Tuesday, October 18, 2016

အိန္ဒိယနိုင်ငံမှ လေးစားဖွယ်ကောင်းသော သစ်တောလူသား

သစ်တောလူသားဆိုသည်မှာ သစ်တောထဲတွင် တစ်ဦးတည်းနေသူ
ကိုဆိုလိုခြင်းမဟုတ်ပဲ ငယ်စဉ်လူငယ်ဘ၀ကတည်းက တွေ့မြင်ခံစား
ခဲ့ရသည့် အဖြစ်အပျက်တစ်ခုကြောင့် မည်သူ့အကူအညီမှ မပါပဲ
တစ်ဦးတည်းအစွမ်းဖြင့် နှစ်ပေါင်း ၃၀ကျော်ကြာအောင် သစ်တော
တစ်ခုဖြစ်ရန် ဖန်တီးပေးခဲ့သည့်သူကို တင်စားခေါ်ဝေါ်ကြခြင်း
ဖြစ်ပါသည်။သူဖန်တီးခဲ့သော သစ်တောမှာ ၁၃၆၀ ဧကအထိ
ရှိပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/FB_IMG_1475499080987.jpg
၁၉၇၉ ခုနှစ်တွင် Jadav "Molai" Payeng ဆိုသူ အသက် ၁၆ နှစ်
အရွယ်လူငယ်တစ်ယောက်အဖို့ ဘ၀တွင် သူတစ်စိုက်မက်မက်
လုပ်ဆောင်ရမည့် အရာတစ်ခုကို တွေ့မြင်ခဲ့ရပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/201411764029892734_20.jpg
အကြောင်းမှာ ၁၉၇၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ အက်ဆမ်ဒေသရှိ
ဘရာမားပူသရ (Brahmaputra) မြစ် သဲသောင်ပြင်ပေါ်တွင်
မြောက်များလှစွာသော မြွေများနှင့် အခြားတိရိစ္ဆာန်ကလေးများသည်
သေဆုံးနေသည်ကို မိုလိုင် တွေ့ရှိခဲ့ပါသည်။ရေကြီးသဖြင့်
သဲသောင်ပြင်ပေါ်သို့ တက်ရောက်လာသော တိရိစ္ဆာန်လေးများ
သည် နားခိုစရာ သစ်ပင်များမရှိသဖြင့် အပူဒဏ်ကြောင့်
ထိုကဲ့သို့ မြောက်များစွာ သေဆုံးကြရခြင်း ဖြစ်ကြောင်း
မိုလိုင် သိခိုက်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/Jadav-Molai-Payeng.jpg
ထိုမြင်ကွင်းကိုတွေ့မြင်လိုက်သော မိုလိုင်တစ်ယောက် ရင်ထဲတွင်
နာကျင်ခံစားခဲ့ရပါသည်။ သူသည် တိရိစ္ဆာန်အသေကောင်များစွာ
ကို ရှေးဦးစွာ ရှင်းလင်းမြေမြှုပ်ပေးပြီးနောက် သစ်တောဌာနသို့
သွားရောက် အရေးဆိုခဲ့ပါသည်။ သူတောင်းဆိုတာက ထိုဒေသ
တွင် သစ်ပင်များ စိုက်ပျိုးပေးဖို့ပါ။ သို့သော် မိုလိုင် တစ်ယောက်
သစ်တောဌာနရောက်မှ ပိုမိုနာကျင် ခံစားခဲ့ရပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/FB_IMG_1475499060261.jpg
သစ်တောဌာနမှ ပြောသည်က သည်ဒေသတွင် မည်သည့်အပင်မှ
စိုက်၍ မဖြစ်ထွန်းနိုင်ကြောင်း ၊ သူတို့လည်းမကူညီနိုင်ကြောင်း၊
ကိုယ်တိုင်စိုက်လိုလျှင် ၀ါးပင်များသာ စမ်းသပ်စိုက်ဖို့ ပြောခဲ့ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/FB_IMG_1475499062866.jpg
ထို့နောက်သူသည် ကူညီမည့်သူမရှိလဲ တစ်ယောက်တည်း ကြိုးစား
ကြည့်ရန် ဆုံးဖြတ်လိုက်ပါသည်။ ပထမဆုံး ၀ါးပင် ၂၀ ကို စတင်စိုက်ပျိုး
ခဲ့ပါသည်။ ထို့နောက်သူသည် စိုက်၍ ရမှန်းသိသွားသဖြင့် နှစ်ပေါင်း
၃၀ကျော်အောင် အပင်မျိုးစုံကို တစ်စိုက်မက်မက် စိုက်ပျိုးခဲ့ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/FB_IMG_1475499065648.jpg
ယခုအခါတွင် သူစိုက်ပျိုးခဲ့သော သစ်တောဧကပေါင်း ၁၃၆၀
(၅၅၀ ဟက်တာ) အထိရှိသော သစ်တောအုပ်ကြီး ဖြစ်လာပါပြီ။
ထိုသစ်တောကိုလည်း မိုလိုင်သစ်တော ဟုခေါ်ကြကာ သူ့ကိုလည်း
သစ်တောလူသား ဟု ကင်ပွန်းတပ်ခဲ့ကြပါသည်။

