Friday, November 9, 2012

ဂြိုလ်သားနှင်.တူသောလူသား

[Image: adf9q4Y2.jpg] 
အလွန်ကို ရှားပါးပြီး အရမ်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါတစ်ခုကို ခံစားနေရသူကတော့ Leon Botha ပဲဖြစ် ပါတယ် ။ သူဟာ လွန်စွာ ထူးဆန်းတဲ့ ရောဂါဆန်းတစ်ခု ဖြစ်တဲ့ Progeria ဆိုတဲ့ ရောဂါကို ခံစား နေရပါတယ် ။ Progeria ဆိုတာကတော့ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ အသက်ကြီးတဲ့ လက္ခဏာကို ခံစာရတဲ့ ရောဂါ ဖြစ်ပါတယ် ။Gene တစ်ခုဟာ Mutant ဖြစ်ပြီး လူခန္ဓာကိုယ် တစ်ခုလုံးကို ပြောင်းလဲစေခြင်းပဲ ဖြစ်ပါတယ် ။

ကမ္ဘာ့ အသက်အကြီးဆုံး ကိုယ်ချင်းဆက် အမြွာ


ကမ္ဘာ့အသက်အကြီးဆုံး ကိုယ်ချင်းဆက်အမြွာ အဖြစ် အမေရိကန်နိုင်ငံမှ Roonnie နဲ့ Donnie Galyon တို့ကို ၂၀၀၉ခုနှစ်က ဂင်းနစ်စံချိန်တင်ခဲ့ပြီး ယနေ့တိုင် မှတ်တမ်း ဝင်နေဆဲ ဖြစ်ပါတယ်။ 
၁၉၅၁ ခုနှစ် အောက်တိုဘာလ ၂
၈ ရက်နေ့မှာ မွေးဖွားပြီး ယနေ့ဆိုရင် အသက် ၆၁ နှစ်ကျော်သွားပြီ ဖြစ်ပါတယ်။ မိခင် ဖြစ်သူ Maureen Galyon က သားနှစ်ယောက်မွေးမယ်လို့ ထင်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာပါဘူး။ ရင်ချင်းဆက် အမြွာဖြစ်နေပြီး အဝေးက ရုတ်တရက်ကြည့်လိုက် ရင် ခေါင်းနှစ်လုံးနဲ့ သတ္တဝါပမာ ကြောက်စရာ ကောင်းပါတယ်။

ကျောင်းနေခွင့် မရခဲ့ပါဘူး။ ကျောင်းတက်ရင် အခြားကလေးငယ် များ ကြောက်လှန့်လို့ ဖြစ်ပါတယ်။ မိသားစုကလည်း ဆင်းရဲ ပါတယ်။ ဒါကြောင့် ယင်း Roonie နဲ့ Donnie နှစ်ဦးကို လမ်းမပေါ်တွေ မှာ Reality Show လို ပြသပြီး ဝင်ငွေရှာခဲ့ပါတယ်။ တောင်အမေရိက တိုက် တစ်ခုလုံးပတ်ပြီး ယခုလို ထူးထူးခြားခြား အမြွာနှစ်ဦးက ကမ္ဘာက သိသွားအောင် လုပ်ပါတယ်။ နောက်တော့ မိသားစု ဝင်ငွေ ကောင်းလာပြီး ယခုတော့ Ohio ပြည်နယ် မိသားစုနဲ့ အတူနေထိုင်နေပြီ ဖြစ်ပါတယ်။ ယနေ့ချိန်ထိလည်း သူ့တို့ရဲ့ အလုပ်အကိုင်က ရုပ်သံလိုင်းတွေမှာ ပါဝင်သရုပ်ဆောင်တဲ့ Reality show personality များ ဖြစ်ပါတယ်။
သူတို့ရဲ့ အခက်အခဲ၊ နေထိုင်မှု ပြဿနာ အစရှိသဖြင့်တို့ကို ရုပ်သံလိုင်းတွေက ရိုက်ကူးဖော်ပြေပေးကြပြီး တစ်ကမ္ဘာလုံးရှိ ကိုယ်ချင်းဆက် တို့ရဲ့  သနားစရာ ဘဝကို သိမြင်စေခဲ့ပါတယ်။ သာမန် လူတွေနဲ့ တန်းတူ နေထိုင်နိုင်ပေမယ့် လက်ခံပေးနိုင်မှု ရှိလာဖို့ကျတော့ ကြိုးစားယူခဲ့ကြရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ Roonnie တို့ ကိုယ်ချင်းဆက် ညီအစ်ကိုရာ တစ်ကမ္ဘာလုံးရှိ ကိုယ်ချင်း၊ ရင်ချင်းဆက်ပြီး သာမန်လူလို မနေထိုင်နိုင်တဲ့ အမြွာများအားလုံး ရဲ့  လေးစားစရာ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။
--
Ref:douknow


