Sunday, April 30, 2017
လက်ချောင်း အတိုအရှည်ကို ကြည့်ပြီး အမျိုးသား တစ်ဦး၏ စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်
အမျိုးသမီးများ အတွက် သတင်းကောင်း တစ်ခုရှိနေပါပြီ။ ကိုယ်နှင့် ဒိတ်လုပ်သည့် အမျိုးသားသည် ရက်ရောသူ ဖြစ်သလား၊ တွန့်တိုတတ်သည့် ကပ်စေးနည်း ဖြစ်သလားကို သိရှိနိုင်မည့် နည်းလမ်း ရှိနေပါပြီ။
            သိနိုင်ဖို့ အတွက် သူ့အလုပ်အကိုင် ကိုလည်း မမေးပါနှင့်။ သူ့ ပိုက်ဆံအိတ်ထဲ ကိုလည်း မကြည့်ပါနှင့်။ သူ့လက်ချောင်းလေးတွေကိုသာ ကြည့်လိုက်ပါ။ ရက်ရောသူလား၊ ကပ်စေးနည်းသူလား သိဖို့ရန် လက်ချောင်းလေးများ၏ အတိုအရှည်ကိုသာ ကြည့်လိုက်ပါ။ အမျိုးသား တစ်ဦး၏  လက်ညှိုးသည် လက်သူကြွယ်ထက် တိုနေပါက ယင်းအမျိုးသားသည် အမျိုးသမီးများ အထင်ကြီးစေရန် အတွက် ငွေကြေးများစွာ သုံးစွဲသူ ဖြစ်နိုင်ခြေများကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။
            အဆိုပါ အမျိုးသားသည် ပန်းများ လက်ဆောင် ပေးတတ်သည်။ ချောကလက်များ လက်ဆောင် ပေးတတ်သည်။ ညစာအတွက်လည်း သူကပဲ စိုက်ထုတ် အကုန်အကျ ခံတတ်သည်။ ထို့ပြင် အဆိုပါ ကိုယ်တော်ချောသည် အားကစားရုံ သို့လည်း ပိုသွားနိုင်ခြေရှိသည်။ စတိုင်ကျသော အ၀တ်များကိုလည်း ၀တ်ကြသည်။
ဟာဝိုင်အီကျွန်းပေါ်မှ ကမ္ဘာကျော် လှေကားထစ်များ
ဟာဝိုင်အီ (Hawaii) ၊ Oahu ဒေသရှိ Ko’olau တောင်တန်းများပေါ်တွင် ရှည်လျားမြင့်မားသည့် ကမ္ဘာကျော် Stairway to Heaven လှေကားထစ်များ တည်ရှိပါသည်။ တောင်တန်းတစ်လျောက် အနိမ့် အမြင့်အတိုင်း ရှည်လျားစွာ တည်ရှိနေပြီး လှေကားထစ်ပေါင်း ၃၉၂၂ ရှိပါသည်။
၁၉၄၂ ခုနှစ် ၊ ဒုတိယကမ္ဘာစစ်ပွဲ ဖြစ်ပေါ်နေချိန်၌ အမေရိကန်စစ်တပ်မှ ရေဒီယိုစခန်း တစ်ခုအဖြစ် ထိုတောင်ပေါ်တွင် တည်ဆောက်ခဲ့ပါသည်။ ယခုလှေကားများမှာ ထိုရေဒီယိုစခန်းသို့ သွားရန်အတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းပါ။
ကျောက်တုံးများကို ဟန်ချက်ညီရပ်တည်စေရန် ထပ်ဆင့်တင်ကာ ဖန်တီးခြင်း (၂)
Balance Art ဟုခေါ်သည့် အရာဝတ္ထုများကို ဟန်ချက်ညီ ရပ်တည်နေစေရန် အဆင့်ဆင့် အထပ်ထပ် တင်ကာ ပြသသည့် အနုပညာ တစ်မျိုးပါ။ ထိုကဲ့သို့ အံ့မခန်းပညာရှင်မျိုး ကမ္ဘာမှာ များစွာရှိကြပါတယ်။ တစ်ချို့က လူပုံအလယ် ပြပွဲများ ပြသကြသလို သူတို့၏ ပညာရပ်များကို တင်ဆက်လေ့ ရှိကြပါတယ်။ ယခုလည်း Kokei ဆိုသည့် လူငယ်တစ်ယောက်မှ ကျောက်တုံးများ အဆင့်ဆင့် ရပ်တည်နေစေရန် ထူးခြားစွာ တင်ဆက်ပြသခဲ့ပါတယ်။ ကြည့်မြင်ရသူအနေဖြင့် ယုံကြည်ရန် ခက်ခဲလောက်အောင် ပြသနိုင်ခဲ့ပြီး သူပြုလုပ်ခဲ့ပုံအဆင့်ဆင့်ကို ဗွီဒီယို မှတ်တမ်းတင်ထား ခဲ့ပါသည်။ သူ၏ ဗွီဒီယိုအပိုင်း များစွာထဲမှ တစ်ခုကို နေခရမ်း Page တွင် သီးခြား တင်ပေးပါအုံးမည်။ ကဲကြည့်လိုက်ရအောင်ဗျာ…
