆောင်းရ ရှိလာခဲ့သည့် ရွှေစ၄၃ကီလို ဂရမ်နှင့်ငွေစ သုံးတန်ရှိခဲ့ပြီး ဒေါ်လာ ၃ ဒသမ ၁ သန်း ဖိုးခန့်ရှိခဲ့ကြောင်း ဆွစ်ဇာလန်သုတေသီ များက ပြောကြားခဲ့သည်။ 
(UPI, 13.10.17)
Credit: Pyimyanmar

ကမ္ဘာ့ အမြင့်ဆုံး သဲရဲတိုက်ကြီး


သဲများဖြင့်သာ တည်ဆေက်ပုံဖော်ထားသည့် ကမ္ဘာ့အမြင့်ဆုံး သဲရဲတိုက်ကြီးကို ဂျာမန်ခရီးသွားအေဂျင်စီတစ်ခုမှ တည်ဆောက်ပြခဲ့ပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာရင်းဝင် ခဲ့ပါသည်။
ထိုသဲရဲတိုက်ကြီးသည် အမြင့် ၅၄ ပေ ၉ လက်မ (16.68 m) အထိ ရှိပါသည်။ သဲပမာဏ ၃၅၀၀ တန်အထိ အသုံးပြုတည်ဆောက်ထားခဲ့ရပြီး သဲပန်းပုပညာရှင် အုပ်စုတစ်စုမှ တစ်လကြာအောင် စုစည်းပုံဖော်ခဲ့ရခြင်း ဖြစ်ပါသည်။
ထို သဲရဲတိုက်ပုံကြီးတွင် နိုင်ငံအသီးသီးမှ ထင်ရှားကျော်ကြားသော အထိမ်းအမှတ် အဆောက်အဦးများကို ထည့်သွင်း ပုံဖော်ထားခြင်း ဖြစ်ပါသည်။ ဂျမနီနိုင်ငံ ၊ Duisburg တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး ထိုမြို့၏ ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ဖိတ်ခေါ်သော ရည်ရွယ်ချက်ဖြင့် တည်ဆောက်ပြခဲ့ကြောင်း သိရပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

ကမ္ဘာ့ပထမဆုံး သံပြေးလမ်းမဲ့ ရထား

ကမ္ဘာ့ပထမဆုံး သံပြေးလမ်းမဲ့ရထားကို တရုတ်နိုင်ငံ အလယ်ပိုင်း Hunan ပြည်နယ်တွင် စမ်းသပ်ပြေးဆွဲခဲ့ပါသည်။ ထိုရထားသည် မီတာ ၃၀ (ပေ ၁၀၀ နီးပါး) အရှည်ရှိပြီး ခရီးသည် ၅၀၀ တင်ဆောင်ကာ တစ်နာရီလျှင် ၇၀ ကီလိုမီတာနှုန်းဖြင့် စမ်းသပ်ပြေးဆွဲခဲ့ပါသည်။ လျှပ်စစ်စွမ်းအင်သုံး အမျိုးအစားဖြစ်ပြီး ၁၀ မိနစ် အားသွင်းယုံဖြင့် ၂၅ ကီလိုမီတာအထိ ပြေးဆွဲနိုင်ပါသည်။

ကမ္ဘာ့ ထိပ်တန်း အဆင့် ပါဝါအရှိဆုံး နိုင်ငံကူးစာအုပ်


26,October 2017
စင်္ကာပူနိုင်ငံက နိုင်ငံကူးလက်မှတ် စာအုပ် ဟာ ကမ္ဘာ့ နိုင်ငံပေါင်း ၁၅၉  နိုင်ငံကို ဗီဇာမလိုဘဲ သွားနိုင်တဲ့ ပါဝါ အရှိဆုံး passport အဖြစ်နိုင်ငံတကာသတင်းတွေမှာ  ဖေါ်ပြနေတာကိုတွေ့ ရပါတယ်။  စင်္ကာပူပြီးရင် ဒုတိယ ဂျာမနီ နဲ့  တောင်ကိုရီးယားက တတိယနေရာ လိုက်ပါတယ်.။

