Monday, August 27, 2012

အိပ် ပျော်နေ စဉ်ငယ်ပါ ကို ဓါး မြ က ဖြတ်ယူသွား


တရုတ် ပြည် ဇီကျန်း ပြည်နယ် ၀န်လင်း မြို့  အနီး ရှိ နိုင်ကွေယို ရွာကလေး မှ အသက် ၄၁ နှစ်
အရွယ် ရှိ ဖိလင် အမည်ရှိ အမျိုး သား တစ်ဦး သည် ၎င်း အိပ် ပျော်နေ စဉ် အတွင်း သူ၏
ဦးခေါင်း ကို အိတ်ဖြင့် စွပ် ပြီး နောက် ၊ ငယ်ပါ ကို ဖြုတ် ခိုး သွား ကြောင်း ဒေသဆိုင်ရာ ရဲ
တပ် ဖွဲ့  သို့  တိုင်ကြား မှု ကို ဗြိတိသျှ သတင်းစာ တစ်စောင်ဖြစ်သည့်
Daily Star သတင်းစာ တွင် ဖော်ပြထား သည်။

တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ယောက် လမ်းမပေါ်တွင် ကလေးမွေးဖွား


ကလေးမွေးတရုတ်နိုင်ငံ၊ ဂွမ်ချိုပြည်နယ် မှာ ကိုယ်ဝန် ဆောင် အမျိုး သမီးနဲ့ သူ့အမျိုး သားဟာ ကလေး မွေးဖွား ဖို့ ဆေးရုံ အသွား လမ်းခရီးမှာ ရုတ်တရက်ဗိုက်နာတာကြောင့် လမ်းမပေါ်မှာပင် ကလေးမွေးဖွားလိုက်ရပါတယ်။ ကလေးငယ် ခေါင်းထွက်စပြု လာတာနဲ့တစ်ပြိုင်နက် သူတို့အနေနဲ့ ဘာမှရွေးချယ်စရာမရှိ တော့တာကြောင့် သူမရဲ့အမျိုးသားကိုယ်တိုင် မွေးဖွားပေးခဲ့ ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ သူမရဲ့အမျိုးသားအနေနဲ့ အနီးအနားမှ သွားဆေးခန်းကို အကူအညီတောင်းခဲ့ပေမယ့် သွားဆေးခန်းမှ သွားဆရာဝန်က သူ့မှာ ကလေးမွေးတဲ့ အတွေ့အကြုံမရှိကြောင်း၊ သူ့အနေနဲ့ မီးဖွားခြင်းဆိုင်ရာဆေး ပညာကို မသင်ယူခဲ့ကြောင်း ပြောကြားခဲ့တာမို့ ဆေးရုံကား ကို စောင့်နေစဉ်အတွင်းမှာပင် သူမရဲ့ အမျိုးသားဟာ သူဝတ် ထားတဲ့ ကုတ်အင်္ကျီကိုချွတ်ကာ သားဖွားဆရာမတွေလို ပြုမူပြီး ဘေးမှကြည့်ရှုသူတွေရဲ့ အားပေးမှုနဲ့ မိမိကလေးကို အောင် မြင်စွာ မွေးဖွားခဲ့ပြီးနောက် သူနဲ့ ကလေးအမေဟာ ဆေးရုံကို ကျန်းမာရေးစစ်ဆေးဖို့ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
@Good He


