နေခရမ်း....
|
Saturday, September 2, 2017
အပျော့ပြောင်းဆုံး စကိတ်စီးမယ်
စကိတ်စီးရာမှာ Limbo စကိတ်စီး နည်းဟာ အခက်ခဲဆုံးအဖြစ် သတ်မှတ်ထားပါတယ်။ ဒီစကိတ်စီးနည်းကို စီးနိုင်ဖို့ စကိတ်စီး ကျွမ်းကျင်ရမှာ ဖြစ်သလို ကိုယ်ခန္ဓာပျော့ပြောင်းဖို့လည်း လိုပါတယ်။ Limbo ဆိုတာ လက်တင်အမေရိက အကတစ်မျိုး ဖြစ်ပါတယ်။ တန်းအောက်ကို ကိုယ်ခန္ဓာပျော့ပြောင်းပြီး ၀င်သွားကာ ကပြရခြင်း ဖြစ်ပါတယ်။ ဒီကကွက်ကို အခြေခံပြီး Limbo စကိတ်စီးနည်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ မစ်ဆူရီပြည်နယ်မှာ နေထိုင်တဲ့ ကွန်နာဟာ အပျော့ပြောင်းဆုံး စကိတ်စီးမယ် အဖြစ် သတ်မှတ် ခံထားရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အသက် (၁၉)နှစ် အရွယ်ရှိ ကွန်နာဟာ ငယ်စဉ်ကတည်းက ပြကွက်ဆန်းတွေ ပြုလုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။
လွဲမှားနေသော အယူဆများ
အင်္ဂလိပ်ဆေးနှင့် သံပုရာရည်
အင်္ဂလိပ်ဆေးနှင့် သံပုရာရည် ၊သို့ မဟုတ် အချဉ် လုံးဝ မတည့် ဟူသော အယူအဆ အမှားမှာ လူ ၁၀၀ တွင် လူ ၉၀ ကျော်၏ စိတ်၌ စွဲမြဲစွာ ယုံကြည်လျက် ရှိသည်။
အချဉ်စားမိလို့  ဆေးမသောက် ဖြစ်ဘူး အချဉ် စားထားမိလို့ ဆေးမထိုး ပေးပါနဲ့ ဆရာ အချဉ်စားပြီး ဘယ်လောက်ကြာ ဆေးသောက် ရမလဲ စသည့် စကားမျိုး မကြာခဏ ကြားရသည်။
မည်သူ မည်ဝါဖြင့် ဆေးထိုးပြီး သံပုရာရည် သောက်မိလို့ ဆေးရုံ တင်လိုက် ရတယ်။ သေသွားပြီ ဆိုသော ကောလဟာလ များပင် ကြားရ တတ်သည်။ ရှေးနှစ်ပေါင်း များစွာက အင်္ဂလိပ်ဆေး အချို့ သည် အချဉ်နှင့် ဓာတ်မတည့် တာမျိုး ရှိကောင်း ရှိခဲ့ နိုင်သည်။
ယနေ့ အချိန်တွင် အချဉ်နှင့် မတည့်သော ဆေးဟူ၍ လုံးဝ မရှိပါ။ ကုမ္ပဏီ အမျိုးမျိုးမှ ထုတ်လုပ်လျက် ရှိသော သောက်ဆေး ထိုးဆေး အမျိုးမျိုးတွင် အချဉ်နှင့် မတည့်ပါဟု တားမြစ်ချက် ရှိသော ဆေးဟူ၍ မရှိပါ။ အချဉ်နှင့် အင်္ဂလိပ်ဆေး မတည့်ခြင်း ဆိုသည်မှာ အယူအဆမှား တစ်ခုသာ ဖြစ်ကြောင်း သိစေချင်သည်။
ဝံပုလွေ လူသား
