Tuesday, October 18, 2016

ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်အတွင်း တရားထိုင်နေသည့် ဘုန်းကြီးရုပ်ခန္ဓာတွေ့ရှိ

နှစ်တစ်ထောင်ခန့်ရှိပြီဟု ယူဆရသော ဗုဒ္ဓရုပ်ပွားတော်အတွင်း ဘုန်းကြီးတစ်ပါး၏ ရုပ်ခန္ဓာ တွေ့ရှိရသည် ဟု ဟော်လန်အခြေစိုက် သုတေသနအဖွဲ့က ဖေဖော်ဝါရီ ၂၂ရက်တွင် အတည်ပြုခဲ့သည်။
http://i1183.photobucket.com/albums/x474/konay1/general/10993400_795118493890502_1372182234756688199_n.jpg
ဗုဒ္ဓဘာသာ ဝင်များ၏ ယဉ်ကျေးမှု အနုပညာကို အထူးပြုလေ့လာနေသည့် သုတေသီ အဲရစ်ဘရိုင်း ဦးဆောင်သော အဖွဲ့မှာ CT scan မရိုက်မီကတည်းက ဗုဒ္ဓရုပ်ပွားတော်အတွင်း မပျက်စီးသေးသည့် ရုပ်ခန္ဓာ တွေ့ရှိမည်ဟု တွက်ဆခဲ့ကြပြီး ဟော်လန်နိုင်ငံရှိ Meander ဆေးသုတေသနဌာနတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ် သည်။
http://i1183.photobucket.com/albums/x474/konay1/general/10403219_795118500557168_1671023642288108445_n.jpg
သို့သော် CT scan နှင့်ခန္ဓာကိုယ်အတွင်းပိုင်း အထူးပြု ဓာတ်မှန် ရိုက်ကြည့်ရာတွင် တရားထိုင်နေဟန်ရှိ သည့် ဘုန်းကြီး၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ပျောက်ဆုံးနေသည့် အတွက် သုတေသီများ အံ့အား သင့်နေကြောင်းNL Time သတင်းစာက ဖော်ပြထားသည်။

ခြေချောင်းတွေကိုသာ အသုံးပြုပြီး စာလုံးရေ ၆ သောင်းကျော်ပါတဲ့ ၀ထ္ထု တစ်အုပ်ကို ရေးသားခဲ့တဲ့ ကောင်မလေး

http://i1183.photobucket.com/albums/x474/konay1/general/pay-hu-huiyuan.jpg
ဘယ်ဘက်ခြေထောက် တစ်ဖက်တည်းသာ လှုပ်ရှားနိုင်တဲ့ ဒုက္ခိတအမျိုးသမီးငယ် တစ်ဦးဟာသူ့ရဲ့
ခြေချောင်းတွေကိုသာ အသုံးပြုပြီး စာလုံးရေ ၆ သောင်းကျော်ပါတဲ့ ၀ထ္ထု တစ်အုပ်ကို ရေးသားခဲ့ပါတယ်။
ပကတိကောင်းမွန်တဲ့ ကလေးတွေတောင် ပညာတတ်မြောက်ခွင့်ရဖို့ အလွန်ခက်ခဲတဲ့ တရုတ်ပြည် အရှေ့ပိုင်းက Anhui စီရင်စုမှာ မသန်စွမ်းတစ်ယောက်ဖြစ်တဲ့ အသက် ၂၁ နှစ် အရွယ် Hu Huiyuanဟာ ကြီးပြင်းလာခဲ့ပါတယ်။
Hu ဟာ ထိုပညာမတတ်တဲ့ ကလေးတွေကြားမှာ တီဗွီမှာ လာတဲ့ စာတန်းထိုးတွေကို ဖတ်ရှုပြီး ပညာ တတ်မြောက်အောင် ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။ Hu ဟာမွေးစကတည်းက ရက်အနည်းငယ်သာ အ သက်ရှင်နိုင်မယ်လို့ ဆရာဝန်တွေက ပြောခဲ့ပေမယ့် သူမဟာ ဆက်လက် အသက်ရှင်နိုင်ခဲ့ပါတယ်။
၁၀ လ ခန့်အကြာမှာတော့ သူမဟာ မသန်စွမ်းဘ၀ကို ရောက်ခဲ့ရပါတယ်။ သူမဟာ သူမရဲ့ခေါင်းနဲ့ ခြေ
ထောက်တစ်ဖက်ကိုသာ လှုပ်နိုင်သူ မသန်စွမ်းတစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ ဖခင်ဖြစ်တဲ့ အသက် ၄၉ နှစ် အရွယ် Pengနဲ့ မိခင်ဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် Sun တို့က သူတို့ရဲ့ သမီးရဲ့ အကြောင်းတွေကို ဂုဏ်ယူစွာနဲ့ ပြောပြခဲ့ကြပါတယ်။
Credit:Trend Myanmar

