Wednesday, March 22, 2017

ပျောက်ဆုံး ဂေါက်သီးများကို ရှာသည့် လုပ်ငန်းဖြင့် ချမ်းသာလာသူ


အမေရိကန် ပြည်ထောင်ရှိ၊ ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သည့်  အမျိုးသား တစ်ဦးသည် ပျောက်ဆုံးနေသော ဂေါက်သီးများကို ရှာဖွေသည့် လုပ်ငန်းဖြင့် ချမ်းသာကြွယ်ဝသူအဖြစ် ရပ်တည်နိုင်ခဲ့သည်။ အဆိုပါ အမျိုးသား၏ ချမ်းသာကြွယ်မှုက ဒေါ်လာ (၁၅) သန်း ရှိခဲ့သည်။ အစောပိုင်းက ဂေါက်ကွင်းများတွင်ရှိသည့်  ဂေါက်သီးများကို ခိုးယူပြီး ပြန်လည် ရောင်းချသူ ဖြစ်ခဲ့သည်။ ယင်းနောက် ဂေါက်ကွင်းရှိ ဂေါက်သီးများကို တရားဝင် ရှာဖွေမူပြုလုပ်ပြီး ရောင်းချခဲ့ရာ ချမ်းသာသူ ဖြစ်လာခဲ့သည်။ ဂလင်းဘာဂါသည် ထူးခြားသော စိတ်ကူးရခဲ့ပြီး ဂေါက်ကွင်းအတွင်း ပျောက်ဆုံးသော ဂေါက်သီးများကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။ ဖလော်ရီဒါ ပြည်နယ်သည် အကောင်းဆုံး ဂေါက်ကွင်းများ ရှိနေပြီး လာရောက်ကစားသူ အများအပြား ရှိခဲ့သည်။ ထို့ကြောင့် ဖလော်ရီဒါရှိ ဂေါက်ကွင်းများသည် ဘာဂါအတွက် ရွှေတွင်းများ ဖြစ်ခဲ့သည်။ ဘာဂါသည် တစ်နှစ်ကို ဂေါက်သီး (၁ ဒသမ ၇)သန်းခန့် ရှာဖွေရရှိတတ်ပြီး ပြန်လည်ရောင်းချရာမှ ၀င်ငွေအများအပြား ရရှိခဲ့ခြင်း ဖြစ်သည်။

      ဘာဂါက မိမိသည် ယခင်က ဂေါက်ကွင်းရှိ ဂေါက်သီးများကို ၀င်ရောက်ခိုးယူခဲ့ကြောင်း၊ ယင်းနောက် ပျောက်ဆုံးနေသည့် ဂေါက်သီးများကို တရားဝင် ရှာဖွေခဲ့ကြောင်း ပြောကြားခဲ့သည်။ အစေပိုင်းတွင် ဂေါက်သီးများကို ရောင်းချရာတွင် (၁) ဒေါ်လာသာ ရရှိခဲ့သည်။ ယင်းနောက် ဘာဂါသည် စွန့်စားမူတစ်ခု ပြုလုပ်ရန် ဆုံးဖြတ် ခဲ့သည်။ ယင်းမှာ ဂေါက်ကွင်းအတွင်းရှိ ရေကန်များတွင် ဂေါက်သီးများ ရှာဖွေရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
      အန္တရာယ်များသော်လည်း ပျောက်ဆုံးနေသော ဂေါက်သီးများသည် ရေကန်များတွင်သာ ရှိနေတတ်သည်။ ယင်းရေကန်များတွင် မိကျောင်း၊ လိပ်၊ မြွေစသည် သတ္တ၀ါများ ရှိနေသည်။ ဘာဂါက မိမိ၏ လက်မောင်းကို မိကျောင်းပါးစပ်နားအထိ ရောက်ဖူးကြောင်း၊ မိမိအနေဖြင့် ဂေါက်သီးကို ဒိုင်ဗင်အ၀တ်အစားဖြင့် ရှာဖွေရာတွင် အခြားအရာများ မမြင်တော့ကြောင်း ပြောကြားခဲ့သည်။
      ဖလော်ရီဒါတွင် ဂေါက်ကွင်းများ၌ ဂေါက်သီးများ ရှာဖွေနေခြင်းကို ဘာဂါတစ်ဦးတည်း လုပ်နေခြင်း မဟုတ်ဘဲ လုပ်ကိုင်သူအရေအတွက် ( ၁၀၀) ခန့်ရှိသည်။ ဂေါက်ကွင်းများကို ရရှိလာသည့် ၀င်ငွေ၏ ( ၅)ရာခိုင်နှုန်းကို ပေးရလေ့ရှိသည်။ ဂေါက်ကွင်း တစ်ကွင်းသည် (၁၈) ကျင်း ကစားပါက ပျမ်းမျှဂေါက်သီး အရေအတွက် (၃၀၀၀၀၀) ပျောက်ဆုံးလေ့ ရှိသည်။ (၁၈) ကျင်းရိုက်ပြီတိုင်း ပျောက်ဆုံးတတ်သည့် ဂေါက်သီးအရေအတွက်သည် ( ၁ ဒသမ ၅) ခန့် ရှိတတ်သည်ဟု သိရသည်။ ဘာဂါသည် နှစ်စဉ် ဂေါက်ကွင်း ( ၃၄) ကွင်းတွင် ဂေါက်သီးများ ရှာဖွေနေသောကြောင့် ဂေါက်သီးအများအပြား ရရှိနေပြီး ၀င်ငွေကောင်းနေခြင်း ဖြစ်သည်။
Credit: http://www.messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...