Sunday, September 30, 2012
ကမ္ဘာတစ်လွှားအယူသီးကြပုံများ....
လောဘ၊ ဒေါသ၊ မောဟ တရားတွေဖုံးလွှမ်းနေတဲ့ ပုထုဇဉ်လူသားတွေမို့ ဘယ်နိုင်ငံ၊ ဘယ်အရပ်၊
ဘယ်ဒေသ မှာပဲနေနေ ထင်ရာစွဲလမ်းယုံကြည်ယူဆနေတတ်ကြတာ ယခုလိုသိပ္ပံခေတ်ကြီးလို့ 
ဆိုရမယ့် အစစအရာရာတိုးတက်နေတဲ့ ကာလအထိတိုင်အောင် ရှိနေပါသေးတယ်....
လည်း ဘယ်လိုမှရှင်းပြလို့ မရနိုင်သေးတာတွေရှိနေပါသေးတယ်...
ဒါပေမယ့် ယုံတဲ့ သူတွေကတော့ ယုံနေကြဆဲ....
၁၉ ရာစုနှစ်လောက်တွေတုံးကတော့ အမျိုးသားတွေဟာ အိမ်ထောင်ပြုပြီးကြတဲ့ အခါ
သားသမီးမရမှာစိုးလို့ ဆလတ်ရွက်တွေကိုမစားကြတော့ ပါဘူးတဲ့ ... အဲဒီဆလတ်ရွက်
တွေကိုစားမိယင် သားသမီးမရနိုင်ပဲ မြုံသွားတတ်တယ်လို့ ယုံကြည်ခဲ့ ကြတယ်ဆိုပဲ...
သွားပေါ်၌ ခုံရှည် ၂၃လုံးကို ဟန်ချက်ထိန်းပြကာ ကမ္ဘာ့စံချိန်ချိုး
တရုတ်နိုင်ငံသား တစ်ဦးသည် သူ၏သွားပေါ်၌ သစ်သားခုံရှည် ၂၃လုံးကိုထားကာ ဟန်ချက်ထိန်းပြပြီး ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ သူသည် တရုတ်နိုင်ငံ ချုံကင်းမြို့တွင် ယင်းကဲ့သို့ လုပ်ဆောင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အသက်၃ဝ အရွယ်ရှိ လီဟောင်ကျောင်းသည် ကလေးဘဝ အရွယ်ကတည်းက သွားများပေါ်၌ ပစ္စည်းများကို ဟန်ချက်ထိန်းရန် လေ့ကျင့်ခဲ့သည်ဟုဆိုသည်။ သူဟန်ချက် ထိန်းပြခဲ့သည့် ခုံရှည်တစ်လုံးသည် တစ်မီတာ (၃ဒသမ ၂၈၃ပေ) ရှည်လျားပြီး ၄၅စင်တီမီတာ မြင့်ကာ အလေးချိန် သုံးကီလိုဂရမ် ရှိသည်။ ခုံရှည်များအားလုံး၏ စုစုပေါင်း အလေးချိန်သည် ၆၉ကီလိုဂရမ် ရှိသောကြောင့် သူ၏ ခန္ဒာကိုယ်အလေးချိန် ၇၅ကီလိုဂရမ် နီးပါးရှိသည် ဟုဆိုသည်။ လီဟောင်ကျောင်းသည် ချုံကင်းမြို့နယ်၊ ရှန်ကျာအိုအရပ်၌ နေထိုင်ကြောင်း သိရသည်။ ယခင် ဂင်းနက်စ်ကမ္ဘာ့စံချိန် ဟောင်းမှာ ခုံရှည် ၁၄လုံးသာ ဖြစ်သောကြောင့် စံချိန်သစ်သည် စံချိန်ဟောင်းထက် များစွာပို၍ များပြားသည် ဟုဆိုသည်။
  ref: ပြည်မြန်မာ
၂၀၁၂ အတွက် ကမ္ဘာ့စံချိန်မှတ်တမ်းဝင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ
 ref: ပြည်မြန်မာ
အလျားတစ်ပေရှိ ဧရာမလိပ်ပြာကြီး
ကမ္ဘာ့အကြီးဆုံး လိပ်ပြာကြီးတစ်ကောင်ကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဟိမ၀န္တာဒေသရှိ လမ်းတစ်ခုပေါ်၌ နားနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ အဆိုပါလိပ်ပြာကို Attacus သို့မဟုတ် Atlasဟုခေါ်ပြီး သူ၏ဗြက်သည် ၂၅စင်တီမီတာ(တစ်ပေ) ရှိကြောင်း သိရသည်။ ဆန်ဒစ်ရှ်ကာဒါ ဆိုသူသည် ကားမောင်းလာစဉ် ဟိမ၀န္တာအရှေ့ပိုင်း၌ အဆိုပါလိပ်ပြာကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အဆိုပါ အကောင်သည် အရွယ်အစား ကြီးမားသော်လည်း လူများအတွက် အန္တရာယ်မရှိ ဟုဆိုသည်။ အဆိုပါ လိပ်ပြာအမျိုးအစားကို အရှေ့တောင် အာရှဒေသရှိ သစ်တောများအတွင်း တွေ့ရှိရလေ့ရှိပြီး အထူးသဖြင့် မလေးကျွန်းစု တစ်လွှား၌ တွေ့ရှိရတတ်သည် ဟုဆိုသည်။
