
အလွန်ကျယ်ပြောသော ဆီးနှင်းလွင်ပြင် တစ်ခုတွင် ဧရာမ ပန်းချီကားကြီးတစ်ချပ် ဖြန့်ကျက်ရေးဆွဲထားသကဲ့သို့ အနုပညာ လက်ရာများကို ဗြိတိန်မှ အနုပညာရှင် တစ်ဦးက ဖန်တီးပြခဲ့သည်။ ၎င်းသည် စက်ဝိုင်းများ ရေးဆွဲသည့် ကွန်ပါချွန် တစ်ခုနှင့် ကိုယ်ပိုင် ခြေထောက်များကိုသာ အသုံးပြုပြီး ခမ်းနားကြီးကျယ်သည့် ဆန်းဆန်းကျယ်ကျယ် အနုပညာ တစ်ရပ်ကို ဖော်ကျူးပြခဲ့ခြင်း ဖြစ်သည်။ ဘက်ရှိုင်းယားတွင် နေထိုင်သည့် အသက်(၅၅)နှစ်အရွယ် ဆိုင်မွန်ဘက်ခ်သည် ဆီးနှင်းပေါ်တွင် ခြေထောက်များဖြင့် ထိုးဆွပြီး ဧရာမ ပန်းချီကားချပ်ကြီးများကို ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
