Sunday, March 12, 2017

လေယာဉ်စီးရမှာ ကြောက်သူများ အတွက် ထွေထွေရာရာ(လေယာဉ်စီးခြင်း နှင့် ပတ်သတ်သည့် ဗဟုသုတများ)


လေယာဉ်စီးရမှာ တွေးကြောက်နေသူက ကမ္ဘာတစ်ဝန်း သန်းပေါင်း များစွာ ရှိသည်။ အချို့သော အကြောက်လွန်သူ များကား လေယာဉ်စီး ရမည့် အရေးကို တစ်သက်လုံး ရှောင်ကြဉ်ရမည့် အရေး အဖြစ်ပါ သတ်မှတ်ထားတတ် ကြသည်။
                လေယာဉ် ပျက်ကျမှုတွေ ဘာကြောင့် ဖြစ်ရသည် ကအစ လေယာဉ်တွေမှာ လူတိုင်း အတွက် ဘာကြောင့် လေထီးတွေ တပ်မပေး ထားသည် အဆုံး လေယာဉ် စီးနင်းမှုနှင့် ပတ်သက်ပြီး မေးစရာ မေးခွန်းတွေက မဆုံးနိုင်အောင်ရှိ နေသည်။ လေယာဉ် စီးနင်းမှုနဲ့ ပတ်သက်ပြီး Daily Mail သတင်းစာ က British Airways လေကြောင်းလိုင်း၏ လေယာဉ်မှူး များ လေ့ကျင့် သင်တန်းပေးဌာန အကြီးအကဲ ကပ္ပတိန် ဒေ့ဗ်သောမတ်စ်နှင့် တွေ့ဆုံ မေးမြန်းထားသည် များကို တစ်ဆင့်ပြန်လည် ဖော်ပြပါမည်။
လေယာဉ်ပေါ်မှာ ဘယ်ခုံက အန္တရာယ် အကင်းဆုံးလဲ။
                လေယာဉ်ပေါ်မှာ ရှိတဲ့ ခုံတိုင်းကို အခိုင်မာဆုံး၊ အန္တရာယ် အကင်းဆုံး ဖြစ်အောင် တစ်ပြေးညီ တိုင်းတာ ထည့်သွင်းထား ပါတယ်ဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။ သို့သော် လေယာဉ်ပျက် ကျသည့် အခါမျိုး တွင်ကား အနည်းငယ် ကွာခြားချက် ရှိကြောင်း ၄င်းက ဆက်ပြောသည်။ ၂၀၁၂ ခုနှစ်က ဘိုးရင်း (၇၂၇) လေယာဉ်ပေါ်တွင် လူများ အတိုင်း အရိုးအဆစ် များပါ တစ် ပုံစံတည်း ပါဝင်အောင် ဖန်တီး ထားသည့် အရုပ်များ ထည့်သွင်းပြီး မက္ကဆီကိုနိုင်ငံ ဆိုနိုရန် သဲကန္တာ အတွင်းသို့ တကယ် ထိုးဆင်း ပျက်ကျစေ ခဲ့သည်။ လေယာဉ်ဦး ပိုင်း (၁၁) တန်းသည် ပထမတန်းနှင့် စီးပွားရေးတန်း ဖြစ်ပြီး ဈေးကြီးပေး ရသည့်တိုင် လေယာဉ် ပျက်ကျရာတွင်မူ လေယာဉ်သည် ဦးစိုက်ဆင်းသည့် အတွက် ရှေ့ပိုင်း ခုံတန်း များသည် အထိခိုက်ဆုံး ဖြစ်ကြောင်း တွေ့ရသည်။ ဦးစိုက်ဆင်းသော လေယာဉ် သည် မြေပြင်နှင့် ရိုက်မိသည့် ဒဏ်ကို ပထမတန်းမှ ခရီးသည် လူသားများ ခံနိုင်စရာ မရှိကြောင်း လေ့လာမှုများ အရ သိရသည်။ လေယာဉ် နောက်ပိုင်းခုံတန်း များတွင် ထိုင်သူ များသည်ကား မြေပြင်နှင့် တိုက်ရိုက် ဆောင့်သည့် ဒဏ်ကို ရံဖန်ရံခါတွင် လွတ်သွား တတ်ပြီး အသက်ရှင်တတ် ကြကြောင်းလည်း သိရသည်။

