Friday, November 10, 2017

ထိုက်ချိကို လူ ( ၅၀၀၀၀) ဖြင့် တစ်ပြိုင်တည်းကစားပြီး စံချိန်သစ်တင်


ထိုက်ချိကစားနည်းဟာ တရုတ်နိုင်ငံ၏ ရိုးရာကစားနည်း တစ်ခုဖြစ်သည်။ ယင်းကစားနည်းကို ယခုအခါ ကမ္ဘာအနှံ့ ကစားနေကြပြီ ဖြစ်သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိုက်ချိကို လူပေါင်း ( ၅၀၀၀၀) တစ်ပြိုင်တည်းကစားပြီး  စံချိန်တင်သွားခဲ့သည်။ တရုတ်နိုင်ငံ ဟီနန် အရပ်ဒေသတွင်  ထိုက်ချိကစားနည်းကို လူအများအပြား ပါဝင်ကစားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ကစားနိုင်ရန် ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ရသည်။ လူပေါင်း ( ၅၀၀၀၀) ပါဝင်ဆင်နွှဲခြင်း ဖြစ်သောကြောင့် မတူညီသည့် (၁၅) နေရာတွင် ပြုလုပ်ခဲ့ရပြီး ပါဝင်ဆင်နွှဲသူများသည် ရောင်စုံ အ၀တ်အစားများကို ၀တ်ဆင်ခဲ့သည်။ ယင်းနောက် ထိုက်ချိ ကစားနည်းကို သတ်မှတ်ထားသည့် အချိန်တိုင်း တစ်ပြိုင်တည်း ကစားခဲ့ကြသည်။ ထိုက်ချိ ကစားနည်းသည် (၁၃) ရာစုကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။

      ထိုက်ချိကစားနည်းသည် လေရှူသည့် လေ့ကျင့်ခန်း တစ်မျိုးဖြစ်သည်။ ဖြည်းဖြည်းချင်း ကစားရသော်လည်း အတွင်းအားကို စိုက်ထုတ်ရသောကြောင့် ချွေးထွက်စေသည်ဟု ဆိုထားသည်။  ထိုက်ချိကို ပုံမှန်ကစားမည်ဆိုပါက ရောဂါဝေဒနာများကို သက်သာ ပျောက်ကင်းစေမည် ဖြစ်သည်။  ပန်းနာ၊ ရင်ကျပ်၊ ဆီးချို၊ သွေးချို၊ နှလုံးရောဂါ စသည့်ဝေဒနာများကို သက်သာစေမည် ဖြစ်သည်။ နှလုံးတွင် စက်တပ်ထားသူများ ကစားခဲ့ပါက နောက်ပိုင်းတွင် စက်ကို ဖြုတ ထားနိုင်သည်အထိ စွမ်းပကားရှိသည်။ အ၀လွန်သူများကို အဆီကျစေပြီး ပိန်သူများကိုလည်း အလေးချိန် တိုးစေပါသည်။ အဆုတ်ထဲကို ရေ၀င်တတ်သောကြောင့် မိုးရွာသည့် အချိန်များနှင့် ဆီးနှင်းကျသည့် အချိန်များတွင် မကစားသင့်ကြောင်း တိုက်တွန်းထားသည်။  သက်ရှည်ကျန်းမာ လိုသူများသည် ထိုက်ချိကို စိတ်ဝင်တစား ကစားနေကြပြီ ဖြစ်သည်။ အမေရိကန် သမ္မတကြီး အိုဘားမား၏ ဇနီးဖြစ်သူသည် တရုတ်နိုင်ငံသို့ လာရောက်စဉ် ထိုက်ချိ ကစားနည်း အကြောင်းကို လေ့လာသင်ယူ သွားခဲ့ဖူးကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် လူပေါင်း (၅၀၀၀၀) ဖြင့် ထိုက်ချိကစားနည်းသည် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အများဆုံး ပါဝင်ကစားခြင်းအဖြစ် ဂင်းနစ်စံချိန် မှတ်တမ်း ၀င်သွားခဲ့သည်။
Credit: messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...