ထိုရေသတ္တ၀ါများသည် ပင်လယ်ပြင်နေ နို့တိုက်သတ္တ၀ါများ
ဖြစ်ကြပါသည်။အကောင်အရွယ်အစားမှ ၁၀ ပေ မှ ၁၃ ပေ
အထိရှည်တတ်ကြပြီး အလေးချိန်အားဖြင့် တန်ဝက်လောက်
ရှိပါသည်။

နွေးသော ပင်လယ်ကမ်းခြေများတွင် နေတတ်ကြပြီး မြန်မာပြည်
တွင်လည်း မြိတ်ကျွန်းစုများ၌ တွေ့ရတတ်ပါသည်။

ထိုသတ္တ၀ါများကို ကမ္ဘာ့နေရာဒေသမျိုးစုံ အမည်အမျိုးမျိုးဖြင့်ခေါ်
ဆိုတတ်ကြပါသည်။
ရေနွား၊ ရေကုလားအုတ် စသည်ဖြင့် အမည်များစွာရှိပြီး မြန်မာပြည်
တွင်တော့ ရေ၀က်ဟု ခေါ်ကြပါသည်။

၁၈ ရာစုခေတ်လောက်ကတည်းက လူသားများ၏ အသား နှင့်
အဆီ ရယူလိုမှုကြောင့် ဖမ်းဆီးသတ်ဖြတ်မှုကို ခံခဲ့ကြရပြီး
ယခုအခါတွင်တော့ အကောင်ရေလျော့နည်းလာသဖြင့်
ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလာရပါသည်။

သက်တမ်းအားဖြင့် နှစ် ၇၀ နှင့် အထက် အထိအသက်ရှင်နိုင်ကြပါသည်။

(ရေ၀က်အား တွေ့ရှိနိုင်သည့် ဒေသများ)
အာဖရိက အရှေ့ပိုင်းမှ Australia ပင်လယ်ပြင်များအထိ ၊ ပင်လယ်နီ ၊
အိန္ဒိယ သမုဒ္ဒရာ နှင့် ပစိဖိတ်သမုဒ္ဒရာ နေရာအနှံ ကမ်းခြေ အနီးအနားများ
တွင် နေထိုင်တတ်ကြပါသည်။မြန်မာနိုင်ငံ ပင်လယ်ကမ်းခြေ
အနီးများတွင်လည်း ရှိပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။