
ဆော့တ်လိတ်စီးတီး ၊ ၂၃-၁၀-၂၀၁၅
ဒိုင်နိုဆောများ ရှင်သန် ပေါက်ဖွားရာ ခေတ် ကာလတွင် နေထိုင်ခဲ့သည့် ထူးခြားသော ဝက်နှာခေါင်းနှင့် လိပ် အမျိုးအစားကို ယူတားပြည်နယ် တွင် တွေ့ရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါလိပ်၏ ကျောက်ဖြစ် ရုပ်ကြွင်းကို ယူတားသဘာဝ သမိုင်းပြတိုက် မှအဖွဲ့တစ်ဖွဲ့က ပြည်နယ် တောင်ပိုင်းရှိ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် နေရာ၌ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါလိပ် အမျိုးအစားသည် ထူးခြား ဆန်းကြယ်သော လိပ်မျိုးဖြစ်ကြောင်း တက္ကဆက် တက္ကသိုလ်မှ ဂျိုဟွာလစ်ဗ်လီ က ပြောကြား ထားသည်။ နှစ်ပေ အရှည်ရှိသည့် အဆိုပါ လိပ်အမျိုးအစား သည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၆ သန်းခန့်က ယူတားပြည်နယ် တောင်ပိုင်း၏ စိုစွတ်ပြီး ပူနွေးသော ရာသီဥတုနှင့် မြစ်ချောင်းများ ပေါများမှုကြောင့် ယင်းဒေသတွင် နေထိုင်ခဲ့ခြင်း ဖြစ်ဖွယ်ရှိကြောင်း၊ ဝက်နှာခေါင်း ကဲ့သို့ နှာခေါင်းပေါက် နှစ်ပေါက်ပါသည့် အတွက် တွေ့နေကျ လိပ်များထက် တစ်မူထူးခြား နေခြင်းဖြစ်ကြောင်း သုတေသန ပညာရှင်များက ပြောကြားထားသည်။
Credit: pyichitthar.com