ကျောက်ခဲလေးများဖြင့် ဖန်တီးထားသော ပုံလေးများ (၃)
တွေ့မြင်နေကျ ပုံစံမျိုးနှင့်မတူပဲ သဘာဝ ကျောက်ခဲလေးများကို
နေရာတကျ စုစည်း၍ ရုပ်ပုံလေးများဖြစ်လာအောင် ဖန်တီးပုံဖော်
ထားမှုများပါ။ စိတ်ကူးဆန်းသစ်သလို သဘာဝအတိုင်းရှိနေသည့်
ကျောက်ခဲပုံစံမျိုးစုံကို အစီအစဉ်တကျ ပုံဖော်ထားသိုနိုင်မှုဟာ
လေးစားစရာပါ။ ၏
ဆဌမအာရုံဖြစ်ရပ်ဆန်းများ( ၆ )
ဒီတစ်ခါဆက်ပြီး ဖီဂျီ မှမီးနင်းသူများအကြောင်းကိုတင်ပြပါမယ်။
ဒီမီးနင်းပွဲကို ဗီလာဗီလာရီဗို လို့ သူတို့ ကခေါ်ကြပါတယ်။ဒီလို
ပွဲမျိုးကို အစဉ်အလာအရ လွန်ခဲ့တဲ့နှစ်များစွာထဲက ကျင်းပခဲ့
ကြတာပါ။သူတို့ ဟာ အဝိုင်းပုံစံ ခပ်တိမ်တိမ်ကျင်းတစ်ခုကို
တူးပါတယ်။အဲဒီကျင်းကို သစ်ကိုင်းခြောက်တွေ ထင်းတွေနဲ့ 
ပြီးတော့ မီးလျှံတွေပေါ်မှာ
ကျောက်တုံးတွေကို ဖြန့် ခင်းပါတယ်။ နေ့ တစ်ဝက်လောက်ကြာ
အောင်ဆက်တိုက် အပူပေးထားခဲ့တာပါ။ပြီးမှ အလျှံတညီးညီး
နဲ့ပူနေတဲ့ အဲဒီကျောက်တုံးတွေပေါ်မှာ သစ်ရွက်စိမ်းတွေဖြန့် ခင်း
ပြီးတော့မှ အဲဒီကျင်းကြီးထဲမှာ စုပေါင်းကာ ကကြခုန်ကြနှင့် ကပွဲ
ကိုကျင်းပကြပါတယ်။ခေတ်အဆက်ဆက်နိုင်ငံခြားခရီးသွားတွေကို
စွဲဆောင်နိုင်တဲ့ပွဲတော်တစ်ခုပါ။
ခရီးထွက်လျှင် တွေ့မြင်ရမည့် စိတ်ကူး နှင့် လက်တွေ့ကွာခြားပုံလေးများ (၂)
ကျွန်တော်တို့ ခရီးထွက်လျှင် တွေ့မြင်ကြရမည့် ရှုခင်းများ၊ နေရာဒေသများ
နှင့် ပတ်သက်ပြီး ကြိုတင်စိတ်ကူးယဉ်တတ်ကြပါသည်။
သို့သော် လက်တွေ့ခရီးထွက်သည့်အခါ မိမိစိတ်ကူးထားသလို
ပုံစံမျိုးမဟုတ်ဘဲ ကြုံတွေ့တတ်သည့် သဘောများကို ထင်သာမြင်သာ
စေမည့် ပုံလေးများကို ထပ်မံ စုစည်းတင်ပေးလိုက်ပါသည်။
Tuesday, April 25, 2017
Crush ဆိုတာထက် ပိုနေပြီဆိုတာ ပြနေတဲ့ အချက် (၁၃) ချက်"
Crush ဆိုတာက သူ့ရဲ့ရုပ်ရည်နဲ့ ပြောဟန်ဆိုဟန်လေးကြောင့် ခဏလောက်ပဲ စိတ်ကစားတာမျိုးပါ။
ဒီအချက်တွေ သင့်မှာ ဖြစ်နေပြီဆိုရင် သူ့ကို သင် စိတ်ကစားတာထက် ပိုနေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
၁။ စိတ်အရမ်းလှုပ်ရှားနေတတ်ပြီ။ သူ့အနားရောက်ရင် ဘယ်လိုမှသက်တောင့်သက်သာမဖြစ်သလိုခံစားရတယ်။
၂။ သူ ကိုယ့်ဆီပို့မယ့် Message ကိုပဲ မျှော်နေမယ်။
၃။ တခြား Crush တွေက ဖွဲနဲ့ ဆန်ကွဲဖြစ်သွားတယ်။
၎။ အီစီကလီထက်ပိုတဲ့ စကားအကောင်းတွေ ပိုပြောဖြစ်လာမယ်။
ကနေဒါနိုင်ငံမှ အကြီးဆုံးမြစ် ရေများခန်းခြောက်ပျောက်ကွယ်သွား
အမြဲစိမ်းလမ်းပြီး ရေခဲနေတဲ့ ကနေဒါနိုင်ငံ သဘာဝ သစ်တောတွေအလယ်
