Friday, December 7, 2012

ကမ္ဘာ့အရောင်စုံဆုံး သစ်ပင် (သက်တံ့သစ်ပင်)


ကမ္ဘာ့အရောင်အစုံဆုံး သစ်ပင်လို့ သတ်မှတ်ထားတဲ့ သစ်ပင်ကို သက်တံ့ သစ်ပင် (Rainbow Eucalyptus) လို့ခေါ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဝါ၊စိမ်း၊နီ၊ပြာ၊ လိမ္မော်၊ခရမ်း အစရှိသဖြင့် အရောင်အသွေး စုံလင်လှပါတယ်။ ပေါက်ရောက်တဲ့ နေရာကတော့ အရှေ့ တောင်အာရှမှာ အများဆုံး ဖြစ်ပြီး ဖိလစ်ပိုင်မှာဆိုရင် စက္ကူလုပ်ဖို့အတွက် သီးသန့်တောင် စိုက်ပျိုးထားပါတယ်။ tropical zone တောတွေမှာ ပေါက်တဲ့ သစ်ပင်မျိုး ဖြစ်ပါတယ်။
အရှည် ၇၀ မီတာအထိ ရှည်နိုင်တဲ့ အပင်ရှည်သစ်ပင်မျိုး ဖြစ်ပြီး ပင်စည် အတွင်းသားကတော့ အစိမ်းရောင် ဖြစ်ပါတယ်။ Rainbow Eucalyptus လို့ခေါ်တဲ့ ယင်းပင်ကို ကမ္ဘာ့အရောင်စုံဆုံး သစ်ပင်အဖြစ် သတ်မှတ် ထားကြောင်း သိရပါတယ်။

ကမ္ဘာ့အရှားပါးဆုံး ကျားသစ် တရုတ်နိုင်ငံတွင် တွေ့ရှိ


ချန်ချွန်း   ဒီဇင်ဘာ   ၅
မျိုးသုဉ်းမည့် အန္တရာယ်နှင့် ကြုံတွေ့ နေရသည့် ကမ္ဘာ့ အရှားပါးဆုံး အာမာ ကျားသစ် နှစ်ကောင်ကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်မြို့တွင် တွေ့ရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျားသစ်ထီးနှင့် ကျားသစ်မကို လျှို့ဝှက် ကင်မရာဖြင့် ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့ အရှေ့ဖျား နိုင်ငံများမှ အာမာ ကျားသစ်များနှင့် ဆိုက်ဘေးရီးယား ကျားများ ကဲ့သို့ တောတွင်း  တိရစ္ဆာန် များကို ကာကွယ်ရန် ဟန်ချွန်း ပြည်နယ်တွင် ၂ဝ၁၁ ခုနှစ်က ဖန်တီး ခဲ့သည့်  သီးသန့် သဘာဝ သစ်တော တစ်ခု အတွင်း ၎င်းတို့ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သံခေတ်သုံး ခမောက် တစ်ခု ဗြိတိန် အပျော်တမ်း ရတနာ ရှာဖွေသူများ တွေ့ရှိ


လန်ဒန်   ဒီဇင်ဘာ   ၆
ဗြိတိန် နိုင်ငံမှ အပျော်တမ်း ရတနာ ရှာဖွေသူ များသည် သံခေတ်က လူများ သင်္ဂြိုဟ်ပြီးနောက် အရိုးပြာအိုး အဖြစ် အသုံးပြု ခဲ့သည့် ခမောက် တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ခမောက်သည် ဒုတိယ ကမ္ဘာစစ် အတွင်းက အသုံး ပြုခဲ့သည့် စစ်သည်ဆောင်း ဦးထုပ်နှင့် အသွင် တူညီကြောင်းနှင့် ယင်းခမောက်ကို ကန့်ဒေသ ဆန်တာဘာရီ မြို့အနီး၌ ပြီးခဲ့သည့် လက သတ္တု ရှာဖွေရေး လျှပ်စစ် ကိရိယာကို အသုံးပြု၍ ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း ဗြိတိသျှ ပြတိုက်က ထုတ်ဖော် ပြောကြား ခဲ့သည်။

ဂင်းနစ် မှတ်တမ်းတင် ကမ္ဘာ့ အရပ် အရှည်ဆုံး အမျိုးသမီး အဖြစ် စံချိန် တင်ခဲ့သည့် တရုတ် အမျိုးသမီး ကွယ်လွန်


ပေကျင်း ဒီဇင်ဘာ ၆
၂ဝ၁ဝ ပြည့်နှစ်က ဂင်းနစ် မှတ်တမ်းတင် ကမ္ဘာ့ အရပ် အရှည်ဆုံး အမျိုးသမီး အဖြစ် စံချိန် တင်ခဲ့သည့် တရုတ် နိုင်ငံ အရှေ့ပိုင်း အန်းဟွီ ပြည်နယ်မှ ယောင်တေဖန် အမည်ရှိ အမျိုးသမီး သည် နိုဝင်ဘာ ၁၃ ရက် တွင် ကွယ်လွန် သွားခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်တွင် ဒီဇင်ဘာ ၅ ရက်က ဖော်ပြ ထားသည်။
Related Posts Plugin for WordPress, Blogger...