Sunday, April 30, 2017

ဟာဝိုင်အီကျွန်းပေါ်မှ ကမ္ဘာကျော် လှေကားထစ်များ

ဟာဝိုင်အီ (Hawaii) ၊ Oahu ဒေသရှိ Ko’olau တောင်တန်းများပေါ်တွင် ရှည်လျားမြင့်မားသည့် ကမ္ဘာကျော် Stairway to Heaven လှေကားထစ်များ တည်ရှိပါသည်။ တောင်တန်းတစ်လျောက် အနိမ့် အမြင့်အတိုင်း ရှည်လျားစွာ တည်ရှိနေပြီး လှေကားထစ်ပေါင်း ၃၉၂၂ ရှိပါသည်။

၁၉၄၂ ခုနှစ် ၊ ဒုတိယကမ္ဘာစစ်ပွဲ ဖြစ်ပေါ်နေချိန်၌ အမေရိကန်စစ်တပ်မှ ရေဒီယိုစခန်း တစ်ခုအဖြစ် ထိုတောင်ပေါ်တွင် တည်ဆောက်ခဲ့ပါသည်။ ယခုလှေကားများမှာ ထိုရေဒီယိုစခန်းသို့ သွားရန်အတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းပါ။


ယခုအခါတွင်တော့ ကမ္ဘာလှည့်ခရီးသည်များ အများအပြားသွားရောက် လည်ပတ်ရာ နေရာတစ်ခု ဖြစ်နေပြီး ထိုလှေကားများမှနေ၍ ဟာဝိုင်အီကျွန်း၏ အလှအပများကို အပေါ်စီးမှ တွေ့မြင်နိုင်မည် ဖြစ်ပါသည်။

နှစ်ပေါင်း ကြာပြီ ဖြစ်သဖြင့် အပျက်အစီးများလည်း ဖြစ်ပေါ်ခဲ့ပြီး ပြန်လည်မွန်းမံပြင်ဆင်ရမှုများလည်း
 ပြုခဲ့ရပါသည်။ ၂၀၀၃ ခုနှစ်တွင် ဒေါ်လာ ၂၇၅ ၀၀၀ အထိသုံးစွဲ ပြုပြင်ခဲ့ရသလို ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ပြင်းထန်သည့် မုန်တိုင်းကြောင့် ပျက်စီးမှုများစွာ ဖြစ်ခဲ့ပြီး ပြန်လည်ပြင်ဆင်ခဲ့ရပါသည်။










ဟာဝိုင်အီကျွန်းပေါ်မှ ကမ္ဘာကျော် လှေကားထစ်များ တည်ရှိရာ မြေပုံ
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...