Sunday, July 31, 2016
အမှတ်တမဲ့ အလွဲများ ( ၆၀ )
အမှတ်တမဲ့ အလွဲများခေါင်းစဉ်နဲ့ တင်ပေးလာတာ အပိုင်း(၆၀) အထိရောက်လာပါပြီ။
အားပေးတောင်းဆိုကြတဲ့ သူငယ်ချင်းများအတွက် ဆက်လက်တင်ပေးလိုက်ပါတယ်။
ပြုံးပျော်ရွှင်လန်းနိုင်ပါစေဗျာ...
မှတ်တမ်းတင်သူကပိုများနေသေးတယ်ဗျာ...
http://i.imgsafe.org/e35be02684.jpg
ဒီကလေး ဘာပျောက်လို့ပါလိမ့်...
http://i.imgsafe.org/e35bec82b3.jpg
Monday, July 25, 2016
ဗုဒ္ဓတစ်ထောင် အကောက်တောင် မှ တောင်နံရံမှ ဗုဒ္ဓရုပ်ပွားတော်များ
ပဲခူးတိုင်း ၊ ပြည်မြို့တစ်ဖက်ကမ်း ၊ ထုံးဘိုမြို့နယ်အတွင်းနှင့် ဧရာဝတီတိုင်း ၊ ကြံ့ခင်းမြို့နယ်
တို့အကြား တိုင်းနှစ်ခု ၏ ထိစပ်မှုနေရာ ၊ ဧရာဝတီမြစ်ကမ်းပါး ပေါ်တွင် တည်ရှိသော
အကောက်တောင် မှာ ယခုအခါဘုရားဖူး ခရီးသွားများ စိတ်ဝင်စားမှုများပြားစွာ သွားရောက်
ကြသော ဒေသတစ်ခုဖြစ်လာခဲ့ပါသည်။
http://i.imgsafe.org/644a011b70.jpg
ထိုသည်မှာလည်း အခြားဒေသများတွင် တွေ့မြင်ရခဲလှသော ဧရာဝတီမြစ်ကမ်းပါးဘေးရှိ
တောင်ကမ်းပါးယံ၌ ဗုဒ္ဓရုပ်ပွားတော် အဆူဆူ ပုံတော် အမျိုးမျိုးဖြင့် ကြည်ညိုသပ္ပါယ်ဖွယ် ၊
အံ့သြချီးကြူးဖွယ်ကောင်းလောက်အောင် ထုဆစ်ထားမှုများကို ဖူးမျှော်နိုင်ကြသဖြင့်
ခရီးသွားများအဖို့ တစ်ကူးတစ်က သွားရောက် ဖူးမျှော်ကြရခြင်း ဖြစ်ပါသည်။
http://i.imgsafe.org/6447269559.jpg
ပြည်မြို့မှ နေ၍ ဧရာဝတီမြစ်ကို န၀ဒေးတံတားမှ ဖြတ်သန်းပြီး အကောက်တောင်ရှိရာ
ထုံးဘိုမြို့သို့ တစ်နာရီကျော်လောက် ကားမောင်းသွားရပါသည်။ထုံးဘိုမြို့သို့ရောက်လျှင်
မြစ်ကမ်းဘေးရှိ မော်တော်ဆိပ်မှ မော်တော်များဖြင့် အကောက်တောင် ရှိရာသို့
ရေလမ်းခရီးမှ သွားရောက်နိုင်ပါသည်။
Thursday, July 21, 2016
အမှတ်တမဲ့ အလွဲများ ( ၅၉ )
ဒီတစ်ပတ်အတွက် ပြုံးရွှင်စရာ ပုံလေးတွေ တင်ပေးလိုက်ပါပြီ။
ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ...
နံပါတ်ပြား မပါဘူးလို့ မပြောနဲ့နော်...
http://i.imgsafe.org/102e4e0395.jpg
ဟူးးး ဘာလုပ်ရမှာလဲကွယ်...