 ref: ပြည်မြန်မာ
လူသားတို့နှင့်အတူနေသည့် ကမ္ဘာ့အရှည်ဆုံြးွေမကြီး
အမေရိကန်ပြည်ထောင်စု ကန်ဆက်စီးတီးမြို့တွင် မစ္စတာအက်ဂါဆိုသူ မွေးထားသော အရှည်၂၅ပေရှိသည့် စပါးကြီြးွေမကြီးမှာ လူသားတို့မွေးထားပြီး လူတို့နှင့်အတူတူနေသောြွေမများထဲတွင် အကြီးဆုံြးွေမအဖြစ် ဂင်းနက်ကမ္ဘာ့စံချိန် စာအုပ်တွင် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ မစ္စတာအက်ဂါမှမီဒူဆာဟု အမည်ပေးထားသည့် ဧရာမစပါးကြီြးွေမကြီးကို ၎င်ြးွေမအသက်၈နှစ်နှင့် ၂၄လက်မအရွယ် ရှိစဉ်ကတည်းက မွေးမြူလာခဲ့ပြီး ယခုအခါ ၂၅ပေအထိ ရှည်လျားလာပြီး ပေါင်၃၀၀ ကျော်လေးကာ သူကိုချီမရန်အတွက် အနည်းဆုံး လူ၂၅ ယောက် အတူတကွချီမမှ ရနိုင်မည်ဖြစ်သည်။ ဂင်းနက်စ်ကမ္ဘာ့စံချိန် စာအုပ်မှ လူသားတို့နှင့် အတူနေထိုင်သည့် ကမ္ဘာ့အကြီးဆုံြးွေမကြီးအဖြစ် မီဒူဆာကို အတည်ပြုပေးခဲ့ပြီး ၎င်ြးွေမကြီးမှာ၂၀၁၃ခုနှစ်ထုတ် ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်တွင် ပါလာမည်ဖြစ်သည်။ ယခင်ကထိုကဲ့သို့ လူသားတို့နှင့်အတူနေသည့် ကမ္ဘာ့အကြီးဆုံြးွေမမှာ ကိုလံဘတ်တိရစ္ဆာန်ရုံမှ ဖြစ်ပြီး၎င်ြးွေမ အသက်၁၈နှစ်နှင့် ၂၄ပေအရှည်တွင် သေဆုံးခဲ့ပြီးဖြစ်သည်။
 ref: ပြည်မြန်မာ
ကမ္ဘာ့အကြီးဆုံး နံရံပေါ်ကပန်းဥယျာဉ်
 နံရံကိုအလှဆင်ထားတဲ့ နေရာမှာတော့  ကမ္ဘာ့အထူးဆန်းဆုံး နေရာတစ်ခုလို့ ဆိုရပါမယ်။ အီတလီနိုင်ငံ မီလန်ဒေသအနီး ရော်ဇာနိုးမြို့အနီးက ဈေးဝယ်စင်တာကြီးတစ်ခုရဲ့ နံရံကြီးပေါ်မှာ ဆန်းပြားတဲ့စိတ်ကူးတွေနဲ့ သူမတူအောင် ကြိုးစားဖန်တီးထားတာကတော့ ကမ္ဘာ့အကြီးဆုံးနံရံပေါ်က ပန်းဥယျာဉ်လို့ ခေါ်ဆိုလိုက်တဲ့ ဖီရော်ဒါလီဆို စီးပွားရေးအဆောက်အအုံကြီးရဲ့ နံရံပေါ်မှာ စိုက်ပျိုးထားတဲ့ ပန်းဥယျာဉ်ကြီးပဲဖြစ်ပါတယ်။ အကျယ်စတုရန်းပေ ၄၄၅၇၀ခန့်ရှိတဲ့ ထိုပန်းဥယျာဉ်ကို စက်တင်ဘာ၁၇ရက်နေ့က ကမ္ဘာ့အကြီးဆုံးနံရံပေါ်က ဥယျာဉ်ကြီးအဖြစ် ဂင်းနက်စ်မှတ်တမ်းဝင်ဖြစ်ခဲ့ပါတယ်။ထိုဥယျာဉ်ကြီးထဲမှာတော့ သစ်ပင်ပေါင်း ၄၄,၀၀၀ပကျော်နဲ့ ပန်းမန်ပေါင်း ၂၀၀ကျော်ကို ဥယျာဉ်မှူးတွေက ပိုးမွေးသလို တယုတယ ဂရုတစိုက် စိုက်ပျိုးထားကြတယ်လို့ သိရပါတယ်။
 ref: ပြည်မြန်မာ
ကမ္ဘာ့ အသက်အကြီးဆုံးကျွမ်းဘားမယ်
ပြဆရာမကြီး ဂျိုဟန်နာကွာ့ စ်ဟာ အသက်အရွယ်နဲ့ မလိုက်အောင်
ဂျွမ်းဘားအားကစားနည်းကိုကစားပြီး စံချိန်သစ်တင်ခဲ့ပါတယ်။
ကမ္ဘာ့ အကြီးဆုံးလက်မောင်းကြွက်သားပိုင်ရှင်
largestgunsguinnessworldrecords
အီဂျစ်နိုင်ငံတွင်မွေးဖွားခဲ့ သည့် မူစတာဖာအစ္စမေးလ် အမည်ရှိအမျိုးသားက
တော့ ကမ္ဘာ့ အကြီးဆုံးလက်မောင်းကြွက်သားရှိသူအဖြစ် ဂရင်းနစ်မှတ်တမ်း
