Wednesday, October 3, 2012

အန္တရာယ်အများဆုံးသော တောင်တက်လမ်း

စွန့်စားလိုသူများနဲ့ တောင်ပေါ်မှ ရှု့ခင်းအလှများကို ကြည့်ရှု့လိုသူများအတွက် အသဲထိတ်ဖွယ် တောင်တက်လမ်းတစ်ခုကို တင်ပြပေးပါမယ်။ ဒီလမ်းကတော့ အမေရိကန်အနောက်မြောက်ပိုင်း ၊ Utah ပြည်နယ် ၊ zion national park မှာတည်ရှိတဲ့ ချိုင့်ဝှမ်းနဲ့ မက်စောက်တဲ့တောင်ကမ်း ပါးယံတွေပေါများတဲ့နေရာလေးမှ လမ်းလေး ဖြစ်ပါတယ်။ ထိုဒေသဟာ တောင်ကမ်းပါးယံတွေ များစွာတည်ရှိနေသလို တက်ရောက်ရတဲ့လမ်းကလည်း ၂ ပေ အကျယ်လောက်သာ ရှိပါတယ်။ တစ်ချို့နေရာများဆိုရင် ခြေချစရာ မရှိလောက်အောင် ဖြစ်နေတတ်ပြီး ချပေးထားတဲ့ သံကြိုးများကိုသာ အားပြုတက်ရောက်ရမှာ ဖြစ်ပါတယ်။ သတိရှိစွာနဲ့ တက်ရောက်ရမယ့် ကမ္ဘာ့အန္တရာယ်အများဆုံး တောင်တက်လမ်းအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် နှစ်စဉ်ခရီးသွားများနဲ့ အထူးသဖြင့် တောင်တက်ဝါသနာပါသူများကတော့ များစွာလာရောက်တတ်ကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ တောင်ပေါ်ရောက်ရင်တော့ နက်ရှိုင်းတဲ့ တောင်အောက်ခြေမှ ရှု့ခင်းအလှများကို ကြည့်ရှု့ခံစားနိုင်မှာပါ။ 

မအိပ်မစားပဲ လျှပ်စစ် ဗို့အား ၁သန်းထဲမှာ နေပြမယ့် မိုက်ကယ်ဘလိုင်နီ


 
အမေရိကန် မျက်လှည့်ပညာ ရှင် ဒေးဗစ်ဘလိုင်နီ မှ သုံးရက်သုံး မအိပ်မစားပဲ စွမ်းရည်ပြ မယ့် ပွဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ မှာ ဖြစ်ပါတယ်။ ပေ ၂၀ မြင့်တဲ့ သံတိုင်ပေါ် တက်ပြီး ဘော်ဒီမှာ လျှပ်စစ်စီးမယ့် သတ္တုဝတ်ဆုံ
ဝင်ဆင်ထားပါမယ်။ ခေါင်းမှာလည်း တပ်ဆင်ထားပါမယ်။

တရုတ်နိုင်ငံမှ မြင်းတိုက်ပွဲ


တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ဂန်ဇီးပြည်နယ်၊ Xiangfen မြို့
မှာ နှစ်စဉ်ကကျင်းပတဲ့ လောင်းကစားပွဲ တစ်ခုပါ။ ဒီပွဲကို ကောက်ရိုက်
သိမ်းချိန် နှင့် တရုတ်အမျိုးသားနေ့မှာကျင်းပလေ့ရှိတဲ့ ရိုးရာပွဲတစ်ခုပဲ
ဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...