 နိုင်ငံတွေစီပြီး အဆင့်လိုက်ဖေါ်ပြထားရာမှာ မြန်မာနိုင်ငံကူး စာအုပ်က  ၁၇၈ အဆင့်မှာရှိပြီး နိုင်ငံ ၄၀ သာ ဗီဇာမလိုဘဲ သွားနိုင်သေးတာတွေရပါတယ်။  အာရှမှာ အခိုင်မာဆုံး နိုင်ငံကူးစာအုပ် ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံမပါပေမယ့် ကမ္ဘာ့ နိုင်ငံ ၁၉ ၉  နိုင်ငံစာရင်းမှာဆိုရင် မြန်မာရဲ့ အောက်မှာ ၁၉  နိုင်ငံရှိနေပါသေးတယ် ။

လမ်းမအလယ်မှ အသက်ဝင်သောပန်းချီများ(၅)

လမ်းမပေါ်ကတကယ်အသက်ဝင်တဲ့ 3D ပန်ချီးကားတွေပါ။ Juandres Vera မှ ရေးဆွဲထားသော ပုံများ ဖြစ်ပါသည်။

ဝက်အူရစ်လေးများဖြင့် ဖန်တီးထားသော ရုပ်ကြွပုံကြီးများ (၃)

ဝက်အူရစ်များကို အတိုအရှည် လိုသလို အရောင်သွင်း ဖန်တီးလိုက်သည့်အခါ အသက်ဝင်လှသော ရုပ်ကြွ 3D ပုံများ ဖြစ်သွားပါသည်။ထိုကဲ့သို့ ၀က်အူရစ်လေးများ ထောင်ပေါင်းများစွာ အသုံးပြုပြီး တိကျသေသပ်တဲ့ လက်ရာများကို ဖန်တီးသူကတော့ Andrew Myers ပဲ ဖြစ်ပါတယ်။

Thursday, November 23, 2017

အမှတ်တမဲ့ အလွဲများ ( ၉၁ )

ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။ 
ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ...
 
သြော် ... ဖေဖေရယ်...

စတိုင်ခြင်းတော့ အတူတူပါပဲ...

ကမ္ဘာကျော် တိုက်တန်းနစ်ဇာတ်ကား ရိုက်ကူးခဲ့ပုံများ

ကမ္ဘာကျော်ခဲ့သည့် တိုက်တန်းနစ်ဇာတ်ကား ရိုက်ကူးခဲ့စဉ်က ပုံများ ဖြစ်ပါတယ်။ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပေါ်စေရန် လူပေါင်းများစွာမှ ကိုယ်စီကိုယ်စီ တာဝန်ကျေစွာ ပါဝင်ရိုက်ကူးခဲ့ပုံများကို တွေပမြင်ရမှာ ဖြစ်ပါတယ်။ တိုက်တန်းနစ် ဇာတ်ကားကြီးကို ကြိုက်နှစ်သက်စွာ အားပေးခဲ့သူများအတွက် တင်ပြပေးလိုက်ပါတယ်။

စကိတ်စီးရင်း ဖြစ်ပေါ်လာသော မျက်နှာပုံစံများ

ရေခဲပြင် စကိတ်စီးရင်း လှပစွာ ကပြကြတဲ့ပုံများကို တွေပမြင်ဖူးကြမှာပါ။ ဒါပေမယ့် ဒီလို စကတ်စီးကပြနေရင်း တခဏအတွင်း ဖြစ်ပေါ်ခဲ့သည့် မျက်နှာပုံစံများကို အမိအရ ရိုက်ကူးပြထားပုံများကတော့ ရယ်စရာ ကောင်းလှပါတယ်။ ကြည့်လိုက်ကြပါအုံးဗျာ…

