ဒီခေါင်းစဉ်နဲ့ စာရေးဖို့  ကြိုးစားနေတာကြာပါပြီ။ တကယ်ဆိုရင်အားလုံး သိပြီးသားပေမယ့် ကျွန်တော့်
စိတ်မှာ
တွေးစရာလေးတွေ ဖြစ်စေလို့  ရေးမိတာပါ။သူငယ်ချင်းများနှင့် 
စကားပြောကြရင်းသူရဲကောင်း နှင့် သတ္တိ ဟူသောအကြောင်း အရာအရောက်မှာ
အငြင်းပွားခဲ့ ရပါတယ်။
သူရဲကောင်းဟူသည်သတ္တိရှိခြင်း၊အသေခံရဲခြင်းတို့ လောက်နှင့် မပြည့် စုံတာယနေ့ လူငယ်များ တော်တော်
များများ သိကြပါသည်။ တစ်ချို့ ညီငယ်များကတော့  သတ္တိရဲ့  ဆိုလိုရင်းကို သိပ်နားမလည် ကြပါ။ သေရဲရင် သတ္တိ ၊ ရိုက်ရဲရင် သတ္တိ ၊ မိုက်ရဲရင် သတ္တိဟုသာ သဘောပေါက်ကာ တလွဲဆံပင်ကောင်းနေကြပါသည်။
မြန်မာ့ သမိုင်းမှာ တောင်ငူဘုရင် တပင်ရွှေထီး ကို သိကြပါသည်။ ထိုမင်းသည် တိုက်ရဲ ၊ခိုက်ရဲ နှင့် 
တကယ်ကို
ရဲစွမ်းသတ္တိ နှင့် ပြည့် စုံပါသည်။ နောက်ပိုင်း သေရည် သေရက် ကြောင်
့ပျက်ဆီး ရတာတော့ရင်နာ စရာပေါ့။
တပင်ရွှေထီး မင်းအဖြစ် ရောက်စ တွင် ဘိသိတ်ပွဲ
၊ နားထွင်းပွဲ ကျင်းပရန် စီစဉ်ပါသည်။ ထိုသို့ စီစဉ် ရာတွင် ငယ်ရွယ်ပြီး
ရဲစိတ်ရဲမာန် ထနေချိန် ဆိုတော့ ထူးထူးခြားခြား လေးစီစဉ်ပါသည်။ ဒါကတော့
ရန်သူနယ်မြေ ဖြစ်သော မွန်တို့ ၏နယ် ဟံသာဝတီ တွင် ကျင်းပရန်စီစဉ်ပါသည်။
ရန်သူနယ်မြေ ဖြစ်သဖြင့်  မိမိဘက်မှ တကယ် အစွမ်းရှိသော သူရဲကောင်း များကို
ခေါ်ယူသွားရန်စီစဉ်ပါသည်။ သူရဲကောင်းရွေးချယ်ပွဲ ကိုတော့ ယောက်ဖတော်သူ
ညီအကိုရင်းသမျှ ချစ်ရသူကျော်ထင်နော်ရထာ(ဘုရင့်နောင်)
ကိုတာဝန်ပေးပါသည်။
ကျော်ထင်နော်ရထာ(ဘုရင့်နောင်) ကလည်း တကယ်နောက်မတွန်
့သောသူရဲကောင်းများရရန်
လက်မထိပ်ကို အပ်စိုက်ကာတူနှင့်ထုပြီး ရွေးပါသည်။
ရွေးရာတွင်လည်း ကိုယ်တိုင် ရှေ့ မှစမ်းသပ်ခံပါသည်။လုံးဝနောက်မတွန့် ၊ လက်မရွံ့ သွားသူကိုသာ
ရွေးချယ်ပါသည်။
ထိုအချိန်တွင် သူရဲကောင်းတစ်ဦး ဖြစ်သော ဗလရဲထင် သည်လည်း ၀င်ရောက်
အရွေးခံပါသည်။ဗလရဲထင် မှာလည်း သာမာန်လူမဟုတ်။