နှစ်ပေါင်းများစွာမေ့မြောနေရာမှ ပိုက်ဆံအနံ့ရပြီး ထူးဆန်းစွာ နိုးလာသတဲ့

http://i1183.photobucket.com/albums/x474/konay1/general/Screen%20Shot%202558-01-15%20at%202.30.35%20PM.png

ပိုက်ဆံဆိုတဲ့အရာက တကယ့်ကို စွမ်းအားကြီးမားတယ်။ အရာရာ ကို ပြောင်းလဲနိုင်စွမ်းရှိတယ်။ နှစ်ပေါင်း များစွာ ဦးနှောက်သေရောဂါနဲ့ မေ့မြောနေတဲ့ တရုတ်အမျိုးသားတစ်ဦးက ရုတ်တရတ် ထူးဆန်းစွာပဲ နိုးထ လာခဲ့ပါတယ်။
မတော်တဆမှုကြောင့် ဆေးရုံကုတင်ပေါ် အချိန်ကြာကြီးမေ့မြော နေတဲ့ အမျိုးသားစီအိုလီ ကို ပြန်လည်သ တိရလာဖို့ အကောင်းဆုံး နည်းလမ်းကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ဆေးရုံ လူနာစောင့်နတ်စ် မလေးက လူနာစောင့်ပြုစုပေးနေရင်းနဲ့မှ ကြံဖန်စွာပဲ အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။
လူနာအမျိုးသားရဲ့ မျက်နှာတစ်ဝိုက်နှာခေါင်းပေါ်ကနေ ယွမ်တစ်ရာ တန်တစ်ရွက်နဲ့ ယပ်ခတ်ပေးလိုက် ချိန်မှာမှ ရုတ်တရတ်လူနာနိုးထ လာခဲ့ပါတော့တယ်။ ဒီလိုမျိုး ထူးဆန်းဖြစ်စဉ်အတွက် ဆေးရုံတာ ဝန်ခံဆ ရာဝန်က သူ့ရဲ့လုပ်သက်သက်တမ်းနှစ် ၂၀ အတွင်းမှာ တစ်ခါမှမကြုံဖူးကြောင်းအံ့သြစွာဆိုပြီးရီစရာ
ကောင်းလောက် အောင်ပိုက်ဆံအနံ့နဲ့ နိုးထလာတာဖြစ်တယ်လို့လည်း ပြောထားပါ တယ်။
Credit:ဖိုးသူတော်

အိန္ဒိယနိုင်ငံမှ လေးစားဖွယ်ကောင်းသော သစ်တောလူသား

သစ်တောလူသားဆိုသည်မှာ သစ်တောထဲတွင် တစ်ဦးတည်းနေသူ
ကိုဆိုလိုခြင်းမဟုတ်ပဲ ငယ်စဉ်လူငယ်ဘ၀ကတည်းက တွေ့မြင်ခံစား
ခဲ့ရသည့် အဖြစ်အပျက်တစ်ခုကြောင့် မည်သူ့အကူအညီမှ မပါပဲ
တစ်ဦးတည်းအစွမ်းဖြင့် နှစ်ပေါင်း ၃၀ကျော်ကြာအောင် သစ်တော
တစ်ခုဖြစ်ရန် ဖန်တီးပေးခဲ့သည့်သူကို တင်စားခေါ်ဝေါ်ကြခြင်း
ဖြစ်ပါသည်။သူဖန်တီးခဲ့သော သစ်တောမှာ ၁၃၆၀ ဧကအထိ
ရှိပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/FB_IMG_1475499080987.jpg
၁၉၇၉ ခုနှစ်တွင် Jadav "Molai" Payeng ဆိုသူ အသက် ၁၆ နှစ်
အရွယ်လူငယ်တစ်ယောက်အဖို့ ဘ၀တွင် သူတစ်စိုက်မက်မက်
လုပ်ဆောင်ရမည့် အရာတစ်ခုကို တွေ့မြင်ခဲ့ရပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/201411764029892734_20.jpg
အကြောင်းမှာ ၁၉၇၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ အက်ဆမ်ဒေသရှိ
ဘရာမားပူသရ (Brahmaputra) မြစ် သဲသောင်ပြင်ပေါ်တွင်
မြောက်များလှစွာသော မြွေများနှင့် အခြားတိရိစ္ဆာန်ကလေးများသည်
သေဆုံးနေသည်ကို မိုလိုင် တွေ့ရှိခဲ့ပါသည်။ရေကြီးသဖြင့်
သဲသောင်ပြင်ပေါ်သို့ တက်ရောက်လာသော တိရိစ္ဆာန်လေးများ
သည် နားခိုစရာ သစ်ပင်များမရှိသဖြင့် အပူဒဏ်ကြောင့်
ထိုကဲ့သို့ မြောက်များစွာ သေဆုံးကြရခြင်း ဖြစ်ကြောင်း
မိုလိုင် သိခိုက်ပါသည်။

