Sunday, November 29, 2015

ကမ္ဘာ့ အကျဉ်းဆုံး လမ်း...

http://i.imgsafe.org/ce63f5a.jpg
ဂရင်းနစ်မှတ်တမ်းဝင်ထားတဲ့ကမ္ဘာ့ အကျဉ်းဆုံးလမ်း ဟာ ဂျာမနီနိုင်ငံ Reutlingen မှာ တည်ရှိပါတယ်။
၁၈ ရာစု ကတည်ရှိခဲ့တယ် ဆိုတဲ့
ဒီလမ်းလေးဟာအကျဉ်းဆုံးနေရာ အိမ်တစ်အိမ် နဲ့ တစ်အိမ် ကြား 

လမ်းအကျယ် ဟာ 31 cm (၁ ပေ)သာရှိပါတယ်...
အကျယ်ဆုံးနေရာကတော့ 50 cm ( ၁၉.၇ လက်မ ) ရှိပါတယ်။
လမ်းအမည်ကတော့
Spreuerhofstraße လို့ခေါ်ကြပါတယ်။
http://i.imgsafe.org/d13c2fe.jpg 

Toilet Paper အဆန်းများ

အဆန်းတပြား toilet paper အလန်းလေးတွေတင်ပေးလိုက်မယ်နော်...

Sudoku Toilet Paper 

http://i.imgsafe.org/9a2abd1.png
အဆင်ပြေပါတယ်။ဥာဏ်စမ်းဖြေရင်း....--------အဟီး

Black Toilet Paper

http://i.imgsafe.org/90da4d8.png
အဲ...အကုန်လုံးမဲသဲကုန်မှ...

Saturday, November 28, 2015

ကင်မရာလူသား (Human Camera)

http://i.imgsafe.org/640f8ec.jpg
ကင်မရာလူသား (Human Camera) ဟု အမည်ကျော်ကြားသော
ဗြိတိန် နိုင်ငံမှ Stephen Wiltshire အကြောင်းတင်ပြပေးချင်ပါသည်။

သူဟာ မှတ်ဥာဏ် အလွန်ကောင်းပြီး သူတွေ့ဘူးသော အကြောင်းအရာပုံရိပ်များကို
ခဲခြစ်ပန်းချီအဖြစ် အလွတ်ပြန်လည်ပုံဖော်နိုင်စွမ်းရှိသူဖြစ်ပါသည်။
ပြန်လည်၍ အလွတ်ရေးဆွဲပြီးချိန်တွင်လည်း အကွာအဝေါ်စကေးများတိကျမှန်ကန်မှု
ရှိပါသည်။ သူ့ကို ရေးဆွဲခိုင်းသည့် ပုံများသည် အလွယ်တကူရေးဆွဲနိုင်သော
ပုံများမဟုတ်ပဲ ရှုပ်ထွေးလှသော အရာဝတ္ထုမျိုးစုံပါဝင်သော မှတ်မိရန်ခက်ခဲသော
ပုံများကိုသာ ရေးဆွဲခိုင်းခြင်းဖြစ်ပါသည်။
http://i.imgsafe.org/6110e9c.jpg

Thursday, November 26, 2015

လမ်းမအလယ်မှ အသက်ဝင်သောပန်းချီများ...

တကယ်ကိုအသက်ဝင်နေတဲ့ ပန်းချီ များပါဗျာ..


ပျောက်ဆုံးသွားသောမြို့ ကြီးများ...

ပျောက်ဆုံးနေသောမြို့ ကြီးများသည်ဒဏ္ဍာရီ မဟုတ်ပါ။ ရှေးတုံးကအလွန်စည်ကားခဲ့သောမြို့ များဖြစ်သည်။ထိုစိတ်ဝင်စားဖွယ်ကောင်း
သောမြို့ များ၏ပုံများကိုတင်ပြပေးပါမည်။

(၁)ဒီမြို့ ကတော့...Petra ,ဂျော်ဒန်နိုင်ငံမှာရှိပါတယ်...
http://i.imgsafe.org/f2e05ba.jpg
နှစ် ၂၀၀၀အထက်ဟုခန်မှန်းကြတယ်...
http://i.imgsafe.org/f48dbec.jpg 

အမှတ်တမဲ့ အလွဲများ ( ၄၃ )

သူငယ်ချင်းတို့ ကြည့်ရှု့ရင်းစိတ်အပန်းပြေစေဖို့ အပိုင်း ၄၃ ကို တင်ပေးလိုက်ပါပြီ။
အားပေးကြပါအုံးနော်........