http://i.imgsafe.org/102ea4fc11.jpeg
အမေရိကန် သမ္မတ အိုင်စင်ဟောင်းဝါးသည် ဂြိုလ်သားများနှင့် လျှို့ဝှက်စွာ တွေ့ဆုံမှု သုံးကြိမ်ပြုလုပ် ခဲ့ဖူးကြောင်း ပင်တဂွန်အကြံပေး ပုဂ္ဂိုလ်တစ်ဦးက အခိုင်အမာ ပြောကြား
http://i.imgsafe.org/10225ce4be.png
အမေရိကန် သမ္မတဖြစ်ခဲ့သူ ဒွိုက်ဒီအိုင်စင်ဟောင်းဝါးသည် ဂြိုဟ်သားများနှင့် လျှို့ဝှက်စွာ တွေ့ဆုံမှု သုံးကြိမ်ပြုလုပ်ခဲ့ဖူးကြောင်း အမေရိကန် အစိုးရအဖွဲ့ စစ်အကြံပေး ပုဂ္ဂိုလ်ဟောင်းတစ်ဦးက အခိုင်အမာ ပြောကြားခဲ့ကြောင်း DMသတင်းဌာနက ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် ဖော်ပြသည်။ အမေရိကန်နိုင်ငံ၏ ၃၄ယောက်မြောက် သမ္မတ အိုင်စင်ဟောင်းဝါးသည် ၁၉၅၄ခုနှစ်၌ နယူးမက္ကဆီကိုပြည်နယ် ဝေးလံသီခေါင်လှသော လေတပ်အခြေစိုက် စခန်းတစ်ခုတွင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ကြောင်း ကထိကနှင့် စာရေးဆရာ တစ်ဦးလည်းဖြစ်သူ တီမိုသီဂွတ်က ပြောကြားခဲ့ပြီး အိုင်စင်ဟောင်းဝါးနှင့် အခြား အက်ဖ်ဘီအိုင် အရာရှိများသည် ဂြိုလ်သားများထံသို့ စိတ်ချင်းဆက်သွယ်ကာ Messageများ ပေးပို့ခဲ့သည်ဟုဆိုသည်။ ယင်းနောက် ဂြိုလ်သားများနှင့် နှစ်ဦးနှစ်ဖက် တွေ့ဆုံမှုကို ဟိုလိုမန်းလေတပ် အခြေစိုက်စခန်းရှိ နေရာသုံးခု၌ ပြုလုပ်ခဲ့သည် ဟုဆိုသည်။ ယင်းကဲ့သို့ ပြုလုပ်ခဲ့ကြောင်း ၎င်းအပြင် အခြားသက်သေများ စွာရှိသည်ဟု တီမိုသီက ဆိုသည်။
Credit:ပြည်မြန်မာ
အိန္ဒိယနိုင်ငံ၏ မိသားစုက ကမ္ဘာ့အကြီးဆုံး Albino မိသားစုအဖြစ် စံချိန်တင်
http://i.imgsafe.org/10165ec09f.png
အိန္ဒိယနိုင်ငံမှ မိသားစုတစ်စုသည် အဖေနှင့် အမေသာမက ကလေးများပါ ခန္မာကိုယ်တစ်ခုလုံး ဆွတ်ဆွတ်ဖြူနေပြီး ကမ္ဘာ့အကြီးဆုံး Albinoမိသားစုအဖြစ် ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်အတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။ လူပေါင်း ၁ဝဦးပါဝင်သော သူတို့မိသားစုတွင် ဖခင်ဖြစ်သူ ရိုဆက်တော်ရီ(၅ဝနှစ်)နှင့် သူ၏ဇနီး မန်နီ(၄၅နှစ်)တို့သည် တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေ သူများဖြစ်သည်။ ၎င်းအပြင် ကျန်ရှိသည့် ၎င်းတို့၏ မိသားစုဝင် ရှစ်ဦးစလုံးမှာလည်း အဖေ အမေကဲ့သို့ပင် တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေကြသည်။ ယင်းတို့အနက် သားများဖြစ်သော ရှန်ကာ(၂၄နှစ်) ရမ်ကီရှန်(၁၉နှစ်)နှင့် ဗီဂျေး(၂၅နှစ်)တို့ကို