ပင်လယ်ပြင်တွင် နေထိုင်တတ်သော ရေ၀က်

Dugong ဟုအမည်ရပြီး မြန်မာလို ရေ၀က်ဟုခေါ်ကြသည့်
ထိုရေသတ္တ၀ါများသည် ပင်လယ်ပြင်နေ နို့တိုက်သတ္တ၀ါများ
ဖြစ်ကြပါသည်။အကောင်အရွယ်အစားမှ ၁၀ ပေ မှ ၁၃ ပေ
အထိရှည်တတ်ကြပြီး အလေးချိန်အားဖြင့် တန်ဝက်လောက်
ရှိပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/dugong.jpg
နွေးသော ပင်လယ်ကမ်းခြေများတွင် နေတတ်ကြပြီး မြန်မာပြည်
တွင်လည်း မြိတ်ကျွန်းစုများ၌ တွေ့ရတတ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/800px-Dugong_Marsa_Alam.jpg
ထိုသတ္တ၀ါများကို ကမ္ဘာ့နေရာဒေသမျိုးစုံ အမည်အမျိုးမျိုးဖြင့်ခေါ်
ဆိုတတ်ကြပါသည်။
ရေနွား၊ ရေကုလားအုတ် စသည်ဖြင့် အမည်များစွာရှိပြီး မြန်မာပြည်
တွင်တော့ ရေ၀က်ဟု ခေါ်ကြပါသည်။

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၂)

ပြင်ပတွင် အလွယ်တကူတွေ့မြင်နိုင်သည့် အရာဝတ္ထုများနှင့် ပေါင်းစပ်တည်ထွင်
ပုံဖော်ထားသည့် ကာတွန်း ပုံလေးများကိုအပိုင်း(၂) အဖြစ်ထပ်မံ တင်ပေးလိုက်ပါသည်။
ဒီပုံလေးများကတော့ Victor Nunes ဆိုသည့် ပညာရှင်တစ်ယောက်က တီထွင်ဖန်တီးထားတာပါ။
http://i1183.photobucket.com/albums/x474/konay1/general%204/FB_IMG_1476461915633.jpg

http://i1183.photobucket.com/albums/x474/konay1/general%204/FB_IMG_1476461924648.jpg

ထူခြားဆန်းတဲ့ အိမ်းကလေးများ(၂)

ဒီတစ်ခါတော့ သစ်ပင်ပေါ်က အိမ်ကလေးများနှင့် လှပသော သစ်သားအိမ်
ကလေးများကို စုစည်းတင်ပေးလိုက်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/generral%202/photowrite-13Oct16-134923.png

http://i1183.photobucket.com/albums/x474/konay1/generral%202/photowrite-13Oct16-135321.png

Australia | Kakadu National Park မှ သာယာလှပသော ရေတံခွန်များ နှင့် သဘာဝအလှအပများ

Australia | Kakadu National Park မှ သာယာလှပသော
ရေတံခွန်များ နှင့် သဘာဝအလှအပများ
http://i1183.photobucket.com/albums/x474/konay1/general/photowrite-15Oct16-112129.png

http://i1183.photobucket.com/albums/x474/konay1/general/photowrite-15Oct16-112427.png

Related Posts Plugin for WordPress, Blogger...