ကမ္ဘာ့ပထမဆုံး 3D မှန်တံတားကြီး

မှန်သားဖြင့် တည်ဆောက်ထားသော တံတားကြီးကို အသဲထိတ်ဖွယ် အသက်ဝင်လှသော 3D ပန်းချီနည်းပညာဖြင့် ပေါင်းစပ်ကာ တည်ဆောက်ထားသည့် တံတားကြီး ဖြစ်ပါသည်။ တရုတ်နိုင်ငံ ၊ Ningxia ပြည်နယ် ၊ Zhongwei မြို့တွင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ကမ္ဘာကျော် မြစ်ဝါမြစ်ကြီးပေါ်တွင် ဖြတ်သန်းတည်ဆောက်ထားပြီး မြစ်ဝါမြစ်အလှကို ပေါ်လွင်ခံစားရစေဖို့ မှန်တံတား တည်ဆောက်ပေးထားခြင်း ဖြစ်ပါသည်။ ထို့ပြင် ထိုမှန်တံတားကြီးမှ အပိုင်းတစ်ချို့ကို အသက်ဝင်လှသည့် 3D နည်းပညာဖြင့် ပေါင်းစပ်ကာ အသဲထိတ်ဖွယ် လျောက်လမ်းအဖြစ် ဖန်တီးပေးထားပါသည်။ ဖြတ်သန်းရသူများအနေဖြင့် အောက်သို့ထိုးကျတော့မတတ် ခံစားရစေမည် ဖြစ်ပါသည်။ တံတားကြီးသည် အရှည်အားဖြင့် စုစုပေါင်း ၃၂၈ မီတာအထိ ရှည်လျားပြီး အထူးပြုလုပ်ထားသည့် မှန်ချပ်ကြီးပေါင်း ၁၃၈ ချပ်ဖြင့် တည်ဆောက်ထားပါသည်။ မြစ်ဝါမြစ်ကြီးသည် ကမ္ဘာ့အရှည်ဆုံး မြစ်ကြီးများစာရင်းတွင် နံပါတ် ၆ ခုမြောက် အရှည်ဆုံးမြစ်ကြီး ဖြစ်ပြီး တရုတ်ပြည် ရှေးခေတ်အဆက်ဆက် အသုံးဝင်အကျိုးပြုခဲ့သည့် မြစ်ကြီးတစ်စင်း ဖြစ်ပါသည်။ မြစ်ဝါမြစ် ယဉ်ကျေးမှုဟု တင်စားခေါ်ဝေါ်လောက်အောင် ယဉ်ကျေးမှုနှင့် လူသားသမိုင်း စီပင်တိုးတတ်စေခဲ့သည့် မြစ်ဝှမ်းလွင်ပြင်ဒေသ တစ်ခုဖြစ်ပါသည်။

Thursday, November 16, 2017

ဇနီးဖြစ်သူက နားပူနားဆာ လုပ်လို့ တောထဲမှာ ဆယ်နှစ်သွားနေတဲ့ ဗြိတိန်က အမျိုးသားကြီး


ဗြိတိန်ကအမျိုးသားကြီးတစ်ဦးဟာ တောအုပ်ထဲမှာ ဆယ်စုနှစ်တစ်ခု သွားနေခဲ့ပြီး အကြောင်းရင်းကတော့ ဇနီးသည်ရဲ့ ပွစိပွစိပြောမှုလို့ ဆိုပါတယ်။ ဘာမင်ဂမ်ဒေသခံ အသက် ၆၂ နှစ်အရွယ် မယ်ကွန်အက်ပယ်ဂိတ်ဟာ သူ့ရဲ့ဘဝသစ်အကြောင်းကို အင်တာနက် ဘလော့တစ်ခုမှာ ရေးသားခဲ့ပါတယ်။ အဲဒီအင်တာနက် စာမျက်နှာဟာ အိမ်ခြေမဲ့တွေကို ကူညီနေတဲ့ လူမှုကူညီရေး အစီအစဉ်တစ်ခုက ဖြစ်ပါတယ်။ ဥယျာဉ်မှူးတစ်ဦးအဖြစ် အလုပ်လုပ်နေတဲ့ အက်ပယ်ဂိတ်ဟာ သူ အလုပ်လုပ်သလောက် ဇနီးဖြစ်သူက ဆူပူတာကြောင့် ခုလို တောထဲဝင်နေရတာလို့ ဆိုထားပါသေးတယ်။
“အိမ်ကနေ အပြင်ကိုအကြာကြီး သွားရင်လည်း မကြိုက်ပါဘူး။ ခုလိုမျိုး ထိန်းချုပ်တာကို မခံနိုင်တော့ပါဘူး”လို့ သူကဆိုပါတယ်။
Credit: The voice