ဝင်ခဲ့ပါတယ်..... လက်မောင်းအ၀ိုင်း ၂၅.၅ လက်မ ရှိပါတယ်။
ဆင်ရေးဆွဲသည့် ပန်းချီအား ရောင်းချပြီး တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးအတွက် လှူဒါန်း
 ဗြိတိန်နိုင်ငံ ဘတ်ဖို့ဒ်ရှိုင်းယားဒေသ Whipsnadတိရစ္ဆာန်ရုံရှိ အာရှစွယ်စုံဆင်ကြီးက နှာမောင်းဖြင့် စုတ်တံကိုကိုင်ဆောင်ကာ သစ်သားပြားပေါ်တွင် အရောင်များ ရေးခြယ်ထားသည့် ပန်းချီလက်ရာကို ပြသရောင်းချကာ ရရှိသည့်အကျိုးအမြတ်ကို တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း စက်တင်ဘာ၂၀ရက် သတင်းများတွင် ဖော်ပြခဲ့သည်။
ကမ္ဘာ့အရပ် အမြင့်ဆုံးခွေးကြီး
ကမ္ဘာ့အရှည်ဆုံးဆံပင်ပုံစံ
 အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ မြို့တော်ဥယျာဉ်တွင်ဂျပန်လူမျိုး ဒီဇိုင်နာကာဇူဟီရိုက သူ၏ရှည်လျားလှသော ဆံပင်များထောင်ထားသော ဆံပင်စတိုင်ကို ပြသခဲ့ရာ ကမ္ဘာ့အရှည်ဆုံး ဆံပင်ပုံစံအဖြစ် ဂင်းနက်စ် စံချိန်တင်နိုင်ခဲ့လေသည်။ အဆိုပါဒီဇိုင်နာက သူဤကဲ့သို့ ဆံပင်ပုံစံထားနိုင်ရန် သူ၏ဆံပင်အား၁၅နှစ်ကြာ မညှပ်ဘဲ ထားခဲ့ရသည် ဟုဆိုသည်။
ref: ပြည်မြန်မာ
ရှားပါးကျောက်တုံးများဖြင့် ဖန်တီးထားသော ဟင်းလျာများ
တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဟေနန်ဒေသ၏ နန့်ယန်းပြတိုက်တွင် ရှားပါးကျောက်တုံးများဖြင့် ဟင်းလျာမျိုးစုံကို ပုံဖော်ထားသော ဟင်းခွက်များစွာကို ပြသသည့် ထူးခြားသည့်ပြပွဲတစ်ရပ် စက်တင်ဘာ၂၂ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။ ဆန်နှင့်တူသော ကျောက်စရစ်ခဲများဖြင့် ပုံဖော်ထားသည့် ထမင်းပန်းကန် အပါအ၀င် ဟင်းလျားပေါင်းများစွာကို ကျောက်တုံးကျောက်ခဲများဖြင့် ဖန်တီးထားကြောင်းသိရသည်။ ဟေနန်ဒေသခံများအပါအ၀င် ကမ္ဘာလှည့်ခရီးသည်များမှ ထိုပြပွဲကိုစိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ref: ပြည်မြန်မာ
ကမ္ဘာ့အကြီးဆုံး ဘီယာသောက်ပွဲကြီး
 ဂျာမနီနိုင်ငံမြူးနစ်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကမ္ဘာ့အကြီးဆုံး ဘီယာသောက်ပွဲကြီးကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မြူးနစ်မြို့တော်ဝန်က စက်တင်ဘာ၂၂ရက်နေ့က ကြေညာလိုက်သည်။ မနှစ်ကအဆိုပါ ပွဲတော်ရက်အတွင်း ဘီယာဂါလန်ပေါင်း ၁ဒသမ၉သန်း ရောင်းချခဲ့ရကြောင်း သိရသည်။လာမည့် စက်တင်ဘာ နောက်ဆုံးပတ်အတွင်း မြူးနစ်မြို့တော်၌ ဘီယာချောင်းစီးတော့မည် ဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားလိုက်သည်။ ထိုပွဲတော်ကို ယခင်နှစ်များထက် ပိုမိုစည်ကားမည်ဟု ခန့်မှန်းထားကြောင်းနှင့် ကမ္ဘာလှည့်ခရီးသည် သန်းပေါင်းများစွာကို စွဲဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း အဆိုပါမြို့တော်ဝန်ကဆိုသည်။ ထိုဘီယာသောက်ပွဲကို ၁၈၁၀ခုနှစ်က အိမ်ရှေ့မင်းသား လူးဒ၀စ်နှင့် ဘုရင့်သမီးတော် သီရီဆီတို့၏ လက်ထပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည် ဟုသိရသည်။ ထိုပွဲတော်က လူပေါင်း၁၂,၀၀၀ကျော်ကို ယာယီအလုပ်အကိုင် ပေးနိုင်မည်ဟုလည်း သိရသည်။