က Kaskawulsh ရေခဲ မြစ်ကြီး ယခုရက်ပိုင်းအတွင်းမှာ ပညာရှင်တွေရဲ့  မျက်စိအောက်ကနေ ပျောက်ကွယ်သွှားခဲ့ပါပြီ။
၂၁ရာစုနှစ်သမိုင်းမှာ ကြီးမားစွာ ဆုံရူံးသွားတဲ့ ဖြစ်ရပ်ပါလို့  ဘူမိဗေဒ ပညာရှင်တွေကပြောပါတယ်။
ပစိဖိတ် သမုဒ်ဒရာက နေနှစ်စဉ် ရောက်လာတဲ့ ဆယ်လမွန် ငါးတို့ လာရောက်ကြတဲ့ နေရာပါ။ ဒီနှစ်မှာ သန်းနဲ့ ချီတဲ့ ဆယ်လမွန်ငါးအုပ်တွေ သေဆုံးနေတယ်လို့  အမေရိကန် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ တွေရဲ့  လေ့လာ တွေ့ ရှိချက်တွေမှာဖေါ်ပြထားတယ်။
ယခုဖြစ်ရပ်ဟာClimate Changeဖေါက်ပြန် ရာသီတွေပြောင်းလဲလာခြင်း နဲ့ အတူ  ကမ္ဘာ့အောက်ခြေက မြေသားတွေဟာ ခြောက်သွေ့ ပြီး မြစ်တွေခန်းခြောက်-ရေခဲပြင်တွေအရေပျော် -မီးတောင်တွေ ဆက် တိုက် ပေါက်ကွဲ နေတာတွေကိုလည်း တွေ့ နိုင်ပါတယ်။
ကမ္ဘာ့ဒုတိယ အမြင့်ဆုံး ရှန်ဟိုင်းတာဝါ
ရှန်ဟိုင်းတာဝါသည် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦများတွင် ဒုတိယဖြစ်၍ တရုတ်ပြည်တွင် အမြင့်ဆုံးအဆောက်အဦ ဖြစ်ပါသည်။ အမြင့်အားဖြင့် ၆၃၂ မီတာ(၂ ၀၇၃ ပေ) ရှိပြီး ၁၂၈ ထပ် ရှိပါသည်။ ၂၀၀၈ နိုဝင်ဘာလထဲက စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၅ ခု ၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့ပြင် ထိုအဆောက်အဦးကြီးသည် အခြားသော စံချိန်များစွာလည်း တင်ရှိထားခဲ့ပြီး ကမ္ဘာ့အမြန်ဆုံး ဓာတ်လှေကားကိုလည်း တပ်ဆင်ထားပါသည်။
ကမ္ဘာ့သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး ပန်းရောင်စိန်ပွင့်ကြီး
ပန်းရောင်ကြယ် လို့အမည်ရသည့် ၅၉.၆ ကာရက်စိန်ကို ကမ္ဘာ့စံချိန်တင် အမေရိကန်ဒေါ်လာ ၇၁.၂ သန်း နှင့် ဟောင်ကောင်မှာပြုလုပ်သည့် Sotheby လေလံပွဲမှာ ရောင်းထွက်သွားပြီး ၊ ကမ္ဘာ့ကျောက်မျက်ရတနာများတွင် တန်ဖိုးအမြင့်ဆုံးဖြစ်ခဲ့ပါသည်။
Gemological Institute of America ရဲ့အကဲဖြတ်ချက်အရ အဆိုပါစိန်ဟာ တွေ့ရှိဖူးသမျှထဲမှာ အကြီးဆုံးဖန်စီပန်းရောင် အပြစ်အနာအဆာမရှိ စိန်ဖြစ်ပါသည်။
"Pink Star" “ပန်းရောင်ကြယ်”လို့အမည်ရတဲ့စိန်ကို ၁၉၉၉ ခုနှစ်က အာဖရိကတိုက် စိန်တွင်းတစ်ခုမှ ဒီဘီးယားက တူးဖော်ရရှိခဲ့ကာ စိန်ရိုင်းတုံးဘ၀တွင် ၁၃၂.၅ ကာရက် ရှိပါသည်။ နှစ်နှစ်ကြာသွေးယူခဲ့ရပြီးနောက် ၅၉.၆ ကာရက်ရှိ စိန်ကို ရရှိခဲ့ပါသည်။
အနုစိတ် လက်ရာမြောက်လှသော ခဲသားပန်းပုရုပ်ကလေးများ (၃)
ရုရှနိုင်ငံမှ Salavat Fidai ဆိုသူပညာရှင်တစ်ယောက်သည် အလွန်သေးငယ်သော ရုပ်တုလေးများ ၊ ရုပ်ပုံလေးများ ရေးဆွဲထွင်းထုရတာကို အလွန်ဝါသနာပါပါသည်။ယခုတင်ပြမှာကတော့ သူအနုစိတ်နိုင်စွာ စိတ်ရှည်ရှည်ဖြင့် ဖန်တီးထားသော ခဲတံအတွင်းမှ ခဲသားအပေါ်တွင် ဖန်တီးပြုလုပ်ထားသည့် ခဲသားပန်းပုရုပ်
