Friday, April 8, 2016

တကယ်စီးနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးစက်ဘီးကို တီထွင်လိုက်တဲ့ နယ်သာလန်နိုင်ငံသား

wouter van den bosch main
နယ်သာလန် နိုင်ငံသား အသက် ၂၄ နှစ်အရွယ် ၊ တီထွင်မှုအတတ်ကို ၀ါသနာပါတဲ့ အင်ဂျင်နီယာကျောင်းသား ဘို့ ခ်ျ ဟာ ကမ္ဘာ့အကြီးဆုံးစက်ဘီးကို တီထွင်ခဲ့ပြီး ဂင်းနစ်စ်မှတ်တမ်း သွင်းခံခဲ့ရပါတယ်။
heaviest bicycle 2337678k
ပေါင်ချိန် ၁၆၅၀ ရှိပြီး ၊ “Monsterbike” လို့ အမည်ပေးထားတဲ့ စက်ဘီးကို သူကိုယ်တိုင် ဇာတိမြို့ Arnhem မှာ စီးနင်းပြခဲ့ပါတယ်။ ဒေါ်လာ သုံးသောင်းကျော် အကုန်ကျခံတည်ဆောက်ထားတဲ့ ဒီစက်ဘီးကို ဘို့ ခ်ျဟာ မြို့ ထဲ မှာ အမြဲလိုလို စီးနင်းလေ့ရှိတယ်လို့ သိရပါတယ်။
အထူးပြုလုပ်ထားတဲ့ ချိန်းကြိုးတွေအသုံးပြုထားတဲ့အတွက် လူတစ်ယောက်အင်အားနဲ့ အသာအယာ စီးနင်း နိုင်တယ်လို့ သိရပါတယ်။
Credit: trend myanmar

UFO လို့ ယူဆရတဲ့ အမျိုးအမည်မသိယာဉ်တစ်ခုကို အပျော်တမ်းဓာတ်ပုံဆရာတစ်ယောက် ရိုက်ကူးနိုင်ခဲ့

pspsps ufo main 3118290
အပျော်တမ်းဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ မိုက်ကယ်ပေါ်တာ ဟာ တိမ်တွေရဲ့ဖွဲ့ စည်းပုံကို ဓာတ်ပုံရိုက်နေတုန်းမှာ UFO လို့ ယူဆရတဲ့ ယာဉ်ပျံတစ်ခုကို မတော်တဆရိုက်ကူးမိခဲ့တာပါ။
မိုက်ကယ်ဟာ ရိုက်ကူးထားတဲ့ပုံတွေကို ပြန်လည်ပြင်ဆင်ဖို့ သူ့ ရဲ့လက်ပ်တော့ထဲ ပြောင်းထည့်ကြည့်တော့မှ သူ့ ရဲ့ဓာတ်ပုံတွေထဲမှာ ဒီ အမျိုးအမည်မသိရတဲ့ယာဉ်ပုံစံတစ်ခုကို သတိထားမိခဲ့တာပါ။  မိုက်ကယ်ဟာ ဓာတ်ပုံမှာ နေထိုးနေတဲ့အကွက်တွေ များနေလို့ ဖျက်ပစ်မလို့ လုပ်ခဲ့ပြီးမှ ဒီယာဉ်ကို မြင်တွေ့ ခဲ့တယ်လို့  ဆိုပါတယ်။
Cornwall ပြည်နယ်၊ ကမ်းခြေအပန်းဖြေစခန်းကနေ ဒီဓာတ်ပုံကို ရိုက်ကူးခဲ့တာဖြစ်ပြီး မိုးလေ၀သ ပညာရှင်တွေကတော့ ဒါဟာ သက်တမ်း ၄.၃ ဘီလီယံ ရှိတဲ့ ဥက္ကာခဲတစ်ခု ကြီးမားတဲ့အရှိန်နဲ့ ကမ္ဘာမြေပေါ် ပြုတ်ကျလာတာဖြစ်တယ်လို့ ဖြေရှင်းချက်ထုတ်ထားပါတယ်။
ဒါပေမယ့် Cornwall ကမ်းရိုးတန်းတစ်လျှောက်ဟာ UFO တွေ မကြာခဏမြင်တွေ့ ခဲ့ကြောင်း မှတ်တမ်းအများဆုံးရှိတဲ့နေရာဖြစ်ပြီး Cornwall UFO သုတေသနပြုလေ့လာရေးအဖွဲ့ က ဒီဒေသကို “UFO တြိဂံ” လို့ အမည်ပေးထားပြီး UFO မြင်တွေ့ မှုအကုန်လုံးကို စာရွက်စာတမ်းပြုစုထားတယ်လို့  ဆိုပါတယ်။
Ref: mirror
Credit:trend myanmar