emoji လေးများက ပြောသော ကဗ္ဘာ့နိုင်ငံများ စိတ်ထား


ယနေ့ စမတ်ဖုန်းခေတ်တွင် emoji (ခံစားချက်ဖော် ရုပ်ပုံလေးများ) မသုံးသူ မရှိသလောက် ဖြစ်သည်။ အပြုံး မျက်နှာပုံ၊ နှလုံးသားပုံမှ အစ မစင်ပုံလေးများထိ emoji အမျိုးအစား စုံလင်လှသည်။ မိမိ၏ emoji ရွေးချယ် အသုံးပြုပုံသည် မိမိ စိတ်ဓာတ်ခံကိုလည်း ကောင်းကောင်း ဖော်ကျူးရာ ရောက်နေသည်။ ယခုအခါ ကမ္ဘာတစ်ဝန်း emoji သုံးပုံများကို ခွဲခြမ်းစိတ်ဖြာ လေ့လာကာ နိုင်ငံများ၏ ယေဘုယျ စိတ်ထားကို ဖော်ထုတ်ထားသည့် လေ့လာမှု စစ်တမ်း တစ်စောင် ထွက်လာပြီ။
            ကမ္ဘာတစ်ဝန်း emoji သန်းတစ်ထောင် လောက်ထိ အပြန်အလှန် ပေးပို့မှုများကို ခွဲခြမ်းစိတ်ဖြာ မှတ်တမ်း တင်ထားခြင်း ရလဒ် အရ ပြင်သစ် နိုင်ငံသားများသည် အချစ်တတ်ဆုံးသူများ ဖြစ်ကြောင်း နှလုံးသားပုံ emoji အပြန်အလှန် ပေးပို့မှု ထိပ်ဆုံးစာရင်းတွင် ပါနေခြင်းက သက်သေခံနေသည်။ သြစတြေးလျသားများကား အရက်နှင့် ပတ်သက်ပြီး ကမ္ဘာပေါ်တွင် အတက်ကြွဆုံး လူသားများ ဖြစ်ကြောင်းကို အရက်နှင့် ဆက်စပ်သော emoji ပေးပို့မှု အများဆုံး ဖြစ်နေခြင်းက သက်သေခံသည်။

လွန်ခဲ့သော နှစ် ၃၀ ကတည်းက Selfie တုတ်တံ မူပိုင်ခွင့်တင်ခဲ့သူ

 
Selfie တုတ်တံများသည် အသုံးလည်း ၀င်သလို၊ မျက်စိလည်း နောက်ရသော ယနေ့ခေတ် လူသုံးများ ပစ္စည်းတစ်မျိုး ဖြစ်၏။
            ဂျပန်နိုင်ငံမှ ကင်မရာ ကုမ္ပဏီ Minolta တွင် အင်ဂျင်နီယာ အဖြစ် လုပ်ကိုင်သော ဓာတ်ပုံဆရာ ဟီရိုရှီယူအီဒါက ၎င်းသည် ၁၉၈၀ ၀န်းကျင် နှစ်ပိုင်းများကလည်းက Selfie တုတ်တံ အိုင်ဒီယာကို အစောဆုံး မူပိုင်ခွင့် တင်ခဲ့သူဟု ဆိုလိုက်သည်။
              ဥရောပသို့ မိသားစု ခရီးထွက်ကြစဉ် မိသားစု စုံစုံညီညီ ဓာတ်ပုံရိုက်ရန် အခက်အခဲ ဖြစ်နေရာမှ Selfie တုတ်တံ တီထွင်ဖို့ အိုင်ဒီယာရခဲ့ခြင်း ဖြစ်ကြောင်း ယူအီဒါက ပြောသည်။ ပါရီရှိ လုဗ်ပြတိုက်သို့ သွားကြည့်စဉ် မိသားစု ဓာတ်ပုံ တူတူ ရိုက်ချင်သောကြောင့် ကောင်လေး တစ်ယောက်ကို ကင်မရာပေးပြီး ရိုက်ခိုင်းရာ ကင်မရာယူပြီး ကောင်လေး ထွက်ပြေးသွားသဖြင့် ကင်မရာ ဆုံးခဲ့ရသည်။
              ထိုကိစ္စကို အခဲမကျေသည့် စိတ်က ကင်မရာကို တုတ်တံတွင် တပ်ကာ မိမိဖာသာ ကိုင်ရိုက်နိုင်မည့် Selfie တုတ်တံမျိုး တီထွင်ဖြစ်အောင် တွန်းထိုး မောင်းနှင် ပေးခဲ့ကြောင်း ယူအီဒါက ပြောသည်။ Selfie တုတ်တံထိပ်တွင် ၀က်အူရစ်ပါသည်။ ထိုဝက်အူရစ်ဖြင့် ကင်မရာအောက်က ၀က်အူပေါက်မှာ ရစ်ပြီး တပ်လိုက်ရုံ ဖြစ်သည်။

