
ပလတ်စတစ် ဆာဂျရီမှသည် ဂျပန် ဖရဲသီး အထိ ဂူဂဲမှာ ကမ္ဘာတစ်ဝန်းက လူသားများ ဈေးနှုန်း ရိုက်ရှာနေတာတွေ စုစည်း လေ့လာလိုက်တော့ စိတ်ဝင်စားစရာ ပြုံးချင်စရာလေးတွေ တွေ့ရသည်။
ဘယ်ဟာက ဘယ်ဈေးနှုန်း ရှိကြောင်း သိချင်၍ ဂူဂဲမှာ ရိုက်ရှာထားကြသည့် စာရင်းများကို ဈေးနှုန်းခန့်မှန်း ၀ဘ်ဆိုက် Fixr.com က စာရင်းပြုစု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ရလဒ်များ အရ လူတွေဟာ ပြင်သစ် ရောက်ရင် ပြင်သစ်မှာ နာမည်ကျော် လခြမ်းပုံ ပေါင်မုန့်ဈေး သိချင်ကြသည်။ အီဂျစ်ရောက်ရင် ကုလားအုတ်စီးဖို့ ဈေးဘယ်လောက် ပေးရလဲ သိချင်ကြသည်။ မေးစရာ လူမရှိပါက ဂူဂဲမှာ ရိုက်ရှာတတ်ကြသည်။
သမားရိုးကျ ရှာဖွေမှုများ အပြင် ပြုံးချင်စရာ ထူးထူးဆန်းဆန်း ဈေးနှုန်း ရှာဖွေမှုများလည်း ရှိသည်။ ဂျပန်က ဖရဲသီးဈေး၊ အီကွေဒေါက ပနားမား ဦးထုပ်ဈေး၊ ပနားမားမှာ ပင်လယ်ပြင် လေဟုန်စီးခ၊ ရုရှားမှာ MiG တိုက်လေယာဉ်စီးရင် ဘယ်လောက် ကျမလဲ စသဖြင့် ခပ်ဆန်းဆန်းများလည်း ပါသည်။