လူပေါင်း၁၃၅ဦး တံတားပေါ်မှပြိုင်တူ ဘန်ဂီခုန်ချပြီး ကမ္ဘာ့စံချိန်တင်


ရုရှားနိုင်ငံရှိ တံတားတစ်ခုပေါ်မှနေ၍ လူပေါင်း၁၃၅ ဦးပြိုင်တူ ဘန်ကီခုန်ချပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့ကြောင်း DMသတင်းဌာနက ဇူလိုင်လ၃ရက်နေ့တွင် ဖော်ပြသည်။ ၎င်းတို့ ဘန်ကီခုန်ချပုံကို ဗီဒီယိုပြကွက်အဖြစ် YouTube ၌တင်ခဲ့သော်လည်း အသေးစိတ်ဖော်ပြခြင်းမရှိပေ။ ပထမဆုံး ခေတ်သစ်ဘန်ဂီခုန်ချမှုကို ၁၉၇၉ခုနှစ် ဧပြီလ၁ရက်နေ့က အောက်စ်ဖို့ဒ်တက္ကသိုလ် အန္တရာယ်များသော အားကစားကလပ် အဖွဲ့ဝင်များက ဘရစ္စတိုးမြို့ရှိ ပေ၂၅၀မြင့်သော ကလစ်ဖ်တန်ဆက်စပန်းရှင်း တံတားပေါ်မှ ခုန်ချကာ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ခုန်ချပြီးမကြာမီ ခုန်ချသူအားလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ယင်းနောက် အမေရိကန်ပြည်ထောင်စုရှိ ဂိုးလ်ဒင်းဂိတ်နှင့် ရွိုင်ရယ်ဂျော့တံတားများပေါ်မှ ဘန်ဂီခုန်ချမှုများ ပြုလုပ်ခဲ့ကြပြီး တစ်ကမ္ဘာလုံးသို့ ပံျ့နှံ့သွားခဲ့ခြင်းဖြစ်သည်။
@PyiMyanmar





တရုတ်ပြည်က ရွှေပြိုင်ကား


 
တရုတ်နိုင်ငံက ရွှေနဲ့လုပ်ထားတဲ့ ရွှေကားတစီးပါ။တရုတ်နိုင်ငံ၊ Jiangsu ပြည်နယ်- နန်ကျင်းမြို့မှာ ရွှေ ၂၄ ကာရက်နဲ့လုပ်ထားတဲ့ Nissan က ထုတ်လုပ်ထားတဲ့ ဇိမ်ခံပြိုင်ကား INFINITI G 37 ဆိုတာဖြစ်ပါတယ်။

Wednesday, August 22, 2012

အသေးဆုံးအိမ်းလေး( video)

ကဲ ကြည့်လိုက်ပါအုံးနော်....




အသက်၉၀အရွယ် အဘိုးအိုတစ်ဦးက လေယာဉ်ပေါ်မှလေထီး အလွတ်ခုန်ချပြ


အမေရိကန်နိုင်ငံ၏ အလယ်ပိုင်းဒေသ မြောက်ဘက်စွန်း၌ရှိသော ၀စ္စကွန်ဆင်ပြည်နယ်တွင် နေထိုင်သော အသက်၉၀အရွယ် အိုင်ယာလန်နွယ်ဖွား ကလော့ဝီလျံဆိုသူက ၎င်း၏သားနှစ်ဦးနှင့်အတူ ဒုတိယကမ္ဘာစစ်အတွင်းက ၎င်းလေထီးခုန်ချသည့် နေ၁၉၄၄ခုနှစ် ဇူလိုင်လ၂၈ရက်က အဖြစ်အပျက်လေး၏ ၆၈နှစ်မြောက်အမှတ်တရအဖြစ် လေယာဉ်ပေါ်မှ လေထီးမဖွင့်ဘဲ အလွတ်ခုန်ချပြခဲ့သည်။ ၎င်းသည် ဒုတိယကမ္ဘာစစ်အတွင်းက ဘီ-၁၇ဗုံးကြဲ လေယာဉ်ပေါ်မှ လေထီးခုန်ခဲ့သော အဖြစ်အပျက်ကို အမှတ်တရ ပြန်လည် ကျင်းပခဲ့ရာတွင် အလွန်ပင် ကျေနပ်အားရခဲ့ကြောင်း ပြောကြားခဲ့သည်။
ref:ပြည်မြန်မာ