ref: ပြည်မြန်မာ
တရုတ်ရိုးရာပွဲတော်မှ လှောင်အိမ်ငယ်များ
တရုတ်နိုင်ငံတောင်ပိုင်း ကျန်စီးခရိုင်တွင် ကျင်းပပြုလုပ်သော ရိုးရာပွဲတော်တစ်ခုတွင် တောင်းရမ်းစားသောက်သူများအား ဆောက်လုပ်ပေးထားသော လှောင်အိမ်များနောက်တွင်သာ ရှိနေစေရန် ပြည်နယ်တာဝန်ရှိသူများက အမိန့်ထုတ်ပြန်ခဲ့သည်။ အကယ်၍ မလိုက်နာပါက ပွဲတော်ကျင်းပရာနေရာမှ ဖယ်ရှားခံရမည်ဖြစ်သည်ဟု အမိန့်ထုတ်ခဲ့သည်။ကျန်စီးခရိုင် နန်ချန်မြို့တော်မှ ပွဲစီစဉ်သူများက တောင်းရမ်းစားသောက်သူများအနေဖြင့် ဘုရားကျောင်းသို့ အလည်အပတ် လာရောက်သူများကို အနှောင့်အယှက်ပေးသကဲ့သို့ ဖြစ်မည်ကို စိုးရိမ်၍ယခုကဲ့သို့ လှောင်အိမ်ငယ်များ ဆောက်လုပ်ပေးခြင်း ဖြစ်သည်ဟုဆိုသည်။တရုတ်နိုင်ငံတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော အဆိုပါပွဲတော်တွင် အပျော်ကစားနည်းမျိုးစုံ၊ ဈေးတန်းနှင့် ဘုရားဖူးများအား ဖျော်ဖြေရေး အစီအစဉ်များ ပါရှိမည်ဖြစ်သည်။
ref: ပြည်မြန်မာ
ကမ္ဘာ့အကြီးဆုံး ကြက်သွန်ဥကြီး
 ပုံမှန်အခြေအနေမှာ ကြက်သွန်ဥတစ်လုံးသည် ကြက်ဥတစ်လုံးပမာဏမျှသာ ရှိသော်လည်း ယခုဖော်ပြပေးလိုက်သည့် ကြက်သွန်ဥကြီးမှာ သာမန်ကြက်သွန်ဥများနှင့် မတူဘဲ တစ်မူထူးခြားစွာ အရွယ်အစား ကြီးမားလွန်းလှသည်။ ယင်းမှာ၁၈ပေါင်ကျော်မျှ လေးလံလှသောကြောင့်လည်း ဂင်းနက်စ်မှတ်တမ်းကပင် ကမ္ဘာ့စံချိန်တင်ပေးလိုက်ရသည်။ အင်္ဂလန်နိုင်ငံ နော်တင်ဟမ်ရှိုင်းယားပြည်နယ်မှ စိုက်ပျိုးရေးလုပ်သားကြီး ပီတာကသူ့ဥယျာဉ်မှာ ယင်းကြက်သွန်ဥကြီးကို ပြုစုပျိုးထောင်ပေးခဲ့သည်။ လုပ်သက် နှစ်၃၀ကျော်အတွင်းမှာ ယင်းသို့စံချိန်တင် ကြက်သွန်ဥမျိုးကိုမတွေ့ဖူးကြောင်း  ပီတာကပြောပြသည်။
ref: ပြည်မြန်မာ
Wednesday, September 26, 2012
ကမ္ဘာ့ ခံနိုင်ရည် အရှိဆုံး လူသား
အစ္စရေး နိုင်ငံသား မျက်လှည့်ဆရာ နှင့် ခံနိုင်ရည် ကို ပြသသူ ဟီဇီဒင်း သည် ကမ္ဘာ့စံချိန် ချိုးရန် အတွက် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ ရာဘင်ရင်ပြင် ရှိ ၈၉ ပေ မြင့်သည့် မျှော်စင်ထိပ်ဖျား သို့ မေလ ၁၈ ရက်နေ့ နံနက် တွင် ၀န်ချီ စက် ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။ သူသည် ယင်းနေရာ ၌ ၃၅ နာရီ ကျော်ကြာ မတ်တတ် ရပ်ပြမည် ဖြစ်သည်။ ဟီဇီဒင်း သည် အမေရိကန်နိုင်ငံသား မျက်လှည့်ဆရာ နှင့် ခံနိုင်ရည် ပြသသူ ဒေးဗစ်ဘလိန်း တင်ထားသည့် ကမ္ဘာ့စံချိန် ကို ချိုးရန် ရည်ရွယ်ကြောင်း သိရသည်။ ဒေးဗစ်ဘလိန်း သည် ၂၀၀၂ ခုနှစ် က နယူးယောက် စီးတီးမြို့ ဘရိုင်ယင် ရင်ပြင် ရှိ မျှော်စင်တစ်ခုပေါ် ၌ ၃၅ နာရီ ကြာ နေပြကာ စံချိန်  တင်ထား သောကြောင့် ဒင်းက ယင်းစံချိန် ကို ချိုးရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ref: ပြည်မြန်မာ
