Saturday, September 2, 2017

ဝံပုလွေ လူသား


မက္ကဆီကို နိုင်ငံသား ဂျီးဆက်ဟာ တစ်ကိုယ်လုံး ဆံပင်မွေးတွေ ပေါက်နေတာကြောင့်  ထူးခြားသူအဖြစ် သတ်မှတ် ခံထားရပါတယ်။ ဂျီးဆက်ဟာ ဦးခေါင်းကနေ ခြေထောက်အထိ ဆံပင်မွေးတွေ ပေါက်နေပြီး မျက်နှာမှာပါ  အမွေးတွေ ရှိနေတာကြောင့် ၀ံပုလွေလူသား အဖြစ် ခေါ်ဆိုခဲ့ပါတယ်။ ဒါဟာ ရောဂါတစ်မျိုးကြောင့် ဆေးပညာအရ  Hypertrichosis လို့ ခေါ်ဆိုခဲ့ပါတယ်။ မျိုးရိုးလိုက် ဖြစ်ပွားတတ်ပြီး  ဒီလို ရောဂါမျိုးရှိခဲ့တာ အယောက် ( ၅၀) သာ ရှိတယ်လို့ သိရပါတယ်။  ရောဂါရဲ့ အကျိုးဆက်ကြောင့် တစ်ကိုယ်လုံး ဆံပင်အမွေးတွေ ရှိနေတာကြောင့် လူမှုဝန်းကျင်မှာ ထူးခြားသူ ဖြစ်နေတတ်ပါတယ်။  တကယ်တော့ သာမန်လူတစ်ဦးသာ ဖြစ်ပြီး အများနဲ့ မတူတာကြောင့် ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ဂျီးဆက်ဟာ ဒီရောဂါကြောင့် ငယ်စဉ် ဘ၀ကတည်းက နောက်ပြောင်ခံရပါတယ်။ ကျောင်းလည်း မတက်ခဲ့ရပါဘူး။

      ဂျီးဆက်ရဲ့ ဘ၀က စိတ်ဝင်စားစရာ ကောင်းခဲ့တာကြောင့် မှတ်တမ်းရုပ်ရှင် အဖြစ် ရိုက်ကူးခံရပါတယ်။ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူဟာ ဂျီးဆက်ရဲ့ ငယ်ဘ၀ အကြောင်းကို မေးမြန်းခဲ့ရာမှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဂျီးဆက်ဟာ အသက် (၁၃)နှစ်လောက်မှာ ဆပ်ကပ်ရုံကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဆပ်ကပ်ရုံမှာ ဂျီးဆက်ဟာ ထူးခြားလူသားအဖြစ် ပြသခံရတာ ဖြစ်ပါတယ်။ အချို့အချိန်တွေမှာ ၀ံပုလွေပုံစံ လုပ်ပြရလေ့ရှိပါတယ်။ ဂျီးဆက်ဟာ ဆပ်ကပ်ရုံနဲ့အတူ ကမ္ဘာတစ်ပတ်ကို ရောက်သွားခဲ့ပါတယ်။ ဂျီးဆက်တို့မျိုးရိုးဟာ ဒီလိုရောဂါမျိုး အများအပြား ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။ ဂျီးဆက်မှာ သားသမီး သုံးဦးရှိပြီး အကြီးဆုံးသမီးက အသက် (၂၀) နှစ်အရွယ်နဲ့ အိမ်ထောင်ကျကာ ကလေးတောင် ရရှိနေပြီ ဖြစ်ပါတယ်။ ဂျီးဆက်ရဲ့ ကလေးသုံးဦးဟာလည်း ဒီလိုရောဂါမျိုး ရရှိနေသလို တူဖြစ်သူကလည်း ဒီရောဂါ ရရှိနေတယ်လို့ သိရပါတယ်။ ဂျီးဆက်အကြောင်းကို ဘီဘီစီမှာ ဖော်ပြခံရဖူးကြောင်း သိရပါတယ်။
Credit:messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...