Monday, July 4, 2016

လေယာဉ်ပျံတောင်စားသာ အစားကြီးသူ

http://i.imgsafe.org/aa195dfc42.jpg
ထူးထူးခြားခြား အစားကြီးသူများကတော့ ကမ္ဘာအနှံမှာ ရှိကြပါသည်။ အခုတင်ပြမည့်
ပြင်သစ်လူမျိုးတစ်ဦးကတော့ သံထည်၊ဖန်ထည် ပစ္စည်းများကို နေ့စဉ်စား အစာအဟာရ
အဖြစ် အမြဲလို စားသုံးခဲ့ကာ သူစားခဲ့သည့် စာရင်းများထဲတွင် လေယာဉ်ပျံတောင်ပါဝင်
နေပါသည်။
ပြင်သစ်လူမျိုး မီချဲလ်လိုလီတို ဆိုသူသည် စက်ဘီး ၁၈ စီး၊ ဈေးဆိုင်ကုန်တိုက်ကြီးများ
တွင် ၀ယ်ယူသူများအသုံးပြုသည့် သံလက်တွန်းလှည်း ၁၅စီး၊ တီဗီ ၇ လုံး၊ ကွန်ပြူတာစက် ၁ လုံး၊
ဘရိတ်ဓါးအမြောက်အများနှင့် Cessna 150 အမျိုးအစား အပေါ့ စားလေယာဉ်ပျံကလေးတစ်စင်း
တို့ ကိုပါ အသာအယာ စားသုံးခဲ့ပါသည်။
ထိုလေယာဉ်ပျံကိုကား ၁၉၇၈ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ ၂ နှစ်ကြာအောင် အေးဆေးစွာမြိန်ရည်
ရှက်ရည် စားခဲ့ ပေသည်။သူ့အနေဖြင့် ကုန်တိုက်သုံး သံတွန်းလှည်းလေး တစ်စီးကို ၄ ရက်ခွဲနှင့်
စားခဲ့  ပေသည်။

http://i.imgsafe.org/aa1948262a.jpg
ပျမ်းမျှအားဖြင့် မစ္စတာ လိုလီတို ဟာတစ်နေ့ လျှင် သံနှင့် ဖန်ဖြင့် ပြုလုပ်သောပစ္စည်းများ ၇ ပေါင်
( ၁ ကီလိုခန့် ) စားသုံးခဲ့ တာဖြစ်ပါသည်။ ထို့ကြောင့်ပင် သာမာန်အစားအစာမျိုးမဟုတ်ပဲ
ထူးခြားစွာ စားသုံးနိုင်သူ လူထူးဆန်းတစ်ယောက်အဖြစ် ကမ္ဘာ့မှတ်တမ်းများတွင်
မှတ်တမ်းတင်မှုကို ရရှိခဲ့ပါသည်။
သူသည် အခြားသူများကဲ့သို့ သာမာန်အစားအစာများကို ခံတွင်းတွေ့မှု မရှိသလောက်
ဖြစ်နေပြီး ကြက်ဥ ၊ ငျက်ပျောသီး စသည့် အစာပျော့များစားလျှင် နေလို့ထိုင်လို့ မကောင်း
သကဲ့သို့ ဖြစ်ရကြောင်းပြောတတ်ပါသည်။
မစ္စတာ မီချယ်လ် လိုလီတို သည် အသက် ၅၇ နှစ်အရွယ် ၂၀၀၇ ခုနှစ်မှာ သဘာဝအလျှောက်ပဲ
သေးဆုံးသွားခဲ့ ရပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း



No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...