ကမ္ဘာ့အသေးဆုံး လူသား
အရပ် ၂၂ လက်မ သာ ရှိသော ဖိလစ်ပိုင် နိုင်ငံသား ဂျန်ရေးဘလာဝင်းသည် ဇွန်လ ၁၂ ရက် နေ့တွင် အသက် ၁၈ နှစ်ပြည့် သဖြင့် ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်း အဖွဲ့၏ ကမ္ဘာ့အသေးဆုံး လူသား အဖြစ် တရားဝင် အသိအမှတ်ပြုလွှာကို ရရှိကြောင်း သိရသည်။ သူသည် လက်ရှိ ကမ္ဘာ့ အသေးဆုံး လူသား အဖြစ် အသိအမှတ်ပြု ခံထားရသော အရပ် ၂၆ ဒသမ ၄ လက်မရှိ နီပေါ နိုင်ငံသား ခါဂျန်ဒရာသာ ပါမာဂါ၏ နေရာကို ရရှိသွားခြင်း ဖြစ်သည်။
ကမ္ဘာ့ အရှည်ဆုံး 3D ပန်းချီကား
ဟောင်ကောင်တွင် နဂါးလှေ ပွဲတော်ကို ပရိုမိုးရှင်း လုပ်သည့် အနေဖြင့် အလျား  ၆၀ ဒသမ ၄၆ မီတာ (၁၉၈ ဒသမ ၄၉ ပေ) ရှိသည့် နဂါးလှေကြီး တစ်စင်းကို ဇွန်လ ၁၀ ရက် နေ့တွင် ပြသခဲ့ရာ ကမ္ဘာ့ အလျား အရှည်ဆုံး 3Dပန်းချီကားကြီး အဖြစ် ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်း အဖွဲ့က အသိအမှတ်ပြု ခဲ့ကြောင်း သိရသည်။ ၁၀ ရက် ကြာ မြင့်မည့် နဂါးလှေ ပွဲတော်ကို ဟောင်ကောင်တွင် ဇွန်လ ၁၀ရက် နေ့၌ စတင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ref: ပြည်မြန်မာ
ကမ္ဘာ့ အရှားပါးဆုံး သစ်ပင် မကောင်းဆိုးဝါးပုံ ပေါက်နေ
အလွန် ရှားပါးလှသော ဤသစ်ပင်၏ အမြစ်များက ကြောက်မက်ဖွယ် မျက်လုံးများ၊ ပြဲဟနေသော ပါးစပ်၊ လိမ်ကောက် နေသော သွားများဖြင့် မကောင်းဆိုးဝါး အသွင်ဆောင် နေသည်။ အဆိုပါ သစ်ပင်ကို ဗြိတိန် နိုင်ငံ ဆက်ဖောက် ပြည်နယ် စတူးလန်တော့မြို့ ရှိ သူနာပြုဂေဟာ တစ်ခု ရှေ့၌ တွေ့ရခြင်း ဖြစ်သည်။ ပေ ၇၀ မြင့်သော အဆိုပါ သစ်ပင်သည် ဟယ်ရီပေါ်တာ ဇာတ်ကား ထဲမှ မကောင်းဆိုးဝါး အသွင်ဆောင် နေသည်။ အဆိုပါ သစ်ပင်ကို ဓာတ်ပုံဆရာ ဒေးဗစ်ဂရေဟမ် က တွေ့ရှိ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
ref: ပြည်မြန်မာ
ချစ်သူအဖြစ် အရွေးခံနိုင်ရန် မှန်ပေါင်သွင်းပြသ
ပြင်သစ်နိုင်ငံရှိ အချစ်အကျိုးဆောင် ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Adopteunmec.frသည် ပဲရစ်မြို့ရှိ ၎င်း၏စတိုးဆိုင်တွင် ပရိုမိုးရှင်းကာလအဖြစ် အမျိုးသား၁၀ဦးကို မှန်ပေါင်အတွင်း ထည့်သွင်းကာ အမျိုးသမီးများနှစ်သက်ရာ ချစ်သူအဖြစ် ရွေးချယ်နိုင်ရန် ပြသထားခဲ့ကြောင်း စက်တင်ဘာလ ၁၄ရက်သတင်း တစ်ရပ်တွင်ဖော်ပြခဲ့သည်။ အဆိုပါစတိုးဆိုင်သည် ယင်းသို့အမျိုးသားများ မှန်ပေါင်အတွင်း ထည့်သွင်းပြသခြင်းကို စက်တင်ဘာ၂၁ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ထိုပြင်သစ်နိုင်ငံအတွင်းရှိ လိုင်ယွန်နှင့် တူးလောက်မြို့အပါအ၀င် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့၊ တူရကီနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့ရှိ Adopteunmec.fr စတိုးဆိုင်များတွင် ယင်းကဲ့သို့ ထည့်သွင်း ပြသသွားမည်ဖြစ်သည်။ အဆိုပါဆိုင်များတွင် ပါဝင်ပြသနိုင်ရန် အမျိုးသားရာပေါင်းများစွာတို့က စာရင်းပေးသွင်းထားသည်။