အင်တာနက်မှာ တွေခဲ့တဲ့ ချစ်သူအား ရှာပုံတော်ဖွင့်

အင်တာနက်မှာ ချစ်ကြိုက်ခဲ့တာကို ယုံကြည်သူ တွေလည်း ရှိနေတယ် ဆိုတာ အခု ဖြစ်ရပ်က သက်သေပြသခဲ့ကြ ပါတယ်။ အသက် (၆၀) နှစ်အရွယ်ရှိ ကနေဒါ နိုင်ငံသား တစ်ဦးဟာ လူမှုကွန်ရက်မှာ ချစ်ကြိုက်ခဲ့တဲ့ တရုတ် အမျိုးသမီး တစ်ဦးကို  ရှာဖွေဖို့ မိုင်ပေါင်း (၆၀၀၀) အကွာ ကနေ ခရီးနှင်လာခဲ့ပါတယ်။ ကနေဒါနိုင်ငံ ဗန်ကူးပါးမြို့မှာ နေထိုင်ခဲ့တဲ့ ဂျိတ်မာလိုနီဟာ တရုတ်နိုင်ငံ၊ရှန်ဇီမြို့ကို လာရောက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီး အမည်က ရီလီလို့သာ သိထားပြီး အွန်လိုင်းမှာ တင်ထားတဲ့  ပရိုဖိုင်းကို ကြည့်ပြီး လာရောက် ရှာဖွေမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ မာလိုနီဟာ ရီလီနဲ့ ရင်းနှီးခဲ့တာ တစ်နှစ်နီးပါး ရှိပြီး တဲ့နောက် အပြင်မှာ တွေ့ချင် တာကြောင့် တရုတ်ပြည်ကို ရောက်လာခြင်း ဖြစ်ပါတယ်။ ရီလီဟာ မာလိုနီနဲ့ ရင်းနှီး ပြီးနောက် ဓာတ်ပုံတွေ ပေးပို့ခဲ့ ပါတယ်။ ဒီနောက် မာလိုနီဟာ ရီလီ နေထိုင်တဲ့ မြို့ကို ရောက်လာခဲ့ပြီး ရှာဖွေမှု ပြုလုပ်ခဲ့ပေမယ့် တွေ့ရှိခြင်း မရှိပါဘူး။ ဒါကြောင့် မာလိုနီဟာ ရီလီရဲ့ဓာတ်ပုံကို သူ့ ခန္ဓာကိုယ်မှာ ချိတ်ဆွဲပြီး မြို့ထဲမှာ ရှာဖွေခဲ့ ပါတယ်။ ရှန်ဇီမြို့ဟာ လူဦးရေ (၁၀)သန်းရှိ တာကြောင့် မာလိုနီရဲ့ ရှာဖွေမှုဟာ အရာ မထင်ခဲ့ပါဘူး။ မာလိုနီက သူဟာ ရီလီကို ဓာတ်ပုံ ထဲမှာ မြင်တွေ့ ပြီးနောက် အလွန်ချစ် သွားကြောင်း၊ မိမိ အနေဖြင့် ရီလီကို ရှာဖွေ သွားမည် ဖြစ်ကြောင်း ဟြေကြားခဲ့ပါတယ်။ မာလိုနီဟာ ပြီးခဲ့တဲ့ ကာလတွေမှာ ရီလီကို အီးမေးလ်နဲ့ အဆက်အသွယ် ပြုလုပ်ခဲ့ပြီး တရုတ်စာတွေကို ဘာသာပြန်ရာမှာ ပေါင် (၁၁၀၀) နီးပါး အသုံးပြုခဲ့ရ ပါတယ်။ ဒါပေမဲ့ ရီလီဟာ သူ့လူမှုကွန်ရက် ၀က်ဘ်ဆိုက်ဒ် အကောင့်ကို ပိတ်သိမ်းခဲ့ တာကြောင့် ရှာဖွေမှု ပြုလုပ်ရာမှာ ပိုအခက်တွေ့စေခဲ့ပါတယ်။ မာလိုနီက ရီလီကို တွေ့ခဲ့ပါက ပေါင်းသင်း လက်ထပ်ယူ သွားမှာ ဖြစ်ပြီး ကနေဒါမှာ အဆင်မပြေပါက သူ့အနေနဲ့ တရုတ်နိုင်ငံမှာ ပြောင်းနေထိုင်ဖို့ ကြိုးစား သွားမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
Credit: messengernewsjournal.com

