Friday, May 31, 2013

စံပယ်ဒဏ္ဍရီ...(၂)


    *စံပယ်တွေ ပွင့် ပြီ...ခင်
      မြင်လှည့် အောင်ကြည့် စမ်းပါ။
      အကြင်နာ စံပယ်နှစ်
      မြင်မိသူ ဘ၀င်ထိအောင်
       အလှတွင် အယဉ်ဆင့် 
      ဖွေးဖွေးလှုပ်ပွင့် နေတယ်။
    *ပင်ပျိုးသူ ဦးယျာဉ်မှုးမှာ
      လက်လှမ်းကာဟန်ပြင်ပြီးမှ
      အလှတွေ လျှော့ ကာရှော
      ညှိုးမှာကို စိုးထိတ်မိလို့ 
      လက်ရွ့ံကာ တုံ့ နှေး
      ဒီတခါလည်း
      တွေဝေနှောင့် နှေး.....။    ။

မှတ်ချက်။   ။တစ်ချိန်တုံးကရေးခဲ့တဲ့ကဗျာလေးတွေပါ။ဒီဆိုဒ်မှာမတင်ရသေးလို့တင်လိုက်ပါတယ်။
မကောင်းပေမယ့် ခွင့်လွှတ်ဖတ်ပေးကြပါနော်။။။

စံပယ်ဒဏ္ဍာရီ...(၁)


ဖြူလွလွ  စံပယ်ခင်ရယ်

ဆွတ်ယူသူ  သခင်ရှိရင်

ကေသာထက်  သီကုံးဖွဲ့ ကာ

နေမယ်ဟန်  မာန်ဝန့် ပါလို့ 

စံပယ်ရယ်

မင်း...ဝေချိန်တန်တုံး...၊

အညှာခြွေ  လေအဝှေ့ မှာ

ကြွေရန်ချိန်  မတန်သေးခင်

ပင်ယံထက်  အလှဆင့်ကာ

စံပယ်ရယ်

မင်း...မာန်ဝင့် နေဦး...၊

ဆွတ်ယူသူ  သခင်မဲ့ပြီ

နုပျိုချိန်  ကုန်ဆုံးပြီမို့ 

မြေယံထက်  အလှမဲ့ ကာ

စံပယ်ရယ်

မင်း...ကြွေချိန်နောက်ဆုံး...။     ။

သဲလိုက်တဲ့ မိုး


ရွှေမိုးရယ် ထစ်ချုန်းသံနှင့်
ညှိုးချက်ကယ် မကျန်သာတယ်
မစဲပဲ သွန်ကာဖြိုးလို့
သဲလိုက်တဲ့ မိုး.....
ရင်လွမ်းသူ အနေခက်အောင်
ကြည့်လေရာ လွမ်းပူတိုးသမို့
မညှာတာ သူစေရက်တယ်
သဲလိုက်တဲ့ မိုး ။      ။

မှတ်ချက် ။    ။ဒီနေ့ မိုးတွေရွာနေတုံး တစ်ချိန်က အတိတ်ကလေးကို
သတိရမိပါသဖြင့် ဒီကဗျာတိုလေးကို ရေးမိပါတယ်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ........... နေခရမ်း
Related Posts Plugin for WordPress, Blogger...