လည်းကောင်း၊ သမီးများဖြစ်သော ဒီးပါ(၂၁နှစ်)နှင့် ပူးဂျာ(၁၈နှစ်)တို့ကို ပုံတွင် တွေ့မြင်နိုင်သည်။ သူတို့သည် အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ အိပ်ခန်းတစ်ခန်းသာ ပါဝင်သော အိမ်ကလေး၌ နေထိုင်ကြသည်။ သူတို့ဇနီးမောင်နှံသည် ၁၉၈၃ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ယင်းနောက် သူတို့၏သား ရှန်ကာသည် လက်ထပ်ခဲ့ရာ၌ မွေးဖွားခဲ့သည့် ကလေးမှာလည်း တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေသည်။ ၎င်းတို့၏ နောက်ဆုံး Albinoမျိုးဆက်ကလေးမှာ နှစ်နှစ်သား အရွယ်ကလေး ဒါရန်ရက်ဂ်ျဖြစ်သည်။ သူတို့နေထိုင်ရာ အရပ်၌ ၎င်းတို့ကို လူအများစုက နိုင်ငံခြားသာ လူဖြူများအဖြစ်ပင် မှတ်ယူကြကြောင်း သိရသည်။
Credit:ပြည်မြန်မာ
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၃ )
ဒီတစ်ခေါက် တော့သူငယ်ချင်းတို့ အတွက်တင်ပေး
ချင်တာကတော့ သူများအတွက် အသက်ပေးသွားတဲ့
မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင် တစ်ဦးအကြောင်းပါ။
http://i.imgsafe.org/0fd90a90e3.jpg
သူကတော့ ပထမဆုံးသားဖွားဆရာဝန်ဖြစ်ခဲ့တဲ့
ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့  က ''ဒေါက်တာရုဒေါ့ဖ်ဗီ
ယက်သီးစ် '' ပါ ။ လွန်ခဲ့သော ၁၅၂၁ ခုလောက်က
သူသည်အမျိုးသမီး တစ်ဦးမီးဖွားနိုင်ရန် အကူအညီလိုသဖြင့်
အမျိုးသမီးကဲ့သို့  ရုပ်ဖျက်ကာ ကူညီမွေးပေးခဲ့
ပါတယ်။ အဲဒီလို ကူညီရခြင်း အကျိုးဆက်ကြောင့်
ရပါတယ် ။အဲဒီအချိန်က ရှိခဲ့တဲ့ စည်းမျဉ်းအရပေါ့။ ကြောက်စရာနော်။
ကိုယ်သေမယ်ဆိုတာ သိရက်နဲ့အသက်စွန့် ကူညီခဲ့တဲ့
နှလုံးလှဆရာဝန်အစစ်ပါနော်....
ယခုဆက်လက်ပြီး သခင်အပေါ်သစ္စာရှိပြီး လိမ္မာလှတဲ့ ခွေးလေးအကြောင်း
ကို ထပ်ပြီးတင်ပေးချင်ပါတယ်။
http://i.imgsafe.org/0fd8f53162.jpg
၁၈၁၂ ခုနှစ်က အီတလီပြည် မီလန်မြို့  ကစစ်သားတစ်ယောက်
ပိုင်တဲ့ တယ်ရီယာခွေးလေးတစ်ကောင်ဟာ ရုရှားပြည်ကို
နပိုလီယံ စစ်တိုက်တော့ သူ့ သခင်နှင့်အတူ အီတလီမှ မော်စကို
သို့ လိုက်ပါသွားခဲ့ပါတယ် ။ ဒီတိုက်ပွဲမှာ သူ့ သခင်စစ်သားလေး
ရာကင်းရုံဘေးနားမှာပဲ နေထိုင်ခဲ့ပါတယ်။ နောက်နှစ်နှစ်လောက်
အကြာ ဒီခွေးလေးသေဆုံးချိန်အထိ အဲဒီနေရာကနေ ဘယ်လိုပဲ
မောင်းထုတ်ပေမယ့် မရပဲ နေသွားခဲ့ပါတယ်။
သခင်အပေါ်သေဆုံးချိန်အထိ သစ္စာရှိသွားတဲ့ ခွေးလိမ္မာလေးပါ...