ကမ္ဘာကျော် သရုပ်ဆောင်များနှင့် ကိုယ်ပွားများ

အခုတင်ပြထားတဲ့ပုံများကတော့ ကမ္ဘာကျော် သရုပ်ဆောင်များရဲ့ အမွှာညီအကိုများ မဟုတ်ကြပါဘူး။ ဇာတ်ကားများ ရိုက်ကူးရာတွင် မင်းသား ၊ မင်းသမီးများအစား ၀င်ရောက်သရုပ်ဆောင်ပေးရတဲ့ အက်ရှင် သရုပ်ဆောင်များ ဖြစ်ပါတယ်။ တကယ်ဇာတ်ကားကြီး ပြသချိန်တွင် ဘယ်သူမှ သတိမပြုမိကြတဲ့ နောက်ကွယ်မှ စွန့်စားခဲ့သူများနှင့် နာမည်ကျော် မင်းသား ၊ မင်းသမီးများ တွဲဖက်ရိုက်ကူးထားတဲ့ အမှတ်တရပုံလေးများပဲ ဖြစ်ပါတယ်။

လှို့ဝှက်မှုများစွာနှင့် ကယားပြည်နယ်မှ ကြတ်ဂူကြီး

မြန်မာနိုင်ငံရှိ လှိုဏ်ဂူကြီးများတွင် အမည်ကြားယုံဖြင့် စိတ်ဝင်စားမှုခံရသော လှိုဏ်ဂူကြီးတစ်ခုမှာ ကြတ်ဂူပင် ဖြစ်ပါသည်။ ရှေးဟောင်းအခေါင်းများ တည်ရှိနေသည်ဟု နာမည်ကျော်ကြားသော ၊ ထူးဆန်းမှုများနှင့် ပြည့်နေသည့် ကြတ်ဂူကြီးသည် ကယားပြည်နယ် ၊ လွိုင်ကော်မြို့အနီးတွင် တည်ရှိနေပါသည်။

မြန်မာပြည်၏ အထင်ကရလှိုဏ်ဂူကြီးတစ်ခု အဖြစ်သတ်မှတ်ထားကြသော ကြတ်ဂူကြီးသည် ကယားပြည်နယ် လွိုင်ကော်မြို့မှ အရှေ့ဘက် ၁၀ မိုင်အကွာတွင် တည်ရှိပါသည်။ လွိုင်ကော်မှ ရှားတောသို့ သွားသည့် လမ်းပေါ်တွင် ပါလောင်းကျေးရွာအနီး၌ တည်ရှိနေပြီး ယခုအခါ သွားလာရသည်မှာ လွယ်ကူ အဆင်ပြေလှပါသည်။ ကြတ်ဂူကို ကယားဘာသာစကားဖြင့် ရာစုကု ဟုခေါ်ကြပါသည်။

မြန်မာနိုင်ငံတွင် တွေ့ရှိမှတ်တမ်းတင်ထားသမျှ လှိုဏ်ဂူကြီးများတွင် ကြတ်ဂူကြီးသည် တိုင်းတာ၍ ရသလောက်တွင် ပဉ္စမမြောက် အရှည်ဆုံး လှိုဏ်ဂူကြီး ဖြစ်ကြောင်း myanmarcaves.com မှ မှတ်တမ်းတင်ထားပါသည်။ ကယားပြည်နယ်တွင် ဖရူနိုဂူကြီးပြီးနောက် ဒုတိယအရှည်ဆုံး ဖြစ်ကြောင်း သိရပါသည်။ ဒါပေမယ့် ကြတ်ဂူ၏ အဆုံးသတ်ပိုင်းကို မည်သူမှ မရောက်ဖူးသေးဘဲ ဆက်လက်တိုင်းတာ သုတေသနပြုရန် ကျန်ရှိနေသော လှိုဏ်ဂူကြီး ဖြစ်ပါသည်။ ယခုလက်ရှိ ခန့်မှန်းတိုင်းတာ မှတ်တမ်းတင်ထားချက်တွင် ( ပေ ၇၂၀၀ ) ၂၁၉၄ မီတာ ခန့် လှိုဏ်ဂူအရှည်ရှိပါသည်။

