Sunday, March 31, 2019

ကမ္ဘာ့အကျော်ကြားဆုံး ရုပ်တုကြီးများ

     ကမ္ဘာတစ်လွှား ထင်ရှား ကျော်ကြားဆုံး ရုပ်တုများအကြောင်းကို တင်ပြပေးပါမယ်။ နိုင်ငံတိုင်းမှာ အထင်ကရ ရုပ်တုကြီးများ တည်ရှိနေတတ်ပါတယ်။ ခေတ်အဆက်ဆက် ၊ သမိုင်းအဆက်ဆက် ၊ အကြောင်းအရာမျိုးစုံနှင့် ထုလုပ်ခဲ့သော အရုပ်ကြီးများသည် ယခုအခါတွင် သမိုင်းရဲ့တန်ဖိုး ၊ အနုပညာနှင့် ဗိသုကာပညာပိုင်း မြင့်မားမှုကို ပြသနေကြပါတယ်။
     ထိုရုပ်တုကြီးများဟာ လူသားသမိုင်း နှင့် ယဉ်ကျေးမှု အဆင့်အတန်းအတွက် အလွန်ပင်အရေးပါနေပါတယ်။ နောက်လူတို့ လိုက်လုပ်ဖို့ပင် မလွယ်လောက်သော ဗိသုကာပညာရပ်များကိုလည်း တွေ့မြင်ရမည် ဖြစ်ပါတယ်။

(၁) Statue of Liberty, New York, United States

     အမေရိကန်နိုင်ငံမှ လေဘာတီရုပ်တုကြီးသည် ကမ္ဘာကျော် အရုပ်ကြီးဖြစ်ယုံသာမက လွတ်လပ်ခြင်းအတွက် အထိမ်းအမှတ်အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ ပြင်သစ်နိုင်ငံမှ အမေရိကန်နိုင်ငံ လွတ်လပ်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ လက်ဆောင်ပေးထားခြင်းပါ။
     ၁၈၈၆ ခု အောက်တိုဘာလ ၂၈ ရက်နေ့တွင် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အမေရိကန်နှင့် လေဘာတီရုပ်တုကြီး တွဲလျက်မြင်ရအောင်အထိ ကျော်ကြားလှပါတယ်။ ရုပ်တုကြီးရဲ့ အစိတ်အပိုင်း အသီးသီးတွင် အဓိပ္ပါယ်များစွာ ပါဝင်နေပါတယ်။ လေဘာတီရုပ်တုကြီးအကြောင်း နေခရမ်း Page တွင် သီးခြားတင်ပေးဖူးပါတယ်။

(၂) Christ the Redeemer, Rio de Janeiro, Brazil

     ဘရာဇီးနိုင်ငံ ၊ ရီယိုဒီဂျနီယိုမြို့သို့ရောက်ရှိသည်နှင့် အထက်ကို မော့ကြည့်ပါက ရက်ဒီမာ ခရစ်တော် ရုပ်တုကြီး အပေါ်မှ မိုးကြည့်နေတာကို တွေ့မြင်ရမှာပါ။ ထို ရက်ဒီမာ ခရစ်တော် ရုပ်တုကြီးဟာ ကမ္ဘာ့အမြင့်ဆုံး ခရစ်တော်ရုပ်တုကြီးများတွင် တစ်ခုအပါအ၀င် ဖြစ်ပါတယ်။
     ရုပ်တုကြီးသည် ၃၀ မီတာ (၉၈ ပေ) မြင့်ပြီး အောက်ခံခုံမှာ ၈ မီတာ (၂၆ ပေ) မြင့်ပါတယ်။ အကျယ်အားဖြင့် ၂၈ မီတာ (၉၂ ပေ) ကျယ်ပါတယ်။ ၁၉၂၆ မှ ၁၉၃၁ ခုနှစ်အတွင်း တည်ဆောက်ခဲ့ပါတယ်။
Related Posts Plugin for WordPress, Blogger...