လူ၂၀၀၀ကျော် ဗျပ်စောင်းတီး၍ ကမ္ဘာ့စံချိန်တင်


တရုတ်နိုင်ငံ၊ ဂျီလင်းပြည်နယ်၊ လီယိုယွမ်မြို့မှာ သြဂုတ်လ၊၈ရက်က လူပေါင်း၂၀၁၂ဦးသည် အစုလိုက်၊ အပြုံလိုက် ဗျပ်စောင်းတီးပြခဲ့သောကြောင့် လူအများဆုံး ဗျပ်စောင်း တီးခတ်မှုအဖြစ် ထင်ပေါ်ကျော်ကြား     လူသိများပြီး၊ ယင်းပြည်နယ်မှာ ဗျပ်စောင်းကို အကြောင်းပြု၍ ဗျပ်စောင်းအနုပညာ ပွဲတော်နွှဲပျော်ကြသည်။ ယင်းပွဲတော်မှာ တရုတ်ပြည်မှသာမက ကမ္ဘာတစ်လွှားမှ ပညာရှင်များက ပါဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ ယင်းဗျပ်စောင်း သရုပ်ပြပွဲတော်မှာ ဗျပ်စောင်းပညာရှင်များက နာမည်ကျော် ဗျပ်စောင်းအကတေးသွားကို ငါးမိနစ်နှင့် စက္ကန့်၃၀ကြာအောင် တီးပြခဲ့ကြသည်။ 
ref:ပြည်မြန်မာ


ကောင်းကင်ကျွမ်းဘားသမား ၁၃၈ယောက်ဖြင့် ဂင်းနက်စ်စံချိန်သစ်တင်


အမေရိကန်နိုင်ငံ ချီကာဂိုပြည်နယ် အနောက်တောင်ဘက် မိုင်၈၀အကွာရှိ အိုတာဝါဒေသတွင် သြဂုတ်လ၄ရက်နေ့က ကောင်းကင်ကျွမ်းဘားသမား ၁၃၈ယောက်သည် အမြင့်ပေ ၁၈,၅၀၀မှ တစ်နာရီ မိုင်၂၂၀နှုန်းဖြင့် ဆင်းသက်ကာ ၂၀၀၉ခုနှစ်က တင်ထားခဲ့သော စံချိန်ဟောင်းကို ချိုးဖျက်ကာ ဂင်းနက်စ်စံချိန်သစ် တင်နိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ်ခန့်က ကောင်းကင်ကျွမ်းဘားသမား ၁၀၈ ယောက်ဖြင့် စံချိန်တင်ထားခဲ့ကြောင်း သိရသည်။ အဆိုပါကောင်းကင်ကျွမ်းဘား အဖွဲ့သည်ယင်းကဲ့သို့ စံချိန်သစ်တင်နိုင်ရန် သုံးရက်အတွင်း ၁၅ကြိမ်မြောက် အစမ်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ကောင်းကင်ကျွမ်းဘား အဖွဲ့ဝင်အမှုဆောင်တစ်ဦးဖြစ်သူ မိုက်ခ်ဆွမ်နှင့်အဖွဲ့သည် TransformerIIIက ဇာတ်ကားတွင် WillisTowerပေါ်မှ အလွတ်ဆင်းသက်ပြီး ဇာတ်ဝင်ခန်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယခုကဲ့သို့ စံချိန်သစ်တင်ရန်တွင်လည်း အဆိုပါအတွေ့အကြုံများကို အသုံးပြုခဲ့ကြောင်း သိရှိရသည်။
ref: ပြည်မြန်မာ


