အစ်ဂလူဒေါ့ရွာခုနစ်ရွာကို ကမ္ဘာ့အစည်ကားဆုံး စကိတ်စီးအပန်းဖြေစခန်းအထက်၌
တည်ထားသည်။ ၎င်းတို့သည် ရေခဲသက်သက်ဖြင့် တည်ဆောက်ထားသော ဟိုတယ်များဖြစ်ကြကာ
တစ်ညတည်းခိုခအဖြစ် အမေရိကန်ဒေါ်လာ ၉၉ နှင့် ၂၉၉အကြား ပေးရသည်။
အဆိုပါဟိုတယ်များ၌ စားသောက်ဆိုင်များ၊ အရက်ဘားများ ရှိသည့်အပြင်
ရေနွေးဘုံပိုင်များနှင့် ရေနွေးကန်များလည်း စီစဉ်ပေးထားကြောင်း သိရသည်။
၎င်းတို့သည် ကမ္ဘာ့အစည်ကားဆုံး စကိတ်စီး အပန်းဖြေစခန်းများ ဖြစ်သော
စိန့်မောရဇ်နှင့် ဒါဘိုကလော်စတာတို့ အထက်၌ရှိသည်။ အင်ဒိုရာ၊ ဆွစ်ဇာလန်နှင့်
သြစတြီးယား နိုင်ငံများတွင် နှစ်စဉ် ဆောင်းတွင်း၌ ယင်းရေခဲဟိုတယ်များ
တည်ဆောက်လေ့ရှိကြောင်း သိရသည်။ref: ပြည်မြန်မာ








လွန်ခဲ့သော နှစ်ပေါင်း၁၅၀၀၀ခန့်က မွန်ဂိုလီးယားနှင့်
ဆိုက်ဘေးရီးယားဒေသများအကြား ကျရောက်ခဲ့သော ဥက္ကာခဲကြီးကို
လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ခန့်က ပန်းပုပညာရှင်များက တွေ့ရှိခဲ့ကြသည်။
၎င်းတို့က အဆိုပါဥက္ကာခဲကြီးအား နတ်ဘုရားရုပ်တုကြီးအဖြစ်
ပူဇော်သွန်းလုပ်ခဲ့ကြသည်။ သို့လင့်ကစား ယင်းရုပ်တုကြီးမှာ
အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း၁၀၀၀ခန့်
တိမ်မြုပ်ပျောက်ကွယ်သွားသည်။ ၁၀ကီလိုဂရမ် (၂၂ပေါင်)ခန့် အလေးချိန်ရှိသည့်
အဆိုပါရုပ်တုကြီးကို ဂျာမနီမှစတုဂတ်တက္ကသိုလ် သုတေသီများက
ပြန်လည်တွေ့ရှိခဲ့ကြပြီး ယခုအခါ အများပြည်သူကြည့်ရှုနိုင်ရန်
ယင်းရုပ်တုကြီးအား ပြသထားသည်။