သေးသေးလေးများအကြောင်းပါ။ သူဖန်တီးထားသည့် ရုပ်တုလေးများကို အပြင်မှာ ကြည့်လျှင် မှန်ဘီလူးသုံးပြီးကြည့်မှ သူ၏ လက်ရာမြောက် ဖန်တီးထားမှုများကို ထင်ရှာစွာ တွေ့မြင်ရမှာပါ။
သူရဲ့ သေးငယ်သော ခဲသားပန်းပုရုပ်လေးများကို ၂၀၁၇ ခုနှစ်တွင် သီးခြားပြပွဲတစ်ခု ခင်းကျင်း ပြသခဲ့ပါသည်။ အရုပ်တစ်ခုအတွက် မှန်ဘီလူးတစ်ခုထားကာ ပြသပေးခဲ့ပါသည်။ ထိုအထဲကမှ ယခင် အပိုင်းများတွင် မပါသေးသည့် အရုပ်လေးများထဲမှ တစ်ချို့ကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။
ထူးခြားလှပ Body Art ပန်းချီများ (၄)
လက်ရာမြောက် သေသပ်လှပသည့် Body Art ပန်းချီများကို ထပ်မံတင်ပေးလိုက်ပါတယ်။
ယခုတင်ပြမည့် Trina Merry ဆိုသူအမျိုးသမီးအနုပညာရှင်ကတော့ သဘာဝတရား နှင့် လူသားကို ပေါင်းစပ်ရေးဆွဲထားတာပါ။ လက်ရာသေသပ်သလို အစီအစဉ်ကျအောင် ဖန်တီးရေးဆွဲထားနိုင်မှုက အံ့သြချီးကျူးစရာပါ။ သူမရဲ့ လက်ရာများကို ကြည့်ရှု့အားပေးလိုက်ရအောင်ဗျာ…
စက္ကူစာရွက်များကို ဖြတ်ညှပ်ကာ ဖန်တီးထားသော ပုံလေးများ (၆)
ယခုတင်ပြမှာကတော့ Paper Cutting Art ဟုခေါ်သည့် စက္ကူစာရွက်များကို ပုံပေါ်အောင် လှီးဖြတ်ညှပ်ပြီး အနုစိတ်လက်ရာဝင်အောင် ဖန်တီးထားသော ပုံများကိုပါ။ ယခုပုံများကို အိန္ဒိယအနုပညာရှင် Parth Kothekar ဆိုသည့် ပညာရှင်တစ်ယောက်က ဖန်တီးထားတာပါ။
ကားပေါ်ရှိ ဖုန်များပေါ်တွင်ရေးဆွဲသောပန်းချီများ(Dirty Car Art) …(၂)
Dirty car Art ဆိုတဲ့ အကြောင်းပါ။ ရုရှနိုင်ငံ ၊ မော်စကိုမြို့မှ ပန်းချီပညာရှင်တစ်ဦးဖြစ်သည့် Pro Boy Nick ၏ ကားများ ၊ ကုန်တင်ယာဉ်များပေါ်ရှိ ဖုန်မှုန့် များကို ရေးဆွဲပေးထားသည့် ပုံကြီးများပါ။ လက်ရာမြောက် သေသပ်သည့် ပုံကြီးများကို တွေ့မြင်ရမည် ဖြစ်ပါသည်။
Sunday, April 23, 2017
ဘဝကို ချစ်ပါ (သို့) လမ်းလျောက်၍ လမ်းပြနေသောသူ
အမေရိကန်နိုင်ငံ ရဲ့လမ်းမများပေါ်မှာ တလှုပ်လှုပ်နဲ့ လမ်းလျောက်နေတဲ့ အဖိုးအို တစ်ယောက်ကို တွေ့မြင်ရသူတိုင်း ငေးကြည့်မိတတ်ကြပါတယ်။
နေပူ ၊ မိုးရွာ ၊ ဆီးနှင်းများ ကျနေပါစေ၊ ခရီးဆောင်အထုတ်အပိုးတွေကို တွန်းလှည်းလေးပေါ်တင်လို့ ထိုအဖိုးအို လမ်းလျောက်နေတတ်ပါတယ်။
သူဘယ်ကို သွားမလဲ ။ ဘယ်က လာသလဲဆိုတာ မသိကြပေမယ့် သူပုခုံးပေါ်က ဆိုင်းဘုတ်ကြောင့် လူတိုင်း စိတ်ဝင်စားမှု ခံခဲ့ရပါတယ်။
သူ ရေးထားတဲ့ စာတန်းက ရှင်းရှင်းလေးပါ။
" Love Life" တဲ့ ။
ဘဝ ကို ချစ်ဖို့ သူဘာကြေင့် ရေးထားတာလဲ ? ဘာအတွက် သူလုပ်နေတာလဲ ?