Wednesday, November 15, 2017

ထိုင်ဝမ်မှ ဆေးရောင်စုံ သက်တံရွာလေး

ထိုင်ဝမ်ရှိ တိုင်ချွမ်မြို့ အပြင်ဘက်တွင် Caihongjuan ဆိုသည့် ရွာငယ်လေး ရှိပါသည်။ ထိုရွာငယ်လေးကို လူအများက သက်တံကျေးရွာလေးဟု အမည်တပ်ကြပါသည်။ တကယ်ပင် ထိုရွာကလေးသို့ ရောက်ရှိသည်နှင့် အိမ်များ ၊ လမ်းများ ၊ နံရံများတွင် နေရာလွတ်မရှိလောက်အောင် ရောင်စုံရုပ်ပုံများကို အပြည့်ရေးဆွဲထားသည်ကို တွေ့ရမှာပါ။ ထိုသို့ရေးဆွဲရသည်မှာလည်း နောက်ခံအကြောင်းအရင်း ရှိပါသည်။

တစ်ချိန်က ရွာသူရွာသားများနှင့် စည်ကားပျော်ရွှင်ဖွယ်ကောင်းခဲ့သည့် Caihongjuan ရွာကလေးသည် မြို့ပြအိမ်ရာသစ် စီမံကိန်းကြောင့် အဖျက်ခံရမည့် ရွာကလေး ဖြစ်လာပါသည်။ ထို့ကြောင့် ဒေသခံရွာသားများသည် ရွာကလေးမှ တဖြည်းဖြည်းစွန့်ခွာ သွားခဲ့ကြပါသည်။

ဟွမ်ယန်ဖူ ဟုအမည်ရသည့် အဘိုးအိုသည် ဖိုရွာကလေးတွင် နေထိုင်ရင်း ထိုရောင်စုံသက်တန့်ပုံကလေးများကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ရေးဆွဲခဲ့ပါသည်။ မိမိ၏ အိမ်တွင်း အိမ်ပြင်အပြည့် ရေးဆွဲပြီးနောက် အခြား လူမနေတော့သည့် ရွာသားများ၏ အိမ်များပေါ်တွင်ပါ ရေးဆွဲခဲ့ပါသည်။ ထို့နောက် ရွာလမ်းများနှင့် နံရံများပေါ်တွင်ပါ တစိုက်မတ်မတ်ရေးဆွဲလာခဲ့ရာ ရောင်စုံရုပ်ပုံများနှင့် ပြည့်နှက်နေသော ချစ်စဖွယ် သက်တန့်ကျေးရွာလေး ဖြစ်လာခဲ့ပါသည်။

Tuesday, November 14, 2017

သူ့အလှ ကိုယ့်အလှ ယှဉ်ကာပြိုင် (၂)

