
အမြင့်ရောက်လျှင် လေပိုတိုက်သည့် သဘောတရားကို အခြေခံထား၍ စတော့ဟုမ်းရှိ ဖိုင်ဘာမျှင် မိုးမျှော်တိုက်တွင် လေထဲ မျောလွင့်နေသော ဖိုင်ဘာမျှင်များကို တွေ့ရမည် ဖြစ်သည်။ လေတိုက်သည့် အလျောက် လှုပ်ယမ်းနေသည့် အဆိုပါ ဖိုင်ဘာမျှင်များ၏ တုန်ခါမှုမှ တစ်ဆင့် လျှပ်စစ်စွမ်းရည်ကို ရယူနိုင်ရန် စတော့ဟုမ်းရှိ သိပ္ပံပညာရှင်များက ကြံဆခဲ့ကြခြင်းပင် ဖြစ်သည်။ ယင်းမိုးမျှော်တိုက်တွင် တပ်ဆင်ထားသော ကာဗွန်မျှင်များကို လေပြည်လေညင်း တိုက်ခတ်ရုံမျှပင် လေထဲ လွင့်မျောနိုင်ရန် စီစဉ်ထားသည်။