ထိုအဖိုးအို ရဲ့ နာမည်က Steve Fugate ပါ။
တစ်ချိန်က သူ့မှာ ပျော်ရွှင်စရာ မိသားစုဘဝလေး ရှိခဲ့ပါတယ်။ သားတစ်ယောက် ၊ သမီးတစ်ယောက်နဲ့ သူ့အတွက် မိသားစုလေးက အရေးပါ ပါတယ်။
ဒါပေမယ့် လက်ခံချင်စရာ မကောင်းတဲ့ အဖြစ်အပျက်များ Steve Fugate ရဲ့ဘဝထဲကို တန်းစီဝင်လာပါတယ်။
သူရဲ့သားတစ်ယောက် ဟာ ကိုယ့်ကိုကိုယ် သတ်သေ သွားခဲ့ပါတယ်။ ဘဝကို လွယ်လွယ်နဲ့ အရှုံးပေး နှုတ်ဆက်သွားတဲ့ သားအတွက် ရင်နာခံစား ခဲ့ရသလို ဒီလိုအဖြစ်မျိုးမဖြစ်ရအောင် ဖခင်တစ်ယောက် အနေနဲ့ မတားဆီး နိုင်ခဲ့တာကိုလည်း ဖြေမဆည်နိုင်ခဲ့ပါ။
ကောင်းကင်ဘုံက တံတား
 တရုတ်နိုင်ငံ Enshi Tujia နှင့် Miao ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှစ်ခုအား ဆက်သွယ်ပေးသော “ Siduhe” တံတားကို ကောင်းကင်ဘုံက တံတားကြီးဟုတင်စားခေါ်ဝေါ်ကြပြီး  ၊ ယခုဖော်ပြထားသောဓာတ်ပုံများမှာ မိုးရွာပြီးနောက် ရေခိုးရေငွေ့ နှင့် မိုးတိမ်တောင်များကြားတွင် လှပတင့်တယ်စွာ တံတားကြီးအား မြင်တွေ့ ရသည်။(ဆင်ဟွာ)
မစ္စတာ ဘင်း အားပြောင်းလဲကြည့်ခြင်း
ကမ္ဘာကျော်ဟာသသရုပ်ဆောင် မစ္စတာဘင်းကို နာမည်ကျော် ရုပ်ရှင်ဇာတ်ကား သရုပ်ဆောင်များ ၊ ထင်ပေါ်ကျော်ကြားသူများ နှင့် ကမ္ဘာကျော် ပန်းချီကားများတွင် မျက်နှာအား Photoshop ဖြင့် ပြောင်းလဲကာ Graphics Pedia Page တွင်တင်ပြထားသည့် ပုံများပါ။
မူရင်းဇာတ်ကောင်များနေရာတွင် ရသတစ်မျိုး ၊ အမြင်တစ်မျိုး ပြောင်းလဲခံစားရစေပါတယ်။
ဒုံးပျံများ အာကာသထဲသို့ လွှတ်တင်ပုံများ
အာကာသယာဉ် ၊ လွန်းပျံယာဉ်များကို ကမ္ဘာမြေပေါ်မှ
အာကာသဆီသို့ လွှတ်တင်ရောက်ရှိပုံများကို တင်ပေး
လိုက်ပါတယ်။ 
တရုတ်နိုင်ငံ မှ အဋ္ဌဂံပုံ ဥယျာဉ်ကြီး
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ၊ Guizhou ပြည်နယ် ၊
Zunyi တွင် ကြီးမားလှသော တရုတ်ရိုးရာ အမှတ်အသားတစ်ခု ဖြစ်သည့် Bagua ပုံစံ (သို့) ရှစ်မြောင့် အဋ္ဌဂံပုံ ဥယျာဉ်ကြီးကို တည်ဆောက်ဖွင့်လှစ် ခဲ့ပါသည်။
ထိုဥယျာဉ်ကြီးသည် ၄၉.၄ ဧက ကျယ်ဝန်းပြီး ပန်းပင် နှင့်သစ်ပင်မျိုးကွဲပေါင်း ၈၁ မျိုး စိုက်ပျိုးထားပါသည်။
အလယ်တွင် ယင် - ယန် အမှတ်တဆိပ်စက်ဝိုင်း ရှိပြီး ရာသီအလိုက် သစ်ပင် ပန်းပင်များမှ အရောင်ပြောင်းလဲ လှပနေမည် ဖြစ်ပါသည်။
ကြယ်သီးလေးများနှင့် ဖန်တီးထားသော ထူးထူးခြားခြားပုံလေးများ (၃)
အမျိုးသမီး နှင့် အမျိုးသားဝတ်အင်္ကျီများ၏ ကြယ်သီးများကိုစုစည်း
ပုံဖော်ထားသည့် ပုံလေးများကို စုစည်း တင်ပေးလိုက်ပါသည်။
ကြည့်လိုက်ကြပါအုံးဗျာ....
ထူးထူးခြားခြား အနုပညာ (၃)
အခုတော့တစ်ကိုယ်လုံး ပေါင်းစပ်ပြီး နည်းပညာနဲ့ ဖန်တီးထားပုံတွေကို လှပြီးဆန်းနေလို့ တင်ပေးလိုက်တယ်နော်...