ကဲ သေသေချာချာ လိုက်သင်ကြနော်။ 
ဆရာမက အရမ်းစိတ်ရှည်တယ်...
http://i.imgsafe.org/6380975.jpeg

ကဲမအေးမှာမပူနဲ့။မပိုင်ဘူးလား...
http://i.imgsafe.org/5fb843e.jpeg

Saturday, November 21, 2015

မြန်မာပြည် မှ အလွဲများ (၃)

အပိုင်း(၃)ကို ဆက်ပြီးတင်ပေးလိုက်ပါသည်။ Facebook တွင်တင်သော
မူရင်းတင်သူများကိုလည်း ကျေးဇူးတင်ပါသည်။
ဆက်ကြည့်လိုက်ကြပါအုံးဗျာ..........

ရေတော်ပီကယ်...
http://i.imgsafe.org/65a9bd5.jpeg

ကဲ..လိုက်ကြအုံးမလား။ စင်္ကာပူရောက်မယ်။
မလေးရှားရောက်မယ်။ သြော်ဇီရောက်မယ်နော်...
http://i.imgsafe.org/63a6f49.jpeg

Thursday, November 19, 2015

မြန်မာပြည်မှ အလွဲများ (၂)

Facebook မှာတွေ့သမျှထဲကစုဆောင်းထားတဲ့  နောက်ထပ်ပုံလေးတွေထပ်တင်ပေးလိုက်ပါတယ်။
အားပေးကြပါအုံးဗျာ....

လက်မှုလယ်ယာ မှ စက်မှုလယ်ယာသို့
http://i.imgsafe.org/6aa794c.jpeg

ဟို... အကိုကြီး အဲ.. အမကြီး 
ဘာကြီးမှန်းတိဘူးဗျာ....သေသေချာချာကြည့်
http://i.imgsafe.org/6864206.jpeg

လေဟုန်စီးကာ ပျံသန်းနိုင်သော ငါးပျံ

http://i.imgsafe.org/8bc87c8.jpg
ပင်လယ် သမုဒ္ဒရာများတွင် ကျက်စားလေ့ရှိသော ထူးဆန်းသော ငါးတစ်မျိုးမှာ
ငါး တစ်မျိုးမှာ ငါးပျံဟုခေါ်ကြသော Flying Fish ငါးမျိုးများဖြစ်ကြပါသည်။
ထိုငါးပျံငါးမျိုးများသည် အမည်နှင့်လိုက်ဖတ်စွာပင် ကိုယ်ထည်ပေါ်၌ ငှက်ကဲ့သို့
အတောင်ပံများ ပါပါသည်။ ထိုငါးပျံငါးများသည် Exocoetidae ငါးမျိုးရင်းတွင်
ပါဝင်ပါသည်။
http://i.imgsafe.org/89c8e78.jpg

Monday, November 16, 2015

မိခင်ဖြစ်သူရဲ့ စိတ်ကိုဖတ်ပြပြီး အံ့ဖွယ်အရည်အချင်းပြခဲ့တဲ့ အသက်ငါးနှစ်အရွယ် တယ်လီပသီကလေးငယ်


http://i.imgsafe.org/1850680.jpg

တယ်လီပသီခေါ် စိတ်ချင်းဆက်သွယ်နိုင်တဲ့စွမ်းရည်ရှိသူ ကလေးငယ်တစ်ယောက်ဟာ သူ့ ရဲ့ စိတ်ဖတ်နိုင်တဲ့စွမ်းရည်ကိုပြသပြီးနောက်မှာ သိပ္ပံပညာရှင်တွေက အဆိုပါကလေးငယ်ကို စမ်းသပ်လေ့လာလျက်ရှိပါတယ်။

