(၃၁.၈.၂၀၁၇) မုံရွာ
ကမ္ဘာ့အကြီးဆုံး သက်ရှိကျွန်းပင်ကြီးကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နံ့သာ အုပ်စု၊ တုံစကားရွာအနီး ဥရုကြိုးဝိုင်းရှိ အကွက်အမှတ်(၇၉)တွင် တွေ့ရှိကြောင်း သတင်းရရှိ ပါသည်။
အဆိုပါ ကမ္ဘာ့အကြီးဆုံး သက်ရှိကျွန်းပင်ကြီး၏ ရင်စို့လုံးပတ်မှာ (၂၇)ပေ (၅)လက္မရှိပြီး အမြင့်ပေ(၁၁၀)ခန့်ရှိကြောင်း သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်၏လမ်းညွှန်ချက်အရ စစ်ကိုင်းတိုင်းသစ် တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း ဦးဆောင်သောအဖွဲ့သည် (၂၈.၈.၂၀၁၇) ရက်နေ့တွင် ဥရုကြိုးဝိုင်းရှိ ဟွေမိုင်အက်တောင်ကြောပေါ်တွင် ဟုမ္မလင်း-၂ ကျွန်းပင်ကြီး (၂၇)ပေ ကို စတင်တွေ့ရှိမှတ်တမ်းတင်ခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံး သက်ရှိကျွန်းပင်ကြီးဟု မှတ်တမ်းတင် ရမည့် "ဟုမ္မလင်း-၁"ကျွန်းပင်ကြီးကို နံနက်(၁၁)နာရီ(၄၀)မိနစ်တွင် တွေ့ရှိတိုင်းတာ မှတ်တမ်း တင်နိုင်ခဲ့ကြောင်း သိရပါသည်။
ကမ္ဘာအကြီးဆုံး သက်ရှိကျွန်းပင်ကြီး ရှာဖွေဖော်ထုတ်ရေးအဖွဲ့ကို ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင် မှ အောက်ပါအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်းကို အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဝင်း က ပြောပြခဲ့ပါသည်။
(၁) ဦးခင်မောင်ဝင်း (သစ်တောညွှန်မှူး) အဖွဲ့ခေါင်းဆောင်
(၂) ဦးသန်းဌေး (သီးသန့်တာဝန်ပေးအပ်သူ) အဖွဲ့ဝင်
(၃) ဦးဇင်မောင် (သီးသန့်တာဝန်ပေးအပ်သူ) အဖွဲ့ဝင်
(၄) ဦးအေးချမ်းဖြိုး (သစ်တောဦးစီးမှူး) အဖွဲ့ဝင်
တို့ဖြစ်ကြောင်းသိရပါသည်။
အဆိုပါ ကျွန်းပင်ကြီးကို ရှာဖွေတွေ့ရှိပြီး သတင်းပေးပို့သူမှာ ဒေသခံ ဦးတင်ရွှေ ဖြစ်ပြီး ကျွန်းပင်ကြီးကို တိုင်းတာမှတ်တမ်းတင်ရန် ခရီးစဉ်မှာ ရက်သတ္တပတ်(၁)ပတ်ကြာမြင့်ခဲ့ကြောင်း ကိုလည်း တိုင်းသစ်တောညွှန်မှူး ဦးခင်မောင်ဝင်းက ရှင်းပြပါသည်။
လက်ရှိ မှတ်တမ်းတင်ထားသော ကျွန်းပင်များ၏ နှိုင်းယှဉ်ချက်မှာ-
(၁) ဟုမ္မလင်း-၁ ၂၇' ၅"
(၂) ဟုမ္မလင်း-၂ ၂၇'
(၃) ဗန်းမောက် ၂၆' ၈"
(၄) ပြင်ဦးလွင် ၂၅' ၂"
(၅) အိန္ဒိယ-၁ ၂၅' ၁"
(၆) ကောလင်း ၂၃' ၁၀"
(၇) အိန္ဒိယ-၂ ၂၃' ၇"
စသည်တို့ဖြစ်ကြောင်း သစ်တောဆိုင်ရာသတင်းအချက်အလက်အရ သိရပါသည်။
ကျွန်းသစ်၏ဇာတိဖြစ်သော မြန်မာ့မြေပေါ်တွင် ယခုကဲ့သို့ ကမ္ဘာ့အကြီးဆုံးကျွန်းပင်ကြီး တွေ့ရှိမှုသည် ကျွန်ုပ်တို့ မြန်မာနိုင်ငံနှင့် နိုင်ငံသားများအတွက် အထူးဂုဏ်ယူဖွယ်ရာ ဖြစ်ပါတော့ သည်။
sagaing regional lnformation page မှတဆင့်
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။