Friday, November 9, 2012

ဂြိုလ်သားနှင်.တူသောလူသား

[Image: adf9q4Y2.jpg] 
အလွန်ကို ရှားပါးပြီး အရမ်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါတစ်ခုကို ခံစားနေရသူကတော့ Leon Botha ပဲဖြစ် ပါတယ် ။ သူဟာ လွန်စွာ ထူးဆန်းတဲ့ ရောဂါဆန်းတစ်ခု ဖြစ်တဲ့ Progeria ဆိုတဲ့ ရောဂါကို ခံစား နေရပါတယ် ။ Progeria ဆိုတာကတော့ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ အသက်ကြီးတဲ့ လက္ခဏာကို ခံစာရတဲ့ ရောဂါ ဖြစ်ပါတယ် ။Gene တစ်ခုဟာ Mutant ဖြစ်ပြီး လူခန္ဓာကိုယ် တစ်ခုလုံးကို ပြောင်းလဲစေခြင်းပဲ ဖြစ်ပါတယ် ။


[Image: adquJqnq.jpg]

 [Image: abztaN6Y.jpg]

 [Image: acvK1Doe.jpg]

 [Image: abeJclzM.jpg]

 [Image: ackGmwC7.jpg]

 [Image: absuXDXk.jpg]

 [Image: adqMUcqy.jpg] 
 Mutant ဆိုတာ ကတော့ gene တွေ ပုံ သဏ္ဍာန်ပြောင်းလဲခြင်းလို့ အလွယ်တကူမှတ်ယူ နိုင်ပါတယ် ။ Progeria ရောဂါနဲ့ မွေးဖွား လာသူဟာ နှစ်ပေါင်း ၃၀ လောက်တော့ အသက်ရှင်လျှက်နေထိုင် နိုင်ပါတယ် ။ အချို့ ကတော့ ဆယ်ကျော် သက် အသက်နှစ်ဆယ်လောက်ထိပဲ အသက်ရှင်ဖို့ အခွင့်အလမ်းရှိပြီး လွန်စွာ ရှားပါးသော တစ်ယောက် တစ်လေ မှသာလျှင် အသက် ၄၀ လောက်ထိကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ် ။ဒီရောဂါ ဖြစ်စဉ်ဟာ အလွန်ဖြစ်ပွားမှု နည်းပါးပြီး 8 million အရှင်မွေးတွေမှာမှ ၁ ယောက်သာလျှင် ဖြစ်နိုင်ပါတယ် ။ ဒီ Leon Botha ဆိုတဲ့ လူကတော့ Progeria ရောဂါခံစားနေရပြီး အသက် ၂၄ ရှိပြီဖြစ်ပါတယ် ။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ သူဘယ်လောက်ထိ ဆက်လက် အသက်ရှင်နိုင်မလဲဆိုတာ မသိနိုင်ပါဘူး ။ ဒါပေ မယ့် သူကတော့ တကယ့်ကို ဂြိုလ်သားပုံသဏ္ဍာန်နဲ့ ဆင်တူလှပါတယ် ။ဒီရောဂါအကြောင်းကို အခြေခံပြီးတော့ Mr.Amitabh က bollywood movie PAA မှာ AURO ကို ဖန်တီး ခဲ့ပါတယ် ။ကဲ ကျွန်တော်တို့အားလုံး Leon Botha ဆိုတဲ့ လူ ဆက်လက် ပြီး နှစ်ပေါင်း များစွာ အသက်ဆက်ရှင်သန်နိုင်ဖို့ ဆု တောင်းပေး ကြရအောင် ။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...