ထူးထူးခြားခြား စားသောက်ဆိုင်များ

စားသောက်ဆိုင် တစ်ဆိုင်ရဲ့ အရေးကြီးဆုံး အချက်က သန့်ရှင်းမှု ရှိရေး ဖြစ်ပါတယ်။ သန့်ရှင်းမှုရှိမှ စားသုံးသူကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် အရေးပါတဲ့ အချက်က အစားအသောက် ကောင်းမွန်ဖို့ ဖြစ်ပါတယ်။ အောင်မြင်တဲ့ စားသောက်ဆိုင်တွေရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ အမျိုးမျိုး ရှိတတ်ကြပါတယ်။
           ယနေ့ခေတ်မှာတော့  စားသောက်ဆိုင်တွေကို စည်ကားစေဖို့ ဆွဲဆောင်မှု ပြုလုပ်ရာမှာ ဆိုင်အပြင်အဆင်ကလည်း အရေးပါလာပြီ ဖြစ်ပါတယ်။ ထူးထူးခြားခြား ပြုလုပ်ထားတဲ့ စားသောက်ဆိုင်တွေကို စားသုံးသူတွေက စိတ်ဝင်စားတတ်ကြပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ထူးထူးခြားခြား ပြုလုပ်ထားတဲ့ စားသောက်ဆိုင်တွေ အကြောင်း ဖော်ပြ ပေးလိုက်ပါတယ်။
 