ref: ပြည်မြန်မာ
ခင်ပွန်းသည်ကို သူခိုးထင်ပြီး ပစ်သတ်
အမေရိကန်နိုင်ငံ လူစီယားနားပြည်နယ် နယူးအော်ရီလင်းမြို့ရှိ အမျိုးသမီးတစ်ဦးသည် စက်တင်ဘာလ ၂ရက်နေ့က နေအိမ်သို့ပြန်လာသည့် ခင်ပွန်းသည်ကို သူခိုးထင်မှတ်၍ သေနတ်ဖြင့် မှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အသက်၅၃နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီးသည် နေအိမ်သို့ သူခိုးဝင်ရောက်မည်ကို အမြဲတစေ စိုးရိမ်တကြီး ရှိနေတတ်သည်။ ခင်ပွန်းဖြစ်သူ ရုတ်တရက်ပြန်ရောက်လာသည်ကို သူခိုးထင်၍ မှားယွင်းပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့မှ ခန့်မှန်းပြောကြားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
ref: ပြည်မြန်မာ
ကမ္ဘာ့ပထမဆုံး နိုင်ငံတကာ ရွှေငါးပြိုင်ပွဲ
တရုတ်နိုင်ငံ အရှေ့တောင်ဘက် ဖူကျန်းခရိုင်၏မြို့တော် ဖူဇိုတွင် ကမ္ဘာ့ပထမဦးဆုံး နိုင်ငံတကာရွှေငါးပြိုင်ပွဲ စတင်ကျင်းပရန် စီစဉ်လျက်ရှိသည်။ ထိုပြိုင်ပွဲကြီးသို့ ကမ္ဘာအရပ်ရပ်မှ ရွှေငါးအလှမွေးသူများ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွှေငါး၃၀၀၀ကျော် ပါဝင်မည်ဖြစ်ကာ ပြိုင်ပွဲကဏ္ဍ၁၂ခု ဖွင့်လှစ်ယှဉ်ပြိုင်စေမည်ဖြစ်သည်။ ၎င်းတို့ထဲမှ အရှည်ဆုံးရွှေငါး ပြိုင်ပွဲကဏ္ဍတွင် ၁၄ဒသမ၂လက်မ အလျား၃ဒသမ၃ပေါင် ရှိသောSulfurရွှေငါးမှာ အကြီးဆုံးရွှေငါးဆုရရန် ရေပန်းစားလျက်ရှိသည်။ပြိုင်ပွဲဝင်ရွှေငါးများကို သင့်လျော်သည့် အပူချိန်နှင့် ရေသန့်စင်မှုနှုန်း PHLevelတို့ကို ချိန်ညှိပေးထားမည့် ဇလုံများထဲတွင် တန်းစီထည့်ကာ အကဲဖြတ်ဒိုင်များက လှည့်လည်စိစစ် ရွေးချယ်သွားမည်ဖြစ်သည်။
ref: ပြည်မြန်မာ
ငါးသေတ္တာပုံးနှင့် သမုဒ္ဒရာထဲတွင် ၂၆နာရီကျော် မျောပါခဲ့သူ အသက်ရှင်
အမေရိကန်နိုင်ငံ အလက်စကားပြည်နယ်မှ ငါးဖမ်းသမားတစ်ဦးဖြစ်သူ ရိုင်ယန်ဟာရစ်သည် ရေခဲတမျှ အေးစက်နေသော အတ္တလန္တိတ် သမုဒ္ဒရာထဲတွင် ၂၆နာရီကျော် ငါးထည့်သည့်သေတ္တာနှင့် မျောပါလာခဲ့ရာ ငါးဖမ်းသင်္ဘောများက တွေ့ရှိကာ ကယ်ဆယ်နိုင်ခဲ့ကြောင်း စက်တင်ဘာ၁၂ရက် သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ အသက်၁၉ နှစ်အရွယ်ရှိ ဟာရစ်သည် မိတ်ဆွေတစ်ဦးနှင့် ငါးဖမ်းထွက်စဉ် လှေနစ်မြုပ်သွားခဲ့သဖြင့် ငါးထည့်သည့် ပလတ်စတစ်သေတ္တာနှင့် အေးစက်နေသော သမုဒ္ဒရာလှိုင်းတံပိုးများအကြား လူးလွန့်ရင်း ၂၆နာရီကျော် မျောပါနေခဲ့သည်။ ဟာရစ်ကို အခြားငါးဖမ်းလှေများက တွေ့ရှိကယ်ဆယ်ခဲ့ပြီး နီးစပ်ရာဆိပ်ကမ်းသို့ ပို့ဆောင်ပေးခဲ့သည်။ ဟာရစ်သည် သမုဒ္ဒရာအတွင်းရှိ လှိုင်းတံပိုးများအကြား မျောပါနေစဉ် သီချင်းများသီဆိုပြီး စိတ်ဓာတ်တက်ကြွ လာစေရန် ကြိုးစားခဲ့ရကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်။