Instagram ဓာတ်ပုံတင်သည့် ဆိုဒ်တွင် လူသိများ ကျော်ကြားလှသည့် Celebrity များ၏ပုံများကို အမျိုးသမီးတစ်ဦးမှ ပုံစံတူ ရိုက်ကူးထားပုံများပါ။
Celebrity များ၏ပုံများနှင့် လုံးဝတူညီအောင် ရိုက်ကူးထားခြင်းမျိုးမဟုတ်ဘဲ နီးစပ်ရာ နေရာ ၊ ရရာပစ္စည်းလေးများဖြင့် ဟာသသဘော ရိုက်ကူးထားခြင်းပါ။
ဒါကြောင့် တွေ့မြင်ရသူများ အနေဖြင့် ပြုံးရယ်ချင်စရာ ဖြစ်ပေါ်စေခဲ့ပြီး နာမည်ကြီးခဲ့သည့် ပုံများဖြစ်ပါသည်။ တကယ်ကို ဟာသမြောက်အောင် ဖန်တီးနိုင်ခဲ့သည့် အမျိုးသမီးပါ။ ယခင်ကလည်း သူ့ပုံများကို တင်ပေးဖူးပြီး အခု ကျန်နေသေးတဲ့ပုံများကို ဆက်တင်ပေးလိုက်ပါတယ်။
သူငယ်ချင်းတို့လည်း ကြည့်ပြီး တူ မတူ ပြောပေးခဲ့ပါအုံးဗျာ...

Monday, November 13, 2017

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၁ )

Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...
ဒဏ်ရာရတဲ့သူ ခေါ်လာတာလား ၊ ဖမ်းလာတာလားဟင်။

ခုံတံတားဆောက်ပေးတဲ့ စည်ပင်က ဦးဦးတွေကို သိပ်ကျေးဇူးတင်တာပဲ။

Friday, November 10, 2017

ကမ္ဘာ့မြေပြင် ရေပြင်ဧရိယာများ ပြောင်းလဲမှုစာရင်း ကောက်ယူ


သိပ္ပံပညာရှင်များသည် ဂြိုလ်တု ဓာတ်ပုံများ အသုံးပြုကာ ပြီးခဲ့သည့် နှစ် (၃၀) အတွင်း ကမ္ဘာ့မြေလွှာပေါ်ရှိ ရေပြင်မြေပြင် ပြောင်းလဲပုံများကို လေ့လာခဲ့ကြသည်။
          ယခင်က မြေပြင်ဖြစ်ခဲ့သော စတုရန်း ကီလိုမီတာ (၁၁၅၀၀၀) စာ နေရာသည် ယခုအခါ ရေလွှမ်းနေပြီး၊ ယခင်က ရေပြင်ဖြစ်ခဲ့သော စတုရန်း ကီလိုမီတာ (၁၇၃၀၀၀) စာ နေရာသည် ယခုအခါ မြေပြင် ဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။
          နယ်သာလန်ရှိ ဒယ်တာရတ် သုတေသန သိပ္ပံက စစ်တမ်းပြုစုခြင်း ဖြစ်ပြီး  Nature Climate Cha-nge ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။ ကမ္ဘာမြေကို ဆယ်စုနှစ် ပေါင်းများစွာ စောင့်ကြည့် မှတ်တမ်းတင်လျက် ရှိသော နာဆာ၏ Land-sat  ဂြိုလ်တုက ပေးပို့သော မြေပြင်ဓာတ်ပုံများကို နှိုင်းယှဉ်လေ့လာကာ စစ်တမ်းပြုစုခဲ့ခြင်း ဖြစ်သည်။ ဂြိုလ်တုပုံများသည် မြေပြင်(၃၀) မီတာ အ၀န်းအ၀ိုင်းထိကို ကြည်လင်ပြတ်သားစွာ မြင်နိုင်သည်။