3/11/2013  မှပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.........နေခရမ်း
Monday, July 4, 2016
မှတ်ဖွယ်စုံရာ သုတပဒေသာ (၈)
http://i.imgsafe.org/aa5af8b88b.jpg
၁။ ဘိုလီဗီးယားနိုင်ငံ (Bolivia) မြို့ တော် La Paz ဟာ ကမ္ဘာ့ အမြင့်ဆုံး
     အရပ်မှာတည်ရှိသော နိုင်ငံမြို့ တော်ဖြစ်ပါတယ်။ဒီမြို့ ဟာ ပေ ၁၇၀၀၀
     (5181 m) အမြင့်မှာတည်ရှိပါတယ်။
http://i.imgsafe.org/aa5b712ee2.jpg
၂။ ဝက်တွေဟာ ကောင်းကင်ကို မကြည့်နိုင် မမြင်နိုင်ကြပါဘူး။
ရှေးဟောင်း ကမ္ဘာ့အံ့ဖွယ် (၇)ပါး
ကမ္ဘာ့အံ့ဖွယ် (၇)ခုကိုတော့ တော်တော်များများသိကြပါသည်။ ယခုတင်ပြမှာကတော့ ရှေးခေတ်
လူသားများတည်ဆောက်ထားပြီး မှတ်တမ်းတင်ထားခဲ့ကြသည့် ရှေးဟောင်း ကမ္ဘာ့အံ့ဖွယ်(၇)ခု
ကိုပါ။ဒီအံ့ဖွယ်စာရင်းကို မှတ်တမ်းတင်ထားခဲ့ကြသူများမှာသမိုင်းပညာရှင်တစ်ဦးဖြစ်သူ
ဟီရိုဒိုးတပ်(စ်) Herodotus ဘီစီ(၄၈၄-၄၅၂) နှင့် တက္ကသိုလ်ကျောင်းသား Callimachus
ဘီစီ(၃၀၅-၂၄၀) တို့ အလက်ဇန်းဒီးယား(Alexandria) ပြတိုက်၌ စုစည်းမှတ်တမ်းတင်ခဲ့
သည်ဟု ဆိုပါသည်။
http://i.imgsafe.org/aa2eb1b32b.jpg
ခရစ်နှစ်မပေါ်မှီ ဘီစီ ခေတ်ကတည်းမှတ်တမ်းတင်ခဲ့သော
အံ့ဖွယ်အဆောက်အဦးများ ဖြစ်သဖြင့် ယခုခေတ်တွင် အီဂျစ်နိုင်ငံရှိ ဂီဇာပိရမစ်ကြီး
တစ်ခုမှလွဲ၍ ကျန်သည့်အဆောက်အဦများကို မတွေ့နိုင်တော့ပါ။နှစ်ကာလကြာမြင့်နေသဖြင့်
ပျက်စီးပြိုလဲ ပျောက်ကွယ်သလောက်ဖြစ်ကုန်ကြပါသည်။ သို့သော် ရှေးဟောင်းပညာရှင်များ
ပြန်လည်တူးဖော်မှုကြောင့် အုတ်ရိုးများ ၊ အဆောက်အဦအပျက်အစီး များကို ပြန်လည်တွေ့
မြင်နေရပါပြီ။အခု ရှေးဟောင်းကမ္ဘာ့အံ့ဖွယ်ခုနှစ်ပါး အကြောင်းကို ကြည့်လိုက်ရအောင်နော်…
(၁) ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)
http://i.imgsafe.org/aa2e770fb7.jpg
ယခုအချိန်အထိ အကောင်းအတိုင်းနီးပါးကျန်ရှိနေသည့် ပိရမစ်ကြီး ဖြစ်ပါသည်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အနားတွင် တွင်တည်ရှိပြီး အဝေးမှပင် ထီးထီးကြီးမြင်တွေ့နိုင်သော
အဆောက်အဦကြီးဖြစ်ပါသည်။ ဂီဇာအရပ်တွင် ရှိသော ပိရမစ်သုံးခုတွင် အကြီးဆုံးဖြစ်
ပါသည်။ ထိုပိရမစ်ကြီးအား အီဂျစ်ဖာရို ဘုရင် ခူဖူး(Khufu) သည် သူ၏သင်္ချိုင်းဂူအဖြစ်
BC ၂၅၆၀ တင် တည်ဆောက်ခဲ့ပါသည်။ စတင်တည်ဆောက်ချိန်တွင် အမြင့်အားဖြင့်
ပေပေါင်း ၄၈၀ ခန့်ရှိသော်လည်း ယခုအခါ ရာသီဥတုဒဏ်များကြောင့် အနည်းငယ် နိမ့်ကျ
ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။တည်ဆောက်ချိန်မှစပြီးနှစ်ပေါင်း ၄၀၀၀ ကျော်လောက်အထိ
လူသားတို့ဖန်တီးသော ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ အဖြစ် မှတ်တမ်းတင်ခြင်းလည်း