၁။ အိမ်သာ စားသောက်ဆိုင်
           အိမ်သာ ဆိုတာ လူတွေရဲ့ မစင်တွေကို စွန့်လွှတ်တဲ့ နေရာဖြစ် ပါတယ်။ ဒါပေမဲ့ အာရှ ဒေသမှာတော့ အိမ်သာပုံစံ စားသောက်ဆိုင်တွေ ဖွင့်လှစ် ထားမှုဟာ ကျယ်ပြန့်လာပြီး၊ စားသုံးသူတွေကလည်း စိတ်ဝင်တစား လာရောက် ကြတာကြောင့် အောင်မြင်တဲ့ လုပ်ငန်းတစ်ခု အဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။ အိမ်သာ စားသောက်ဆိုင်တွေကို စတင် ဖွင်လှစ်ခဲ့တာက တရုတ်တိုင်ပေမှာ ဖြစ်ပါတယ်။ အစောပိုင်းမှာ ရေခဲမုန့်တွေကို အိမ်သာ ပုံစံခွက်တွေထဲမှာ ရောင်းချမှု ပြုလုပ်ခဲ့ပါတယ်။
             ဒီနောက် အောင်မြင်မှု ရရှိလာပြီး အိမ်သာ အသုံးဆောင် ပစ္စည်းတွေနဲ့ ရောင်းချမှုတွေ ပြလုပ် လာခဲ့ပါတယ်။ ရေချိုးခန်းသုံး ပစ္စည်းတွေ ဟာလည်း အိမ်သာ စားသောက်ဆိုင်တွေမှာ အရေးပါတဲ့ နေရာ မှာ ရှိနေကြပါတယ်။ အိမ်သာ ကြွေခွက်တွေကို ထိုင်စရာ ထိုင်ခုံအဖြစ် ပြုလုပ်ထားပြီး၊ နောက်ကျောမှီတဲ့ ခေါင်းအုံးတွေကိုလည်း မစင်တုံးပုံစံ ပြုလုပ် ထားပါတယ်။
            နောက်ပြီး စာသောက်တဲ့ ထိုင်ခုံ အပေါ်မှာ တစ်ရှူး လိပ်၊ ရေချိုးပိုက်ခေါင်း စတာတွေကိုလည်း ဖန်တီး ထားပါတယ်။ အစားအသောက် ထည့်တဲ့ ပန်းကန်တွေကလည်း အိမ်သာမှာ အသုံးပြုနေတဲ့ ပစ္စည်းတွေ ဖြစ်ကြပါတယ်။
           ဒါပေမဲ့ အိမ်သာ စားသောက်ဆိုင်တွေဟာ တရုတ်တိုင်ပေမှာ တဖြည်းဖြည်း ကျော်ကြား လာခဲ့ပြီး ဆိုင်ပေါင်း (၁၂) ဆိုင်လောက် ရှိနေပြီ ဖြစ်ပါတယ်။ မကာအို၊ ဟောင်ကောင်၊ တရုတ်ပြည်မကြီး၊ မလေးရှား စတဲ့ နိုင်ငံတွေ မှာလည်း အိမ်သာ စားသောက်ဆိုင်တွေကို ဖွင့်လှစ် ထားတယ်လို့ သိရပါတယ်။ 

လျှာနဲ့  ကျန်းမာရေး

 နေမကောင်းဖြစ်လို့  ဆရာဝန်ဆေးခန်းပြတဲ့အခါ မှာ ဆရာဝန်တွေ အများစုကလျှာထုတ်ခိုင်းပြီး ဓါတ်မီးနဲ့  ထိုးကြည့် စစ်ဆေးတတ်ပါတယ်။
လျှာဟာ လူခန္ဒာကိုယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကျန်းမာရေး ဖေါက်ပြန်နေတာ
ကို အလွယ်တကူသိနိုင်ပါတယ်။

လျှာကြည့်ပြီးစစ်ဆေးတဲ့နည်းဟာ ရှေးခေတ် အခါကတဲက တိုင်းရင်းဆေး ပညာရှင်တွေ ကျင့်သုံးတဲ့နည်းဖြစ်ပါတယ်။
ခေတ်ဦးကာလအတွင်း မှာ  မင်းမှုထမ်းနဲ့  ကျေးကျွန်တွေ ၀ယ်ယူရာမှာ လျှာကိုကြည့်ပြီး ကျန်းမာရေးကောင်းမကောင်း စစ်ကြပါတယ်။

မက္ကဆီကို ရှိ ဂူတစ်ခုအတွင်း သက်တမ်း နှစ်ပေါင်း ၅၀,၀၀၀ အထိ အသက်ရှင်နိုင်သည့် အဏုဇီဝပိုးမွှားများ အား တွေ့ရှိ


ဟူစတန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ၏ လူသိများထင်ရှားသော နိုင်ကာမိုင်းတွင်းရှိ ဧရာမ သလင်းကျောက်များအတွင်း ပိတ်မိနေသော အဏုဇီဝပိုးမွှားများသည် သက်တမ်း နှစ်ပေါင်း ၁၀,၀၀၀ မှ ၅၀,၀၀၀နှစ် အထိ အသက်ရှင်နိုင်ကြကြောင်း သိပံ္ပပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြသည်။