ယောက္ခမလောင်းနှင့် အဆင်ပြေလိုလျှင် မာရေကျောရေသာ ဆက်ဆံပါဟု အကြံပြု


ယောက္ခမလောင်း၏ ချစ်ခင် နှစ်သက်ခံလိုပါက လက်ဆောင်များပေးပြီး မချော့ဘဲ သူ၏သား၊ သမီး ဖြစ်သူအား ပျော်ရွှင်အောင် ထားနိုင်မည့်ဟု ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ဖြင့် ဆက်ဆံပါဟု ပညာရှင် တစ်ဦးက သုတေသနပြုလေ့လာပြီး အကြံပြုလိုက်ပြီ ဖြစ်သည်။
          ယောက္ခမလောင်း ချစ်လာရေး လုပ်ဆောင်ရာတွင် အဆိုးဆုံး နည်းလမ်းမှာ ကိုယ့်ချစ်သူအား ကိုယ့်ကောင်းကြောင်းကို ပြောခိုင်းခြင်း ဖြစ်ကြောင်း ပညာရှင်က ပြောဆိုခဲ့သည်။
          သားသမီးများသည် မိဘများ မနှစ်သက်သည့် လက်တွဲဖော်ကို ရွေးချယ်နိုင်ခြေ ပိုများကြောင်း ပါမောက္ခ မီနဲလောက်စ် အပိုစတိုလိုက သုတေသန စာတမ်း တစ်စောင် ရေးသားပြီး ထောက်ပြသည်။ သားသမီးများသည် သူတို့အတွက် ဆွဲဆောင်မှု ရှိသူကို ရွေးချယ်လေ့ ရှိသော်လည်း မိဘများကမူ လူမှုရေး နောက်ခံနှင့် အရည်အချင်းရှိမရှိ တို့ကို အလေးထားလေ့ ရှိသည်။

ထိုက်ချိကို လူ ( ၅၀၀၀၀) ဖြင့် တစ်ပြိုင်တည်းကစားပြီး စံချိန်သစ်တင်


ထိုက်ချိကစားနည်းဟာ တရုတ်နိုင်ငံ၏ ရိုးရာကစားနည်း တစ်ခုဖြစ်သည်။ ယင်းကစားနည်းကို ယခုအခါ ကမ္ဘာအနှံ့ ကစားနေကြပြီ ဖြစ်သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိုက်ချိကို လူပေါင်း ( ၅၀၀၀၀) တစ်ပြိုင်တည်းကစားပြီး  စံချိန်တင်သွားခဲ့သည်။ တရုတ်နိုင်ငံ ဟီနန် အရပ်ဒေသတွင်  ထိုက်ချိကစားနည်းကို လူအများအပြား ပါဝင်ကစားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ကစားနိုင်ရန် ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ရသည်။ လူပေါင်း ( ၅၀၀၀၀) ပါဝင်ဆင်နွှဲခြင်း ဖြစ်သောကြောင့် မတူညီသည့် (၁၅) နေရာတွင် ပြုလုပ်ခဲ့ရပြီး ပါဝင်ဆင်နွှဲသူများသည် ရောင်စုံ အ၀တ်အစားများကို ၀တ်ဆင်ခဲ့သည်။ ယင်းနောက် ထိုက်ချိ ကစားနည်းကို သတ်မှတ်ထားသည့် အချိန်တိုင်း တစ်ပြိုင်တည်း ကစားခဲ့ကြသည်။ ထိုက်ချိ ကစားနည်းသည် (၁၃) ရာစုကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။

ငရုတ်သီးဘုရင်


တရုတ်နိုင်ငံသား တစ်ဦးသည် တစ်နေ့ကို ငရုတ်သီး  (၂ဒသမ ၅) ကီလိုဂရမ်အထိ စားသုံးလေ့ရှိသည်။ ပေါင်ဖြင့် တွက်ချက်ပါက (၅ ဒသမ ၅) ပေါင်အထိ ရှိမည်ဖြစ်သည်။ ထို့ကြောင့် အဆိုပါ အမျိုးသားကို ငရုတ်သီး ဘုရင်အဖြစ် သတ်မှတ် ခေါ်ဆိုကြခြင်း ဖြစ်သည်။ Zhengzhou အရပ်ဒေသတွင် နေထိုင်သော လီအမည်ရ အမျိုးသားသည် ငရုတ်သီးများကို ငယ်စဉ်ကတည်းက နှစ်သက်စွာ စားသုံးခဲ့ခြင်း ဖြစ်သည်။ တစ်နေ့ကို ထမင်းသုံးနပ် စားသည့်အခါတိုင်း ငရုတ်သီး မပါပါက စားတတ်ခြင်း မရှိသော လီသည် ငရုတ်သီးကို စွဲလမ်းနှစ်သက်မှုသည် တဖြည်းဖြည်း ဆိုးရွားလာခဲ့သည်။ လီက မနက်မိုးလင်းသည့်အခါ အခြားသူများသည် သွားတိုက်လေ့ ရှိသော်လည်း  မိမိမှာမူ ငရုတ်သီးတစ်တောင့်ကို ပါးစပ်ထဲ ထည့်လိုက်ကြောင်း၊ ညပိုင်းများတွင်လည်း ငရုတ်သီး အစေ့များကို စားသုံးလေ့ရှိကြောင်း၊ သားဖြစ်သူ ဆေးရုံတက်စဉ်တုန်းက ပိုက်ဆံ မရှိသောကြောင့် ငရုတ်သီးများကို အရည်ဖျော်ပြီး စားလေ့ရှိကြောင်း၊ မိမိ၏ အပြုအမူအတွက် စိုးရိမ်မှုများ ရှိခဲ့ကြောင်း၊ မိမိအနေဖြင့် ငရုတ်သီးစားပြီး စမ်းသပ်မှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့် ပြဿနာမျှမရှိကြောင်း ပြောကြားခဲ့သည်။
Credit: messengernewsjournal.com 

