Saturday, October 6, 2012

ကမ္ဘာ့အအေးဆုံး တောင်ထိပ်ဟိုတယ်

အစ်ဂလူဒေါ့ရွာခုနစ်ရွာကို ကမ္ဘာ့အစည်ကားဆုံး စကိတ်စီးအပန်းဖြေစခန်းအထက်၌ တည်ထားသည်။ ၎င်းတို့သည် ရေခဲသက်သက်ဖြင့် တည်ဆောက်ထားသော ဟိုတယ်များဖြစ်ကြကာ တစ်ညတည်းခိုခအဖြစ် အမေရိကန်ဒေါ်လာ ၉၉ နှင့် ၂၉၉အကြား ပေးရသည်။ အဆိုပါဟိုတယ်များ၌ စားသောက်ဆိုင်များ၊ အရက်ဘားများ ရှိသည့်အပြင် ရေနွေးဘုံပိုင်များနှင့် ရေနွေးကန်များလည်း စီစဉ်ပေးထားကြောင်း သိရသည်။ ၎င်းတို့သည် ကမ္ဘာ့အစည်ကားဆုံး စကိတ်စီး အပန်းဖြေစခန်းများ ဖြစ်သော စိန့်မောရဇ်နှင့် ဒါဘိုကလော်စတာတို့ အထက်၌ရှိသည်။ အင်ဒိုရာ၊ ဆွစ်ဇာလန်နှင့် သြစတြီးယား နိုင်ငံများတွင် နှစ်စဉ် ဆောင်းတွင်း၌ ယင်းရေခဲဟိုတယ်များ တည်ဆောက်လေ့ရှိကြောင်း သိရသည်။
  ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...