နာဆာမှ လွှတ်တင်ထားသော အင်္ဂါဂြိုဟ်လေ့လာရေးယာဉ် Earth by Spirit ဟာ
အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်မှာ လေ့လာစူးစမ်းမှုများ ပြုလုပ်နေခဲ့ရာမှ
ရိုက်ကူးပေးပို့ခဲ့သော ဓာတ်ပုံအချို့ အရ အနီရောင် အင်္ဂါဂြိုဟ်ပေါ်မှာ
သက်ရှိသတ္တ၀ါများ ရှိနေကြောင်း အထောက်အထားအချို့ တွေ့ရပါတယ်။

အထက်ပါပုံကိုကြည့်ပါ။
ကျောက်တုံးတစ်ခုပေါ် ထိုင်နေပြီး လက်ဝှေ့ရမ်းနေတဲ့ အမျိုးသမီးပုံဟန်ရှိတဲ့
အရာတစ်ခုကို တွေ့ရပါတယ်။ ရောက်ရှိလာမယ့် အာကာသယာဉ်တစ်စီးစီးကို
စောင့်မျှော်နေဟန်ပါပဲ။ အောက်ကပုံတွေကိုလည်း ကြည့်ပါ။
အင်္ဂါဂြိုဟ်လေ့လာရေးယာဉ်ဟာ
အင်္ဂါဂြိုဟ်ပေါ်ကို ၂၀၀၄ ခုနှစ်က ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ ဂြိုဟ်ပေါ်မှာ
လျှောက်သွားပြီး ဓာတ်ပုံတွေရိုက်ယူပေးပို့နေပါတယ်။ ဒီပုံတွေကိုကြည့်ပြီး
အင်တာနက်ပေါ်မှာ ကောလဟလတွေ အမျိုးမျိုးထွက်ပေါ်နေပါတယ်။