Saturday, September 29, 2018

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၆ )

Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...

ဒီဓာတ်တိုင်က သူများအိမ်ထဲ ကျူးကျူးကျော်ကျော်နော်...

ဘေးမဲ့ပေးထားတာနေမှာ...

ကမ္ဘာတစ်လွှား ထူးခြားစွာတည်ဆောက်ထားသော ဘုရားကျောင်းများ

အခုတင်ပေးမယ့်ပိုစ့်က နေခရမ်း စိတ်ကူးဖြင့်စုစည်းထားခြင်းမဟုတ်ပါဘူး။ အင်တာနက် ဆိုဒ်များမှာ တွေ့မြင့်ရတဲ့ Breathtaking Monasteries ၊ Magnificent Monasteries ၊ Amazing Monasteries ဆိုတဲ့ခေါင်းစဉ်များနှင့် ပိုစ့်များကို ပြန်လည်စုစည်းတင်ပြပေးမှာပါ။ ဆိုဒ်တစ်ခုနှင့် တစ်ခု သတ်မှတ်ဖေါ်ပြချက် ကွဲလွဲမှု အနည်းငယ်စီ ရှိကြပေမယ့် အများအားဖြင့် တော့တူညီကြပါတယ်။ သူငယ်ချင်းတို့ဆက်လက်အားပေးကြပါအုံးနော်...

၁။ Tiger's Nest Monastery (Bhutan)

ဘူတန်နိုင်ငံမှာတည်ရှိတဲ့ တောင် အလယ် ချောက်ကမ်းပါးဘေး ၊ ကျောက်နံရံမှာကပ်ပြီး တည်ဆောက်ထားတာပါ။ ဘူတန်နိုင်ငံ Paroတောင်ကြားချိုင့်ဝှမ်းမှ အထက် 700 meters (2,300 ပေ) အမြင့်မှာတည်ရှိပါတယ်။တရားဝင် မှတ်သားမှုအရ 1692 ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဘုရားကျောင်းအကြောင်းအရာကို နေခရမ်းဆိုဒ်မှာ တင်ပေးဖူးပါတယ်။

၂။Madonna del Sasso Monastery (Switzerland)

ဆွတ်ဇာလန်နိုင်ငံမှာတည်ရှိ ပြီး ၁၇ ရာစု ကတည်းက တည်ဆောက်ပြီးစီးခဲ့ပါတယ်။
Related Posts Plugin for WordPress, Blogger...