အသက်ငါးနှစ်အရွယ် Ramses Sanguino ဟာ အမေဖြစ်သူ Nyx ဘယ်ကျပန်းဂဏန်းနံပါတ်တွေကို ကြည့်ပြီး မှတ်ထားလဲဆိုတာကို လုံးဝမလွဲဘဲမှန်ကန်စွာ ပြောနိုင်တယ်လို့ ဆိုပါတယ်။ အခုအခါမှာ ကလေးငယ်ဟာ ဘာသာစကား ခုနှစ်မျိုးကို လေ့လာသင်ယူနေပြီး ရှုပ်ထွေးတဲ့သချာင်္ပြဿနာပုစ္ဆာတွေကိုလည်း ဖြေရှင်းပြနိုင်ပါတယ်။

ကမ္ဘာမြေအောက်မှ ရေတံခွန်များ

ယခုတင်ပြပေးချင်တာက ကမ္ဘာမြေကြီး၏ အောက်မှာ ရှိတဲ့ လှပလှတဲ့
ရေတံခွန်တွေ အကြောင်းပဲဖြစ်ပါသည်။ Underground Waterfalls လို့ခေါ်တွင်
ကြတဲ့ ဒီရေတံခွန်တွေဟာ တကယ်တော့ မြေအောက်လှိုဏ်ဂူတွေထဲမှာ
တည်ရှိကြတာဖြစ်ပါသည်။ ကမ္ဘာမြေအောက် ကျောက်လွှာတစ်ခုမှတစ်ခုကြား
တည်ရှိနေတဲ့ သဘာဝစမ်းချောင်းများ စီးဆင်းရာမှ ဖြစ်ပေါ်လာကြတာဖြစ်ပြီး
တစ်ချို့ကတော့ အပြင်မှ မြစ်ချောင်းများမှ လှိုဏ်ဂူအတွင်း စီးဝင်ရင်း ဖြစ်ပေါ်လာကြခြင်းပါ။
နေခရမ်းဆိုဒ်၏ထုံးစံအတိုင်း ထူးခြားလှပသော မြေအောက်ရေတံခွန် ၁၀ ခုကို
စုစည်းတင်ပြပေးပါ့မည်။ အားပေးကြပါအုံးနော်…
၁ ။ Waiahuakua Sea Cave, Hawaii, USA
http://i.imgsafe.org/00a9ee4.jpg
Waiahuaku ဟု သိကြတဲ့ ဒီရေတံခွန်ဟာ အမေရိကန်ပြည်ထောင်စု ၊ ဟာဝိုင်အီ ကျွန်းမှာ
တည်ရှိပါတယ်။ ဒီရေတံခွန်တည်ရှိရာ လှိုဏ်ဂူဟာ ကမ္ဘာဒုတိယအရှည်ဆုံး ပင်လယ်
လှိုဏ်ဂူ ဖြစ်ပါတယ်။ တံခါးနှစ်ပေါက် လှိုဏ်ဂူဟုလည်းခေါ်ကြပါတယ်။လှိုဏ်ဂူဟာ
၁၁၅၅ ပေ ရှည်ပါတယ်။
http://i.imgsafe.org/fbce5a9.jpg

Thursday, November 12, 2015

မြန်မာပြည် မှ အလွဲများ (၁)

အခုတင်ပေးတဲ့ ပုံတွေက FaceBook ပေါ်မှာတွေ့ရတဲ့ ပုံတွေကို စုစည်းပြီး
ပြန်လည် တင်ပေးခြင်းပါ။မူရင်းတင်ထားသူများကို ကျေးဇူးအထူးတင်ပါသည်။
ဆက်လက်ကြည့်လိုက်ကြပါအုံးဗျာ.....
Toilet က စတုဒိသာ မဏ္ဍပ်လားဟင်....
http://i.imgsafe.org/1040fd2.jpg
ဟီးးး ထောက်ထားလိုက်ပုံများ ၀င်သွားရင် ဒုက္ခ
http://i.imgsafe.org/077afb3.jpg
Related Posts Plugin for WordPress, Blogger...