ref: facebook(international news for myanmar)မှတစ်ဆင့်



ခဲတံ တစ်ချောင်းတည်းနှင့် ဆွဲထားသော အံ့မခန်း ပန်းချီကား


ခဲတံ တစ်ချောင်းတည်းနဲ့ ယခု မြင်နေရတဲ့ ကြောင်ပုံကို Paul Lung အမည်ရ ပန်းချီဆရာက ရေးဆွဲထားတာ ဖြစ်ပါတယ်။
သူဆွဲလိုက်တဲ့ ပန်းချီတိုင်းဟာ ဓာတ်ပုံနဲ့ ထင်ရောင်ထင် မှား ဖြစ်လောက်အောင် လက်စွမ်
းထက်သူ ဖြစ်ပါတယ်။ ယခု ကြောင်ပုံကိုလည်း တစ်ထိုင်တည်း ဆွဲထားတာ မဟုတ်ပါဘူး။ တစ်ရက်ကို နာရီအနည်းငယ်စီ အချိန်ကုန်ခံပြီး စုစုပေါင်း နာရီပေါင်း ၆၀ ကြာအောင် ဆွဲရတဲ့ ကြောင်ပုံ ဖြစ်ပါတယ်။ 


ဒီမှာ ပိုထူးခြားတဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အချိန်ကြာကြာယူပြီး ဆွဲထားတဲ့ ယခု ကြောင်ပုံမှာ ခဲဖျက်လုံးဝ မသုံးထားဘူးလို့ သိရပါတယ်။
---
Ref: maseworld


ref: facebook(international news for myanmar)မှတစ်ဆင့်

ဖားပျံ (Flying Frog)

















ဖားပျံ တကယ် ရှိပါတယ်။ Flying Frog များကို တွေ့ရဲ ခဲယဉ်းတဲ့အတွက် လူသိနည်းရခြင်း ဖြစ် ပါတယ်။ 
ဥရောပမှာဆိုရင် ဂရိနိုင်ငံ၊ အာဖရိကတိုက်တွင်း နိုင်ငံများ၊ အရှေ့ တောင်အာရှ နိုင်ငံများမှာ နေထိုင်ကျက်စားတယ်လို့ ဆိုပါတယ်။ လေပေါ်
ပျံနိုင်ဖို့အတွက် အုန်းလက်လို ပျံ့ ကားနေတဲ့ သူ့ရဲ့  ခြေထောက်လေးချာင်းကို အသုံးပြုပါတယ်။ ဖားမျိုးစိတ် ၃၄၀၀ ထဲမှာအထူးခြားဆုံး ဖားပဲ ဖြစ်ပါတယ်။
ဖားပျံဟာ ကမ္ဘာဦး သတ္တဝါစာရင်းထဲမှာလည်း ပါဝင်ပြီး ယနေ့ခေတ် သက်ရှိ တရစ္ဆာန် စာရင်းထဲမှာလည်း ပါဝင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


---
Ref:wiki
ref: facebook(international news for myanmar)မှတစ်ဆင့်

တစ်ကိုယ်တော် ကမ္ဘာပတ်ပြီး ရွက်လွှင့်ခဲ့သော ဆယ်ကျော်သက်လေး



တစ်နှစ်ကြာ ကမ္ဘာပတ်ရွက်လွှင့်ခဲ့သော အသက် ၁၆နှစ်အရွယ်ရှိ ဒတ်ခ်ျလူမျိုး ဆယ်ကျော်သက်လေး လော်ရာဒက်ကာသည် ဇန်နဝါရီလ ၂၁ ရက်တွင် အသက်အငယ်ဆုံး တစ်ကိုယ်တော် ကမ္ဘာပတ်ရွက်လွှင့်ခဲသူ အဖြစ်စံချိန်တင်ခဲ့သည်။သူမအိမ်ပြန်ခရီးစဉ်တွင် သူ့အဖေ၊ အမေ၊ မောင်နှမများနှင့် အဘိုး၊အဘွားများနှင့်အတူ သူ့ကိုအားပေးကြသော လူထုကြီးက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

ကမ္ဘာပေါ်တွင် အကောင် ၃၀ မကျန်တော့သော ရွှေကျား (ကမ္ဘာ့အရှားပါးဆုံး ကျား)