လူဝကြီးအဖြစ်မှ ချောမောလှပသူ ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့


ဝနေလို့ စိတ်ပျက်စရာ မလိုပါဘူး။ သို့သော် အ၀လွန်ခြင်းကို လျှော့ချတယ် ဆိုရင်တော့ စိတ်ဓာတ် ကြံ့ခိုင်နေဖို့လိုသည်။ အင်္ဂလန်နိုင်ငံရှိ အမျိုးသမီး တစ်ဦးသည် ယခင်က (၂၅၂) ပေါင်အထိ ရှိခဲ့သည်။ အ၀တ်အစား ၀တ်ရာတွင် စိတ်ပျက်စရာ ဖြစ်လောက်သည်အထိ အ၀လွန်နေခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့ ကိုယ်အလေးချိန်ကို ထက်ဝက် လျှော့ချနိုင်ခဲ့ပြီ ဖြစ်သည်။ ကလေးနှစ်ယောက်မိခင် စီလက်သည် အရပ် ငါးပေ ၊ သုံးလက်မသာ ရှိပြီး အ၀လည်း လွန်သဖြင့်  သွားရလာရ မကောင်းခဲ့သောကြောင့် ကိုယ်အလေးချိန် လျှော့ချရန် ဆုံးဖြတ်ခဲ့သည်။ စီလက်၏ ခင်ပွန်းဖြစ်သူသည် လမ်းလျှောက်စက် တစ်လုံး ၀ယ်ပေးခဲ့ရာ ယင်းသည် ကိုယ်အလေးချိန် လျှော့ချဖို့ အကြောင်းအရင်း ဖြစ်လာခဲ့သည်။ စီလက်သည် လမ်းလျှောက်စက်ကို တစ်ပတ် ငါးကြိမ် အသုံးပြုခဲ့သည်။  (၁၅)လအတွင်း မလျော့သော ဇွဲဖြင့် အသုံးပြုခဲ့ခြင်းကြောင့် ကိုယ်အလေးချိန်ထက်ဝက် လျှော့ချနိုင်ခဲ့သည်။  စီလက်သည် ( ၁၅) လအတွင်း မိုင်ပေါင်း  (၂၇၀၀) လမ်းလျှောက်ခဲ့သည်။  မာရသွန်ပြိုင်ပွဲ (၁၀၃) ပွဲစာနှင့် ညီမျှသည့် လမ်းလျှောက်ခြင်းကို လမ်း လျှောက်စက်ဖြင့်  ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခင်က အပြင်ထွက်သည့် အခါတိုင်း  မှန်မကြည့်ရဲလောက်အောင် အ၀လွန်ခဲ့သော စီလက်သည် လေ့ကျင့်ခန်းများကို အကောင်းဆုံး ပြုလုပ်ခဲ့ပြီး အစားအစာကိုလည်း မျှတအောင် စားနိုင်ခဲ့ခြင်းကြောင့် လှပသည့် အရွယ်အစားကို ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
Credit: messengernewsjournal.com 
Related Posts Plugin for WordPress, Blogger...