မက္ကဆီကို နိုင်ငံသား ဂျီးဆက်ဟာ တစ်ကိုယ်လုံး ဆံပင်မွေးတွေ ပေါက်နေတာကြောင့် ထူးခြားသူအဖြစ် သတ်မှတ် ခံထားရပါတယ်။ ဂျီးဆက်ဟာ ဦးခေါင်းကနေ ခြေထောက်အထိ ဆံပင်မွေးတွေ ပေါက်နေပြီး မျက်နှာမှာပါ အမွေးတွေ ရှိနေတာကြောင့် ၀ံပုလွေလူသား အဖြစ် ခေါ်ဆိုခဲ့ပါတယ်။ ဒါဟာ ရောဂါတစ်မျိုးကြောင့် ဆေးပညာအရ Hypertrichosis လို့ ခေါ်ဆိုခဲ့ပါတယ်။ မျိုးရိုးလိုက် ဖြစ်ပွားတတ်ပြီး ဒီလို ရောဂါမျိုးရှိခဲ့တာ အယောက် ( ၅၀) သာ ရှိတယ်လို့ သိရပါတယ်။ ရောဂါရဲ့ အကျိုးဆက်ကြောင့် တစ်ကိုယ်လုံး ဆံပင်အမွေးတွေ ရှိနေတာကြောင့် လူမှုဝန်းကျင်မှာ ထူးခြားသူ ဖြစ်နေတတ်ပါတယ်။ တကယ်တော့ သာမန်လူတစ်ဦးသာ ဖြစ်ပြီး အများနဲ့ မတူတာကြောင့် ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ဂျီးဆက်ဟာ ဒီရောဂါကြောင့် ငယ်စဉ် ဘ၀ကတည်းက နောက်ပြောင်ခံရပါတယ်။ ကျောင်းလည်း မတက်ခဲ့ရပါဘူး။
အများသုံး အိမ်သာအတွင်း လေးရက်ကြာ ပိတ်မိနေစဉ် သိုးမွေးထိုးရင်း စောင့်ခဲ့တဲ့ အဖွားအို
ဗြိတိန် ဘွားဘွား တစ်ယောက် အများသုံး အိမ်သာ အတွင်း ၄ ရက်ကြာ ပိတ်မိနေခဲ့ပြီး အနွေးဓါတ် ရစေဖို့ လက်အခြောက်ခံ စက်ကို အသုံးပြုကာ အချိန်တွေ ကုန်ဆုံး သွားစေဖို့ အတွက်လည်း သိုးမွေး လည်စည်း ထိုးပြီး စောင့်ခဲ့ ရတယ်လို့ ဆိုပါတယ်။
အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ ဘွားဘွား Gladys Phillips ဟာ England၊ Felixstowe မှာ ဈေးဝယ် ထွက်ခဲ့ပြီး အများသုံး အိမ်သာ ၀င်ရောက် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲ့ဒီ အိမ်သာဟာ သုံးစွဲခွင့် မပြုရသေးဘူး ဆိုတာ ကိုတော့ သူမသိ ခဲ့ပါဘူး။
Phillips က သူအထဲ ၀င်ပြီးနောက် တံခါးလော့ကျ သွားပြီး အိမ်သာထဲမှာ ပိတ်မိနေပြီ ဆိုတာကို မကြာခင်မှာပဲ သိရှိသွားပါတယ်။ “ ပထမတော့ ငါထွက်လို့ မရတော့ဘူး ဆိုတာကို သိပ်သတိ မထားမိသေးဘဲ အိမ်သာထဲကိုသာ ပြေးသွား မိတော့တာပါပဲ” လို့ ဆိုပါတယ်။
သူဟာ ပိတ်မိနေပြီး လေးရက် အကြာ အလုပ် သမားတွေ သူ့ကိုပြန်လည်တွေ့ရှိ ချိန်မှာတော့ သူ့ရဲ့လည်စည်း ပ၀ါကို အဆုံးသတ်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘွားဘွားက သူဟာ ဖုန်းသုံးလေ့ မရှိဘဲ တစ်ယောက်ထဲ နေထိုင်တာမို့ သူ့မိသားစု ၀င်တွေဟာလည်း သူပျောက်ဆုံးနေ တာကို မသိကြပါဘူးတဲ့။