Cecelia Webber ဆိုသည့် အနုပညာရှင်တစ်ဦးရဲ့ စိတ်ကူးပုံဖော် တင်ပြချက်များ ဖြစ်ပါတယ်။
အဟဲ...တစ်ချို့ ပုံတွေက အရမ်းကိုရုပ်လုံးကြွပြီး ပီပြင်လွန်းပါတယ်....
အမြင်ရိုင်းတယ်ထင်ရင် ခွင့်လွှတ်ပါဗျာ... 
လှည့်စားထားသော ဓာတ်ပုံများ (၂)
အမြင်အာရုံကို လှည့်စားထားသည့် ပုံလေးများကို တင်ပေးချင်ပါတယ်။
တစ်ချို့ပုံလေးတွေက သေခြာကြည့်ယူရအောင် ကောင်းပါတယ်။
အသဲထိတ်ဖွယ် မှန်သားဖြင့်တည်ဆောက်ထားသော ကောင်းကင်လျောက်လမ်း
သွားရောက်လည်ပတ်သူများအနေဖြင့် အသဲတထိတ်ထိတ်ဖြစ်စေမည့် ကောင်ကင်လျောက်လမ်း တစ်ခုကို တရုတ်နိုင်ငံတွင် တည်ဆောက်ခဲ့ပါသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင် ၊ ချုံကျင်းတွင် အဆိုပါ မှန်သားဖြင့် တည်ဆောက်ထားသော ကောင်းကင်လျောက်လမ်း တည်ရှိပါသည်။
တောင်ကမ်းပါးစွန်းမှ အပြင်သို့ A ပုံစံ ထိုးထွက်နေပြီး ကျောက်နံရံစွန်းမှ အပြင်သို့ ၈၆ မီတာ အထိ လေထဲသို့ ထိုးထွက်နေခြင်း ဖြစ်ပါသည်။ အမြင့်အားဖြင့်လည်း အောက်ခြေမှ မီတာ ၂၀၀ ကျော်အမြင့်တွင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။
အောက်ခြေသည် အထူးပြုလုပ်ထားသော မှန်အထူများကို တပ်ဆင်ထားပါသဖြင့် လမ်းလျောက်သူများ အနေဖြင့် တောင်အောက်သို့ တိုက်ရိုက်မြင်နေရမည် ဖြစ်ပါသည်။
ဆောက်လုပ်ရေး လောကမှ အလွဲများ (၃)
ကြံကြံဖန်ဖန်ဆောက်လုပ်ထားကြပုံလေးတွေကို တင်ပေးလိုက်ပါတယ်။
ပြုံးပျော်ရွှင်လန်း နိုင်ကြပါစေ.....
ကလေးတွေတော့ ဂွကျကုန်တော့မှာပဲ...
တံခါးတပ်ထားနေသေးတယ်ဗျာ...
ဆောက်လုပ်ရေး လောကမှ အလွဲများ (၂)
ကြံကြံဖန်ဖန်ဆောက်လုပ်ထားကြပုံလေးတွေကို တင်ပေးလိုက်ပါတယ်။
ပြုံးပျော်ရွှင်လန်း နိုင်ကြပါစေ.....
Thursday, April 20, 2017
ကြင်နာတတ်သော စိတ်ရှိသူများ ပေါင်းသင်းဆက်ဆံရေးတွင် ပိုပြီး သက်သောင့်သက်သာဖြစ်
စိုးရိမ်ကြောင့်ကြစိတ် များသူတို့သည် သူတစ်ပါးအား စေတနာထား ကူညီပေးခြင်းဖြင့် စိတ်သက်သာရာ ရနိုင်ကြောင်း သိရသည်။
          ကြင်နာစွာ ကူညီဖေးမပေးသည့် အပြုအမှုကြောင့် လူကြောက်တတ်သည့် ပုဂ္ဂိုလ်များ လူစိမ်းများနှင့် အလွယ်တကူ ရင်းနှီးသွားစေနိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြားခဲ့သည်။
          ပါတီပွဲများကဲ့သို့ လူမှုရေးပွဲများတွင် လူအများကြားတွင် ကိုယ့်ကိုယ်ကို သတိထားနေပြီး ကြောက်စိတ် ၀င်နေတတ်သူများအတွက် အဆိုပါလေ့လာမှုက အထောက်အကူ များစွာဖြစ်စေသည်။
          တခြားသူများကို ကြင်နာမှုအပြည့်ဖြင့် ကူညီပေးလိုက်ခြင်းကြောင့် ပျော်ရွှင်သည့် စိတ်ခံစားမှုကို ပိုမိုတိုးပွားစေသည်ကို အများသိကြပြီးဖြစ်သည်။ ကနေဒါနိုင်ငံရှိ ဆိုင်မွန်ဖရေဆာ တက္ကသိုလ်နှင့် ဗြိတိန်      ကိုလံဘီယာ တက္ကသိုလ်တို့မှ ကနေဒါသုတေသီများက စိတ်ရင်းကောင်းဖြင့် ကူညီလိုက်ခြင်းကြောင့် စိုးရိမ်ကြောင့်ကြစိတ် လျော့ကျသွားပုံကို လေ့လာထားခြင်းဖြစ်သည်။
