
ပင်လယ် သမုဒ္ဒရာများတွင် ကျက်စားလေ့ရှိသော ထူးဆန်းသော ငါးတစ်မျိုးမှာ
ငါး တစ်မျိုးမှာ ငါးပျံဟုခေါ်ကြသော Flying Fish ငါးမျိုးများဖြစ်ကြပါသည်။
ထိုငါးပျံငါးမျိုးများသည် အမည်နှင့်လိုက်ဖတ်စွာပင် ကိုယ်ထည်ပေါ်၌ ငှက်ကဲ့သို့
အတောင်ပံများ ပါပါသည်။ ထိုငါးပျံငါးများသည် Exocoetidae ငါးမျိုးရင်းတွင်
ပါဝင်ပါသည်။

ငါးပျံ ၏ ရင်ဆူးတောင်သည် အလွန်ကြီး၍ အမြီးဘက် ဆူးတောင်၏ အောက်ခွ
မှာ ရှည်နေပါသည်။ငါးပျံများသည် ပျံလိုပါက အမြီးဆူးတောင်ဖြင့် ရေကို
ပြင်းထန်စွာရိုက်ခတ်၍ အပေါ်သို့ခုန်တတ်ပြီးလျှင် ရင်ဆူးတောင်များကို
ငှက်တောင်ပံကဲ့သို့ ဖြန့်ကားပြီး လေဟုန်စီးကာ အဝေးသို့ပျံသန်းကြခြင်း
ဖြစ်ပါသည်။ငါးမန်း ၊ လင်းပိုင်နှင့် အခြားအန္တရာယ်တစ်စုံတရာ ကျရောက်ပါက
ထိုနည်းနှင့် ပျံသန်းလွတ်မြောက်တတ်ပါသည်။



ငါးပျံငါးမျိုးပေါင်း များစွာရှိပြီး အဝေးဆုံး ၂၀၀ မီတာ နှင့် အထက် အထိ လေဟုန်စီး
ပျံသန်းနိုင်ကြောင်း မှတ်တမ်းတင်ထားကြပါသည်။သူတို့၏အတောင်ပံဟာ
ကြီးမားပြီး လေ၏ဦးတည်ရာကို တွက်ချက်တတ်တဲ့အတွက် လေပေါ်မှာ ကြာမြင့်
စွာ လေဟုန်စီးနိုင်ကြခြင်းဖြစ်ပါသည်။ငါးပျံငါးမျိုးများ၏ သဘာဝကပေးထားသော
စွမ်းအင်ကြောင့် ရေထဲနှင့် လေပေါ်တွင် လျှင်မြန်စွာ ပျံသန်းကူးခတ်နိုင်ကြပြီး
တစ်နာရီလျှင် ၄၃ မိုင်နှုန်းအထိ ရှိပါသည်။
ငါးပျံငါးမျိုးပေါင်း ၅၀ ခန့်ရှိပြီး နွေးသောပင်လယ်များတွင် နေထိုင်တတ်ကြပါသည်။
အစုအဖွဲ့နှင့် နေထိုင်တတ်ကြပါသည်။ ပင်လယ်ပြင်တွင်သာ အများဆုံးတွေ့ရတတ်
ပေမယ့် ရေချိုငါးပျံငါးမျိုးများလည်းရှိကြပါသည်။
အာဖရိကတိုက် မှ ပင်တိုဒန်ခေါ် ရေချိုငါးပျံမျိုးသည် တောင်အမေရိကမြစ်များရှိ
ဂက်စတရိုပီလီးကပ် ခေါ်ငါးပျံမျိုးလောက်မပျံနိုင်ပါ။ထိုငါးပျံ၏ ၀မ်းပိုက်သည်
သဘောင်္ဝမ်းကဲ့သို့သဏ္ဍာန်တူပြီး ပျံလိုသောအခါ ရင်ဆူးတောင်များဖြင့်
ရေကိုရိုက်ခတ်ကာ အပေါ်သို့တတ်ပါသည်။
ကာလီဖိုးနီးယားပြည် တောင်ပိုင်း၌ တွေ့ရသော ငါးပျံတစ်မျိုးသည် ၁၈ လက်မ
ခန့်ပင် ရှည်၍ ကြီးသောရင်ဆူးတောင် ၀မ်းဆူးတောင်များဖြင့် ပို၍ ဝေးလံစွာ
ပျံသန်းနိုင်ကြောင်း တွေ့ရပါသည်။
ကမ္ဘာ့နေရာဒေသ တော်တော်များများတွင်တွေ့ရတတ်ပြီး အာရှတွင်လည်း
များစွာတွေ့ရတတ်ပါသည်။ ဂျပန်၊တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နန်တို့တွင်လည်း
တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံတွင် ဆူရှီလုပ်ပြီးစားသုံးကြသလို အခြားအာရှနိုင်ငံ
တော်တော်များများမှာလည်း ဖမ်းယူစားသုံးတတ်ကြပါသည်။

မြန်မာနိုင်ငံတွင်လည်း မြိတ်၊ ထားဝယ်ဒေသများတွင် ငါးပျံငါးမျိုးများရှိကြောင်း
သိရပါသည်။

လွန်ခဲ့သော နှစ်သန်းပေါင်း ၂၄၀ ခန့်က ငါးပျံတစ်ကောင်၏ ကမ္ဘာ့သက်တမ်းအရင့်
ဆုံး ရုပ်ကြွင်းကို တရုတ်နိုင်ငံရှိ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များက
ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းတစ်ခု ဖတ်ရဖူးပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................... နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။