နိုင်ကာမိုင်းတွင်းသည် ခဲ၊ သွပ် နှင့် ငွေ များထွက်သည့် မိုင်းတွင်းတစ်ခုဖြစ်ပြီး မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ချီဟွာဟွာပြည်နယ်တွင် တည်ရှိကြောင်း နှင့် အဆိုပါ မိုင်းတွင်း၌ အချင်း ၁.၂မီတာ နှင့် အလျား ၁၅မီတာ ရှည်လျားသည့် ကြီးမားသော သလင်းကျောက်များ တည်ရှိကြောင်း သိရသည်။
ယင်းမိုင်းတွင်း ၏ အတွင်းပတ်ဝန်းကျင်သည် အလွန်ပူပြင်းစိုထိုင်းကာ တစ်ခါတစ်ရံ အမြင့်ဆုံးအပူချိန် သည် ၆၀ဒီဂရီ စင်တီဂရိတ်ခန့်ရှိကြောင်း သိရသည်။

သင့်ရဲ့ လျှပ်တပြက် ဥာဏ်ကို စမ်းသပ်ကြည့်ရအောင်


 အခု အောက်မှာ မေးမယ့် မေးခွန်းတွေကို အချိန်ယူစဉ်းစားတာမျိုးမလုပ်ဘဲ ရိုးရိုးသားသားနဲ့ မြန်မြန်ဖတ် မြန်မြန်ဖြေ လုပ်ကြည့်ပါ...
(အချိန်ယူ စဉ်းစားမယ်ဆိုရင် ပျော်ရမှာမဟုတ်ဘူးလို့တော့ ကြိုပြောပါရစေ... :P)

ကဲ .. စလိုက်ရအောင်ဗျာ..

၁။ အပြေးပြိုင်ပွဲတစ်ခုမှာ သင်ပါဝင်ယှဉ်ပြိုင်နေတယ် ဆိုပါစို့... ဒုတိယနေရာက လိုက်နေတဲ့ လူကို သင်ကျော်တက်လိုက်တယ်... အခု သင်ဘယ်နေရာကနေ ပြေးနေပါသလဲ??

အဖြေ

ကမ္ဘာ့အရှည်ဆုံး ရေပေါ်လျှောက်လမ်း

ရေပြင်ပေါ်မှာ ပေါ်လောပေါ်နေပြီး လျောက်လှမ်းသူများ အနေဖြင့် ရေပေါ်လမ်းလျောက် နေရသကဲ့သို့ ထင်မှတ်ရစေမည့် ကမ္ဘာ့အရှည်ဆုံးရေပေါ်လျှောက်လမ်းကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် Luodian မြို့ရှိ ဆွေဟော်မြစ် အပန်းဖြေစခန်း တွင် တည်ဆောက်ထားပါသည်။

ထိုရေပေါ်လျှောက်လမ်းသည် အရှည်အားဖြင့် ၅၁၂၇.၃၇ မီတာ ( ၁၆၈၂၂ ပေကျော်) ရှိပါသည်။
ထိုရေပေါ်လျှောက်လမ်းကြီးကို ရေပေါ်ပေါ်စေသည့် အရာဝတ္ထုပေါင်း ၂၂၂,၅၀၀ ခုဖြင့် ပံ့ပိုးတည်ဆောက်ထားခြင်းဖြစ်ပြီး ၎င်းတို့အား မြစ်ကြမ်းပြင်အောက်ခြေတွင် ကျောက်ချထား၍ ရေမျက်နှာပြင် အနိမ့်အမြင့်အလိုက် အထက်အောက် အလိုက်သင့် ရွေ့လျားနိုင်ကြောင်း သိရသည်။ထိုသို့ဖြင့် ရေပေါ်မှာ ပေါလောပေါ်နေသော ရေပေါ်လျှောက်လမ်း အဖြစ် ဖန်တီးထားခြင်းပါ။
Related Posts Plugin for WordPress, Blogger...