သွေးစုပ်ဖုတ်ကောင်များ ကျန်းမာရေးဝန်ထမ်းများကို ကြောက်လေ့ရှိ
မိမိကိုယ်ကို သွေးစုပ်ဖုတ်ကောင် Vampire များအဖြစ် သတ်မှတ်ပြီး ကျန်းမာရေးကောင်းရန် လူသွေး သို့မဟုတ် အခြားတိရစ္ဆာန်များ၏ သွေးများကို သောက်သောသူများသည် လူမှုဝန်ထမ်းများနှင့် ဆေးပညာရှင်များက ၎င်းတို့ကို တွေ့ရှိပြီးနောက် တကယ့် မကောင်းဆိုးဝါး သို့မဟုတ် စိတ်ကျန်းမာရေး မကောင်းသူ အဖြစ် သတ်မှတ်မည်ကို စိုးရိမ်ကြကြောင်း လေ့လာမှုတစ်ခုက ဖော်ထုတ်လိုက်သည်။
      သုတေသီများသည် အဆိုပါ ဗန်ပိုင်းယားဟု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသူတစ်စုကို လေ့လာခဲ့ပြီးနောက် ၎င်းတို့ကို နားလည်ရေးသည် ကျန်းမာရေး လုပ်သားများအတွက် အရေးကြီးကြောင်း သိလာရသည်ဆိုသည်။
      “ဘ၀ဖြစ်တည်မှု မတူပေမယ့် ဒီလိုတွေဟာ လူတိုင်းမှာလိုပဲ ကိစ္စတွေ ရှိနေပါတယ်”ဟု အိုင်ဒါဟိုတက္ကသိုလ်မှ တွဲဖက် ပါမောက္ခ ဒီဂျေ ၀ီလီယမ်ကဆိုသည်။
စမတ်ဖုန်းတွေက လူကို ပိုစမတ်ကျစေသလား၊ ပိုတုံးစေသလား လေ့လာ
ထိတို့ဖန်သားပြင်နဲ့ ဖုန်းများကို စမတ်ဖုန်းဟု ခေါ်ကြသည်။ ထိုစမတ်ဖုန်း များသည် ကျောင်းသားများကိုကား စမတ်မကျစေသည့်အပြင် ပို၍ပင် တုံးသွားအောင် လုပ်နိုင်စွမ်းရှိကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
        လေ့လာမှုစစ်တမ်းတွင် ပါဝင်သော ကျောင်းသူ ကျောင်းသားများကို အိုင်ဖုန်းများ အခမဲ့ ပေးသုံးထားသည်။ စာသင်နှစ် တစ်နှစ်တာ လေ့လာမှု ကာလအဆုံးသတ်သည်တွင် ကျောင်းသားများ၏ သဘောထားကို မေးမြန်းရာ ဖုန်းကြောင့် အာရုံနောက်ကာ ကျောင်းစာ ထိခိုက်ရသည်ဟု ဆိုသူက များနေသည်။
         တက္ကဆက်ပြည်နယ် ဟတ်ဆန်မြို့ ရွိုက်စ်တက္ကသိုလ်မှ စိတ်ပညာရှင်များသည် စမတ်ဖုန်းများက ကျောင်းသားများကို စာပေလေ့လာရာမှာ ပိုထိရောက်စေလား၊ အနှောင့်အယှက်ဖြစ်စေလား သိရအောင် လေ့လာခဲ့ခြင်း ဖြစ်သည်။ စမတ်ဖုန်းရှိသော ကျောင်းသားများသည် သိချင်သည့် အချက်အလက်များ အင်တာနက်မှာ ရှာနိုင်ခြင်း၊ အိမ်စာများကို အွန်လိုင်းကနေ လုပ်နိုင်ခြင်း၊ အွန်လိုင်းကနေ သူငယ်ချင်း ချင်း ကျောင်းစာ ဆွေးနွေးနိုင်ခြင်း အကျိုးများ ရရှိကြသည်။
ဆိုင်ကယ်ကို ပါကင်မှာ မရပ်လို့ ဖမ်းဆီးခံရတာကြောင့် စိတ်ပျက်သွားတဲ့ (၃)နှစ်အရွယ် ကလေးငယ်