ခံခဲ့ရပါသည်။ ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် စာရင်းတွင်တော့ အင်တာနက်မဲစနစ်ဖြင့်
မှတ်တမ်းတင်ကြခြင်းဖြစ်သဖြင့် နောက်ဆုံးအဆင့်တွင် ကပ်ပြီးပြုတ်ခဲ့ပါသည်။
လေယာဉ်ပျံတောင်စားသာ အစားကြီးသူ
http://i.imgsafe.org/aa195dfc42.jpg
ထူးထူးခြားခြား အစားကြီးသူများကတော့ ကမ္ဘာအနှံမှာ ရှိကြပါသည်။ အခုတင်ပြမည့်
ပြင်သစ်လူမျိုးတစ်ဦးကတော့ သံထည်၊ဖန်ထည် ပစ္စည်းများကို နေ့စဉ်စား အစာအဟာရ
အဖြစ် အမြဲလို စားသုံးခဲ့ကာ သူစားခဲ့သည့် စာရင်းများထဲတွင် လေယာဉ်ပျံတောင်ပါဝင်
နေပါသည်။
ပြင်သစ်လူမျိုး မီချဲလ်လိုလီတို ဆိုသူသည် စက်ဘီး ၁၈ စီး၊ ဈေးဆိုင်ကုန်တိုက်ကြီးများ
တွင် ၀ယ်ယူသူများအသုံးပြုသည့် သံလက်တွန်းလှည်း ၁၅စီး၊ တီဗီ ၇ လုံး၊ ကွန်ပြူတာစက် ၁ လုံး၊
ဘရိတ်ဓါးအမြောက်အများနှင့် Cessna 150 အမျိုးအစား အပေါ့ စားလေယာဉ်ပျံကလေးတစ်စင်း
တို့ ကိုပါ အသာအယာ စားသုံးခဲ့ပါသည်။
ထိုလေယာဉ်ပျံကိုကား ၁၉၇၈ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ ၂ နှစ်ကြာအောင် အေးဆေးစွာမြိန်ရည်
ရှက်ရည် စားခဲ့ ပေသည်။သူ့အနေဖြင့် ကုန်တိုက်သုံး သံတွန်းလှည်းလေး တစ်စီးကို ၄ ရက်ခွဲနှင့်
စားခဲ့  ပေသည်။
Saturday, July 2, 2016
သဘာဝပန်းပွင့်ပန်းခက်များဖြင့် ဖန်တီးထားသော ပုံများ
သဘာဝ ပန်းပွင့်ပန်းခက်များ ၊ သစ်ရွက်ကလေးများကို နေရာတကျ စီစဉ်ကာ
မိန်းမပျိုပုံများအဖြစ် လှပအောင် စီချယ်ဖန်တီးထားတဲ့ပုံလေးတွေကို တင်ပြပေးချင်ပါသည်။
Vicki Rawlins ဆိုသူ ပန်းချီပညာရှင်အမျိုးသမီးတစ်ဦး၏ ကြိုးပမ်းထားချက်ပါ။
http://i.imgsafe.org/7f303ec672.jpg
သူမသည် Instagram တွင်လည်း sistergoldenshop ဟူသော Page တွင်လည်း ပုံများကို
တင်ပေးထားပါသည်။
http://i.imgsafe.org/7f304ed14e.jpg
Friday, July 1, 2016
ပင်လယ်ထဲကနေ အကြိုက်ဆုံးစားသောက်ဆိုင်ကို နေ့တိုင်းလာပြီး အစာတောင်းတဲ့ ဖျံကြီး
ဒီဖျံကြီးကတော့ အစွဲအလန်းကြီးပုံပါပဲ။ ဒီရဲ့ ပင်လယ်ဖျံကြီးကတော့ ပင်လယ်ထဲကနေ ကမ်းခြေနားမှာရှိတဲ့ မီးပြတိုက်လို့အမည်ရ ပင်လယ်စာ စားသောက်ဆိုင်ကြီးကို နေ့တိုင်းလိုလို လာရောက်စားသောက်တတ်တယ်လို့ သိရပါတယ်။
ဒီလိုလာဖို့အတွက်တော့ ဖျံကြီးဟာ ကုန်းပေါ်မှာ လမ်းတစ်လမ်းကိုလည်း ကူးရပါသေးတယ်။
စားသောက်ဆိုင်အရောက်မှာ အစားအစာတွေတောင်းစားပြီး ပင်လယ်ထဲကို ပြန်ဆင်းသွားတတ်တယ်။
တစ်ခါတစ်လေမှာတော့ ဒီဖျံကြီးကို စားသောက်ဆိုင်ပိုင်ရှင်က ခုံတစ်ခုံနဲ့ ခြောက်ပြီး ပင်လယ်ဘက်ကို ပြန်ခေါ်သွားတတ်ပြီး ငါးတွေကို ပစ်ကျွေးလေ့ရှိတယ်လို့ သိရပါတယ်။
( Paing A K )
Credit;သစ်ထူးလွင်
Related Posts Plugin for WordPress, Blogger...