ref: ပြည်မြန်မာ
ရေပေါ်၌ ရွေ့လျားသွားလာနိုင်သည့် လေယာဉ်ကွင်းများကို တည်ဆောက်နိုင်
ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ယာဉ်ရပ်နားစရာနေရာရှားပါးလာမှု ပြဿနာတွေကို
 ပြေလည်သွားအောင် ရေပေါ်မှာ ရွေ့လျားသွားလာနိုင်တဲ့ လေယာဉ်ကွင်းတွေကို တည်ဆောက်ဖို့အတွက် အင်္ဂလန်သားတွေက ကြိုးစားနေကြပါပြီ။
Tuesday, September 25, 2012
သေကြောင်းကြံစည်သည့် သခင်အားရထားလမ်းမှ ဆွဲခေါ်ရန် ကြိုးစားသည့် ခွေးလိမ္မာလေး
ကာဇာကစ္စတန်နိုင်ငံရှိ ဘ၀ဒုက္ခဒဏ်ရာများကို ခံနိုင်စွမ်းမရှိတော့သည့် ဆင်းရဲသားတစ်ဦးသည် အရက်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ရန် မီးရထားမောင်းနှင် လာသည့်လမ်းပေါ် လဲလျောင်းနေစဉ် သူ၏ခွေးလေးက ရထားလမ်းပေါ်မှ အတင်းဆွဲခေါ်ကာ ကယ်ဆယ်ရန် ကြိုးပမ်းခဲ့ကြောင်း စက်တင်ဘာ၁၁ရက် သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ အဆိုပါ ခွေးကလေးသူ၏သခင်အား ရထားလမ်းပေါ်မှ ဆွဲခေါ်ရန် ကြိုးပမ်းနေမှုကို ရထားမောင်းနှင်သူက မြင်၍အရေးပေါ် ဘရိတ်အုပ်ခဲ့သော်လည်း ခွေးလေးမှာ သေဆုံးခဲ့ပြီး သခင်ဖြစ်သူကို ဆေးရုံသို့ အရေးပေါ်တင်ပေးခဲ့ရကြောင်း သိရသည်။
ref: ပြည်မြန်မာ
Friday, September 21, 2012
အမှတ်တမဲ့အလွဲများ(၁၂)
အမှတ်တမဲ့အလွဲ လေးတွေကတော့ လွဲလို့ ကောင်းတုံးပါပဲဗျာ...
အီး..ဒီလောက်အရှိုန်လွန်အောင်ကမှတော့ သေပြီပေါ့ဟ...
Wednesday, September 19, 2012
အိမ်ဧည့်ခန်းအတွင်းရှိ ၁၆ရာစုက ရေတွင်းကို ၂၅နှစ်ကျော်ကြာမှ ရှာတွေ့ 
 အင်္ဂလန်နိုင်ငံ ပလိုင်းမောက်ရှိ အိမ်တစ်အိမ်တွင် ၁၆ရာစုနှစ်မှ ၃၃ပေနက်သော ရေတွင်းတစ်တွင်း ဧည့်ခန်းအတွင်းရှိနေသည်ကို ၂၅နှစ်နီးပါးကြာမှ အိမ်ပိုင်ရှင် ဇနီးမောင်နှံက ထူးဆန်းစွာ တွေ့ရှိခဲ့သည်။ ပင်စင်စား အစိုးရ၀န်ထမ်းဖြစ်သူ မစ္စတာစတီးယားသည် လွန်ခဲ့သော ၂၅နှစ်ခန့်ကတည်းက ၀ယ်ယူခဲ့သော အိမ်၏ဧည့်ခန်းရှိ တစ်ခါမှ မရွှေ့ပြောင်းဖူးသော ဆိုဖာကုလားထိုင်ကို အလုပ်မှ အနားယူချိန်မှ ရွှေ့ပြောင်းထားရှိသည့်အခါ အောက်တွင် အဖုံးတစ်ခုဖြင့် ကာရံထားသော မြေကြီးများကို တွေ့ရှိရသည်။