ပြုပြင်ဖန်တီး ထားတဲ့ အကြီးဆုံးရင်သား

other largest fake 26657
  ဂျာမန် မော်ဒယ် တစ်ဦးရဲ့ ရင်သားက အလေးချိန်ပေါင် (၂၀) နီးပါး အထိ ရှိပါတယ်။ ဒီရင်သားပာာ စံချိန်တစ်ရပ် ဖြစ်ခဲ့ပြီး ပြုပြင် ဖန်တီး ထားတဲ့  အကြီးဆုံး ရင်သား အဖြစ် သတ်မှတ်ခံခဲ့ရ ပါတယ်။ ရင်သားကို ကြီးအောင် ဆေးထိုး ထားတာ ဖြစ်ပြီး (၁၀) လီတာ ပမာဏ ရှိတဲ့ ဆေးရည်တွေ ထိုးသွင်းခဲ့တာ ဖြစ်ပါတယ်။
                ဒါ့အပြင် ခွဲစိတ် ကုသမူတွေ ကိုလည်း ခံယူခဲ့ရ ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိ အပြာဇာတ်ကားတွေမှာ သရုပ်ဆောင်တဲ့ ဘီရှီနီပာာ ရင်သား အကြီးကြီးကို  ပိုင်ဆိုင်ထားရလို့ ဂုဏ်ယူနေပြီး ဒီရင်သား တစ်စုံနဲ့  လူမြင်ကွင်းထဲ  သွားရတာ စွန့်စားခန်း တစ်ခု လုပ်ရတာနဲ့ တူကြောင်း ဆိုခဲ့ ပါတယ်။ ဒါပေမဲ့ ဘီနီရှီပာာ ရင်သားတွေ အဆမတန် ကြီးလွန်း နေတာကြောင့် အ၀တ်အစား ၀တ်ရာမှာ အခက်တွေ့လေ့ရှိ ပါတယ်။
                ဘီနီရှီပာာ ၀တ်ဆင်တဲ့ ဘရာစီယာ ဆိုက်ဒ်က 32Z ဖြစ်ပြီး  လူဝကြီးတွေ ၀တ်ဆင်တဲ့ XXX ဆိုက်ဒ်နီးပါး အထိ ရှိတယ်လို့ သိရပါတယ်။ ဘီနီရှီပာာ သူ့ရဲ့ရင်သားတွေကို လူမူကွန်ရက်မှာ မကြာခဏ ထုတ်ပြ လေ့ရှိပါ တယ်။ ဒါပေမဲ့ ဘီနီရှီရဲ့ ရင်သားပာာ သဘာဝ ရင်သားအကြီးဆုံး ပိုင်ရှင် အန်နာ ပောာ့ကင်းကို ယှဉ်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုထားပါတယ်။
Credit:messenger journal

အမျိုးအမည်မသိရသော ပျံသန်းနေတဲ့အရာဝတ္ထုကြောင့် ဂျာမနီမှာ လေကြောင်းခရီးစဉ် အများစု နှောင့်နှေး၊ ဖျက်သိမ်းခဲ့ရ

planeufos
အမျိုးအမည်မသိပျံသန်းနေသောအရာဝတ္ထု (UFO) တစ်ခုကို ရေဒါမှာ မြင်တွေ့ နေရတာကြောင့် ဂျာမနီ လေဆိပ်ရဲ့ လေကြောင်းခရီးစဉ်အများစု နှောင့်နှေးခဲ့ရပြီး ခရီးစဉ်တစ်ခု ကို ဖျက်သိမ်းလိုက်ရပါတယ်။ဒီ အမည်မဖော်နိုင်တဲ့ ထူးဆန်းတဲ့အရာဝတ္ထုဟာ ၂၀၁၄ ခုနှစ်
၁ လပိုင်း)
အင်္ဂါနေ့ ညနေ ၄ နာရီခွဲကနေ ၉ နာရီခွဲအထိ ဘရီမင် လေဆိပ် ရေဒါမှာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာပါ။ ရဲရဟတ်ယာဉ်တစ်စင်းကို လေထုထဲ စေလွှတ်ပြီး အဲဒီ့အရာဝတ္ထုကို သွားရောက်စုံစမ်းစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီအမည်မဖော်နိုင်တဲ့ယာဉ်ဟာ ဘာမှန်းမသိခဲ့ရဘူးလို့ အာဏာပိုင်တွေက ထုတ်ဖော်ဝန်ခံခဲ့ကြပါတယ်။
ဂျာမန်လေကြောင်းထိန်းသိမ်းရေး ဌာန ရဲ့ ပြောရေးဆိုခွင့်ရှိသူ Weser Kurier က “ အဲဒီအရာဟာ သာမန် အနီရောင် ၊ အစိမ်းရောင်ပုံစံမျိုးပဲရှိပါတယ်။ ဘေးနှစ်ဖက်မှာလည်း အချက်ပြမီးတွေကို တွေ့ ရပါတယ်” လို့  ပြောကြားခဲ့ပါတယ်။
မျက်မြင်တွေ့ ရှိခဲ့သူတစ်ဦးဖြစ်တဲ့ Dominique Hober ကလည်း ဒီအရာဝတ္ထုဟာ သူ့ အိမ်ပေါ်ကနေ လေးကြိမ်တိတိ ဖြတ်ပျံသွားခဲ့တာကို တွေ့ လိုက်ရတယ်လို့ ဆိုပါတယ်။ သူက “ ဒါဟာ လေယာဉ်တစ်စီး နဲ့  ပုံစံတူပါတယ်။ ဒါပေမယ့် သူ့ မှာ အလင်းရောင်တွေ အများကြီးရှိပြီး အသံလည်း တော်တော်ပိုကျယ်ပါတယ်” လို့ ဂျာမန်သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။
၂၀၁၄ ခုနှစ် အစအတွင်းမှာပဲ ကမ္ဘာတစ်လွှားမှာ ဒီလို UFO လိုအရာဝတ္ထုတွေ တွေ့ ရှိတယ်ဆိုတဲ့ အမှုတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။
Ref: mirror
Credit: trend myanmar

