
ပုံစံထူးခြားပြီး တစ်မူကွဲပြားနေသော လိပ်ပြာ မျိုးလေးပါ။ လိပ်ပြာလေးများသည်
အရောင်းအသွေးစုံ ၊ ပုံစံစုံဖြင့် မျိုးကွဲပေါင်းများစွာရှိကြပါသည်။ ယခု လိပ်ပြာလေးကိုတော့
သူ၏ ပုံစံကို လိုက်ပြီး 89,98 လိပ်ပြာလေးဟု ခေါ်ကြပါသည်။

ဒီလိပ်ပြာလေး၏ အတောင်ပံ တစ်ဖတ်ပေါ်တွင် 89 သဏ္ဍန် ထင်ရှားစွာပါနေပြီး
အခြားအတောင် တစ်ဖတ်တွင်တော့ 98 ဟု ပါနေပါသည်။

Nymphalidae အမျိုးအစုဝင် လိပ်ပြာမျိုးပါ။ အရွယ်အစားမှာ သေးငယ်ပါသည်။
တောင်အမေရိကတိုက် ၊ ကိုလန်ဘီယာတွင် ဒီလိပ်ပြာမျိုးများကို
တွေ့မြင်နိုင်ပါသည်။

တစ်ချို့သော လိပ်ပြာလေးများ၏အတောင်ပံတွင်တော့ 88 ပုံစံကို တွေ့မြင်ရပါသည်။
အမျိုးအနွယ်အတူတူပါပဲ။ ထို လိပ်ပြာများကိုတော့ 88 လိပ်ပြာလေးဟု ခေါ်ရမှာပေါ့နော်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။