မှတ်တမ်းများဟာ တစ်ခုနှင့်တစ်ခု မတူပဲကွဲပြားပါတယ်။အခုတင်ပြမှာက
အလှပဆုံး၊ အကျော်ကြားဆုံး ၊ စာရင်းမဟုတ်ပဲ တည်ဆောက်ထားတဲ့မြေနေရာနှင့်
အဆောက်အဦးတွေထဲမှာ အကြီးဆုံးနန်းတော် ၊ စံအိမ်များဖြစ်ပါတယ်။
ဒါတောင် wiki နှင့် Guinness မှတ်တမ်းနှစ်ခုတွင် ကွဲလွဲနေပါသေးတယ်။
ဆက်လက်အားပေးကြပါအုံးနော်...
(၁) Louvre Palace

ပြင်သစ်နိုင်ငံမှာတည်ရှိပြီး ဘုရင့်နန်းတော်အဖြစ် နှစ်ပေါင်း ၃၀၀လောက်အသုံးပြုခဲ့ပါတယ်။
အခုအခါမှာတော့ ပြတိုက်အဖြစ် ဖွင့်လှစ်ထားပါတယ်။
210,000 square metres (2,260,421 sq ft) ကျယ်ဝန်းပြီး wiki စာရင်းတွင် နံပါတ်တစ်
ပေးထားပါတယ်။ သို့သော် ဂရင်းနစ်မှတ်တမ်းမှာတော့ အောက်က နန်းတော်ကိုသာ
ကမ္ဘာ့အကြီးဆုံးလို့မှတ်တမ်းတင်ထားတာကို တွေ့ရှိရပါတယ်။