Golden Tiger (ရွှေရောင်အစင်းရှိသောကျား)/ စတော်ဘယ်ရီကျား လို့ လည်း ခေါ်ပါတယ်။ သုတေသန ပညာရှင်တို့ လေ့လာ ချက်အရ တစ်ကမ္ဘာလုံးမှာ အကောင် ၃၀ တောင် မကျန်ရှိတော့တဲ့ မျိုးစိတ် ဖြစ် တယ်လို့ ဆိုပါတယ်။ 
၁၉ရာစု၊ ၂၀ ရာစုတွေထဲက တဖြည်းဖြည်း ရှားပါးလာတဲ့ ကျားမျိုးများ ဖြစ် ပါတယ်။ ရွှေရောင်နဲ့ အဖြူရောင် အစင်းပါရှိပြီး အဓိကကတော့ DNA မှာ recessive Gene ကြောင့် အရောင်ပြောင်းနေရခြင်း ဖြစ်ပါတယ်။ သာမန်ကျား တစ်ကောင်အနေနဲ့ အနက် ရောင်အစင်းကြောင်းရှိသင့်ပေ မယ့် ရွှေကျားရဲ့ သွေးဟာ အနက် ရောင် မထွက်စေပဲ အဖြူရောင်ပဲ ထွက်စေပါတယ်။ ပင်ကိုယ် သွေးဆဲလ်ကိုက သာမန် ကျားများထက် ထူးခြားနေခြင်း ဖြစ်ပါတယ်။ 
နေရောင်အောက်မှာ ကြည့်ရှု ရွှေရောင် တောက်တောက်နဲ့ ရှိနေတတ်ပြီး အင်မတန် လှတဲ့ ကျားမျိုး ဖြစ်ပါတယ်။ ယခင်က ဟိမ၀န္တာတောမှာ နေထိုင် ကျက်စားပြီး မြန်မာပြည်မှာလည်း တွေ့ရတတ်ပါတယ်။ သို့ပေမယ့် ရွှေကျား အများစုကို အိန္ဒိယနိုင်ငံဘက်အခြမ်းမှာပဲ တွေ့ရှိတာ ဖြစ်ပါတယ်။ ရွှေရောင် အစင်းနဲ့ ကျားဟာ သာမန်ကျားတွေထက် ဥာဏ်ရည်ပိုထက်မြက် တယ်လို့ ဆိုပါတယ်။ သူ့ကို ၂၀ ရာစုအစောပိုင်းကတည်းက ကမ္ဘာ့ရှားပါး တိရစ္ဆာန် စာရင်းထဲထည့်ပြီး အမဲလိုက်ခြင်း မပြုလုပ်အောင် တားမြစ်ခဲ့ပါတယ်။
သို့ပေမယ့် ဆေးဖက်ဝင်တယ်ဆိုတဲ့ အယူအဆနဲ့ အမဲလိုက်မှုများကြောင့် အရှေ့ တောင်အာရှမှာ ရွှေကျားများကို အတွေ့နည်းလာပါတယ်။ ကမ္ဘာ့ အရှားပါးဆုံး ကျားမျိုးစိတ် ၁၂ မျိုးထက်တောင် ရှားပါးတယ်လို့ မှတ်တမ်း တင်ထားပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံကြီးများက အိန္ဒိယတို့လို နိုင်ငံမှ ၀ယ်ယူပြီး အမျိုးမျိုး သားဖောက်ဖို့ ကြိုးစားပါတယ်။ သို့ပေမယ့် Recessive gene ဗီဇရအောင် ဖန်တီးဖို့ခဲယဉ်းပါတယ်။
ဒါကြောင့် Golden Tiger (ရွှေကျား) ကို ကမ္ဘာ့အရှားပါးဆုံး ကျားလို့ အသိအမှတ် ပြုခဲ့ကြပါတယ်။
--
Ref: wiki

ref: facebook(international news for myanmar)မှတစ်ဆင့်


ခွေးတစ်ကောင်က လှိုင်းစီးရင်း ကမ္ဘာ့စံချိန်တင်ပြ


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အိုးရှန်းကမ်းခြေတွင် လူအများက အပန်းဖြေနေကြစဉ် အဘီဂဲလ်ဆိုသည့် ခွေးမလေးက ၃၅၁ပေ၈လက်မ (၁၀၇ဒသမ၂မီတာ) အထိ လှိုင်းစီးပြခဲ့သောကြောင့် လူအများက ရင်သပ်ရှုမောခဲ့ရသည်။ အဘီသည် ကယ်ဘီခွေးအမျိုးအစားဖြစ်၍ သြစတြေးလျမှ အမေရိကားသို့ ရောက်လာခြင်းဖြစ်သည်။ ယင်းခွေးအမျိုးအစားမှာ အမြင့်ခုန်ရာတွင် သူမတူအောင်ကျွမ်းကျင်ပြီး လူသားများစေခိုင်းသမျှကိုလည်း စိတ်တိုင်းကျ လုပ်ဆောင်နိုင်စွမ်းရှိသောကြောင့် ဆက်ကပ်များမှာ မကြာခဏ ပွဲထုတ်ခံရလေ့ရှိသည်။ အဘီ၏ သခင်ဖြစ်သူမိုက်ကယ်က တစ်နေ့မှာ လှိုင်းစီးရန် ကမ်းခြေသို့ထွက်လာသည်။ မိုက်ကယ်လှိုင်းစီးသည်ကို အတုခိုးလွယ်သည့် ခွေးမလေး အက်ဘီက မိုက်ကယ်အလစ်မှာ လှိုင်းစီးလေ့ကျင့်နေသည်။ ယင်းအချိန်မှစ၍ မိုက်ကယ်က ခွေးမလေးကို စနစ်တကျ လှိုင်းစီးတတ်စေရန် သင်ကြားပေးခဲ့၍ ယခုအခါ ယင်းခွေးမလေးမှာ ဂင်းနက်စ်ကမ္ဘာ့ မှတ်တမ်းတွင် စံချိန်တင်သွားပြီဖြစ်သည်။ 
Related Posts Plugin for WordPress, Blogger...