Ref : Upi
Credit:thithtoolwin.com
ကောင်းကောင်း ငိုခဲ့ပြီးနောက် ပိုမိုစိတ်လက်ပေါ့ပါး ပျော်ရွှင်ရဟုဆို
ရယ်မောခြင်းသည် အကောင်းဆုံးဆေး ဖြစ်ကြောင်း ပြောဆိုမှု ရှိခဲ့သည်။ သို့သော် ကောင်းကောင်း ငိုလိုက်ရလျှင်လည်း စိတ်ပျော်ရွှင်မှု ရစေတတ်ကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားပြီ ဖြစ်သည်။
ရုပ်ရှင်ကြည့်နေရင်း ငိုကြသူများသည် ရုပ်ရှင်ပြီးနောက်တွင် ပိုမို ပျော်ရွှင်ရတတ်ကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။ ငိုခြင်းကြောင့် ဦးနှောက်တွင်းရှိ ဓာတုပစ္စည်းများတွင် အပြောင်းအလဲပေါ်ပြီး စိတ်လက် ပေါ့ပါးမှု ဖြစ်ခြင်း ဖြစ်ကြောင်း သုတေသန ပညာရှင်များက ပြောသည်။ ကောင်းကောင်း ငိုပြီးနောက်တွင် ပျော်ရွှင်အောင် အတင်း လုပ်ယူသောကြောင့်ဟုလည်း တချို့က ဆိုကြပြန်သည်။
မည်သို့ပင်ဆိုစေ ကောင်းကောင်း ငိုပြီးနောက်တွင် စိတ်လက် ပေါ့ပါးခြင်းတော့ ဖြစ်သည်က အမှန်ပင်ဖြစ်သည်။ ၀မ်းနည်းဖွယ် ကောင်းသော ရုပ်ရှင်ကား နှစ်ကားအား အမျိုးသားနှင့် အမျိုးသမီး (၆၀) ခန့်ကို ကြည့်ရှုစေပြီး ကြည့်ရှုနေစဉ် ဗီဒီယိုမှတ်တမ်း တင်ထားခဲ့သည်။
သေပြီထင်ထားရာမှ ရေခဲတိုက်တွင် ပြန်နိုးလာပြီး သူငယ်ချင်းများနှင့် အရက်သွားသောက်သည့် ရုရှား အမျိုးသား
သေရွာမှ ပြန်လာပြီး ချက်ချင်း လိုလို သူငယ်ချင်း များနှင့် သွားရောက် အရက်သောက်သည့် အမျိုးသား တစ်ဦးသည် ရုရှား လူမှု ကွန်ရက် ဝက်ဘ်ဆိုက် များတွင် အထူးတလည် ရေပန်းစားခဲ့ပါသည်။
အမျိုးသား တစ်ဦးသည် မိတ်ဆွေ သူငယ်ချင်း များနှင့် အတူ တကွ ဗော့ဒ်ကာ အရက်သောက်နေရင်း အမူးလွန် ပြုတ်ကျ သွားခဲ့သည်။
ထိုနေရာသို့ ရောက်ရှိ လာသည့် ရှေးဦး သူနာပြုအဖွဲ့များက အဆိုပါ အမျိုးသား သေဆုံး သွားပြီဟု ဆုံးဖြတ်ပြီး ၎င်း၏ (အမှန်တကယ် မသေဆုံးသေးသော) ရုပ်အလောင်းကို ရေခဲတိုက်သို့ ပို့ဆောင် ခဲ့သည်။
သို့သော်လည်း ရေခဲတိုက်ထဲတွင် ၎င်းသည် ပြန်သတိလည်လာပြီး အစောင့်များကို လှမ်းခေါ်ကာ အပြင်ဖက်သို့ ပြန်ထွက်လာနိုင်ခဲ့သည်။ လူသေ အလောင်းများကြားတွင် နိုးထလာသဖြင့် အတန်ငယ် စိတ်ခြောက်ခြားသွားဟန် ရှိနေသည့် အမျိုးသားသည် ရေခဲတိုက်မှ ခပ်သုတ်သုတ် ပြန်လည်ထွက်ခွာသွားပြီး သူငယ်ချင်းများနှင့်အတူ ဆက်၍ အရက်သောက်ခဲ့ကြောင်း သိရသည်။