(၃)နှစ်အရွယ်ကလေးငယ်တစ်ဦးဟာ ဆိုင်ကယ်စီးရာမှာ ပါကင်မှာရပ်နားခြင်း မရှိတာကြောင့် ရဲတပ်ဖွဲ့ရဲ့ ချလန်ဖြတ်ခြင်းကို ခံလိုက်ရတာမို့  စိတ်ပျက်သွားတဲ့အမူအယာ ဖြစ်သွားခဲ့ပါတယ်။ ကလေးငယ်ရဲ့ နဖူးကိုရိုက်ပြီး စိတ်ပျက်သွားစေတဲ့ အမူအရာဟာ လူမှုကွန်ရက်မှာလူကြိုက်များခဲ့တဲ့ ဓာတ်ပုံ ဖြစ်ခဲ့ပါတယ်။ ကလေးငယ်ဟာ ဖခင်ဖြစ်သူနဲ့အတူ လိုက်လာခဲ့တာဖြစ်ပြီးအနီရောင် ကလေးစီး မော်တော်ဆိုင်ကယ်ကို စီးနင်းရာမှာ စည်းကမ်းမရှိဘဲ ပါကင်မှာ ရပ်နားခြင်းမရှိတာကြောင့် အဖမ်းခံရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖမ်းဆီးမှုကို ကလေးငယ်ရဲ့ ဖခင် ကိုယ်တိုင်ပြုလုပ်စေခဲ့တာ ဖြစ်ပါတယ်။ ကလေးငယ်ဟာ ရဲတပ်သားတွေကို ခင်မင်တတ်သူဖြစ်ပြီး ဖခင်ဖြစ်သူက ဟာသသဘောလုပ်ပြီး မိတ်ဆွေရဲတပ်သားတစ်ဦးကို ဖမ်းစေခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးနေတဲ့ မြင်ကွင်းကို ဓာတ်ပုံရိုက်ခဲ့ရာမှာ အဖမ်းခံရမှုကြောင့်  စိတ်ပျက်သွားတဲ့ ကလေးငယ်တစ်ဦးရဲ့ အမူအရာကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဟာ ဒီဓာတ်ပုံကို ဖေ့ဘွတ်ခ်မှာ တင်ရှိခဲ့ပြီး ပညာပေးတဲ့အနေနဲ့ အသုံးပြုခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ကနေဒါ နိုင်ငံမှာဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရပြီးနောက် ကလေးငယ်ဟာ ဆိုင်ကယ်စီးရာမှာ စနစ်ကျသွားပြီး ဦးထုပ်နဲ့ ဂျက်ကက်တို့ကို ၀တ်ဆင်ခဲ့ပါတယ်။ နောက်ပြီး ကလေးငယ်ဟာ စည်းကမ်းဖောက်ပျက်မှုကြောင့် အဖမ်းခံရတဲ့ချလန်ကို အမှတ်တရ သိမ်းဆည်းထားတယ်လို့ မိဘတွေက ပြောကြားခဲ့ပါတယ်။
Credit: messengernewsjournal.com
ပါးစပ်နဲ့ စံချိန်ပေါင်း (၄၈) ခု တင်ထားတဲ့ ကျောင်းဆရာ
အိန္ဒိယ နိုင်ငံသား ဒင်နက်ရှ်ပာာ ပါးစပ်ပေါက်ကို အသုံးပြုပြီး စံချိန်ပေါင်း (၄၈) ခု တင်ထားပါတယ်။ မွမ်ဘိုင်းမြို့မှာ နေထိုင်တဲ့ ဒင်နက်ရှ်ဟာ သိပ္ပံဘာသာရပ်ကို သင်ကြား ပို့ချပေးနေတဲ့ ကျောင်းဆရာ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒင်နက်ရှ်ရဲ့ စွမ်းဆောင်ရည်ကို ကြားသိပါက မယုံနိုင်အောင် ဖြစ်သွားပါလိမ့်မယ်။ ပါးစပ်ထဲကို ခဲတံ(၉၂) ချောင်း ထည့်သွင်းခြင်း၊ စပျစ်သီး (၉၆)လုံး ထည့်သွင်းခြင်း၊ ဂေါက်သီး (၅) လုံး ထည့်သွင်းခြင်းစတဲ့ စွမ်းဆောင်ရည် တွေကို ပြုလုပ်ပြခဲ့ပါတယ်။
             ဒါကြောင့် ဒင်နက်ရှ်ကို ပါးစပ်ကြီးလို့ အမည်ပြောင် ပေးထားခြင်း ဖြစ်ပါတယ်။ ဒင်နက်ရှ်က ပါးစပ်နဲ့ ပြုလုပ်နိုင်တဲ့ အရာအားလုံးကို စံချိန် ချိုးဖျက်နိုင်ဖို့ အိပ်မက် မက်ထားကြောင်း ပြောကြားခဲ့ပါတယ်။
           အရပ် (၆)ပေ၊ (၆) လက်မရှိတဲ့ ဒင်နက်ရှ်ပာာ အိန္ဒိယနိုင်ငံမှာ ထင်ရှားသူ တစ်ဦးဖြစ်ပြီး သူ့ရဲ့စွမ်း ဆောင်ရည်တွေဟာ အားလုံးအတွက် အံ့အားသင့်စရာ ဖြစ်စေခဲ့ပါတယ်။ ဒင်နက်ရှ်ဟာ ၂၀၁၀ မှာ အမေရိကန် လူမျိုးဒီဖာဇီယို ပါးစပ်ထဲကို ခဲတံ (၇၀) ချောင်းထည့်တာကို တီဗွီကနေ ကြည့်ရူပြီး နောက်ပိုင်း ဒီလိုမျိုးလုပ်ဖို့ စိတ်အား ထက်သန်ခဲ့ပါတယ်။
Related Posts Plugin for WordPress, Blogger...