
သြစတြီးယားနိုင်ငံမှ လူစွန့်စား မက်ကီမီတာဆိုသူသည် ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းရှိ ဗာဒွန်ဂျော့ရှ်တောင်တန်းရှိ တောင်ထွတ်နှစ်ခုကြား သွယ်တန်းထားသော ကြိုးတန်းပေါ်တွင် မည်သည့်အထောက်အကူပြု ကိရိယာများ မပါဝင်ဘဲ လျှောက်ပြခဲ့ကြောင်း အောက်တိုဘာ၉ရက် သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ အသက်၂၃နှစ်အရွယ်ရှိ မက်ကီမီတာသည် ပေ၆၅၀အမြင့်ရှိ အဆိုပါ တောင်ထွတ်နှစ်ခုကြား မကြောက်မရွံ့ကြိုးတန်း လျှောက်သွားခဲ့ပုံကို ဝေးလ်နိုင်ငံသား ဓာတ်ပုံဆရာ ပီထရိုပီမန်တန်က အမိအရ ဓာတ်ပုံရိုက်ကူးထားခဲ့သည်။