သဲရေချိုးကန်
နေရာတိုင်းတွင် ထူးခြားသည့် အလေ့အထများ ရှိနေသည်။ အီဂျစ်နိုင်ငံမှ ရိုးရာဓလေ့က စိတ်ဝင်စားစရာ ဖြစ်သည်။ နားမကျန်း ဖြစ်နေပါက ပူပြင်းသည့် နေရောင်ခြည်တွင် အပူဒဏ် ခံလိုက်ရုံဖြင့် သက်သာ ပျောက်ကင်းစေမည် ဖြစ်သည်။ ယင်းကို အီဂျစ်နိုင်ငံ အနောက်ပိုင်းရှိ ဒေသခံများက ရှေးနှစ်ပေါင်းများစွာ ကတည်း က အသုံးပြု ခဲ့သည်။ အီဂျစ်တွင် သဲကန္တာရ များစွာ ရှိနေသည်။ အဆိုပါ သဲကန္တာရကို အသုံးပြုပြီး ဆေးကုသ ပေးခြင်း ဖြစ်သည်။ နားမကျန်းဖြစ်သူကို သဲကန္တာရ အတွင်းရှိ သဲများဖြင့် ဖုံးလွှမ်းကာ (၁၅) မိနစ်ခန့် လဲလျောင်းစေခြင်း ဖြစ်သည်။ ယင်းကို သဲဖြင့် ရေချိုးခြင်းဟု ခေါ်ဆိုသည်။ ထို့နောက် ရေနွေး ရေချိုးကန်ထဲတွင် ထပ်မံ ရေချိုးစေကာ အဖျားရောဂါကို ကုသစေခြင်း ဖြစ်သည်။ ယင်းကုထုံးမှာ အဖျားရောဂါ အပြင် ကလေး မရသူများကိုလည်း ကလေးရစေကြောင်း သိရသည်။
Credit:messengernewsjournal.com
အသက်ဝင်လှပသော 3D ပန်းချီများ (၇)
လက်နှိပ်စက်ဖြင့် ဖန်တီးထားသော ပန်းချီပုံများ
Keira Rathbone ဆိုတဲ့ အနုပညာရှင်အမျိုးသမီး တစ်ယောက်ကတော့ သူဖန်တီးတဲ့ ပန်းချီပုံများကို ဆေးများ ၊ စုတ်တံများ နဲ့ ကင်းဗက်စများကို အသုံးမပြုပါဘူး။ သူမ ပန်းချီဆွဲလျှင် အသုံးပြုတဲ့ ပစ္စည်းကတော့ လက်နှိပ်စက်တစ်လုံးပဲ ဖြစ်ပါတယ်။ မိမိလိုချင်တဲ့ ပုံစံကို လက်နှိပ်စက်ဖြင့် အစီအစဉ်တကျ ပုံပေါ်အောင် ရိုက်နှိပ်ဆွဲသားခြင်း ဖြစ်ပါတယ်။ သူအောက်ဒိုးထွက်၍ ပန်းချီဆွဲလျှင် အခြားပန်းချီဆွဲ ကိရိယာများ မယူဆောင်သွားဘဲ လက်နှိပ်စက်သာ မပါမဖြစ် ယူဆောင်သွားလေ့ရှိပါတယ်။
ဆောက်လုပ်ရေး လောကမှ အလွဲများ (၆)
ကြံကြံဖန်ဖန်ဆောက်လုပ်ထားကြပုံလေးတွေကို ထပ်မံတင်ပေးလိုက်ပါတယ်။ ပြုံးပျော်ရွှင်လန်း နိုင်ကြပါစေ.....
ဘဲလ်မနှပ်တော့နဲ့ သူငယ်ချင်း။ ငါတံခါးလာဖွင့်ပေးပါ့မယ်...
လွတ်လွတ်လပ်လပ်သာ ထိုင်ဗျာ....
Subscribe to:
Posts (Atom)