၎င်းအိမ်ကို ဆောက်လုပ်စဉ်ကတည်းက ပါရှိသော အဆိုပါ မြေသားအုပ်ထားသည့် ရေတွင်းကို စူးစမ်းသည့်အနေဖြင့် စတင်တူးဆွကြည့်ရာမှ တစ်ပေအနက်ခန့် ရောက်သောအခါ ရေတွင်းကို အံ့အားသင့်စွာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။''ကျွန်တော် ပထမဆုံး တွေးမိတာက မြေကြီးအောက်မှာ ရွှေအိုးတလုံးများ တွေ့မလားပေါ့၊ ပြီးခဲ့တဲ့နှစ်က ကျွန်တော်ပင်စင်ယူပြီး အိမ်မှာနေကတည်းက အိမ်အလုပ်တွေ ရှင်းလင်းရေးလုပ်ရင်း ဒီလိုထူးထူးဆန်းဆန်း ရေတွင်းတစ်တွင်း တွေ့ခဲ့ရတာပေါ့''ဟူ၍ အိမ်ရှင်မစ္စတာစတီးယားက ပြောဆိုခဲ့သည်။
ref: ပြည်မြန်မာ
သစ်ပင်ပေါ်သို့ သောင်တင်သွားသည့်နွား
အင်္ဂလန်နိုင်ငံမြောက်ပိုင်း ကမ်ဘရီဒေသတွင်  သြဂုတ်လ ၂၉ရက်နေ့က မြစ်ရေကျဆင်းသွားစဉ် နွားတစ်ကောင်သည် သစ်ပင်ပေါ်သို့ ထူးဆန်းစွာ ရောက်ရှိသွားခဲ့သဖြင့် မီးသတ်သမားများက အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရသည်။ အဆိုပါ ကမ်ဘရီဒေသရှိ အဒမ်မြစ်ရေသည် မြစ်ရေတက်ရာမှ ပြန်လည်ကျဆင်းသွားစဉ် နွားတစ်ကောင်သည် ၃၂ပေအမြင့်ရှိ သစ်ပင်ပေါ်သို့ ထူးဆန်းစွာ ရောက်ရှိသွားသည်။ ထို့ကြောင့်ဒေသခံ မီးသတ်တပ်ဖွဲ့မှ အရေးပေါ် ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရသည်။ အဆိုပါနွားကိုယခုအခါ ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ပြီး ပိုင်ရှင်သို့ ပြန်လည် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
ref; ပြည်မြန်မာ
Monday, September 17, 2012
ဒါတွေသိရဲ့ လား..သူငယ်ချင်း(၃)
၁။ အပိုလို -၁၁ လွန်းပျံယာဉ်သည် စက္ကန့် ၂၀ စာသာ လောင်စာကျန်တော့ချိန်၌ လကမ္ဘာပေါ်သို ဆင်းသက်နိုင်
ခဲ့ခြင်းဖြစ်သည်။
၂။ လီဟာဗေးအော့စ်ဝိုးဧ။် အလောင်းကို မှတ်သားသည့် သတ္တုပြားကလေးကို ၁၉၉၂ ခုနစ် လေလံပွဲတစ်ခုတွင်ရောင်း
ချခဲ့ရာ အမေရိကန်ဒေါ်လာ ၆ ၆၀၀ ရရှိခဲ့သည်။
၃။ ၁၈၃၀ ပြည့်နှစ်လွန်များအတွင်းက ခရမ်းချဉ်သီးကဲ့သိုသော အရာများမှ ပြုလုပ်သည့် အချဉ်ရည်များကို ဆေးဝါး
အဖြစ်ရောင်းချခဲ့သည်။
၎။ လီယိုနာဒိုဒါဗင်ချီသည် လက်တစ်ဖက်က စာရေးနေချိန်၌ တစ်ပြိုင်နက်တည်း အခြားတစ်ဖက်က ပုံဆွဲနိုင်သည်။
၅။ လီယိုနာဒိုဒါဗင်ချီသည် ကတ်ကြေးကို တီထွင်သူဖြစ်ပြီး တယောထိုးသူလည်းဖြစ်ကာ မိုနာလီဇာဧ။် နှုတ်ခမ်းများကို
၁၂ နှစ်ကြာ အချိန်ယူရေးဆွဲခဲ့သူဖြစ်သည်။
အလွန်ရှားပါးသော ဘေအိုဘတ်သစ်ပင် မာဒါဂတ်စကား၌ ပြုန်းတီးစပြု
ကမ္ဘာ့အဆင်းရဲဆုံး ကျွန်းနိုင်ငံတစ်ခုဖြစ်သော မာဒါဂတ်စကားနိုင်ငံတွင် ကမ္ဘာ့ရှားပါး သစ်ပင်မျိုးစိတ်ဖြစ်သော ဘေအိုဘတ်ဟုခေါ်သည့်  ဆေးဖက်ဝင်အပူပိုင်း မုတ်သုန်သစ်ပင်များသည် ယခုအခါ ပြုန်းတီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ အများက ပြောင်းပြန်သစ်ပင် ဟုခေါ်သော ဘေအိုဘတ်သစ်ပင်သည် မာဒါဂတ်စကားနိုင်ငံ၏ အမှတ်သင်္ကေတတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ကမ္ဘာတွင်ထင်ရှားခဲ့သည်။  ထိုအပင်၏ အသီးမှာစားသုံး၍ရပြီး အရွက်များမှာ ဆေးဖက်ဝင်သည်ဟုသိရသည်။
Related Posts Plugin for WordPress, Blogger...