အကြီးဆုံး အများသုံး သန့်စင်ခန်း

other public restroom 08c54
တရုတ်နိုင်ငံ၊ ချောင်ကွင်းမြို့မှာရှိတဲ့ အများသုံး သန့်စင်ခန်းဟာ အကြီးဆုံး အဖြစ် သတ်မှတ်ခံထားရ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အများသုံး သန့်စင်ခန်းကို စတုရန်း ပေ (၃၀၀၀၀) မှာ တည်ဆောက် ထားပြီး သန့်စင်ခန်းပေါင်း (၁၀၀၀)ကျော် ပါဝင် ပါတယ်။ သန့်စင်ခန်း တွေကို မတူညီတဲ့ ပုံစံတွေ နဲ့ တည်ဆောက် ထားပြီး အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ထား ပါတယ်။ သန့်စင်ခန်း လာရင်း သာယာတဲ့ သီချင်းတွေ ကိုလည်း နားထောင် နိုင်အောင် ပြုလုပ်ပေးထား ပါတယ်။ သန့်စင်ခန်း တွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်ထားပြီး လက်ဆေးတဲ့ နေရာတွေ ကိုလည်း ထည့်သွင်းပေးထား ပါတယ်။ ကျင်ငယ်စွန့်တဲ့ နေရာတွေမှာ မတူညီတဲ့ ကြွေခွက်တွေ ပြုလုပ်ထားပြီး မိကျောင်းခေါင်း ပုံစံတွေလည်း ထည့်သွင်းထား တာကြောင့် လာရောက်သူတွေ အတွက် အသစ်အဆန်း သဖွယ် ခံစားရမှာ ဖြစ်ပါတယ်။ နောက်ပြီး ခေတ်မီ ရေချိုးခန်း တွေလည်း ပါဝင် တာကြောင့် အဆင့်မီအများ သုံး အိမ်သာ အဖြစ် သတ်မှတ်ခံထားရ ပါတယ်။ ဒီအများသုံး သန့်စင်ခန်းကို လေးထပ်ဆောက် လုပ်ထားတာ  ဖြစ်ပါတယ်။  ဒီအများသုံး သန့်စင်ခန်းကို လူစည်ကားတဲ့ နေရာတွေမှာ ဆောက်လုပ် ထားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ  အများသုံး သန့်စင်ခန်းတွေ အပြင် အများသုံး ရေချိုးကန် တွေလည်း တည်ဆောက် ပေးထား ပါတယ်။
Credit : messenger journal

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...(၄)

လူမှုကွန်ယက်တွေပေါ်မှာ တွေ့မိသမျှနှင့် သူငယ်ချင်းတစ်ချို့က ပို့ပေးထားတဲ့ ပုံလေးတွေကို
ထပ်မံပြီးတင်ပေးလိုက်ပါသည်။ မူရင်းတင်သူများအားလုံးကို လည်းကျေးဇူးတင်ပါသည် ခင်ဗျာ...
ဟဲဟဲ.. အထင်မသေးနဲ့နော်...
FB IMG 1458564784506

ဒီလူ အမှုကြီးသွားပြီ...
Screenshot 2016 01 17 01 49 07

တစ်မူလှပသော “89,98” လိပ်ပြာလေး

800px Insect Safari lepidopteran 093
ပုံစံထူးခြားပြီး တစ်မူကွဲပြားနေသော လိပ်ပြာ မျိုးလေးပါ။ လိပ်ပြာလေးများသည်
အရောင်းအသွေးစုံ ၊ ပုံစံစုံဖြင့် မျိုးကွဲပေါင်းများစွာရှိကြပါသည်။ ယခု လိပ်ပြာလေးကိုတော့
သူ၏ ပုံစံကို လိုက်ပြီး 89,98 လိပ်ပြာလေးဟု ခေါ်ကြပါသည်။
el20014
Related Posts Plugin for WordPress, Blogger...