http://i1183.photobucket.com/albums/x474/konay1/general/FB_IMG_1475499056160.jpg
 (မိုလိုင်စိုက်ပျိုးခဲ့ရာ သစ်တောအား google map မှ မြင်ရပုံ)
သူမျှော်မှန်းစိုက်ပျိုးခဲ့သလို သစ်ပင်မျိုးစုံသည့် သစ်တောအုပ်ကြီး
ဖြစ်နေသလို ထိုသစ်တောထဲတွင် ဘန်ဂေါကျားများ ၊ အိန္ဒိယကြံ့များ ၊
သမင်ကောင်ရေ ၁၀၀ကျော်၊ယုန်များ ၊မျောက်များနှင့်အတူ ဆင်ကောင်ရေ
၁၀၀ ကျော်အထိ လာရောက်နေထိုင်ကျက်စားရာ တောအုပ်ကြီး
ဖြစ်နေပါပြီ။
http://i1183.photobucket.com/albums/x474/konay1/general/MakingDifference-Photo.jpg
သစ်တောစောင့်ကြည့်သည့်အသင်းများ၏ ဖော်ပြချက်အရ
မြစ်နှစ်ခုကြားမှ ကမ္ဘာ့အကြီးဆုံးသစ်တောများထဲတွင် တစ်ခုအပါအဝင်
ဖြစ်သည်ဟု ဆိုပါသည်။
ယခုအချိန်တွင် မိုလိုင်သည် ထိုသစ်တောထဲမှ တဲလေးတစ်လုံးတွင်
ဇနီး ၊ ကလေးသုံးယောက်နှင့်အတူ နေထိုင်ပြီး နွားနို့ရောင်းချအသက်မွေးကာ
သစ်ပင်တွေစိုက်ပျိုး ထိန်းသိမ်းရင်း ပျော်ရွှင်စွာနေထိုင်နေပါသည်။
အိန္ဒိယအစိုးရမှ မိုလိုင်၏ စွမ်းဆောင်မှုကို ကျေးဇူးတင်ဂုဏ်ပြုသည့်
အနေဖြင့် အရပ်သားများကို ပေးအပ်သည့် ဂုဏ်ထူးဆောင်ဆုများတွင်
စတုတ္တမြောက်အမြင့်ဆုံးဖြစ်သည့် Padma Shri ဟူသည့် ဆုတံဆိပ်ကို
အပ်နှင်းခဲ့ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/FB_IMG_1475499074834.jpg
မိုလိုင်းရဲ့အကြောင်းကို ၂၀၁၃တွင် Forest Man ဆိုသည့်ဇာတ်ကားအမည်နှင့်
ရိုက်ကူးပုံဖော်ခဲ့ပြီး Indian Documentary အစီအစဉ်မှာ forest life ဆိုပြီး ရိုက်ကူးတင်ဆက်ခဲ့ပါသည်။ ကမ္ဘာတစ်ဝှမ်းမှလည်း သူ၏ နှစ်ပေါင်း
များစွာတိုင်အောင် စွမ်းဆောင်နိုင်မှု နှင့် အတုယူဖွယ် မြင့်မြတ်သည့်
စိတ်ထားများကြောင့် အံ့သြချီးကျူးကာ နေကြပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...