Tuesday, August 14, 2012

အသက်အငယ်ဆုံး ဂီတပညာရှင်



အသက်၁၁နှစ်သာ ရှိသေးသည့် အီသန်ဘော်နစ်က နယူးယောက်မြို့ရှိ တစ်ကိုယ်တော်ဖျော်ဖြေပွဲများမှာ ထူးချွန်စွာ လက်စွမ်းပြနိုင်ခဲ့၍ အသက်အငယ်ဆုံး ဂီတပညာရှင်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှာ မှတ်တမ်းတင်သွားပြီဖြစ်သည်။ ၂၀၁၀ခုနှစ်၊ အောက်တိုဘာလ၊ သုံးရက်မှာ သူ့အသက်ကိုးနှစ်၊ ကိုးလနှင့် ကိုးရက်ပြည့်ချိန်ကတည်းက အီသန်သည် အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်က ဂီတဖျော်ဖြေရေး ပွဲတော်မှာ ကိုယ်ပိုင်သံစဉ်များနှင့် လက်စွမ်းပြခဲ့ပြီးဖြစ်သည်။ သူသည် အသက်သုံးနှစ်မှာကတည်းက စန္ဒရားကို စတင်တီးခတ်ခဲ့ပြီး၊ အသက်ငါးနှစ်အရွယ်မှာ ကိုယ်ပိုင်သံစဉ်များကိုပါ သီကုံးစပ်ဆိုနိုင်ပြီဖြစ်သည်။ အီသန်က ပြည်တွင်းမှာသာမက၊နိုင်ငံတကာရုပ်မြင်သံကြား အစီအစဉ်များမှာပါ အော်ပရာဝင်းဖရေးနှင့် တွဲဖက်ဖျော်ဖြေနိုင်ခဲ့သည်။ သူ့ဂီတဖျော်ဖြေပွဲများမှ ရရှိလာသည့် အကျိုးအမြတ် ကန်ဒေါ်လာသန်း၃၀ခန့်ကို ပရဟိတလုပ်ငန်းများအား လှူဒါန်းထားသလို၊ လူငယ်များကိုလည်း သူ့ကိုအားကျပြီး အတုယူနိုင်ရန် လမ်းပြနိုင်ခဲ့သည်။
REF: ပြည်မြန်မာ

ကမ္ဘာ့အကြီးဆုံး မြေပုံစာအုပ်ကြီး



လန်ဒန်က ဗြိတိန်စာကြည့်တိုက်မှာ အလျားခြောက်ပေ(၁.၈၅၄)၊ အနံငါးပေ(၁.၄၅မီတာ)ရှိပြီး၊ ၄၄၀ပေါင်(၂၀၀ကီလိုဂရမ်)လေးလံတဲ့ ကမ္ဘာ့မြေပုံစာအုပ်ကြီးဟာ အခုအချိန်မှာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်သွားပါပြီ။ ဒီစာအုပ်မှာ ဂြိုဟ်တုကရိုက်ယူထားတဲ့ ဓာတ်ပုံထောင် ပေါင်းများစွာပါဝင်ပြီး၊ စာမျက်နှာ ၆၁မျက်နှာရှိပါတယ်။ ကမ္ဘာတစ်လွှားက စာဖတ်ပရိသတ်တွေက ဒီစာအုပ်ကို လိုချင်နေပေမယ့် ဒီစာအုပ်ဟာ တစ်ကမ္ဘာလုံးမှာမှ ၃၁အုပ်စာပဲ ပုံနှိပ်ထားပါတယ်။
REF: ပြည်မြန်မာ

အမှတ်တမဲ့အလွဲများ(၁၀)

အမှတ်တမဲ့ အလွဲများ (၁၀) ပါဗျာ...
အဟဲ...ဒီကလေးငယ်ပေမဲ့ ဇကမသေးဘူးနော်...

Monday, August 6, 2012

သစ်ပင်ပေါ် မှ အိမ်ကလေးများ

နေချင် စဖွယ်ကောင်းတဲ့ သစ်ပင်ပေါ်က အိမ်ကလေးတွေပါ။
ဒီဆိုဒ်မှာ အရင်ကလဲ အိမ်ပုံဆန်းဆန်းလေးတွေ တင်ပေးဖူးပါတယ်။ အခုကတော့
နောက်တစ်မျိုးပေါ့ ........................................

Related Posts Plugin for WordPress, Blogger...